Zawgyi version…
ၿဗိတိန္ကားထုတ္လုပ္ေရး ေကာ္ပိုေရးရွင္းက ဥေရာပ တုိက္မွာရွိတဲ့ England ႏုိင္ငံ Long bridge ၿမိဳ႕မွာ အေျခစိုက္ခဲ့ပါတယ္။ Austin ကားကုမၸဏီကို Herbert Austin က 1905 ခု ဒီဇင္ဘာလမွာ စတင္တည္ ေထာင္ခဲ့တာျဖစ္ၿပီး ယေန႔အခ်ိန္ကာလ သက္တမ္း အရ တြက္ၾကည့္မယ္ဆိုရင္ ႏွစ္ေပါင္း တစ္ရာေက်ာ္ခဲ့ၿပီး ျဖစ္ပါတယ္။ Austin ကားကုမၸဏီက ထုတ္လုပ္ခဲ့တဲ့ ကားအမ်ိဳးအစားေတြက Rover, Austin Rover, MG, Morris Austin Marque တို႔ျဖစ္ပါတယ္။ 1905 ခုႏွစ္မွာ Austin ကားအမ်ိဳးအစားေတြကို စတင္ထုတ္လုပ္ခဲ့ၿပီး အဲဒီအခ်ိန္မတိုင္ခင္ 1895 ခုႏွစ္မွာ Herbert Austin က သူ႔ရဲ႕အားလပ္ရက္ေတြအတြင္း ကားသံုးစီးကို စမ္းသပ္ ထုတ္လုပ္ခဲ့ပါတယ္။ သူထုတ္လုပ္ခဲ့တဲ့ ကားသံုးစီး အနက္ တတိယေျမာက္ကားက ဘီးေလးဘီးပါ၀င္ၿပီး 1899 ခုႏွစ္မွာ လံုး၀ၿပီးစီးေအာင္ ထုတ္လုပ္ႏုိင္ခဲ့ပါတယ္။ အဲဒီကားကေတာ့ ၿဗိတိန္ႏုိင္ငံရဲ႕ ပထမဆံုးေသာ ကား တစ္စီးအျဖစ္ မွတ္တမ္းတင္ႏုိင္ခဲ့ တာျဖစ္ပါတယ္။
Austin – Healey 3000 ကားကိုေတာ့ 1959 ကေန 1968 ခုႏွစ္အတြင္းမွာ ထုတ္လုပ္ခဲ့တာပါ။ သက္ေသာင့္ သက္သာရွိမႈ၊ သြက္လက္ေပါ့ပါးမႈနဲ႔ ႀကံ႕ခုိင္ သန္မာမႈစတဲ့ အခ်က္ေတြကို ဦးစားေပးတည္ေဆာက္ခဲ့ တဲ့ Sport ကားျဖစ္ၿပီး Body Style ကေတာ့ Convertible ကားအမ်ိဳးအစားျဖစ္ပါတယ္။ ဒီကားေလး ရဲ႕ ဒီဇိုင္းပံုစံက အခ်ိန္ကန္႔ သတ္ခ်က္ထားဖို႔မလိုတဲ့ Classic Sport Car ပံုဆန္းေလးျဖစ္ပါတယ္။ ကားအစီး ေရေပါင္း 29,276 စီးကို ကုမၸဏီက ထုတ္လုပ္ခဲ့ပါတယ္။ ဒီ Sport Car ေလးက ၿဗိတိန္ႏုိင္ငံရဲ႕ အထိမ္းအမွတ္ သေကၤတ တစ္ရပ္အျဖစ္ ရပ္တည္ခဲ့တဲ့ကားေလးလို႔ ေျပာရမွာပါ။
3000 အမည္ကို 1959 ခုႏွစ္မွာ စတင္အသံုးျပဳခဲ့ တာျဖစ္ၿပီး C-Series engine 100/6 ကို 2.9 Liters အျဖစ္ အဆင့္ျမွင့္တင္ခဲ့တာပါ။ ပံုမွန္ေစ်းကြက္အတြင္း မွာေတာ့ 3- Liters အင္ဂ်င္ကို တပ္ဆင္အသံုးျပဳထားပါ တယ္။ 2.9 Liters ကိုေတာ့ အဆင့္ျမင့္ကားျဖစ္တဲ့ Farina ၿပိဳင္ကားအတြက္ အသံုးျပဳခဲ့တာပါ။
အဆင့္ျမင့္အင္ဂ်င္မွာ စြမ္းေဆာင္ရည္ ပိုမိုျမင့္ မားလာခဲ့ၿပီး နည္းပညာပိုေကာင္းမြန္တဲ့ gearbox ကို တပ္ဆင္ခဲ့ပါတယ္။ ေရွ႕ဘီးမွာ disc brakes ကို တပ္ဆင္ထားပါတယ္။ အေျပးျမန္တဲ့ roadster ကားမွာ ထုိင္ခုံႏွစ္ခံုအစား 2 + 2 ပံုစံကို ေျပာင္းလဲခဲ့ပါတယ္။
1961 ခုႏွစ္မွာ အသံုးျပဳသူေတြကို ပိုမိုစြဲေဆာင္မႈ ေပးႏုိင္တဲ့ MK 2 model နဲ႔ မိတ္ဆက္ခဲ့ပါတယ္။ MK 2 model မွာ ပထမဦးဆံုးကာဗရိုက္တာ (Carburetor) သံုးလံုးကို တပ္ဆင္ေပးခဲ့ၿပီး တစ္ႏွစ္အၾကာမွာ ႏွစ္လံုးသာ တပ္ဆင္ခဲ့ပါတယ္။ Convertible ကားရဲ႕ ေရွ႕ပိုင္းပံုစံကို အျမင္ဆန္းေစဖို႔ Windscreen ကို အေကြး သ႑ာန္ ျပဳလုပ္ခဲ့ပါတယ္။
ကုမၸဏီရဲ႕ အေကာင္းဆံုး model ျဖစ္တဲ့ Austin – Healey MK 3 ကို 1964 ခုႏွစ္မွာ စတင္ထုတ္လုပ္ခဲ့ၿပီး ပါ၀ါစြမ္းေဆာင္ရည္အျမင့္ဆံုး ကားျဖစ္ပါတယ္။ ျမင္း ေကာင္ေရအား 148 bhp ထြက္ရွိၿပီး Maximum speed က 121 mph ပါ။ MK 3 မွာ ေနာက္ဖက္ Suspension စနစ္ကို ျပဳျပင္ေျပာင္းလဲခဲ့တဲ့အတြက္ ယာဥ္ကို ထိန္းသိမ္း ေမာင္းႏွင္ရာမွာ ပိုမိုအဆင္ေျပ လြယ္ကူေစခဲ့ၿပီး သက္ ေသာင့္သက္သာရွိေစခဲ့ပါတယ္။ 1968 ခုႏွစ္မွာ ထုတ္ လုပ္ခဲ့တဲ့ Tinal ကားမွာေတာ့ ပထမထုတ္လုပ္ခဲ့တဲ့ ကားေတြမွာရွိတဲ့ အားသာခ်က္ေတြကို ျပန္လည္အသံုးျပဳ ထားခဲ့လို႔ ေအာင္ျမင္တဲ့ကား model တစ္ခုျဖစ္ခဲ့ပါတယ္။ ေစ်းကြက္မွာ ၾကာရွည္စြာရပ္တည္ႏုိင္ခဲ့တဲ့ Tinal ကားရဲ႕ ေနရာမွာ MGC model ေတြကို ေျပာင္းလဲထုတ္လုပ္လာ ခဲ့ပါတယ္။ Austin – Healey 3000 ကားမွာ မတူကြဲျပား တဲ့ models ေတြ အမ်ိဳးမ်ိဳးေျပာင္းလဲ ထုတ္လုပ္ခဲ့တာကို Customers ေတြ သိရွိေအာင္ တင္ျပေပးခဲ့တာပါ။
Austin – Healey 3000 ကားကို big Healey models အျဖစ္ လူသိမ်ားခဲ့ၿပီး ကားရဲ႕ ကိုယ္ထည္ကို Jensen Motors ကုမၸဏီမွာ ျပဳလုပ္ခဲ့ပါတယ္။ ကားတစ္စီးလံုးကိုေတာ့ BMC’S (British Motor Corporation) Abingdon မွာ assembled လုပ္ခဲ့တာ ျဖစ္ပါတယ္။ ကုမၸဏီရဲ႕ MG models ေတြကို ဆက္တုိက္ ထုတ္လုပ္ခဲ့တာပါ။ ကားေတြကို ထုတ္လုပ္ေနတဲ့ အခ်ိန္ အတြင္းမွာ models ေတြကို တစ္စီးနဲ႔တစ္စီး မတူကြဲျပား ေအာင္ ျပဳျပင္ေျပာင္းလဲမႈေတြျပဳလုပ္ခဲ့ၿပီး ၀ယ္ယူသူေတြ အတြက္ အေကာင္းဆံုးျဖစ္ေအာင္ လုပ္ေဆာင္ေပးခဲ့ ပါတယ္။ open sport car အမ်ားစုမွာ ထုိင္ခံုႏွစ္ လံုးသာ တပ္ဆင္ထားေပမယ့္ ကေလးငယ္ေတြကိုပါ တင္ေဆာင္ ႏုိင္ေအာင္ 2 + 2 option ကို 1960 ခုႏွစ္ Mark 1 BT7 ကားမွာေျပာင္းလဲေပးခဲ့ပါတယ္။
Austin – Healey 3000 ကားကို 1959 ခုႏွစ္၊ July 1 ရက္ေန႔မွာ 3-Litre BMC C Series engine ကို တပ္ဆင္ထုတ္လုပ္ခဲ့ေပမယ့္ ပိုၿပီး အရြယ္အစားေသး ငယ္တဲ့ 2.6 Litre 100-6၊ အင္ဂ်င္ကို ဆီစားသက္သာ ေစဖို႔ အစားထိုးေျပာင္းလဲတပ္ဆင္ေပးခဲ့ပါတယ္။ ဒီ အင္ဂ်င္က 0-60 mph ကို 11 စကၠန္႔နဲ႔ ေမာင္းႏုိင္မွာျဖစ္ ၿပီး 0-100 mph ကိုေတာ့ 31 စကၠန္႔နဲ႔ အေရာက္ ေမာင္း သြားႏုိင္ပါလိမ့္မယ္။ ရာသီဥတုဒဏ္ကို ကာကြယ္ႏုိင္ဖို႔ ေခါက္သိမ္းလို႔ရတဲ့ ေပါ့ပါးၿပီး သယ္ေဆာင္ရလြယ္ကူတဲ့ အမိုး frame ကို အသံုးျပဳသြားႏုိင္မွာပါ။ ေဘးဘက္ျမင္ ကြင္းေတြကို ၾကည့္လို႔ရတဲ့ ပလပ္စတစ္ အၾကည္ေရာင္ နဲ႔ ျပဳလုပ္ထားၿပီး ျဖဳတ္လို႔တပ္လို႔ရတဲ့ အကာကို တံခါးရဲ႕ အေပၚဘက္မွာ တပ္ဆင္ေပးထားပါတယ္။ တစ္ျခားေသာ နည္းပညာေျပာင္းလဲမႈ အျဖစ္ ၀ယ္ယူသူေတြအႀကိဳက္ ေတြ႔ေစမယ့္ Wire Wheels, Over Drive Gearbox, Laminated Windscreen, Heater, Adjustable Steering Column, Detachable hard top for the 2 + 2 နဲ႔ two tone paint တို႔ကို ေရြးခ်ယ္သြားႏုိင္ပါလိမ့္ မယ္။ Mark 1 ကားအစီးေရေပါင္း 13, 650 ထုတ္လုပ္ခဲ့ ရာမွာ BN 7 open two – sealers ကားကို 2,825 စီး ထုတ္လုပ္ခဲ့ၿပီး BT 7 2 + 2 ကိုေတာ့ 10, 825 စီးထုတ္ လုပ္ခဲ့ပါတယ္။
BT 7 3000 ကားကို 1960 ခုႏွစ္မွာ Road Test ျပဳလုပ္ခဲ့ပါတယ္။ အျမင့္ဆံုး top speed က 115 mph ျဖစ္ၿပီး 0-60 mph လုိ႔ 11.7 စကၠန္႔နဲ႔ အေရာက္ေမာင္း ႏုိင္ပါလိမ့္မယ္။ ေလာင္စာဆီ အသံုးျပဳႏုိင္တဲ့ ႏႈန္းက 100 ကီလိုမီတာခရီးကို 13.1 လီတာ ျဖစ္ၿပီး 18.0 mpg ပါ။ Test ကားရဲ႕ ေရာင္းေစ်းက အခြန္အပါအ၀င္ 1326 ေပါင္ ျဖစ္ပါတယ္။
Austin Healey 3000 ၿပိဳင္ကားရဲ႕ ၿပိဳင္ပြဲ၀င္ခဲ့တဲ့ သမိုင္းမွတ္တမ္းေတြက ကမၻာတ၀ွမ္းမွာ ေအာင္ျမင္မႈ ဂုဏ္သတင္းနဲ႔ ထင္ေပၚေက်ာ္ၾကားခဲ့ပါတယ္။ ယွဥ္ၿပိဳင္ ခဲ့တဲ့ ပြဲေတြက Sebring (USA), he Man (France), Mount Panorama Circuit, Bathurst (Australia) တို႔ ျဖစ္ပါတယ္။
ကားရဲ႕ေလ၀င္ေလထြက္ ဇကာနဲ႔ ကိုယ္ထည္ ေရွ႕ပိုင္း ေဘာနက္ေတြကို ႀကံ႕ခုိင္မႈရွိေစဖို႔ ျပဳလုပ္ထား လို႔ ထိခိုက္မႈ ဒဏ္ကေနကာကြယ္သြားႏုိင္ပါလိမ့္မယ္။ ကားရဲ႕ ကုိယ္ထည္ေအာက္ပိုင္း တစ္၀က္ေလာက္ကို သံေခ်း မတက္ေစဖို႔ ေအာက္ခံေဆးကို သုတ္ေပးထား ပါတယ္။ Big Healey Engines ေတြက Austin ဆလြန္း ကား အင္ဂ်င္ေတြကို ျပဳျပင္ေျပာင္းလဲထားတာျဖစ္ပါ တယ္။ Austin Healey 3000 Sports Car ေတြကို 1963 ခုႏွစ္မွာ exported ကားေတြ အျဖစ္ထုတ္လုပ္ခဲ့ၿပီး 91.5 ရာခိုင္ႏႈန္းက ေျမာက္အေမရိကတုိက္ကို တင္ပို႔ ေရာင္းခ်ခဲ့တာပါ။ Classic ကားေတြကို ၀ယ္ယူစုေဆာင္း တတ္တဲ့၀ါသနာရွိသူေတြအတြက္ Austin – Healey 3000 Sport Cars က ေစ်းကြက္ယွဥ္ၿပိဳင္ပြဲမွာ ယေန႔ ထက္တုိင္ ၀င့္ၾကြားစြာ ေနရာယူထားဆဲပါပဲ။ ဒီကား အမ်ိဳးအစားကို ၀ယ္ယူလိုတဲ့ Customers ေတြအတြက္ Specification ကို ေဖာ္ျပေပးလုိက္ပါတယ္။
Specification (1959 Austin – Healey 3000 MK1)
Engine 2912 CC/4-CYL/OHV
Power ([email protected]) 124bhp @) 4600 rpm
Torque 162 lb-ft @ 2700 rpm
Top Speed 114 mph
0-60 mph 11.4 sec
Consumption 24 mpg
Gear box 4-speed manual
ပါဝါ
Unicode version…
ဥရောပတစ်လွှားမှာ ပြိုင်စံရှားတဲ့ ဂန္ထဝင်ကား Austin – Healey 3000 Classic Car
ဗြိတိန်ကားထုတ်လုပ်ရေး ကော်ပိုရေးရှင်းက ဥရောပ တိုက်မှာရှိတဲ့ England နိုင်ငံ Long bridge မြို့မှာ အခြေစိုက်ခဲ့ပါတယ်။ Austin ကားကုမ္ပဏီကို Herbert Austin က 1905 ခု ဒီဇင်ဘာလမှာ စတင်တည် ထောင်ခဲ့တာဖြစ်ပြီး ယနေ့အချိန်ကာလ သက်တမ်း အရ တွက်ကြည့်မယ်ဆိုရင် နှစ်ပေါင်း တစ်ရာကျော်ခဲ့ပြီး ဖြစ်ပါတယ်။ Austin ကားကုမ္ပဏီက ထုတ်လုပ်ခဲ့တဲ့ ကားအမျိုးအစားတွေက Rover, Austin Rover, MG, Morris Austin Marque တို့ဖြစ်ပါတယ်။ 1905 ခုနှစ်မှာ Austin ကားအမျိုးအစားတွေကို စတင်ထုတ်လုပ်ခဲ့ပြီး အဲဒီအချိန်မတိုင်ခင် 1895 ခုနှစ်မှာ Herbert Austin က သူ့ရဲ့အားလပ်ရက်တွေအတွင်း ကားသုံးစီးကို စမ်းသပ် ထုတ်လုပ်ခဲ့ပါတယ်။ သူထုတ်လုပ်ခဲ့တဲ့ ကားသုံးစီး အနက် တတိယမြောက်ကားက ဘီးလေးဘီးပါ၀င်ပြီး 1899 ခုနှစ်မှာ လုံးဝပြီးစီးအောင် ထုတ်လုပ်နိုင်ခဲ့ပါတယ်။ အဲဒီကားကတော့ ဗြိတိန်နိုင်ငံရဲ့ ပထမဆုံးသော ကား တစ်စီးအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ တာဖြစ်ပါတယ်။
Austin – Healey 3000 ကားကိုတော့ 1959 ကနေ 1968 ခုနှစ်အတွင်းမှာ ထုတ်လုပ်ခဲ့တာပါ။ သက်သောင့် သက်သာရှိမှု၊ သွက်လက်ပေါ့ပါးမှုနဲ့ ကြံ့ခိုင် သန်မာမှုစတဲ့ အချက်တွေကို ဦးစားပေးတည်ဆောက်ခဲ့ တဲ့ Sport ကားဖြစ်ပြီး Body Style ကတော့ Convertible ကားအမျိုးအစားဖြစ်ပါတယ်။ ဒီကားလေး ရဲ့ ဒီဇိုင်းပုံစံက အချိန်ကန့် သတ်ချက်ထားဖို့မလိုတဲ့ Classic Sport Car ပုံဆန်းလေးဖြစ်ပါတယ်။ ကားအစီး ရေပေါင်း 29,276 စီးကို ကုမ္ပဏီက ထုတ်လုပ်ခဲ့ပါတယ်။ ဒီ Sport Car လေးက ဗြိတိန်နိုင်ငံရဲ့ အထိမ်းအမှတ် သင်္ကေတ တစ်ရပ်အဖြစ် ရပ်တည်ခဲ့တဲ့ကားလေးလို့ ပြောရမှာပါ။
3000 အမည်ကို 1959 ခုနှစ်မှာ စတင်အသုံးပြုခဲ့ တာဖြစ်ပြီး C-Series engine 100/6 ကို 2.9 Liters အဖြစ် အဆင့်မြှင့်တင်ခဲ့တာပါ။ ပုံမှန်စျေးကွက်အတွင်း မှာတော့ 3- Liters အင်ဂျင်ကို တပ်ဆင်အသုံးပြုထားပါ တယ်။ 2.9 Liters ကိုတော့ အဆင့်မြင့်ကားဖြစ်တဲ့ Farina ပြိုင်ကားအတွက် အသုံးပြုခဲ့တာပါ။
အဆင့်မြင့်အင်ဂျင်မှာ စွမ်းဆောင်ရည် ပိုမိုမြင့် မားလာခဲ့ပြီး နည်းပညာပိုကောင်းမွန်တဲ့ gearbox ကို တပ်ဆင်ခဲ့ပါတယ်။ ရှေ့ဘီးမှာ disc brakes ကို တပ်ဆင်ထားပါတယ်။ အပြေးမြန်တဲ့ roadster ကားမှာ ထိုင်ခုံနှစ်ခုံအစား 2 + 2 ပုံစံကို ပြောင်းလဲခဲ့ပါတယ်။
1961 ခုနှစ်မှာ အသုံးပြုသူတွေကို ပိုမိုစွဲဆောင်မှု ပေးနိုင်တဲ့ MK 2 model နဲ့ မိတ်ဆက်ခဲ့ပါတယ်။ MK 2 model မှာ ပထမဦးဆုံးကာဗရိုက်တာ (Carburetor) သုံးလုံးကို တပ်ဆင်ပေးခဲ့ပြီး တစ်နှစ်အကြာမှာ နှစ်လုံးသာ တပ်ဆင်ခဲ့ပါတယ်။ Convertible ကားရဲ့ ရှေ့ပိုင်းပုံစံကို အမြင်ဆန်းစေဖို့ Windscreen ကို အကွေး သဏ္ဍာန် ပြုလုပ်ခဲ့ပါတယ်။
ကုမ္ပဏီရဲ့ အကောင်းဆုံး model ဖြစ်တဲ့ Austin – Healey MK 3 ကို 1964 ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး ပါ၀ါစွမ်းဆောင်ရည်အမြင့်ဆုံး ကားဖြစ်ပါတယ်။ မြင်း ကောင်ရေအား 148 bhp ထွက်ရှိပြီး Maximum speed က 121 mph ပါ။ MK 3 မှာ နောက်ဖက် Suspension စနစ်ကို ပြုပြင်ပြောင်းလဲခဲ့တဲ့အတွက် ယာဉ်ကို ထိန်းသိမ်း မောင်းနှင်ရာမှာ ပိုမိုအဆင်ပြေ လွယ်ကူစေခဲ့ပြီး သက် သောင့်သက်သာရှိစေခဲ့ပါတယ်။ 1968 ခုနှစ်မှာ ထုတ် လုပ်ခဲ့တဲ့ Tinal ကားမှာတော့ ပထမထုတ်လုပ်ခဲ့တဲ့ ကားတွေမှာရှိတဲ့ အားသာချက်တွေကို ပြန်လည်အသုံးပြု ထားခဲ့လို့ အောင်မြင်တဲ့ကား model တစ်ခုဖြစ်ခဲ့ပါတယ်။ စျေးကွက်မှာ ကြာရှည်စွာရပ်တည်နိုင်ခဲ့တဲ့ Tinal ကားရဲ့ နေရာမှာ MGC model တွေကို ပြောင်းလဲထုတ်လုပ်လာ ခဲ့ပါတယ်။ Austin – Healey 3000 ကားမှာ မတူကွဲပြား တဲ့ models တွေ အမျိုးမျိုးပြောင်းလဲ ထုတ်လုပ်ခဲ့တာကို Customers တွေ သိရှိအောင် တင်ပြပေးခဲ့တာပါ။
Austin – Healey 3000 ကားကို big Healey models အဖြစ် လူသိများခဲ့ပြီး ကားရဲ့ ကိုယ်ထည်ကို Jensen Motors ကုမ္ပဏီမှာ ပြုလုပ်ခဲ့ပါတယ်။ ကားတစ်စီးလုံးကိုတော့ BMC’S (British Motor Corporation) Abingdon မှာ assembled လုပ်ခဲ့တာ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ MG models တွေကို ဆက်တိုက် ထုတ်လုပ်ခဲ့တာပါ။ ကားတွေကို ထုတ်လုပ်နေတဲ့ အချိန် အတွင်းမှာ models တွေကို တစ်စီးနဲ့တစ်စီး မတူကွဲပြား အောင် ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ခဲ့ပြီး ၀ယ်ယူသူတွေ အတွက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးခဲ့ ပါတယ်။ open sport car အများစုမှာ ထိုင်ခုံနှစ် လုံးသာ တပ်ဆင်ထားပေမယ့် ကလေးငယ်တွေကိုပါ တင်ဆောင် နိုင်အောင် 2 + 2 option ကို 1960 ခုနှစ် Mark 1 BT7 ကားမှာပြောင်းလဲပေးခဲ့ပါတယ်။
Austin – Healey 3000 ကားကို 1959 ခုနှစ်၊ July 1 ရက်နေ့မှာ 3-Litre BMC C Series engine ကို တပ်ဆင်ထုတ်လုပ်ခဲ့ပေမယ့် ပိုပြီး အရွယ်အစားသေး ငယ်တဲ့ 2.6 Litre 100-6၊ အင်ဂျင်ကို ဆီစားသက်သာ စေဖို့ အစားထိုးပြောင်းလဲတပ်ဆင်ပေးခဲ့ပါတယ်။ ဒီ အင်ဂျင်က 0-60 mph ကို 11 စက္ကန့်နဲ့ မောင်းနိုင်မှာဖြစ် ပြီး 0-100 mph ကိုတော့ 31 စက္ကန့်နဲ့ အရောက် မောင်း သွားနိုင်ပါလိမ့်မယ်။ ရာသီဥတုဒဏ်ကို ကာကွယ်နိုင်ဖို့ ခေါက်သိမ်းလို့ရတဲ့ ပေါ့ပါးပြီး သယ်ဆောင်ရလွယ်ကူတဲ့ အမိုး frame ကို အသုံးပြုသွားနိုင်မှာပါ။ ဘေးဘက်မြင် ကွင်းတွေကို ကြည့်လို့ရတဲ့ ပလပ်စတစ် အကြည်ရောင် နဲ့ ပြုလုပ်ထားပြီး ဖြုတ်လို့တပ်လို့ရတဲ့ အကာကို တံခါးရဲ့ အပေါ်ဘက်မှာ တပ်ဆင်ပေးထားပါတယ်။ တစ်ခြားသော နည်းပညာပြောင်းလဲမှု အဖြစ် ၀ယ်ယူသူတွေအကြိုက် တွေ့စေမယ့် Wire Wheels, Over Drive Gearbox, Laminated Windscreen, Heater, Adjustable Steering Column, Detachable hard top for the 2 + 2 နဲ့ two tone paint တို့ကို ရွေးချယ်သွားနိုင်ပါလိမ့် မယ်။ Mark 1 ကားအစီးရေပေါင်း 13, 650 ထုတ်လုပ်ခဲ့ ရာမှာ BN 7 open two – sealers ကားကို 2,825 စီး ထုတ်လုပ်ခဲ့ပြီး BT 7 2 + 2 ကိုတော့ 10, 825 စီးထုတ် လုပ်ခဲ့ပါတယ်။
BT 7 3000 ကားကို 1960 ခုနှစ်မှာ Road Test ပြုလုပ်ခဲ့ပါတယ်။ အမြင့်ဆုံး top speed က 115 mph ဖြစ်ပြီး 0-60 mph လို့ 11.7 စက္ကန့်နဲ့ အရောက်မောင်း နိုင်ပါလိမ့်မယ်။ လောင်စာဆီ အသုံးပြုနိုင်တဲ့ နှုန်းက 100 ကီလိုမီတာခရီးကို 13.1 လီတာ ဖြစ်ပြီး 18.0 mpg ပါ။ Test ကားရဲ့ ရောင်းစျေးက အခွန်အပါအဝင် 1326 ပေါင် ဖြစ်ပါတယ်။
Austin Healey 3000 ပြိုင်ကားရဲ့ ပြိုင်ပွဲဝင်ခဲ့တဲ့ သမိုင်းမှတ်တမ်းတွေက ကမ္ဘာတဝှမ်းမှာ အောင်မြင်မှု ဂုဏ်သတင်းနဲ့ ထင်ပေါ်ကျော်ကြားခဲ့ပါတယ်။ ယှဉ်ပြိုင် ခဲ့တဲ့ ပွဲတွေက Sebring (USA), he Man (France), Mount Panorama Circuit, Bathurst (Australia) တို့ ဖြစ်ပါတယ်။
ကားရဲ့လေဝင်လေထွက် ဇကာနဲ့ ကိုယ်ထည် ရှေ့ပိုင်း ဘောနက်တွေကို ကြံ့ခိုင်မှုရှိစေဖို့ ပြုလုပ်ထား လို့ ထိခိုက်မှု ဒဏ်ကနေကာကွယ်သွားနိုင်ပါလိမ့်မယ်။ ကားရဲ့ ကိုယ်ထည်အောက်ပိုင်း တစ်ဝက်လောက်ကို သံချေး မတက်စေဖို့ အောက်ခံဆေးကို သုတ်ပေးထား ပါတယ်။ Big Healey Engines တွေက Austin ဆလွန်း ကား အင်ဂျင်တွေကို ပြုပြင်ပြောင်းလဲထားတာဖြစ်ပါ တယ်။ Austin Healey 3000 Sports Car တွေကို 1963 ခုနှစ်မှာ exported ကားတွေ အဖြစ်ထုတ်လုပ်ခဲ့ပြီး 91.5 ရာခိုင်နှုန်းက မြောက်အမေရိကတိုက်ကို တင်ပို့ ရောင်းချခဲ့တာပါ။ Classic ကားတွေကို ၀ယ်ယူစုဆောင်း တတ်တဲ့ဝါသနာရှိသူတွေအတွက် Austin – Healey 3000 Sport Cars က စျေးကွက်ယှဉ်ပြိုင်ပွဲမှာ ယနေ့ ထက်တိုင် ၀င့်ကြွားစွာ နေရာယူထားဆဲပါပဲ။ ဒီကား အမျိုးအစားကို ၀ယ်ယူလိုတဲ့ Customers တွေအတွက် Specification ကို ဖော်ပြပေးလိုက်ပါတယ်။
Specification (1959 Austin – Healey 3000 MK1)
Engine 2912 CC/4-CYL/OHV
Power ([email protected]) 124bhp @) 4600 rpm
Torque 162 lb-ft @ 2700 rpm
Top Speed 114 mph
0-60 mph 11.4 sec
Consumption 24 mpg
Gear box 4-speed manual
ပါဝါ