နာမည်ကျော် Opel Brand သည် Manta Coupe အား Sporty အဆန်ဆုံးနှင့် Stylish အဖြစ်ဆုံး Model အနေဖြင့် ဖန်တီးထားသည်မှာ ဆယ်နှစ်ခန့်ရှိ ပါသည်။ ယခုအခါ Opel ၏ မိခင် Brand ဖြစ်သည့် Stellantis သည် EV Trend နှင့် လျော်ညီစေရန်အတွက် Opel Manta E အား မိတ်ဆက်လိုက်ပါသည်။ New Opel Manta E သည် Classic German 2 – Door အနေဖြင့် EV Car လောကတွင် ထင်ရှားလာမည့် Model ဟု Opel Fan များ ထင်ကြေးပေးထားပါသည်။ Opel အနေဖြင့် Manta Coupe ၏ အသေးစိတ် အချက်များကို ပြောကြားခြင်း မရှိထားသော်လည်း ၎င်းအား Concept Rendering Model အနေဖြင့် တိုးတက်ဖန်တီးခြင်း ဖြစ်သည်။ သို့သော် မူလ concept Manta Model ၏ သွင်ပြင်အများစုကို ပြန်လည်ထည့်သွင်းထားပါမည်။ New Manta E တွင် Modern EV Coupe ကားများ၏ ဟန်ပန်များစွာ ပါဝင်မည်ဖြစ်ပြီး သေးသွယ်ကျစ်လစ်သည့် Body Style နှင့်အတူ Sloping Hatchback Design တို့ကို ခံစားရပါမည်။ အခု Manta E သည် Concept Model ထံမှ ဆင်းသက်လာသည် ဆိုသော်လည်း Production Model အနေဖြင့် ဖန်တီးထားသည့်အတွက် ခေတ်ရှေ့ပြေးသော်လည်း အလွန်ရုပ်ထွေးသည့် ဒီဇိုင်းပုံစံရှိမည်မဟုတ်ပါ။ New Opel Manta E တွင် ဆန်းသစ်လှပသည့် အရောင်ဆန်းများစွာ ရရှိနိုင်ပါမည်။ Stellantis Group သည် Opel Manta E Model အား ဥရောပဈေးကွက်တွင် ပထမဆုံး ဖြန်ချီရောင်းချမည်ဖြစ်ပြီး ဈေးနှုန်းနှင့် အချက်အလက်များကို ထပ်မံကြေငြာမည်ဖြစ်သည်။

17 Jul 2021
0