Porsche သည် 1960 – 1970 ဝန်းကျင်တွင် ထင်ရှားခဲ့သည့် 911 Model အားဂုဏ်ပြုသည့်အနေဖြင့် – New 911 Sport Classic Special Edition Model အားထုတ်လုပ်လိုက်ပါသည်။ ၎င်းသည် Porsche ၏ Heritage Design Strategy မှဖန်တီးသည့် ဒုတိယမြောက် Model ဖြစ်ပြီးပထမဆုံး Model ဖြစ်သည့် – 911  Torga 4S Heritage Design Edition အား 2021 တွင်မိတ်ဆက်ခဲ့သည်။ New 911 Sport Classis တွင် Class Design Theme များစွာပေါင်းစပ်ပါဝင်ထားပြီး Sport Grey Metallic Paint အပါအဝင်အထူးဆေးရောင်များဖြစ်သည့် – Black, Agate Grey Metallic , Gentain Blue Metallic တို့လည်းရရှိနိုင်မည်ဖြစ်သည်။ ၎င်းတွင် Retro Racecar Aesthetic အားအဓိကတွေ့မြင်ရမည်ဖြစ်ကာ Twin Strip အားအရှေ့ Bonnet မှ Spoiler အထိဖန်တီးထားမည့်အပြင် Ducktail Spoiler ကိုလည်းပြန်လည် မိတ်ဆက်ထည့်သွင်းထားပါမည်။

 

ထို့အပြင် 1972 ထုတ် 911 RS 2.7 တွင်ပါဝင်ခဲ့သည့် Carbon-Fiber Reinforced Plastic ကိုလည်းအသုံးပြုထားမည့်အပြင် – Fuchs-style Wheels , Porsche Exclusive Manufactur Badge ကို Grille တွင်တပ်ဆင်ခြင်း အစရှိသည့်ထူးခြားသည့် ဖန်တီးမှုများစွာလည်း ပါဝင်ပါမည်။ လှပခန်းနားစွာ ဖန်တီးသည့် Cluster , Green Digits , Gold-colored limited Edition Badge စသည့် Features များစွာပါဝင်မည်ဖြစ်သည်။ ၎င်းတွင် – (3.7 L Twin turbo flat – 6 Engine ) , ( 542  bhp နှင့် Rear Wheel Drive ) တို့ ပေါင်းစပ်ထားပါမည်ဖြစ်ပြီး ( 7-Speed Manual Gearbox ) ပါဝင်ပါမည်။ ၎င်းအားအစင်းရေ (1250) သာကန့်သတ်ထုတ်လုပ်မည်ဖြစ်ပြီး 2022 July တွင်စတင် ရောင်းချပါမည်။

#DriveMediaMyanmar