စွမ်းဆောင်ရည်ရဲ့ တန်ဖိုး
Ferrari 250 GTO. ဟုတ်ပါတယ်။ အရမ်းလှပပြီး အဲဒီထက်အများကြီး ….. အများကြီးပိုပါတယ်။
Ferrari ဆိုတာ တကယ့်မော်တော်ကား ဒဏ္ဍာန်ရီတို့အားလုံးရဲ့ နာမည်တစ်ခုဖြစ်ပြီး ဌင်းရဲ့ ဘရန်က သူရဲ့ ကိုယ်ပိုင် အမျိုးအစားထဲမှာ ရှိပါတယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့ အမျိုးသားတိုင်း ( အမျိုးသမီးအနည်းငယ်လောက်) မသေခင် စီးဖူးချင်တဲ့ကားအမျိုးအစား တစ်မျိုးဖြစ်ပါတယ်။ လူတိုင်းတော့ ဘယ်တော့မှ စီးဖူးမှာ မဟုတ်ပါဘူး။ အချို့သောသူတွေသာ တစ်စီးလောက်ကို ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး အချမ်းသာဆုံး လူတွေသာ ၁၉၆၂ ခုနှစ်ထုတ် 250 GTO ကို ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။ ဌင်းကတော့ ယူအက်စ် ဒေါ်လာ ၃၈.၁ သန်းတန်ပြီး ကမ္ဘာဈေးအကြီးဆုံး တစ်ပတ်ရစ်ကားဖြစ်ပါတယ်။ ထိုရောင်းဈေးကိုတော့ ၂၀၁၄ ခုနှစ်မှာ ကျင်းပခဲ့တဲ့ လေလံမှာ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
နောက်ပြီး ထိုငွေကြေးပမာဏသည် များပြားလှသည့်ဆိုသော်လည်း အထူးသဖြင့် ဌင်းကားကို အနုပညာအလုပ်တစ်ခုလို အသေးစိတ် မသိမ်းဆည်းထားလျှင် ပျက်စီးသံချေးတက်သွားနိုင်တဲ့ တစ်စုံတစ်ရာမျိုးဖြစ်ပါတယ်။ Ferrari 250 GTO သည် ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အကြောင်းအရာများစွာ ရှိနေပါတယ်။
ကုမ္ပဏီရဲ့ တည်ထောင်သူ မစ္စတာ Enzo Ferrari သည် အစွဲကြီးသော၊ ယာဉ်မောင်းတစ်ယောက်ဖြစ်သော၊ အနိုင်ရလိုစိတ်ပြင်းသော၊ စတိုင်ကျသော၊ ၀န်တိုစိတ်ရှိသော၊ မာနကြီးသော၊ ပြင်းပြသော အီတလီ လူမျိုးတစ်ယောက် ဖြစ်ပါတယ်။ ( တကယ့်တော့ အီတလီလူမျိုး တော်တော်များများ ဒီလိုမျိုးပါပဲ) သူနဲ့ သူရဲ့ အတော်ဆုံး အင်ဂျင်နီယာနဲ့ ဒီဇိုင်းနာ အသင်းသည် စိတ်လှုပ်ရှားဖွယ်ရာ Sport car အချို့ကို ဖန်တီးနိုင်ခဲ့ပါတယ်။ မစ္စတာ Ferrari သေဆုံးပြီး နှစ်ပေါင်း (၃၀) နီးပါးကြသည့်တိုင် သူရဲ့ အသင်းသားများသည် ကားများကို ထုတ်လုပ်လျက်ရှိတုန်းပါပဲ။ 288 GTO, Testarossa, F40, Enzo, La Ferrari, 358 စတဲ့ကားများကို ထုတ်လုပ်ခဲ့ပါတယ်။ ဆယ်စုနှစ်တစ်ခု ကျော်သည့်တိုင် မရေတွက်နိုင်တဲ့ ပြိုင်ပွဲတွေမှာ အနိုင်ရရှိခဲ့တဲ့ ဖော်မြူလာ ၀မ်းနဲ့ အခြားပြိုင်ပွဲဝင်ကားများကို တွေ့နိုင်ပါတယ်။
ဒါပေမဲ့ 250 GTO ကတော့ အထူးစပယ်ရှယ်ဖြစ်ပါတယ်။ ဌင်းမှာ စူပါ ချောမွေ့တဲ့ မြင်းကောင်ရေ ၃၀၀အား၊ ၃.၀လီတာ၊ ဆလင်ဒါ ၁၂ လုံးပါရှိတဲ့ အင်ဂျင်ပါရှိပါတယ်။ အလေးချိန်ပေါ့ပါးပြီး ပြည့်စုံတဲ့ အလေးချိန် ချိန်ဆမှု၊ တေးဂီတာသံ အိတ်ရ်ဇော့် အသံ၊ မယုံကြည်နိုင်လောက်တဲ့ အလှ၊ အကောင်းဆုံး အဲရိုဒိုင်နမစ် လေခွင်အားများနဲ့တကွ ပြိုင်ပွဲဝင် မှတ်တမ်း စတဲ့အရာတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါတွေကတော့ package တစ်ခုတည်းမှာ ပါရှိအောင် အမြဲကြိုးစားနေတဲ့ Ferrari ဘရန်ရဲ့ အရာများပဲ ဖြစ်ပါတယ်။ နောက်ပြီး ဌင်းကားကို မောင်းနှင်ဖူးတဲ့ လူများရဲ့ပြောဆိုချက်များအရ ဌင်းတို့သည် ယနေ့ထုတ် ကားများကဲ့သို့ပဲ မောင်းနှင်ဖို့ အလွန်ကောင်းမွန်တယ်လို့ ဆိုပါတယ်။ လူတော်တော်များများကတော့ ဒီထက်ပိုပြီးတော့တောင် ဆိုကြပါသေးတယ်။ ဘာလို့လဲဆိုတော့ ဌင်းတို့မှာ အီလစ်ထရွတ်နစ် ဘရိတ်တွေ၊ ABS ဘရိတ်တွေ၊ ဆွဲအားထိန်းချုပ်မှုတွေ မပါလိုပါဘဲ။ ကျွမ်းကျင်တဲ့ ယာဉ်မောင်းသူနဲ့ဆို ဒါတွေက မလိုအပ်တော့ပါဘူး။
ဘရန်ရဲ့ သမိုင်းကတော့ တကယ့်ကြီးမားတဲ့ ပြိုင်ပွဲရိုးရာတွေအဖြစ် တွေ့ရမှာ ဖြစ်ပါတယ်။ ( လယ်ထွန်စက်တွေကနေ စခဲ့တဲ့ Lamborghini တို့နဲ့မတူပါဘူး။ ) မစ္စတာ Enzo Ferrari သည် သူရဲ့ ကားပြိုင်ပွဲရည်ရွယ်ချက်များအတွက် ငွေရှာဖို့ မော်တော်ကားများ ရောင်းခြင်းကို စတင်ခဲ့တာသာလျှင် ဖြစ်တာ ဖြစ်ပါတယ်။ Ferrari သည် 250 GTO ကိုတည်ဆောက်သောအခါ homolgation အတွက်သာလျှင် ဖြစ်ပါတယ်။ homolgation ကတော့ ပြိုင်ပွဲဝင်ကားတွေမှာ လိုအပ်တဲ့ (လမ်းပေါ်မှာလည်း မောင်းနှင်နိုင်ဖို့ ) ပြိုင်ပွဲဝင်အမျိုးအစားတစ်ချို့ထဲက စည်းမျဉ်းတစ်ခု ဖြစ်ပါတယ်။ ဒီလိုကားမျိုးတွေကို ရောင်းချဖို့အတွက် အနည်းဆုံး အစီး (၁၀၀)သာ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
၁၉၆၂ ခုနှစ်တွင် ငွေသားတွေမပေးဘဲ အပြင်ဘက်မှာ ဖြစ်လေ့မရှိတဲ့ Ferrari 250 GTO ရဲ့ chassis numbers ကိုပေးခြင်းဖြင့် လိမ်လည်လှည့်ဖျားခဲ့ပါတယ်။ စစ်ဆေးသူတွေလာတဲ့အခါ မစ္စတာ Enzo သည်ကားများကို အခြားတစ်နေရာသို့ ရွေ့လျားခဲ့ပြီး ဌင်းတို့ နောက်ထပ်လိုက်ရှာရအောင် ပြုလုပ်ခဲ့ပါတယ်။
ဒီဇိုင်းပုံသည် အပြင်ဘက်တွင် ၁၉၆၁ ခုနှစ်ထုတ် Jaguar E-Type ကိုကိုယ်စားပြုထားပါတယ်။ဌင်းသည် အချိန်ဘဲတူတာ မဟုတ်ပါဘူး။ Jaguar E-Type ( ကားပြိုင်ပွဲတွင် ပြိုင်ဖက်) ကိုထုတ်လုပ်ပြီး မကြာမီ ချက်ချင်းဘဲ ဒီဇိုင်းဆင်ခဲ့တာ ဖြစ်ပါတယ်။ Jaguar E သည် ထုတ်လုပ်ခဲ့သည့်ကားတွေထဲမှာ အလှဆုံးဖြစ်ပေမဲ့ မစ္စတာ Enzo Ferrari သည်အရင်အတိုင်းဘဲ သူရဲ့ ယှဉ်ပြိုင်ခြင်းကို အကောင်းမပြောခဲ့ပါဘူး။သူဟာ ပိုပြီးလှပတဲ့ ကားကို ပြုလုပ်ဖို့ ဆုံးဖြတ်ထားတာလည်း ဖြစ်နိုင်ပါတယ်။ – အောင်မြင်နိုင်တဲ့ကားတစ်စီးကိုပေါ့။
အမေရိကတွင် GTO အသစ်တစ်စီးကို ဒေါ်လာ ၁၈,၀၀၀ ပေးရတဲ့အချိန်မှာ ကားဝယ်မဲ့သူတွေဟာ မစ္စတာ Enzo ဆီက ကိုယ်ရေးကိုယ်တာ ခွင့်ပြုချက်ရရှိထားဖို့လိုပါတယ်။ ထိုသို့လုပ်ဆောင်မှုကို ဌင်းတို့ဖိတ်ကြားထားသူတွေသာ ၀ယ်ယူနိုင်တဲ့ ထိပ်သီး အထူးစယ်ရှယ် ထုတ်လုပ်မှုကားတွေမှာ ဆက်လက်ပြုလုပ်ခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ ဌင်းတို့အမြဲတမ်း တန်ဖိုးရရှိနေလို့ဖြစ်ပါတယ်။ 250GTO မှာတော့ ဌင်းရဲ့ တန်ဖိုးသည် အကြိမ် ၂,၀၀၀ ကိုမြှောက်တက်ခဲ့ပါတယ်။ ရင်းနှီးမြုပ်နှံမဲ့သူတွေကလည်း မြောက်များစွာပါပဲ။
ဒါပေမဲ့ ဒီလိုကားမျိုးတစ်စီးလောက်ကို ပိုင်ဆိုင်ဖို့အတွက် ကြိုးစားပြီး သူများဆီက လုဝယ်ရဖို့ ရှိပါတယ်။ ညသန်းခေါင်မှာ သင့်ရဲ့နာမည်ကို ခေါ်ပြီး ” အချစ်ရေ…ကျွန်မကို မောင်းပါ။ ရှင်လိုချင်နေတယ်ဆိုတာ ရှင်သိပါတယ်” အဲလိုမျိုးပေါ့။
ပြီးတော့ သင့်ဒါကို အပြင်ဖက် ထွက်ပြီးမောင်းမယ်ဆိုလျှင် (ကားပိုင်ရှင်တော်တော်များများ တစ်ခါတစ်ရံ့ပြုလုပ်တဲ့) မတော်တဆဖြစ်ဖို့ ကြောက်ရွံနေမှာ ဖြစ်ပါတယ်။ လမ်းပေါ်က ခဲလုံးတစ်လုံးက ကိုယ်ကားကို ခြစ်ရာ ထင်စေမလား ဆိုပြီးတော့လေ။ အဆိုးဆုံးအနေနဲ့ တစ်ခုခုများ ကျိုးပျက်သွားမလား ဆိုပြီးပေါ့။ ဟုတ်တယ်လေ။ ဒါကလည်း ဒေါ်လာ သန်းချီတန်တာကိုး။ တကယ် ၀ါသနာရှင်များအတွက်တော့ Ferrari 250 GTO သည်ရှိတဲ့မိန်းမတွေထက် ဈေးအကြီးဆုံး ဒုတိယမိန်းမ ဖြစ်လောက်ပါတယ်။
နည်းပညာ အသေးစိတ်အချက်အလက်
၁၉၆၂ – ၁၉၆၄
အင်ဂျင်: 3.0 litre V12
ဂီယာ: 5-Speed Manual
မြင်းကောင်ရေအား: 300 @ 7500 RPM
လိမ်အား: 246 ft-lbs @ 5500
အလေးချိန်: 950kg
0-60 time: 5.4 sec.
အမြန်ဆုံးနှုန်း: 174 mph