Unicode version…

လူတွေပြောနေကြတာကတော့ မစ္စတာ Carroll Shelby ကို ရူးနေတယ်လို့ဆိုပါတယ်။ ဘယ်လူကောင်းက ၄ ဒသမ ၂ လီတာရှိ V-8 အင်ဂျင်ကားကို ထုတ်လိမ့်မလဲပေါ့။ ၄င်းသည် ပထမဆုံးဖြစ်တဲ့ Mazda MX-5 ထက်သေးငယ်ပြီး စပေါ့ကားတစ်စီးအဖြစ် ရပ်တည်လျက်ရှိပါတယ်။ ကားမောင်းမကျွမ်းကျင်တဲ့ လူတွေရဲ့လက်ထဲမှာတော့ အရမ်းကိုအန္တရာယ်များတဲ့ ကားတစ်စီးဖြစ်ပါတယ်။carroll-shelby-s-1962-shelby-cobra-csx-2000-will-be-auctioned-at-rm-monterey-108977_1

ဒါပေမဲ့ မစ္စတာ Shelby ရဲ့အမြင်က လုံးဝကို မှန်ကန်ခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်မှာ လက်ဖျားခါလောက်တဲ့ ပြောင်းလဲမှုဖြစ်ပေါ်လာစေခဲ့ပါတယ်။ သူ့ရဲ့ကားဟာ ပြိုင်ပွဲများစွာမှာ အနိုင်ရပြီး နှလုံးသားများစွာမှာ နေရာယူနိုင်ခဲ့ပါတယ်။ ပထမဆုံး လက်ဖြင့်တည်ဆောက်ခဲ့တဲ့ကားဖြစ်တဲ့ Cobra ဖြင့် ကားခရေဇီများရဲ့ကြားမှာ ကမ္ဘာ့အလိုချင်ဖွယ်ဆုံးကားတွေထဲမှ တစ်စီးဖြစ်ခဲ့ပါတယ်။ Cobra ကို မစ္စတာ Shelby ရဲ့ ကိုယ်ပိုင်လက်နှစ်ဖက်နဲ့ တည်ဆောက်ခဲ့တာဖြစ်ပြီး ဒီနှစ်မှာကို လေလံတွင် ဒေါ်လာ ၁၃သန်းကျော် ဈေးမြောက်နေတာ ဖြစ်ပါတယ်။shelby-cobra-2

မစ္စတာ Carroll Shelby ဟာ လူပေါင်း ၂၀ဝ သာရှိတဲ့ တက္ကဆက်မြို့လေးမှာနေထိုင်ပြီး သာမန်ပြည်သူတစ်ယောက်အဖြစ်ကနေ ဒီအဆင့်ကိုရောက်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၂၃ ခုနှစ်မှာ မွေးပြီး စိတ်ပျက်စရာအချိန်တွေကို ဖြတ်သန်းလာရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အခုအချိန်မှာတော့ အဲဒီမြို့ငယ်လေးမှလာတဲ့ လူငယ်လေးများအတွက် အခွင့်အရေးရှိတဲ့ အချိန်အခါတစ်ခုပဲ ဖြစ်ပါတယ်။shelby-cobra

အသက် (၂၂) နှစ်အရွယ်၊ ဒုတိယကမ္ဘာစစ်အတွင်း ပျံသန်းရေးသင်တန်းဆရာအဖြစ်လုပ်ကိုင်ခဲ့ပြီး အိုင်ဒီယာများရရှိခဲ့သော်လည်း အမြန်နှုန်းသည် ပြောစရာဖြစ်ခဲ့ပါတယ်။ စစ်ပွဲပြီးတော့ ကားပြိုင်ပွဲတွေမှာ လူငှားအဖြစ် ဘရန်းတော်တော်များများမှာ မောင်းနှင်ခဲ့ပါတယ်။ ပထမဆုံး ပရော်ဖက်ရှင်နယ် ပြိုင်ပွဲတစ်ခုကတော့ အခြားကားဘရန်းတွေရဲ့ကြား Aston Martin ဘရန်းအတွက် မောင်းပေးရတာဖြစ်ပါတယ်။ မကြာခဏ အခြားဘရန်းတော်တော်များများ သူမောင်းနှင်တဲ့ စပွန်ဆာတွေကို မယှဉ်ပြိုင်နိုင်တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။shelby-cobra-427-wallpaper-wallpaper-2

၁၉၅၉ ခုနှစ် prestigious Le Mans ကားပြိုင်ပွဲမှာ အနိုင်ရရှိပြီး မကြာမီ ဆရာဝန်ရဲ့ မှားယွင်းတဲ့ဆုံးဖြတ်ချက်ကြောင့် သူ့ရဲ့လုပ်ငန်းကို စွန့်ခဲ့ရပါတယ်။ မအောင်မြင်တဲ့လူတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကို ထင်မှတ်ခဲ့မိပြီး စိတ်ဓာတ်ကျခဲ့ရပါတယ်။ နောက်တော့ ကားတာယာ Dealership ဆိုင်တစ်ခုမှာ ဝင်ရောက်ကြိုးစားလုပ်ကိုင်ခဲ့ပါတယ်။ ဥရောပမှာထုတ်ပြီး အမေရိကန်တွေ ပိုပြီးကြိုက်မယ်လို့ထင်ရတဲ့ ဧရာမအင်ဂျင်တပ်ထားတဲ့ကားတွေထက် ပိုပြီး လျင်မြန်ပေါ့ပါးတဲ့ အမေရိကန်စပေါ့ကားတွေကို ထုတ်လုပ်မယ့်ရည်ရွယ်ချက်ကိုတော့ စိတ်ကူးဆဲပါ။

သိပ်မကြာခင်မှာပဲ သူ့ကိုယ်သူ မတူတဲ့ ပြိုင်ကားထုတ်လုပ်သူအနေနဲ့ အမေရိက အင်ဂျင်ဟောင်းကြီးတပ်ထားတဲ့ အမေရိကန်ကားနဲ့အတူ ဥရောပကို ပြန်ခဲ့မယ်လို့ မစ္စတာ Enzo Ferrari ကို ပြောခဲ့ပါတယ်။

မစ္စတာ Shelby ဟာ သူ့ရဲ့ ပြောစကားအရပဲ ၁၉၆၁ ခုနှစ်ပတ်ဝန်းကျင်ရဲ့ ညလယ်လောက်မှာ သူနိုးထခဲ့ပြီး စာရွက်အပိုင်းအစတချို့ပေါ်မှာ တစ်စုံတစ်ရာကို ရေးသားခဲ့ပါတယ်။ မနက်ခင်းမှာတော့ “Cobra” ဆိုတဲ့ စကားလုံးတစ်လုံး ဖြစ်နေခဲ့ပါတယ်။ အနည်းဆုံးတော့ သူ့အိပ်မက်ကားအတွက် နာမည်တစ်ခုရခဲ့ပြီ ဖြစ်ပါတယ်။

သူ့ရဲ့ အမြဲတမ်းဖြစ်တဲ့ အိုင်ဒီယာကတော့ ကြီးမားတဲ့ အမေရိကန် V-8 အင်ဂျင်ကြီးကို သေးငယ်ပြီး ပေါ့ပါးတဲ့ ဥရောပကားကိုယ်ထည်ထဲကို ထည့်သွင်းဖို့ ဖြစ်ပါတယ်။ အရင်ကတော့ တစ်ခေါက်လုပ်ပြီးပါပြီ။
လုပ်ခဲ့တာကတော့ ရောင်းဖို့နဲ့ ပိုက်ဆံရှာဖို့ မဟုတ်ခဲ့ပါဘူး။

အခုအချိန်မှာတော့ အမြန်ဆုံး အမေရိကန်ကားကြီးသည် ကြီးမားပြီး လေးလံတဲ့ကိုယ်ထည်ထဲမှာ အင်ဂျင်အလုံးကြီးကြီးတစ်လုံးရှိနေပြီဖြစ်ပါတယ်။ အမေရိကန်တွေရဲ့စိတ်ထဲမှာ အမြန်နှုန်းဆိုတာ Drag ကို မျဉ်းဖြောင့်ဆွဲတာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အရင်က ကွန်ပျူတာနဲ့မောင်းနှင်တဲ့ ဆွဲအားထိန်းချုပ်နဲ့ လိမ်အား Vector တွေနဲ့ ကားကြီးတွေဟာ ကောင်းစွာ မလှည့်နိုင်ပါဘူး။ တကယ်လည်း အမေရိကန်တွေဟာ အဲဒီလို ထင်နေတုန်းပါပဲ။

မစ္စတာ Shelby ဟာ General Motors ကို ချဉ်းကပ်ခဲ့ပါတယ်။ ဒါပေမဲ့ မစ္စတာ Shelby ရဲ့ အိုင်ဒီယာကို ၄င်းတို့ရဲ့ အောင်မြင်တဲ့ စပေါ့ကား Corvette အတွက် ပြိုင်ဘက်လို့ပဲ မြင်ခဲ့ပါတယ်။ ရှုံးနိမ့်စေမယ့် အရူးရဲ့အိုင်ဒီယာလို့ပဲ သူ့ကိုပြောခဲ့ပါတယ်။
ဖို့ဒ်ကတော့ limited တွေထုတ်လုပ်ရာမှာ သူ့ရဲ့အကြံဉာဏ်ကိုဖောက်ပြီး အသုံးပြုခဲ့ပါတယ်။

ယူကေ ကားကုမ္ပဏီ AC ဟာ သူတို့ကို ထောက်ပံ့တဲ့သူတွေဆီကနေ သူတို့ရဲ့ကားအတွက် (အသေးစား ဆလင်ဒါ ၄ လုံး) မော်တာတွေကို နောက်ထပ်မရတော့ဘူးဆိုတာကို ကြားသိပြီးနောက် မစ္စတာ Shelby ဟာ သူတို့ကိုဆက်သွယ်ခဲ့ကာ တိတ်တဆိတ်အလယ်ကလူအဖြစ် စတင်ဝင်ရောက် လုပ်ကိုင်ခဲ့ပါတယ်။ ယူကေကားကုမ္ပဏီကို ဖို့ဒ်က မော်တာတွေကို ထောက်ပံ့မှာလို့ပြောခဲ့ပါတယ်။ ဒါမှ သူ့ရဲ့ ပထမဆုံး Cobra ကို တပ်ဆင်နိုင်စေမယ့် ကိုယ်ထည်တစ်ခုကို သူ့ကိုပြုလုပ်ခိုင်းမှာဖြစ်ပါတယ်။

ဒီအတောအတွင်း သူဟာ စမ်းသပ်ဖို့အတွက် V-8 အင်ဂျင်ကြီးကြီးနဲ့ ကောင်းကောင်းတစ်ခုကို ပေးမယ်ဆိုရင် သူတို့လိုတဲ့ ကားကိုယ်ထည်တွေအားလုံးကို သူလုပ်ပေးနိုင်ကြောင်း ဖို့ဒ်ဘက်ကို ပြောခဲ့ပါတယ်။

မာယာပရိယာယ်သုံးပြီး အလုပ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ကိုယ်ထည်တစ်ခု၊ ၃ ဒသမ ၅ လီတာသုံး ဖို့ဒ် V-8 တစ်ခုကို သူလက်ခံရရှိခဲ့ပါတယ်။ ဘယ်နည်းနဲ့မဆို သူနဲ့ သူ့ရဲ့ စက်ပြင်သူငယ်ချင်းတို့ဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့ ညတစ်ညမှာ ကားသေးသေးလေးထဲ အင်ဂျင်ကို ထည့်သွင်းဖို့ စီမံခဲ့ပါတယ်။ မနက်ခင်းရောက်တော့ Santa Fe oilfields ကိုဖြတ်ပြီး ကမ္ဘာ့အကောင်းဆုံး၊ မစမ်းသပ်ရသေးတဲ့ အန္တရာယ်အရှိဆုံး စူပါကားတစ်စီးပေါ်မှာ မောင်းနှင်နေခဲ့ပါတယ်။ ဝီစကီသောက်ကာ အောင်ပွဲခံခဲ့ကြပြီး ဘယ်နည်းနဲ့မဆို အောင်မြင်မှုတစ်ခုရရှိဖို့ အစပျိုးလာခဲ့ပါတယ်။

ဒါနဲ့ပဲ မစ္စတာ Shelby မှာ ကားကောင်းတစ်စီးရှိသွားခဲ့ပါတယ်။ ဒါပေမဲ့ ထုတ်လုပ်ရောင်းချဖို့မဟုတ်ပါဘူး။ အရေအတွက် အကန့်အသတ်နဲ့သာ ထုတ်လုပ်ခဲ့ပါတယ်။ အလွန်တော်တဲ့ အရောင်းမြှင့်တင်ရေးသမားတစ်ယောက်ပြောတာကတော့ ေြွမဆီရောင်းတဲ့သူလို့ ဆိုပါတယ်။ မစ္စတာ Shelby ဟာ ကားကိုစမ်းသပ်မောင်းနှင်ဖို့အတွက် စာရေးသူတွေကို ဖိတ်ခေါ်ခဲ့ပြီး ကားမဂ္ဂဇင်းတွေမှာ သတင်းရေးသားသူတွေရဲ့ အာရုံစူးစိုက်မှုကို ရယူခဲ့ပါတယ်။
အမှန်ပြောရရင် ထိုကားဟာ ထုတ်လုပ်မှုမရှိခဲ့ပါဘူး။ မစ္စတာ Shelby ဟာ လမ်းတစ်ခုစမ်းမောင်းဖို့အတွက် အရောင်ကွဲတွေကို ပြန်လည်ဆေးခြယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီတော့ ဒီလိုကားတွေ အများကြီးရှိတယ်လို့ ထင်နေရတာ ဖြစ်ပါတယ်။ ကားတွေကို လိုင်စင်နံပါတ်ပြားတွေ ပြောင်းလဲပြီး အစီးရေ ၂၅ စီးအစား အစီး ၁၀ဝ ထုတ်နေတဲ့ မစ္စတာ Enzo Ferrari ရဲ့ ပြိုင်ပွဲစစ်ဆေးရေးအရာရှိတွေအပေါ် ဟန်ဆောင်မှုတွေကို ယှဉ်ပြိုင်နိုင်အောင် ချဉ်းကပ်မှုတစ်ခုလည်း ဖြစ်ပါတယ်။ တစ်ခါတစ်ရံ စိတ်ကူးအလွန်ကောင်းသူများသည် သာမန်လူတွေမရောက်နိုင်၊ မမှန်းနိုင်တဲ့ ထိပ်ဆုံးကို ရောက်ဖို့ လူလိမ်တွေ ဖြစ်ရပါတယ်။

Cobra ကို ရောင်းချခဲ့ရပါတယ်။ ဒါပေမဲ့ လုံလောက်တဲ့အရေအတွက်တော့ မဟုတ်ပါဘူး။ နာမည်ကျော်ကြားပြီး လူအများအငမ်းမရလိုချင်တဲ့ ကားအမျိုးအစားတစ်မျိုး ဖြစ်ခဲ့ပါတယ်။ ကားနယ်ပယ်ထဲမှာတော့ အရေအတွက်ဟာ
ကစားပွဲရဲ့ နာမည်ပါပဲ။

နှစ်အနည်းငယ်ကြာပြီးနောက်မှာ Cobra ဟာ များပြားလှတဲ့ ပြိုင်ပွဲစက်ဝိုင်းထဲမှာ သိသာထင်ရှားလာခဲ့တဲ့ အနေနဲ့ အချိန်တိုင်း ကြီးမားပြီး ပိုပြီးစွမ်းအားပြည့်ဝတဲ့ မော်တာများကို ထည့်သွင်းခဲ့ပြီး Lamborghini Aventador (ယခုထုတ်တွင် ဖော်ပြပါရှိသော) နဲ့ ယှဉ်ရန်အတွက် စွမ်းအားနဲ့ အလေးချိန်ကို အချိုးညီပြီး (ကီလိုဂရမ် ၁၀ဝဝရှိသော) မက်ထရစ်တန်တစ်ခုမျှသာ အချိန်ရှိတဲ့ ကားတစ်စီးထဲကို 427 cu/in
(၇ လီတာ) မြင်းကောင်ရေ ၄၂၅ အင်ဂျင်ထည့်ပြီး ထိပ်ဆုံးကိုရောက်ရှိစေခဲ့ပါတယ်။

Cobra ပရောဂျက်ဟာ နောက်ဆုံးမှာ ငွေကြေးအရှုံးပေါ်ခဲ့သော်လည်း အမေရိကန်ရဲ့ နောက်ဆုံး
Modifier ကားအနေနဲ့ ကျော်ကြားခဲ့ပါတယ်။ မစ္စတာ Shelby ဟာ ဖို့ဒ်နဲ့ အလုပ်ဆက်လက်လုပ်ကိုင်ခဲ့ ပါတယ်။ ဖို့ဒ်ရဲ့ GT40 (Le Mans ကားပြိုင်ပွဲမှာ နောက်ဆုံး ဖယ်ရာရီကိုအနိုင်ရရှိခဲ့တဲ့) ထုတ်လုပ်တဲ့အထဲ ယနေ့တိုင် နာမည်ကြီးလျက်ရှိတဲ့ စွမ်းအားအမြင့်စား အထူးထုတ် Mustangs တို့ကိုထုတ်လုပ်ရာမှာ အဓိကနေရာကနေ ပါဝင်ခဲ့ပါတယ်။ အသက် (၈၉) နှစ်မှာ ကွယ်လွန်ခဲ့ပြီး လေးနှစ်အကြာမှာ ၄င်းကားတွေ ထိုသို့နာမည်ကြီးလာခဲ့တာ ဖြစ်ပါတယ်။ ကွယ်လွန်ပြီးသည့်တိုင် ဘဏ်ထဲမှာ ဒေါ်လာ ၄၀ လောက် ကျန်နေခဲ့ပါတယ်။ မစ္စတာ Shelby
ဆိုတဲ့နာမည်ဟာ အမြန်နှုန်းနဲ့အတူ ထပ်တူတည်ရှိနေမှာ ဖြစ်ပါတယ်။

SPEC SHEET 2016
Shelby CSX2000 (aka AC-Ford Cobra)

အင်ဂျင်
8-cylinder Ford Windsor 260 (4.2 litres)

မြင်းကောင်ရေအား
260hp/194kW @5800rpm

လိမ်အား
269 ft-lbs/365Nm

ဂီယာ
RWD 4-speed manual

အလေးချိန်
950kg

0-100km/hr
4.2 seconds

Quarter Mile
13.8 seconds

အမြင့်ဆုုံးအမြန်နှုန်း
255 km/hr

၁၉ ၆၂ ခုုနှစ် စျေးနှုန်း (ဥရောပ)
ဒေါ်လာ ၅၉၉ ၅
ထိုုခေတ်ကနဲ့စာလ ျှင် စျေးမပေါပါ။ Chevy Corvette ရဲ့စျေးမှာ ဒေါ်လာ ၃၈၀၀ ပဲရှိပါတယ်။ ယနေ့အချိန်မှာတော့ ဒေါ်လာ ၆၀၀၀၀ ခန့်ရှိမှာဖြစ်ပါတယ်။

Zawgyi version…

Classic Tributes
Cameron Cooper

Shelby 1962

လူေတြေျပာေနၾကတာကေတာ့ မစၥတာ Carroll Shelby ကို ႐ူးေနတယ္လို႔ဆိုပါတယ္။ ဘယ္လူေကာင္းက ၄ ဒသမ ၂ လီတာရွိ V-8 အင္ဂ်င္ကားကို ထုတ္လိမ့္မလဲေပါ့။ ၄င္းသည္ ပထမဆံုးျဖစ္တဲ့ Mazda MX-5 ထက္ေသးငယ္ၿပီး စေပါ့ကားတစ္စီးအျဖစ္ ရပ္တည္လ်က္ရွိပါတယ္။ ကားေမာင္းမကြ်မ္းက်င္တဲ့ လူေတြရဲ႕လက္ထဲမွာေတာ့ အရမ္းကိုအႏၱရာယ္မ်ားတဲ့ ကားတစ္စီးျဖစ္ပါတယ္။carroll-shelby-s-1962-shelby-cobra-csx-2000-will-be-auctioned-at-rm-monterey-108977_1

ဒါေပမဲ့ မစၥတာ Shelby ရဲ႕အျမင္က လံုးဝကို မွန္ကန္ခဲ့ပါတယ္။ ၁၉၆၂ ခုႏွစ္မွာ လက္ဖ်ားခါေလာက္တဲ့ ေျပာင္းလဲမႈျဖစ္ေပၚလာေစခဲ့ပါတယ္။ သူ႔ရဲ႕ကားဟာ ၿပိဳင္ပြဲမ်ားစြာမွာ အႏိုင္ရၿပီး ႏွလံုးသားမ်ားစြာမွာ ေနရာယူႏိုင္ခဲ့ပါတယ္။ ပထမဆံုး လက္ျဖင့္တည္ေဆာက္ခဲ့တဲ့ကားျဖစ္တဲ့ Cobra ျဖင့္ ကားခေရဇီမ်ားရဲ႕ၾကားမွာ ကမၻာ႔အလိုခ်င္ဖြယ္ဆံုးကားေတြထဲမွ တစ္စီးျဖစ္ခဲ့ပါတယ္။ Cobra ကို မစၥတာ Shelby ရဲ႕ ကိုယ္ပိုင္လက္ႏွစ္ဖက္နဲ႔ တည္ေဆာက္ခဲ့တာျဖစ္ၿပီး ဒီႏွစ္မွာကို ေလလံတြင္ ေဒၚလာ ၁၃သန္းေက်ာ္ ေဈးေျမာက္ေနတာ ျဖစ္ပါတယ္။shelby-cobra-2

မစၥတာ Carroll Shelby ဟာ လူေပါင္း ၂၀ဝ သာရွိတဲ့ တကၠဆက္ၿမိဳ႕ေလးမွာေနထိုင္ၿပီး သာမန္ျပည္သူတစ္ေယာက္အျဖစ္ကေန ဒီအဆင့္ကိုေရာက္ခဲ့တာ ျဖစ္ပါတယ္။ ၁၉၂၃ ခုႏွစ္မွာ ေမြးၿပီး စိတ္ပ်က္စရာအခ်ိန္ေတြကို ျဖတ္သန္းလာရတဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ အဲဒီၿမိဳ႕ငယ္ေလးမွလာတဲ့ လူငယ္ေလးမ်ားအတြက္ အခြင့္အေရးရွိတဲ့ အခ်ိန္အခါတစ္ခုပဲ ျဖစ္ပါတယ္။shelby-cobra

အသက္ (၂၂) ႏွစ္အရြယ္၊ ဒုတိယကမၻာစစ္အတြင္း ပ်ံသန္းေရးသင္တန္းဆရာအျဖစ္လုပ္ကိုင္ခဲ့ၿပီး အိုင္ဒီယာမ်ားရရွိခဲ့ေသာ္လည္း အျမန္ႏႈန္းသည္ ေျပာစရာျဖစ္ခဲ့ပါတယ္။ စစ္ပြဲၿပီးေတာ့ ကားၿပိဳင္ပြဲေတြမွာ လူငွားအျဖစ္ ဘရန္းေတာ္ေတာ္မ်ားမ်ားမွာ ေမာင္းႏွင္ခဲ့ပါတယ္။ ပထမဆံုး ပေရာ္ဖက္ရွင္နယ္ ၿပိဳင္ပြဲတစ္ခုကေတာ့ အျခားကားဘရန္းေတြရဲ႕ၾကား Aston Martin ဘရန္းအတြက္ ေမာင္းေပးရတာျဖစ္ပါတယ္။ မၾကာခဏ အျခားဘရန္းေတာ္ေတာ္မ်ားမ်ား သူေမာင္းႏွင္တဲ့ စပြန္ဆာေတြကို မယွဥ္ၿပိဳင္ႏိုင္တာေတြ ျဖစ္ေပၚခဲ့ပါတယ္။shelby-cobra-427-wallpaper-wallpaper-2

၁၉၅၉ ခုႏွစ္ prestigious Le Mans ကားၿပိဳင္ပြဲမွာ အႏိုင္ရရွိၿပီး မၾကာမီ ဆရာဝန္ရဲ႕ မွားယြင္းတဲ့ဆံုးျဖတ္ခ်က္ေၾကာင့္ သူ႔ရဲ႕လုပ္ငန္းကို စြန္႔ခဲ့ရပါတယ္။ မေအာင္ျမင္တဲ့လူတစ္ေယာက္အျဖစ္ ကိုယ့္ကိုယ္ကို ထင္မွတ္ခဲ့မိၿပီး စိတ္ဓာတ္က်ခဲ့ရပါတယ္။ ေနာက္ေတာ့ ကားတာယာ Dealership ဆိုင္တစ္ခုမွာ ဝင္ေရာက္ႀကိဳးစားလုပ္ကိုင္ခဲ့ပါတယ္။ ဥေရာပမွာထုတ္ၿပီး အေမရိကန္ေတြ ပိုၿပီးၾကိဳက္မယ္လို႔ထင္ရတဲ့ ဧရာမအင္ဂ်င္တပ္ထားတဲ့ကားေတြထက္ ပိုၿပီး လ်င္ျမန္ေပါ့ပါးတဲ့ အေမရိကန္စေပါ့ကားေတြကို ထုတ္လုပ္မယ့္ရည္ရြယ္ခ်က္ကိုေတာ့ စိတ္ကူးဆဲပါ။

သိပ္မၾကာခင္မွာပဲ သူ႔ကိုယ္သူ မတူတဲ့ ၿပိဳင္ကားထုတ္လုပ္သူအေနနဲ႔ အေမရိက အင္ဂ်င္ေဟာင္းႀကီးတပ္ထားတဲ့ အေမရိကန္ကားနဲ႔အတူ ဥေရာပကို ျပန္ခဲ့မယ္လို႔ မစၥတာ Enzo Ferrari ကို ေျပာခဲ့ပါတယ္။

မစၥတာ Shelby ဟာ သူ႔ရဲ႕ ေျပာစကားအရပဲ ၁၉၆၁ ခုႏွစ္ပတ္ဝန္းက်င္ရဲ႕ ညလယ္ေလာက္မွာ သူႏိုးထခဲ့ၿပီး စာရြက္အပိုင္းအစတခ်ိဳ႕ေပၚမွာ တစ္စံုတစ္ရာကို ေရးသားခဲ့ပါတယ္။ မနက္ခင္းမွာေတာ့ “Cobra” ဆိုတဲ့ စကားလံုးတစ္လံုး ျဖစ္ေနခဲ့ပါတယ္။ အနည္းဆံုးေတာ့ သူ႔အိပ္မက္ကားအတြက္ နာမည္တစ္ခုရခဲ့ၿပီ ျဖစ္ပါတယ္။

သူ႔ရဲ႕ အၿမဲတမ္းျဖစ္တဲ့ အိုင္ဒီယာကေတာ့ ႀကီးမားတဲ့ အေမရိကန္ V-8 အင္ဂ်င္ႀကီးကို ေသးငယ္ၿပီး ေပါ့ပါးတဲ့ ဥေရာပကားကိုယ္ထည္ထဲကို ထည့္သြင္းဖို႔ ျဖစ္ပါတယ္။ အရင္ကေတာ့ တစ္ေခါက္လုပ္ၿပီးပါၿပီ။
လုပ္ခဲ့တာကေတာ့ ေရာင္းဖို႔နဲ႔ ပိုက္ဆံရွာဖို႔ မဟုတ္ခဲ့ပါဘူး။

အခုအခ်ိန္မွာေတာ့ အျမန္ဆံုး အေမရိကန္ကားႀကီးသည္ ႀကီးမားၿပီး ေလးလံတဲ့ကိုယ္ထည္ထဲမွာ အင္ဂ်င္အလံုးႀကီးႀကီးတစ္လံုးရွိေနၿပီျဖစ္ပါတယ္။ အေမရိကန္ေတြရဲ႕စိတ္ထဲမွာ အျမန္ႏႈန္းဆိုတာ Drag ကို မ်ဥ္းေျဖာင္႔ဆြဲတာ ျဖစ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ အရင္က ကြန္ပ်ဴတာနဲ႔ေမာင္းႏွင္တဲ့ ဆြဲအားထိန္းခ်ဳပ္နဲ႔ လိမ္အား Vector ေတြနဲ႔ ကားႀကီးေတြဟာ ေကာင္းစြာ မလွည့္ႏိုင္ပါဘူး။ တကယ္လည္း အေမရိကန္ေတြဟာ အဲဒီလို ထင္ေနတုန္းပါပဲ။

မစၥတာ Shelby ဟာ General Motors ကို ခ်ဥ္းကပ္ခဲ့ပါတယ္။ ဒါေပမဲ့ မစၥတာ Shelby ရဲ႕ အိုင္ဒီယာကို ၄င္းတို႔ရဲ႕ ေအာင္ျမင္တဲ့ စေပါ့ကား Corvette အတြက္ ၿပိဳင္ဘက္လို႔ပဲ ျမင္ခဲ့ပါတယ္။ ႐ံႈးနိမ့္ေစမယ့္ အ႐ူးရဲ႕အိုင္ဒီယာလို႔ပဲ သူ႔ကိုေျပာခဲ့ပါတယ္။
ဖို႔ဒ္ကေတာ့ limited ေတြထုတ္လုပ္ရာမွာ သူ႔ရဲ႕အႀကံဥာဏ္ကိုေဖာက္ၿပီး အသံုးျပဳခဲ့ပါတယ္။

ယူေက ကားကုမၸဏီ AC ဟာ သူတို႔ကို ေထာက္ပံ့တဲ့သူေတြဆီကေန သူတို႔ရဲ႕ကားအတြက္ (အေသးစား ဆလင္ဒါ ၄ လံုး) ေမာ္တာေတြကို ေနာက္ထပ္မရေတာ့ဘူးဆိုတာကို ၾကားသိၿပီးေနာက္ မစၥတာ Shelby ဟာ သူတို႔ကိုဆက္သြယ္ခဲ့ကာ တိတ္တဆိတ္အလယ္ကလူအျဖစ္ စတင္ဝင္ေရာက္ လုပ္ကိုင္ခဲ့ပါတယ္။ ယူေကကားကုမၸဏီကို ဖို႔ဒ္က ေမာ္တာေတြကို ေထာက္ပံ့မွာလို႔ေျပာခဲ့ပါတယ္။ ဒါမွ သူ႔ရဲ႕ ပထမဆံုး Cobra ကို တပ္ဆင္ႏိုင္ေစမယ့္ ကိုယ္ထည္တစ္ခုကို သူ႔ကိုျပဳလုပ္ခိုင္းမွာျဖစ္ပါတယ္။

ဒီအေတာအတြင္း သူဟာ စမ္းသပ္ဖို႔အတြက္ V-8 အင္ဂ်င္ႀကီးႀကီးနဲ႔ ေကာင္းေကာင္းတစ္ခုကို ေပးမယ္ဆိုရင္ သူတို႔လိုတဲ့ ကားကိုယ္ထည္ေတြအားလံုးကို သူလုပ္ေပးႏိုင္ေၾကာင္း ဖို႔ဒ္ဘက္ကို ေျပာခဲ့ပါတယ္။

မာယာပရိယာယ္သံုးၿပီး အလုပ္လုပ္ခဲ့တာ ျဖစ္ပါတယ္။ ကိုယ္ထည္တစ္ခု၊ ၃ ဒသမ ၅ လီတာသံုး ဖို႔ဒ္ V-8 တစ္ခုကို သူလက္ခံရရွိခဲ့ပါတယ္။ ဘယ္နည္းနဲ႔မဆို သူနဲ႔ သူ႔ရဲ႕ စက္ျပင္သူငယ္ခ်င္းတို႔ဟာ စိတ္လႈပ္ရွားစရာေကာင္းတဲ့ ညတစ္ညမွာ ကားေသးေသးေလးထဲ အင္ဂ်င္ကို ထည့္သြင္းဖို႔ စီမံခဲ့ပါတယ္။ မနက္ခင္းေရာက္ေတာ့ Santa Fe oilfields ကိုျဖတ္ၿပီး ကမၻာ့အေကာင္းဆံုး၊ မစမ္းသပ္ရေသးတဲ့ အႏၱရာယ္အရွိဆံုး စူပါကားတစ္စီးေပၚမွာ ေမာင္းႏွင္ေနခဲ့ပါတယ္။ ဝီစကီေသာက္ကာ ေအာင္ပြဲခံခဲ့ၾကၿပီး ဘယ္နည္းနဲ႔မဆို ေအာင္ျမင္မႈတစ္ခုရရွိဖို႔ အစပ်ိဳးလာခဲ့ပါတယ္။

ဒါနဲ႔ပဲ မစၥတာ Shelby မွာ ကားေကာင္းတစ္စီးရွိသြားခဲ့ပါတယ္။ ဒါေပမဲ့ ထုတ္လုပ္ေရာင္းခ်ဖို႔မဟုတ္ပါဘူး။ အေရအတြက္ အကန္႔အသတ္နဲ႔သာ ထုတ္လုပ္ခဲ့ပါတယ္။ အလြန္ေတာ္တဲ့ အေရာင္းျမႇင့္တင္ေရးသမားတစ္ေယာက္ေျပာတာကေတာ့ ေျြမဆီေရာင္းတဲ့သူလို႔ ဆိုပါတယ္။ မစၥတာ Shelby ဟာ ကားကိုစမ္းသပ္ေမာင္းႏွင္ဖို႔အတြက္ စာေရးသူေတြကို ဖိတ္ေခၚခဲ့ၿပီး ကားမဂၢဇင္းေတြမွာ သတင္းေရးသားသူေတြရဲ႕ အာ႐ံုစူးစိုက္မႈကို ရယူခဲ့ပါတယ္။
အမွန္ေျပာရရင္ ထိုကားဟာ ထုတ္လုပ္မႈမရွိခဲ့ပါဘူး။ မစၥတာ Shelby ဟာ လမ္းတစ္ခုစမ္းေမာင္းဖို႔အတြက္ အေရာင္ကြဲေတြကို ျပန္လည္ေဆးျခယ္ခဲ့တာ ျဖစ္ပါတယ္။ ဒီေတာ့ ဒီလိုကားေတြ အမ်ားႀကီးရွိတယ္လို႔ ထင္ေနရတာ ျဖစ္ပါတယ္။ ကားေတြကို လိုင္စင္နံပါတ္ျပားေတြ ေျပာင္းလဲၿပီး အစီးေရ ၂၅ စီးအစား အစီး ၁၀ဝ ထုတ္ေနတဲ့ မစၥတာ Enzo Ferrari ရဲ႕ ၿပိဳင္ပြဲစစ္ေဆးေရးအရာရွိေတြအေပၚ ဟန္ေဆာင္မႈေတြကို ယွဥ္ၿပိဳင္ႏိုင္ေအာင္ ခ်ဥ္းကပ္မႈတစ္ခုလည္း ျဖစ္ပါတယ္။ တစ္ခါတစ္ရံ စိတ္ကူးအလြန္ေကာင္းသူမ်ားသည္ သာမန္လူေတြမေရာက္ႏိုင္၊ မမွန္းႏိုင္တဲ့ ထိပ္ဆံုးကို ေရာက္ဖို႔ လူလိမ္ေတြ ျဖစ္ရပါတယ္။

Cobra ကို ေရာင္းခ်ခဲ့ရပါတယ္။ ဒါေပမဲ့ လံုေလာက္တဲ့အေရအတြက္ေတာ့ မဟုတ္ပါဘူး။ နာမည္ေက်ာ္ၾကားၿပီး လူအမ်ားအငမ္းမရလိုခ်င္တဲ့ ကားအမ်ိဳးအစားတစ္မ်ိဳး ျဖစ္ခဲ့ပါတယ္။ ကားနယ္ပယ္ထဲမွာေတာ့ အေရအတြက္ဟာ
ကစားပြဲရဲ႕ နာမည္ပါပဲ။

ႏွစ္အနည္းငယ္ၾကာၿပီးေနာက္မွာ Cobra ဟာ မ်ားျပားလွတဲ့ ၿပိဳင္ပြဲစက္ဝိုင္းထဲမွာ သိသာထင္ရွားလာခဲ့တဲ့ အေနနဲ႔ အခ်ိန္တိုင္း ႀကီးမားၿပီး ပိုၿပီးစြမ္းအားျပည့္ဝတဲ့ ေမာ္တာမ်ားကို ထည့္သြင္းခဲ့ၿပီး Lamborghini Aventador (ယခုထုတ္တြင္ ေဖာ္ျပပါရွိေသာ) နဲ႔ ယွဥ္ရန္အတြက္ စြမ္းအားနဲ႔ အေလးခ်ိန္ကို အခ်ိဳးညီၿပီး (ကီလိုဂရမ္ ၁၀ဝ၀ရွိေသာ) မက္ထရစ္တန္တစ္ခုမွ်သာ အခ်ိန္ရွိတဲ့ ကားတစ္စီးထဲကို 427 cu/in
(၇ လီတာ) ျမင္းေကာင္ေရ ၄၂၅ အင္ဂ်င္ထည့္ၿပီး ထိပ္ဆံုးကိုေရာက္ရွိေစခဲ့ပါတယ္။

Cobra ပေရာဂ်က္ဟာ ေနာက္ဆံုးမွာ ေငြေၾကးအ႐ံႈးေပၚခဲ့ေသာ္လည္း အေမရိကန္ရဲ႕ ေနာက္ဆံုး
Modifier ကားအေနနဲ႔ ေက်ာ္ၾကားခဲ့ပါတယ္။ မစၥတာ Shelby ဟာ ဖို႔ဒ္နဲ႔ အလုပ္ဆက္လက္လုပ္ကိုင္ခဲ့ ပါတယ္။ ဖို႔ဒ္ရဲ႕ GT40 (Le Mans ကားၿပိဳင္ပြဲမွာ ေနာက္ဆံုး ဖယ္ရာရီကိုအႏိုင္ရရွိခဲ့တဲ့) ထုတ္လုပ္တဲ့အထဲ ယေန႔တိုင္ နာမည္ႀကီးလ်က္ရွိတဲ့ စြမ္းအားအျမင့္စား အထူးထုတ္ Mustangs တို႔ကိုထုတ္လုပ္ရာမွာ အဓိကေနရာကေန ပါဝင္ခဲ့ပါတယ္။ အသက္ (၈၉) ႏွစ္မွာ ကြယ္လြန္ခဲ့ၿပီး ေလးႏွစ္အၾကာမွာ ၄င္းကားေတြ ထိုသို႔နာမည္ႀကီးလာခဲ့တာ ျဖစ္ပါတယ္။ ကြယ္လြန္ၿပီးသည့္တိုင္ ဘဏ္ထဲမွာ ေဒၚလာ ၄၀ ေလာက္ က်န္ေနခဲ့ပါတယ္။ မစၥတာ Shelby
ဆိုတဲ့နာမည္ဟာ အျမန္ႏႈန္းနဲ႔အတူ ထပ္တူတည္ရွိေနမွာ ျဖစ္ပါတယ္။

SPEC SHEET 2016
Shelby CSX2000 (aka AC-Ford Cobra)

အင္ဂ်င္
8-cylinder Ford Windsor 260 (4.2 litres)

ျမင္းေကာင္ေရအား
260hp/194kW @5800rpm

လိမ္အား
269 ft-lbs/365Nm

ဂီယာ
RWD 4-speed manual

အေလးခ်ိန္
950kg

0-100km/hr
4.2 seconds

Quarter Mile
13.8 seconds

အျမင့္ဆံုုးအျမန္ႏႈန္း
255 km/hr

၁၉ ၆၂ ခုုႏွစ္ ေစ်းႏႈန္း (ဥေရာပ)
ေဒၚလာ ၅၉၉ ၅
ထိုုေခတ္ကနဲ႔စာလ ွ်င္ ေစ်းမေပါပါ။ Chevy Corvette ရဲ႕ေစ်းမွာ ေဒၚလာ ၃၈၀၀ ပဲရွိပါတယ္။ ယေန႔အခ်ိန္မွာေတာ့ ေဒၚလာ ၆၀၀၀၀ ခန္႔ရွိမွာျဖစ္ပါတယ္။