Unicode version…
Style and Substance
စတိုင်နဲ့ ဥစ္စာပစ္စည်း
မားစီးဒီးကားတွေမှာ အရွယ်ရောက်ပြီးယောကျ်ားသားတွေသည် နောက်ထိုင်ခုံမှာ နာရီနဲ့ ချီပြီး သက်သောင့်သက်သာထိုင်နေနိုင်တယ်။ ဥပမာအနေနဲ့ နေပြည်တော်မှာလမ်းပျောက်ကာ ဟိုတယ်မတွေ့ဖြစ်ပြီး ပတ်မောင်းနေရလို့ နာရီနဲ့ ချီပြီးထိုင်နေရတောင် မငြီးငြူခဲ့ကြပါဘူး။
စာစကားနဲ့ ပြောရရင် ကားရဲ့အရှေ့ထိုင်ခုံကပွတ်သပ်နှိပ်နယ်ပေးနေပြီး၊ အမြန်နှုန်းနဲ့ မောင်းလို့ အရှိန်ပြင်းပြီး ခင်ဗျားထောင့်ကပ်သွားမယ်ဆိုရင်တောင် ထိုင်ခုံတွေကညင်ညင်သာသာဖြစ်စေပါတယ်။ အနံ့ကောင်းသလို၊ တိတ်ဆိတ်လှပါတယ်။
မားစီးဒီး CLS500 သည်ကားမောင်းသူအတွက် အနည်းဆုံးတော့ စိတ်သက်သောင့်သက်သာဖြစ်စေပြီး၊ ခါးမတ်မတ်ပဲဖြစ်ဖြစ်၊ ခါးကွေးကွေးဖြစ်ဖြစ် မောင်းတဲ့အခါ ထိန်းချုပ် မောင်းနှင်နိုင်ပါတယ်။ လုံးဝသိမ့်မွေ့ပါတယ်။
<>
အလှပ၊ ဉာဏ်ပညာနဲ့ ခွန်အား။ DRIVE ကား မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ်ဖြစ်တဲ့ မစ္စတာ Cameron Cooper သည် မာစီးဒီးCLS 500 ကိုစီးပြီး၊ ရန်ကုန်နဲ့ နေပြည်တော်ကိုလှည့်ပတ် တူးဆွရင်း တစ်ပတ်လောက် အချိန်ဖြုန်းခဲ့ပါတယ်။
“That’s enough!! Slow down slowdown slow doooown!!!”
“ တော်တော့၊ တော်တော့။ အရှိန်လျော့၊ အရှိန်လျော့၊ အရှိန်လျော့”
ရန်ကုန်လမ်းမတွေပေါ် ကားနဲ့ ဒိုးကြရင်း၊ မာစီးဒီး CLS 500
ရဲ့ ကားကြမ်းပြင်ကို ကျွန်တော့်ခြေထောက်တွေ ဆတ်ခနဲထိလိုက်ချိန်မှာဒီစကားတွေ ပြောခဲ့သူကတော့ နာမည်ကျော်ခရီးသွားဆောင်းပါးတွေ ရေးသားတဲ့ မစ္စတာ Joe Cummings ပါပဲ။ (ဒီကားနဲ့ နေပြည်တော်သွားခဲ့တဲ့ အကြောင်းတွေကိုလည်း ဒီလထုတ်မှာဖတ်ရှု့နိုင်ပါတယ်။)
Joe က ပုံမှန်အားဖြင့်တော့ သူရဲဘောကြောင်သူတော့ မဟုတ်ပါဘူး။ သူကြောက်လန့်တကြားအော်တာကို တစ်ခါမှ မကြားဖူးခဲ့ဘူး။ တာဘိုဖိအားမြှင့် ၄ .၇ လီတာ၊ စလင်ဒါ ၈ လုံးတပ်အင်ဂျင် ကိုအားကုန်လွှတ်လိုက်တယ်ဆိုတဲ့ သက်သေပေါ့လေ။
ငြိမ်နေရာကနေ၊ စက္ကန့်ပိုင်းအတွင်း (အတိအကျပြောရရင် ၄.၉ စက္ကန့်အတွင်း) အဝေးပြေးမှာသွားတဲ့ အမြန်နှုန်းနဲ့ သွားတော့တာပဲ။ ဘရိတ်ကို မြဲမြဲနင်းပြီး၊ ရှေ့ကကားတွေကို မြန်မြန်သွက်သွက်အမှီလိုက်တော့တာပဲ။ ဘရိတ်က အခြားဦးတည်ရာကိုအင်ဂျင်ထက်တောင် ပိုဆွဲနေသေးတယ်။ စိတ်ငြိမ်ဆေးကျွေးထားသလိုပဲ၊ ကားကတော့ ငြိမ်နေသေးတယ်။ အခြားအရာတွေထက်၊ သဘာဝတရားရဲ့ ဆွဲအားကြောင့်တော့ အနည်းငယ်လူးနေသေးတယ်။ တနင်္ဂနွေနေ့မှာ ပန်းခြံထဲ အခန့်သားလမ်းလျှောက်နေသလိုပေါ့။
လုံးဝဇိမ်ကျတယ်။
မာစီးဒီးကအံ့သြလောက်အောင် မြန်မြန်သွားတယ်။ လွန်ခဲ့တဲ့ ၁၅နှစ်အတွင်း ပြောစရာဖြစ်လောက်အောင်လည်း ပုံစံတွေ အတော်အတန် ပြောင်းလဲခဲ့ပါတယ်။ မာစီးဒီး Benz ကားတွေက (မှတ်သားစရာအချို့ကလွဲရင်ပေါ့) တည်ငြိမ်ခန့်ညားတယ်။ အလုံပိတ်ကားနီးပါးတော့ဖြစ်တာပေါ့။ အရည်သွေးမြင့်၊ အင်ဂျင်နီယာပညာရပ်ဆိုင်ရာထုတ်ကုန်တစ်ခုပါပဲ။ ဒီဇိုင်းကလဲယုံကြည်စိတ်ချလောက်တယ်။ ဒါကြောင့်လည်း“ ငါကခိုင်မာတယ်၊ လေးလံ၊ ဘေးကင်းတယ်၊ စိတ်ချရပြီး၊ ဇိမ်ကျတယ်လို့ “ပြောတာပေါ့။
ဒါကြောင့်ပဲခင်ဗျားက “ အိမ်ရှေ့ကိုကားယူလာမယ်လို့ မပြောဘဲ၊ မာစီးဒီးကားယူလာမယ်လို့ ပြောတာပေါ့” ကားဟောင်းနေရင်တောင်၊ အမြဲတမ်းအလှဆင်လို့ ရနေတဲ့ကားလေ။
Flat is Fast… and Sweet
ပြားတာက မြန်တယ်၊ ပြီးတော့ နှစ်လိုဖွယ်ကောင်းတယ်။
ကားဝယ်သူတွေရဲ့ အကြိုက်ပြောင်းလဲလာတာနဲ့ စည်းမျဉ်းတွေ ပြောင်းလာတာကြောင့် မာစီးဒီးကလဲပုံစံတွေ၊ ဖက်ရှင်တွေ စတင်ပြောင်းလဲခဲ့ရတယ်။ အကောင်းဆုံးအလုပ်တွေ လုပ်ခဲ့ရတယ်။
မြင့်မြင့်မားမား၊ ခေါင်းခန်းကြီးကြီး က လမ်းသွားလမ်းလာတွေအတွက်၊ တိုက်မိရင် ဘေးကင်းမှုနည်းပါးပြီး လောင်စာလည်း ပိုစားပါတယ်။ဒါကြောင့် မာစီးဒီးကကားတွေကိုခပ်ပြားပြားတွေ စတင်ထုတ်လုပ်ခဲ့တယ်။ အမိုးနဲ့ ကြမ်းခင်းနိမ့်နိမ့်။ အရှေ့အင်ဂျင်ကိုထိန်းသိမ်းထားပြီး အနောက်ပိုင်းအမောင်းဖွဲ့စည်းပုံတွေကိုတော့ ဆက်လက်ထိန်းသိမ်းထားဆဲပါ။ (မောင်းတံဝင်ရိုးကို ခင်ဗျား ဘယ်မှာ ဝှက်ထားပါသလဲ)
၁၉၉၀ပြည့်နှစ်အစောပိုင်းတွေက၊ ဒီဇိုင်းပုံစံတွေကို မာစီးဒီးE-အတန်းစားလို့စတင်သတ်မှတ်ခဲ့ပြီး၊ ပြီးမှ တဖြည်းဖြည်းနဲ့ အခြားတံဆိပ်တွေကို ဖြန့်ထုတ်သွားတယ်။ အရောင်သွေးထူးခြားပြီး၊ မြူးကြွသွက်လက်တဲ့ ပုံပေါက်လာတယ်။ ဒီလိုကားတွေ ထုတ်ခဲ့ပြီး၊ ခေတ်နောက်ပြန်ဆွဲနေတဲ့ လူကုံထုံတွေအတွက်သာ မဟုတ်ဘူးဆိုတာကို ကမ္ဘာ့ကြီးကို ပြသခဲ့တယ်။
လွန်ခဲ့တဲ့ ၁၀နှစ်ကျော် ဗွေဆော်ဦးအသုံးတော်ခံလာတာ၊ ဒီလိုနဲ့ ကျွန်တော်တို့ မားစီးဒီး CLS မော်ဒယ်တွေ ဆီရောက်လာခဲ့တယ်။ CLS မော်ဒယ်တွေ ကတော့ မာစီးဒီးရဲ့ ထုတ်လုပ်သမျှတွေထဲမှာ မိသားစုအဆန်ဆုံးကားပါပဲ။
ကျွန်တော်တို့ အစမ်းမောင်းတဲ့ ကားကလည်း မားစီးဒီး CLS500 မော်ဒယ်ပါပဲ။ ကျားသစ်ရဲ့ အသည်းနှလုံးကိုဖုံးကွယ်ထားပြီး၊ ရှက်သွေးဖြာနေတဲ့ သတို့သမီးတစ်ယောက်လိုလုံးဝ ဖြူဖြူစင်စင်အလှဆင်ထားတဲ့ ကားပါပဲ။
အလှသွေးကြွယ်တဲ့ သတ္တဝါကြီးတစ်ကောင်လိုပါပဲ။ အခြားဂျာမန်ကားထုတ်လုပ်ရေး ပြိုင်ဘက်တွေက ပိုက်ဆံအတွက် အပြေးအလွှားဖြစ်နေချိန်မှာပေါ့။ ခင်ဗျားကတော့ မာစီးဒီးဘင်ကားရဲ့ အလုပ်သမားရှေ့မှာတောင် အော်ကျယ်အော်ကျယ် စကားမပြောရဲ အောင်ကိုပါပဲ။ အခြားဟာတွေက ကျော့မော့ပြီးအမြန်မောင်းနိုင်အောင်၊ ဒီဇိုင်းတွေ ဖြည်းဖြည်းမှန်မှန် ထုတ်နေပေမယ့်၊ မာစီးဒီးကလွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်ကို ခုန်ပျံကျော်လွှားမှု လုပ်ပြခဲ့ပါတယ်။ ဒီလိုအဆက်မပြတ် အဆင့်မြင့်အောင်ပြောင်းလဲခဲ့လိုလည်း ဒီနေ့မှာအခုလိုလှပတဲ့ စက်ကြီးတစ်ခုဖြစ်နေတာပေါ့။
တစ်ခုကတော့ တံခါးလေးပေါက်ကား(four-door coupe)လို့ လူသိများပါတယ်။ အများအားဖြင့် coupes က တံခါးနှစ်ပေါက်ပဲရှိတာပါ။ ဒီလိုကိုယ်ထည်နဲ့ တန်ဖိုးထားမှုမျိုးရှိခဲ့တာပါ။ “coupe” တွေမှာအများအားဖြင့် အနောက်ထိုင်ခုံက ခြေထောက်အရှင်တပ်ထားတာပါ။ မားစီးဒီး CLS 500 မှာတော့ မဟုတ်ပြန်ပါဘူး။ ကျွန်တော်အပါဝင်၊ အရွယ်ရောက်ပြီးယောကျ်ားသားတွေ နေပြည်တော်မှာလမ်းပျောက်ပြီး၊ ဟိုတယ်မတွေ့လို့ နာရီနဲ့ ချီပြီး၊ ပတ်မောင်းနေရလို့ ထိုင်နေရတောင် မငြီးငြူခဲ့ကြပါဘူး။
Inner Beauty
အတွင်းပိုင်းအလှ
cls-interiorရိုးရိုးသားသားပြောရရင်၊ ကျွန်တော်က အလှအပတွေကို သိပ်ဂရုစိုက်တာမဟုတ်ဘူး။ မားစီးဒီး CLS500 ရဲ့ အတွင်းပိုင်းကတကယ်ကို နှစ်လိုဖွယ်ပါပဲ။ ကားအတွင်းခန်းထဲမှာ နာမည်ကျော်ခရီးသွားဆောင်းပါးတွေ ရေးသားတဲ့ မစ္စတာJoe Cummings နဲ့ ဓာတ်ပုံဆရာ မစ္စတာ Dustin Main တို့က ဒီထက်ပိုကောင်းတဲ့ ကားမောင်းနိုင်တဲ့နေရာ ရှာတွေ့မှာမဟုတ်ဘူးဆိုတဲ့ တတွက်တွက်ပြောနေတဲ့ အသံကလွဲရင်ပေါ့။
အတွင်းပိုင်းက၊ ခင်ဗျားမြင်တာနဲ့ သဘောကျမှာပဲ။ သားရေအဖုံးအားလုံးနဲ့ ချုပ်ရိုးတွေကသေသေသပ်သပ်။ စာစကားနဲ့ ပြောရရင် အရှေ့ထိုင်ခုံကပွတ်သပ်နှိပ်နယ်ပေးနေပြီး၊ အမြန်နှုန်းနဲ့ မောင်းလို့ အရှိန်ပြင်းပြီး သင်ထောင့်ကပ်သွားမယ်ဆိုရင်တောင် ထိုင်ခုံတွေကညင်ညင်သာသာဖြစ်စေပါတယ်။ အနံ့ကောင်းသလို၊ တိတ်ဆိတ်လှပါတယ်။ တကယ်ကိုခရီးသွားလျှင် အဆင်ပြေတဲ့ ကားလေးပါပဲဗျာ။
အတွင်းခန်းသက်သက်သာမဟုတ်ပါဘူး။ သက်သောင့်သက်သာရှိရုံတင်မကဘူး၊ အမျိုးပေါင်း ၄၀ လောက်ကိုထိန်းချုပ်နိုင်တဲ့ ကွန်ပျုတာစနစ်လည်း ပါပါသေးတယ်။(ဒီမှာတော့ စာရင်းကို မဖော်ပြတော့ပါဘူး။ လှုပ်ရှားကင်မရာနဲ့ ညကြည့်အနေအထားကတော့ ကျွန်တော် သဘောအကျဆုံးပါပဲ။)
အဟောင်းကြီးကိုစနစ်တကျဖြစ်အောင်ပြုလုပ်ခြင်း
၄.၉ စက္ကန့်အတွင်း၊ ၀-၁၀၀ km/hrသွားနိုင်တဲ့ စွမ်းပကားရှိပါတယ်။ အီတလီနာမည်နဲ့ထုတ်တဲ့ကားတွေအတွက်ဆိုရင် ဒီနှုန်းကဆီဒင်ပြိုင်ကားတွေအတွက်ဖြစ်လျှင် မြန်လွန်းတဲ့ နှုန်းပါပဲ။ ခေတ်မီကားတွေထဲမှာဆိုရင် ၁၉၉၀ပြည့်နှစ်တွေတုန်းက ထုတ်လုပ်ခဲ့တဲ့ ဖယ်လာရီကားတွေကတော့ အမြန်ဆုံးပေါ့။ အများစုကတော့ ဒုတိယနေရာလောက်မှာပဲရှိခဲ့တာပါ။screen
ကျွန်တော် ဆယ်ကျော်သက်အရွယ်တုန်းကဆို၊ ၄၀၇ မြင်းကောင်ရေဆိုတာ နှာခေါင်းပေါ် နှစ်တန်လေးတဲ့ အင်ဂျင်ကျလို့ ဒေါခီးနေတဲ့ သတ္တဝါကြီးနဲ့ ရင်ဆိုင်ရသလိုပါပဲ။(၁၉၆၀ပြည့်နှစ်တွေကသံချေးတက်ကားတွေကို ၁၉၇၀ပြည့်နှောင်းပိုင်းကဆယ်ကျော်သက်လူငယ်ကောင်လေးတွေ မောင်းရသလိုပါပဲ။) သူတို့ကအဲဒါကိုမုန်းတယ်။ ဆီစားများပြီး၊ အက်ကွီဘာမြို့ရေတွင်းကအစားသောင်းကျန်းတဲ့ ကုလားအုတ်လိုပဲ။ ဆိုးဆိုးရွားရွားလဲ ပြုမှုသေးတယ်။ မြန်မြန်တော့သွားတယ်။ ဒယိမ်းဒယိုင်နဲ့ တလှုပ်လှုပ်နဲ့ အခြားကားတွေကိုတော့ ကျော်တက်တာပဲ။
V-8 အင်ဂျင်ရဲ့ လောင်ကျွမ်းချိန်၊ အဆို့ရှင်တွေကိုထိန်းချုပ်တဲ့ ကွန်ပျူတာနဲ့ ဆန်းကျယ်တဲ့ လျှပ်စစ်စွမ်းရည်တွေကြောင့်၊ စွမ်းပကားကြီးမားတဲ့ ဒီအင်ဂျင်နဲ့ဆိုကျပ်ညက်နေတဲ့ မြို့လယ်ခေါင်မှာရှက်သွေးဖြာနေတဲ့ သတို့သမီးရောက်နေသလိုဖြစ်နေမှာပဲ။ ဒါမှမဟုတ်ရင် နေပြည်တော်ရဲ့ မရေတွက်နိုင်တဲ့ အကွေ့လမ်းတွေအတွက် အကောင်းဆုံး မြန်နှုန်းမြင့် နတ်တပါးပါပဲ။cls-front-three-quarter
CLS(ကွန်ပျူတာကအင်ဂျင်နဲ့ ရပ်တန့်သွားတောင် ဝင်ရောက်နှောက်ယှက်တာကလွဲရင်)ထောင့်တွေကိုဘယ်လိုပဲထုရိုက်ရိုက် ပြားနေမြဲပဲ။ (ကုလားထိုင်ကတော့ ခင်ဗျားကိုဆွဲကုပ်ယူထားလိမ့်မယ်။)။ လမ်းကျဉ်းလေးကနေ ဒီသတ္တဝါကြီးကို ပြေးလမ်းပေါ် ယူဆောင်လာရမယ်။
ကျွန်တော်ငယ်ငယ်တုန်းက ပေါ်တဲ့ကားတွေနဲ့တော့ မနှိုင်းယှဉ်ပါဘူး။ အဲဒီကားတွေကလေးပြီး၊ နှေးလဲနှေး၊ ဆူညံနေတာပဲ။ အော်တိုဂီယာကိုးခုအစားသုံးခုပဲရှိတယ်။ ဘရိတ်ကလဲကြောက်စရာ။ ဆွဲယူထိန်းချုပ်မှုလဲမရှိ။ တကယ်ကိုကြောက်စရာကြီးပါဗျာ။ ရူးသွပ်လောက်တဲ့ ကားတွေပါပဲ။
ကားမောင်းသူအတွက်တော့ မားစီးဒီး CLS500 က စိတ်သက်သောင့်သက်သာဖြစ်စေပြီး၊ ခါးမတ်မတ်ပဲဖြစ်ဖြစ်၊ ခါးကွေးကွေးဖြစ်ဖြစ် မောင်းတဲ့အခါ ထိန်းချုပ် မောင်းနှင်နိုင်ပါတယ်။ လုံးဝယဉ်ကျေးတယ်ပေါ့။ ဒီကားနဲ့ ပတ်သက်ပြီးပြောစရာတစ်ခုပဲရှိတယ်။ အဲဒါကဟန်ချက်ညီမျှလွန်းတာပါပဲ။ ခင်ဗျားဘာမှကြောက်ဖို့ မလိုဘူး။ (ရန်ကုန်မြို့ရဲ့ ရုံးတက်ရုံးဆင်းချိန်ကလွဲရင်ပေါ့။ ဒါပေမယ့် ဘယ်ကားမဆိုကြောက်မှာပါပဲ။)2016-mercedes-cls-interior
ဟန်ချက်ညီတဲ့အခြေအနေမှာ သူ့ဘာသာ သူကောင်းကောင်းစီမံခန့်ခွဲနိုင်တဲ့ ကားမျိုးအတွက် ခင်ဗျား၊ မငြီးငြူသင့်ပါဘူး။ ဒီအတွက်လဲကားထုတ်လုပ်သူ ကုမ္ပဏီတွေက ကြိုးပမ်းခဲ့တာပေါ့။ ခင်ဗျားကြောက်တတ်ချင်တယ်ဆိုရင်တော့၊ ဒီလိုကြောက်ခြင်းမျိုးကိုလည်းကြောက်ရွှံ့နေတဲ့ ခရီးဖော်တွေကနေတဆင့် ကူးစက်တက်တယ်။ ဒီကြောက်တက်တဲ့လူတွေကလဲခင်ဗျားကိုကျေးဇူးတင်လိမ့်မယ်။ မာစီးဒီးစီးရလို့ သူတို့ရဲ့ အသက်တွေ ရှင်ရတဲ့အတွက်လေ။
Spec Sheet:
အသေးစိတ်ဖော်ပြချက်
Mercedes Benz CLS 500 Coupé /မာစီးဒီးဘင့်ဇ် CLS 500 နှစ်ယောက်စီး
Petrol Engine: Four-cylinder 4.7-litre /ဓာတ်ဆီအင်ဂျင် :စလင်ဒါလေးလုံးတပ် ၄.၇ လီတာ
Power: 408 hp @ 5,000-5,750 rpm ပါဝါ: 408 hp @ 5,000-5,750 rpm
Torque:443 lb-ft @ 1,600-4,750 rpm /လည်အား း 443 ပေါင်-ပေ@ 1,600-4,750 rpm
Acceleration: 0-100 km/h in 4.9 seconds/ အရှိန်မြင့်အား း ၄.၉ စက္ကန့်မှာ0-100 km/h
Transmission: 9-speed automatic RWD /ဂီယာ း 9-speed automatic RWD
Fuel consumption: 9lt/100km /ဆီစားနှုန်း း ကီလိုမီတာ ၁၀၀၊ ၉ လီတာ
Kerb Weight: 1890kg / စုစုပေါင်းအလေးချိန် း ၁၈၉၀ ကီလိုဂရမ်
443 lb-ft @ 1,600-4,750 rpm /443 ပေါင်-ပေ@ 1,600-4,750 rpm
Zawgyi versionl…
Style and Substance
<>
လုံးဝဇိမ်ကျတယ်။
Flat is Fast… and Sweet
Inner Beauty
အတွင်းပိုင်းအလှ
Spec Sheet:
အသေးစိတ်ဖော်ပြချက်