Hydrogen ဖြင့် မောင်းနှင်သည့် Car ဆိုပါက Toyota Mirai ကိုကားချစ်သူများ သိရှိကြပါသည်။ ယခုအခါ Toyota သည် အတွင်းလောင်ကျွမ်းခြင်း အင်ဂျင်အမျိုးအစားတွင် Hydrogen ပေါင်းစပ်ပေးသည့် Powertrain ကို ဆက်လက်တီထွင်ခဲ့ပြီး ၎င်းအား Toyota Corolla နှင့် Toyota Yaris Super mini တို့တွင် စမ်းသပ်ခဲ့ပါသည်။ အဆိုပါ အင်ဂျင်သည် GR Yaris Model ထံမှ မှီငြမ်းထားသည့်  ( 1.6 L I3 Turbocharged Engine ) အမျိုးအစားဖြစ်သည်။ ထိုကဲ့သို့ Hydrogen ကို Combustion Engine ဖြင့် ပေါင်းစပ်အသုံးပြုမှုအား Toyota Brand အပြင် Renault Brand သည်လည်း အလားတူစမ်းသပ်ထားပါသည်။

 

Renault Brand သည် Hydrogen ပေါင်းစပ်ပါဝင်သည့် New Concept Model တမျိုးကို နမူနာ မိတ်ဆက်ပြသလိုက်ပြီး ၎င်းတွင် ICE Engine နှင့် Hydrogen ကိုပေါင်းစပ် ထားပါသည်။ အဆိုပါ Model အား ( အစဉ်အလာမှ ခွဲထွက်သည့် Concept Model) ဟု Renault မှ တင်ပြထားပါသည်။ အဆိုပါ Concept သည် Design အားဖြင့်လည်း လှပဆန်းသစ်မှုရှိကာ – သွယ်လျသည့် LED Head lights များနှင့်အတူ Megane E-Tech EV Model ကဲ့သို့ ရောင်တောက်ပသည့် Brand Logo ဖန်တီးမှုများဖြင့် တွေ့မြင်ရပါမည်။ အဆိုပါ Concept အား Crossover အနေအထားကို ရည်ရွယ် ဖန်တီးထားမည်ဖြစ်ပြီး Glass Mirror Features ကဲ့သို့ တီထွင်ဆန်းသစ်မှုများစွာ လည်းပါဝင်ပါသည်။ Renault အနေဖြင့် အဆိုပါ Concept ၏ Full Review ပြသခြင်းအား ယခုနှစ် မေလတွင် ခင်းကျင်း ပြသရန် စီစဉ်ထားပြီး အဆိုပါ Concept Model အား ( Onboard Technological Innovations ) ဟု ဆိုရလောက်အောင် ဆန်းသစ်ခြင်းများစွာဖြင့် ခင်းကျင်းပြသမည်ဖြစ်ပါသည်။

#DriveMediaMyanmar