Unicode version…

Drive ရဲ့Comparison ကဏ္ဍ ကနေကြိုဆိုလိုက်ပါတယ်။ ဒီတစ်လမှာတော့ စျေးကွက်အတွင်းလူကြိုက်များပြီး ပြည်တွင်းမှာ အတွေ့ရများတဲ့ Brand New Mid-size SUV တွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဒီကားတွေကတော့ နာမည်ကြီးတွေဖြစ်ကြတဲ့ Toyota Fortuner ၊ Chevrolet Trailblazer နဲ့ Ford Everestတို့ပဲဖြစ်ပါတယ်။ကဲ…ဆက်ကြည့်ရအောင်လားခင်ဗျာ။

အပြင်ဘက်ပိုင်း …

Toyota Fortuner- Fortuner ကားအမျိုးအစားသစ်မှာ ဘေးဘက်ဒီဇိုင်းပုံစံသစ်ဖြင့်ထုတ်ထားပြီး အလိုအ လျောက်အလင်းရောင်နှစ်တန်းထွက်တဲ့ LED ရှေ့မီးခွက်များ၊ LED မီးလုံးများ (DRLs) ကိုအသုံးပြုထားတဲ့ နေ့အလင်းမီး၊ လေခွင်းအားကောင်းမွန်စေတဲ့ ဘော်ဒီပုံစံဒီဇိုင်း၊ LED ကားအနောက်ဘက်ပေါင်းစပ်မီးများ၊ လှပစွာပုံဖော်ထားတဲ့ (၁၈) လက်မအလူမီနီယံဘီးခွေတွေပါဝင်ပါတယ်။ ဒါ့အပြင် ရှေ့ရှဲတွေကလည်းဝင့်ကြွား တဲ့ဟန်ပန်နဲ့ပုံဖော်ထားသလို လေစုပ်ခွက်တွေလည်း ပါဝင်ပါတယ်။

Chevrolet Trailblazer – Trailblazer ဟာ mid-sized SUV ကားတစ်စီးဖြစ်ပြီးခန့်ညားတဲ့သူ့ရုပ်သွင်ကိုပိုင် ဆိုင်ထားပါတယ်။သူ့မှာ Day time running light တွေပါဝင်တဲ့ ရှေ့ Headlamp ဒီဇိုင်းက စက်ရုပ်ကြီး တစ်ကောင်လို ဆွဲဆောင်နိုင်စွမ်းရှိပါတယ်။ ဒီမီးက နေ့အလင်းရောင်နည်းသွားတာနဲ့အ လိုအလျောက်ညမီးကို ပြောင်းလဲပေးနိုင်တဲ့ Auto Headlamp စနစ်ပါပါတယ်။ရှေ့နောက်နှင်းခွဲမီးတွေပါသလို ပါကင်ဆင်ဆာ ၄ ခုလည်းပါပါသေးတယ်။ရှေ့ရှဲနှစ်ထပ်ပါသလို လေခွင်းအားကောင်းအောင်တည် ဆောက ထားတဲ့ ဘောနက်ပုံစံ၊ ရှင်းလင်းသေသပ်လှပနေတဲ့ မီးသီးပုံစံတွေက သူ့ရဲ့ခန့်ညားမှုကို ပိုပြီးလေးနက်သွားစေခဲ့ပါတယ်။ ကားနောက် ပိုင်းကလည်း ရိုးရှင်းစွာပြုလုပ်ထားမှုက Chevrolet ရဲ့ဂုဏ်ဒြပ်ဖြစ်တဲ့ မာကျောခြင်းကို ပြသနေသလိုပါပဲ။

Ford Everest – တောကောင်ကြီးတစ်ကောင်အဖြစ်တင်စားခေါ်ဝေါ်ခံထားရတဲ့ Ford Everest ရဲ့သွင်ပြင်က မာကျောမှု၊ခန့်ညားမှုအပြည့်ရှိပါတယ်။ လင်းအားကောင်းပြီး ဆင်ဆာစနစ်နဲ့အလိုအလျောက်မီးလင်း၊မီးပိတ် လုပ်ပေးနိုင်တဲ့ LED headlights ၊ နေ့အလင်းမီးများ၊Fog Light များ၊ Ford Ranger ပုံစံကားရှေ့အောက်ပိုင်းကို ကာကွယ်ပေးမယ့် ဘန်ဘာတွေ၊ နောက်ပြီး အလျားလိုက်ပုံစံ Chrome တွေနဲ့ပြုလုပ်ထားတဲ့ ရှေ့ရှဲတွေပါဝင် ပါသေးတယ်။ Aluminium Alloy Wheel တွေနဲ့နောက်ဘက်က ရိုးရှင်းတဲ့ပုံစံနဲ့ ပေါင်းစပ်မီးတွေကလည်း Everest ကိုပိုပြီးလှပစေပါတယ်။

အတွင်းခန်း

Toyota Fortuner – လူ (၇) ဦးလိုက်ပါစီးနင်းနိုင်တဲ့ လည်သာထိုင်ခုံများပါဝင်သလို အတွင်းခန်းကလည်း ကျယ်ဝန်းတယ်။ပြီးတော့ ထိုင်ခုံတွေကလည်း လိုသလိုထိန်းညှိနိုင်တယ်။ TFT သတင်းအချက်အလက်မျိုးစုံ ပြသပေးသောမျက်နှာပြင်ပါဝင်သလို ကားအတွင်းပိုင်းက အသံလုံကာ တိတ်ဆိတ်ငြိမ်သက်မှုကို ရရှိစေ မှာပါ။နောက်ပြီး Engine Start/Stop စနစ်၊ လောင်စာဆီစားနှုန်းတိုင်းတာတဲ့စနစ်၊ Eco Drive Mode၊ DVD USB AUX Bluetooth စပီကာ ၆ လုံး လည်းပါဝင်ပါသေးတယ်။ ဒုတိယခုံတန်းနဲ့တတိယခုံတန်းကိုခေါက် သိမ်းနိုင်သလို နောက်ဘက် Cargo Space ကလည်းကျယ်ဝန်းပါတယ်။

Chevrolet Trailblazer – လူ ရ ဦးသက်သောင့်သက်သာလိုက်ပါစီးနင်းနိုင်တဲ့ ခုံ ၃ တန်းပါဝင်သလို Driver ခုံကတော့ Motor seat ဖြစ်ပါတယ်။ Steering ကလည်း Audio,တည်နေရာစတဲ့အရာတွေကို ထိန်းချူပ်နိုင်တဲ့ Control တွေပါဝင်သလို ရှေ့ဒိုင်ခွက်ကလည်း ကြည်လင်ပြတ်သားမှုအပြည့်ရှိပြီး ကားတစ်ခုလုံးရဲ့ အချက်အ လက်တွေကို ဖော်ပြပေးပါတယ်။ အလင်းရောင်စူးရှမှုကို လျှော့ချပေးတဲ့ နောက်ကြည့်မှန်၊ ကားတာယာလေ ပေါင်ကို ဖော်ပြပေးတဲ့စနစ်တွေ ပါဝင်ပါတယ်။ဖျော်ဖြေရေးအနေနဲ့ စပီကာ ၆ လုံးပါဝင်ပြီး AUX,USB တွေနဲ့ ချိတ်ဆက်နိုင်ပါသေးတယ်။ Storage box လိုပစ္စည်းထည့်စရာနေရာကောင်းကောင်းပါသလို ခွက်ထည့်စရာ တွေလည်းရှေ့နောက်ထိုင်ခုံတွေမှာ ပါပါတယ်။

Ford Everest – ထိုုင်ခုုံ ရ လုံုးပါရှိပြီး ထည့်သွင်းတပ်ဆင်ထားတဲ့ active noise cancellation စနစ်ကလည်း အင်ဂျင်ဆူညံသံကိုု နဲ့ ပြင်ပ ဆူညံသံတွေ လုံုးဝင်မဝင်ရောက်နုုိင်အောင် စွမ်းဆောင်နုုိင်တဲ့ ဖြစ်ပါတယ်။Audio system ဖွဲ့စည်းထားပုံမှာ AM/FM ၊ radio, CD, AUX, iPod, နဲ့ USB input တွေအပါအဝင် bluetooth connectivity , နဲ့ speaker (၁၀) လုံးတို့က (၈) လက်မအရွယ် ဖန်သားပြင်ထက်မှာ apple carplay နဲ့ android auto တို့ကိုသုံးနိုင်ပါတယ်။ Everest Trend နဲ့ Titanium မော်ဒယ်တွေမှာတော့ SYNC နည်းပညာကိုု ထည့်သွင်းထားတဲ့အတွက် ကားမှာပါဝင်တဲ့ feature တွေကိုု သင့်အသံနဲ့ ထိန်းချုပ်စေခုုိင်း လိုု့ရတဲ့ ကား တစ်စီး ပဲဖြစ်ပါတယ်။ Ford Everest ရဲ့ တတိယခုံတန်းအပါအဝင် ၆၀/၄၀ အချိုး အစား အကျယ်အဝန်းရှိတဲ့ ဒုတိ ယခုံတန်းတို့ကိုအလွယ်တကူ ရွှေ့ပြောင်းနိုင်တာကြောင့် ကြီးမားတဲ့ဝန်စည်စလွယ်တွေတင်ဆောင်နိုင်မှာပါ။

စွမ်းဆောင်ရည်

Toyota Fortuner – Fortuner အသစ်မှာ အတွင်းပိုင်းအအေးပေးကိရိယာပါရှိတဲ့ 2.8L ဆလင်ဒါ ၄ လုံး၊ ဗား ၁၆ လုံးပါ VN တာဗိုဒီဇယ် GD အင်ဂျင်အသစ်ကိုသုံးထားပြီး အင်ဂျင်စွမ်းဆောင်ရည်အနေဖြင့် အမြင့်ဆုံးထုတ်လုပ်မှုအား 177hp/ 3,400rpm အထိနဲ့ Torque 450Nm / 1600-2400rpm အထိပေး စွမ်းနိုင်တဲ့ 6-speed sequential automatic transmission စနစ်နဲ့လာပါတယ်။ နောက်ပြီး မြေပြင်အ နေအထားအားလုံးအတွက် 4×4 စွမ်းဆောင်ရည်ကိုရရှိအောင်ပြုလုပ်ထားသလို ဆီစားနှုန်းပိုမိုသက်သာ လာခြင်းနဲ့အတူ ပိုမိုအားကောင်းတဲ့ စွမ်းဆောင်ရည်ပါရှိလာစေမှာဖြစ်ပါတယ်။ အဆင့်မြှင့်တင်ထားတဲ့ တည်ငြိမ် မှုနဲ့ ထိန်းချုပ်နိုင်စွမ်းတို့ကို ပိုမိုကောင်းမွန်စေတဲ့ ဆိုင်းထိန်းစနစ်ကိုလည်း သုံးထားပါတယ်။

Chevrolet Trailblazer – Off-road မှာ 4WD ပုံစံနဲ့ မောင်းနိုင်စွမ်းရှိအောင် 2.8L Duramax Diesel အင်ဂျင် ကိုသုံးထားပါတယ်။ အင်ဂျင်ပုံစံက 16-valve, in-lineဖြစ်ပြီး အသစ်ထုတ်ထားတဲ့ Duramax Diesel စနစ်က Turbocharger ပါသလို Double Overhead Camshaft စနစ်သုံးထားပါတယ်။ Direct injection system ဖြစ်ပြီး Turbocharger နဲ့ Air Filter က အတူတကွ တိုင်မင်ကိုက်အလုပ်လုပ်နိုင်လို့ စွမ်းအင်ထွက်ရှိမှုရော၊ ဆီစားနှုန်းသက်သာမှုပါအကောင်းဆုံးအနေအထားမှာရှိနေပါတယ်။4WDစနစ်ဖြစ်လို့တောင်တက်တွေ၊လမ်း ကြမ်းမောင်းနှင်မှုတွေအတွက် ကောင်းမွန်မှာပါ။ အင်ဂျင်ပါဝါက မြင်းကောင်ရေ 200 hp ထွက်ပြီး၊ ရုန်းအားက 500 Nm Torque (@ 2,000 rpm) ရှိပါတယ်။ 6 Speed Automatic စနစ်ဖြစ်ပြီး အောက်ပိုင်း စနစ် တွေကလည်း လမ်းကြမ်းတွေအတွက်သင့်တော်တဲ့ coil spring တွေ၊ shock absorbers တွေကိုသုံးထားပါ တယ်။

Ford Everest – အခုပြောနေတဲ့ TITANIUM မော်ဒယ်မှာတော့ 3.2L ကို စလင်ဒါ(၅)လုံးထိုး turbo Diesel အင်ဂျင်နဲ့ ရရှိနိုင်မှာဖြစ်ပြီး Automatic ဂီယာ နဲ့လာပါတယ်။ လမ်းကြမ်းကိုု မောင်းနှင်အောင် ပုံုစံထုုတ် လုုပ်ထားတဲ့ ကားဟာ အမြင့်ပေ ၈၀၀ mm ထိရှိသော မြစ်ချောင်းငယ်များကိုု ဖြတ်သန်းသွားလာနုုိင်တဲ့ ကြံ့ခုုိင်မှုမျိုးရှိပါတယ်။ ဆီစားနှုန်းကတော့ 8.5 လီတာကို 100km အထိ ရှိထားပါတယ်။ ဒါ့အပြင်Everest မော်ဒယ်တွေအကုန်လုံး 3000 kg အလေးချိန်ရှိတဲ့အရာတစ်ခုကို ပေါ့ပါးစွာနဲ့ အလွယ်တကူ နောက်တွဲက ဆွဲယူနိုင်အောင် ဒီဇိုင်းဆွဲထားတာဖြစ်ပါတယ်။Ford Everest တွေမှာ four- wheel drive ကို full time အသုံး ပြုလို့ရနိုင်ပါတယ်။ နောက်ပြီး dual-range gearing စနစ်ပါ၀င်တာကြောင့် off road လမ်းတွေ မောင်းနှင်တဲ့ အခါ Everest တစ်စီးလုံး ရဲ့အကောင်းမွန်ဆုံး ထိန်းချုပ်နိုင်မှုစနစ်ကို ခံစားမိပါလိမ့်မယ်။

လုံခြံုရေး

Toyota Fortuner – အကြမ်းခံနိုင်တဲ့ လှေကားပုံစံဖရိန်နဲ့ အတူ အဆင့်မြင့်ဖရိန်ဒီဇိုင်းကို သုံးပြီးမာကျော မှုရှိအောင်ပြုလုပ်ထားပါတယ်။ ဒါ့အပြင် ကုန်းဆင်းတွင်ကူညီထိန်းချုပ်မှုစနစ် (DAC) စနစ်၊ ဘီးများပေါ်ရှိ သက် ရောက်အားတွေကိုထိန်းညှိပေးတဲ့ (EBD) ပါရှိတဲ့ ဘရိတ်ဖြုတ်စနစ် (ABS)၊ ယာဉ်တည်ငြိမ်မှု ထိန်းချုပ်ခြင်းစနစ် (VSC)၊ ဆွဲအားထိန်းချုပ်မှုစနစ် (A-TRC)၊ နောက်တွဲယာဉ်လှုပ်ယမ်းခြင်းထိန်းချုပ်မှုစနစ် (TSC)၊ ကုန်းတက် ကုန်းဆင်းများမှာ ကူညီထိန်းချုပ်တဲ့စနစ် (HAC)၊ ရှေ့ဘက်၊ဒူးနဲ့ ဘေးဘက်တွေကိုကာကွယ်ပေးနိုင်တဲ့ SRS လေအိတ် ရ လုံး ၊ ကားခိုးယူခြင်းမှကာကွယ်ဖို့အတွက်ပြုလုပ်ပေးထားတဲ့ အီလက်ထရွန်နစ်လုံခြုံရေးကိရိယာ တို့ပါဝင်ပါတယ်။ နောက်ပြီးအလွန်ရှင်းလင်းတဲ့ပုံစံနဲ့ မော်နီတာမှာပြသပေးနိုင်တဲ့ အနောက်ဘက်ကင်မရာစနစ် လည်းပါရှိပါသေးတယ်။

Chevrolet Trailblazer – လုံလောက်တဲ့ မြေပြင် ကင်းလွတ်ပမာဏ၊ Hill start assist လိုတောင်ဆက်ရာမှာ ပြန်လိမ့်မကျအောင်ပြုလုပ်ပေးနိုင်ခြင်း၊ Hill Descent Control လိုမျိုးတောင်ပြန်ဆင်းရာမှာ ABS စနစ်နဲ့တွဲပြီး ညင်ညင်သာသာနဲ့အန္တရာယ်ကင်းစွာ ဆင်းနိုင်တဲ့ စနစ်တွေပါဝင်ပါတယ်။ဒါ့အပြင် ရှေ့ driver နဲ့ passenger အတွက် လေအိတ် ၂လုံး၊ Anti-lock brake system (ABS) စနစ်၊ Electronic Brake Force Distribution (EBD) စနစ်၊ Panic Brake Assist (PBA)စနစ်၊ Hydraulic Brake Assist (HBA) စနစ်၊ Traction Control System (TCS) စနစ်၊Cornering Brake Control (CBC)စနစ်၊Forward Collision Alert ၊ Side Blind Zone Alert နဲ့ Lane Departure Warning စနစ်တွေပါရှိပါတယ်။

Ford Everest – လေအိပ် (၇) လုံး တို့က Everest အတွင်းခန်းတစ်ခုလုံးကို အကာအကွယ် ပေးထားတဲ့အပြင် မောင်းနှင်သူရဲ့ ဒူးခေါင်းကိုုပါ ကာကွယ်ပေးတဲ့ လေအိတ်ကိုုပါ ထည့်သွင်းထားပါတယ်။ dynamic stability control ဆုုိရင်လည်း ကားကိုအကောင်းဆုံးထိန်းညှိချိုးကွေ့ပေးနုုိင်ပါတယ်။ နောက်ကြည့် cameraနဲ့ parking sensors တွေက ဖြစ်လာနိုင်ခြေရှိတဲ့ ယာဉ်မတော်တဆမှု အခြေအနေများကနေစနစ်တကျ ကာကွယ် စောင့် ရှောက်သွားပါလိမ့်မယ်။Ford Everest ရဲ့ အလိုအလျောက် ဆီပန့် ဖျက်တောက်ပေးတဲ့ စနစ်ကလည်း တစ် ဖက်တစ်လမ်းကနေ အကူအညီ ပေးသွားမှာမို့လို့ ကားမီးလောင်ခြင်းနဲ့ အသက်အန္တရာယ် ထိခိုက် စေမှုအ တွက် စိုးရိမ်ဖို့ မလိုအပ်ပါဘူး။ ဒါ့အပြင် blind spot information system ၊ cross-traffic alert ၊Lane Keeping System ၊ Cruise control ၊ electronic traction control နဲ့ Trailer-sway control တို့လည်း ပါရှိပါတယ်။

စျေးနှုန်းနဲ့သုံးသပ်ချက်

Toyota Fortuner – သူ့ရဲ့စျေးက USD 63800 ဖြစ်ပါတယ်။ SUV တစ်စီးအတွက်တော့ ဒီစျေးကမများပါဘူး။ Fortuner ဟာအရှေ့တောင်အာရှစျေးကွက်မှာလူကြိုက်များတဲ့ မော်ဒယ်ဖြစ်တဲ့အပြင် လုံခြုံရေးစနစ်ကောင်း မွန်မှု၊ ပါဝင်ပစ္စည်းကောင်းမွန်မှုတွေကြောင့် ပေးရတာနဲ့တန်တဲ့အရာကိုပြန်ရနိုင်ပါလိမ့်မယ်။ လက်ရှိ ၃ စီးထဲမှာတော့ စျေးအသက်သာဆုံးပါ။

Chevrolet Trailblazer – အမေရိကန်ကားပီပီ မာဂုဏ်မြင့်တယ်။ပြီးတော့ အတွင်းခန်းကကျယ်တယ်။ ဇိမ်ရှိရှိစီးနင်းနိုင်တယ်။ Safety စနစ်ကလည်းကောင်းတယ်။ ရုပ်ထွက်လန်းတယ်။ စျေးကတော့ USD 72000 ဖြစ်တယ်။ စျေးများပေမယ့် အကောင်းဆုံးသောအရာတွေကို ထည့်သွင်းပေးထားလို့ Mid-Size SUV တွေထဲမှာထိပ်တန်းစာရင်းကနေပါဝင်နေတာဖြစ်ပါတယ်။

Ford Everest – ပြည်တွင်းမှာ SKD နဲ့ထုတ်တော့ ရန်ကုန်လိုင်စင်ရတယ်။ ဒီတော့ Everest ကအားသာ ချက်တစ်ခုလိုဖြစ်နေတယ်။ Ford ကမာကျောမှုနဲ့စွမ်းဆောင်ရည်ပိုင်းမှာ ထိပ်တန်းအဆင့်ရှိတဲ့ Brand တစ်ခုဖြစ် လို့ Everest ကပြည်တွင်းမှာရောင်းအားသွက်နေတာပါ။ စျေးကတော့ 66995 USD ရှိပြီး On Road,Off Road တွေအတွက်အရမ်းသင့်တော်ပါတယ်။

Zawgyi version..

Drive ရဲ႕Comparison က႑ ကေနၾကိဳဆုိလုိက္ပါတယ္။ ဒီတစ္လမွာေတာ့ ေစ်းကြက္အတြင္းလူၾကိဳက္မ်ားျပီး ျပည္တြင္းမွာ အေတြ႔ရမ်ားတဲ့ Brand New Mid-size SUV ေတြကုိေဖာ္ျပေပးသြားမွာျဖစ္ပါတယ္။ ဒီကားေတြကေတာ့ နာမည္ၾကီးေတြျဖစ္ၾကတဲ့ Toyota Fortuner ၊ Chevrolet Trailblazer နဲ႔ Ford Everestတုိ႔ပဲျဖစ္ပါတယ္။ကဲ…ဆက္ၾကည့္ရေအာင္လားခင္ဗ်ာ။

အျပင္ဘက္ပိုင္း …

Toyota  Fortuner- Fortuner ကားအမ်ိဳးအစားသစ္မွာ ေဘးဘက္ဒီဇိုင္းပံုစံသစ္ျဖင့္ထုတ္ထားျပီး အလိုအ ေလ်ာက္အလင္းေရာင္ႏွစ္တန္းထြက္တဲ့ LED ေရွ႕မီးခြက္မ်ား၊ LED မီးလံုးမ်ား (DRLs) ကုိအသုံးျပဳထားတဲ့ ေန႔အလင္းမီး၊ ေလခြင္းအားေကာင္းမြန္ေစတဲ့ ေဘာ္ဒီပုံစံဒီဇုိင္း၊ LED ကားအေနာက္ဘက္ေပါင္းစပ္မီးမ်ား၊ လွပစြာပုံေဖာ္ထားတဲ့ (၁၈) လက္မအလူမီနီယံဘီးေခြေတြပါဝင္ပါတယ္။ ဒါ့အျပင္ ေရွ႕ရွဲေတြကလည္းဝင့္ၾကြား တဲ့ဟန္ပန္နဲ႔ပုံေဖာ္ထားသလုိ ေလစုပ္ခြက္ေတြလည္း ပါဝင္ပါတယ္။

Chevrolet Trailblazer –  Trailblazer ဟာ mid-sized SUV ကားတစ္စီးျဖစ္ျပီးခန္႕ညားတဲ့သူ႕ရုပ္သြင္ကုိပုိင္ ဆုိင္ထားပါတယ္။သူ႕မွာ Day time running light ေတြပါဝင္တဲ့ ေရွ႕ Headlamp ဒီဇုိင္းက စက္ရုပ္ၾကီး တစ္ေကာင္လုိ ဆဲြေဆာင္ႏုိင္စြမ္းရွိပါတယ္။ ဒီမီးက ေန႔အလင္းေရာင္နည္းသြားတာနဲ႕အ လုိအေလ်ာက္ညမီးကုိ ေျပာင္းလဲေပးႏုိင္တဲ့ Auto Headlamp စနစ္ပါပါတယ္။ေရွ႕ေနာက္ႏွင္းခဲြမီးေတြပါသလုိ ပါကင္ဆင္ဆာ ၄ ခုလည္းပါပါေသးတယ္။ေရွ႕ရွဲႏွစ္ထပ္ပါသလုိ ေလခြင္းအားေကာင္းေအာင္တည္ ေဆာက ထားတဲ့ ေဘာနက္ပုံစံ၊ ရွင္းလင္းေသသပ္လွပေနတဲ့ မီးသီးပုံစံေတြက သူ႕ရဲ႕ခန္႕ညားမွဳကုိ ပုိျပီးေလးနက္သြားေစခဲ့ပါတယ္။ ကားေနာက္ ပုိင္းကလည္း ရုိးရွင္းစြာျပဳလုပ္ထားမွဳက Chevrolet ရဲ႕ဂုဏ္ျဒပ္ျဖစ္တဲ့ မာေက်ာျခင္းကုိ ျပသေနသလုိပါပဲ။

Ford Everest – ေတာေကာင္ၾကီးတစ္ေကာင္အျဖစ္တင္စားေခၚေဝၚခံထားရတဲ့ Ford Everest ရဲ႕သြင္ျပင္က မာေက်ာမွဳ၊ခန္႔ညားမွဳအျပည့္ရွိပါတယ္။ လင္းအားေကာင္းျပီး ဆင္ဆာစနစ္နဲ႔အလုိအေလ်ာက္မီးလင္း၊မီးပိတ္ လုပ္ေပးႏိုင္တဲ့ LED headlights ၊ ေန႔အလင္းမီးမ်ား၊Fog Light မ်ား၊ Ford Ranger ပုံစံကားေရွ႔ေအာက္ပုိင္းကုိ ကာကြယ္ေပးမယ့္ ဘန္ဘာေတြ၊ ေနာက္ျပီး အလ်ားလုိက္ပုံစံ Chrome ေတြနဲ႔ျပဳလုပ္ထားတဲ့ ေရွ႕ရွဲေတြပါဝင္ ပါေသးတယ္။ Aluminium Alloy Wheel ေတြနဲ႔ေနာက္ဘက္က ရုိးရွင္းတဲ့ပုံစံနဲ႔ ေပါင္းစပ္မီးေတြကလည္း Everest ကုိပုိျပီးလွပေစပါတယ္။

အတြင္းခန္း

Toyota  Fortuner – လူ (၇) ဦးလုိက္ပါစီးနင္းႏိုင္တဲ့ လည္သာထုိင္ခုံမ်ားပါဝင္သလုိ အတြင္းခန္းကလည္း က်ယ္ဝန္းတယ္။ျပီးေတာ့ ထုိင္ခုံေတြကလည္း လုိသလုိထိန္းညွိႏိုင္တယ္။ TFT သတင္းအခ်က္အလက္မ်ိဳးစုံ ျပသေပးေသာမ်က္ႏွာျပင္ပါဝင္သလုိ ကားအတြင္းပိုင္းက အသံလံုကာ တိတ္ဆိတ္ၿငိမ္သက္မွဳကုိ ရရွိေစ မွာပါ။ေနာက္ျပီး Engine Start/Stop စနစ္၊ ေလာင္စာဆီစားႏႈန္းတိုင္းတာတဲ့စနစ္၊ Eco Drive Mode၊ DVD USB AUX Bluetooth စပီကာ ၆ လုံး လည္းပါဝင္ပါေသးတယ္။ ဒုတိယခုံတန္းနဲ႕တတိယခုံတန္းကုိေခါက္ သိမ္းႏုိင္သလုိ ေနာက္ဘက္ Cargo Space ကလည္းက်ယ္ဝန္းပါတယ္။

Chevrolet Trailblazer – လူ ၇ ဦးသက္ေသာင့္သက္သာလုိက္ပါစီးနင္းႏုိင္တဲ့ ခုံ ၃ တန္းပါဝင္သလုိ Driver ခုံကေတာ့ Motor seat ျဖစ္ပါတယ္။ Steering ကလည္း Audio,တည္ေနရာစတဲ့အရာေတြကုိ ထိန္းခ်ဴပ္ႏုိင္တဲ့ Control ေတြပါဝင္သလုိ ေရွ႕ဒုိင္ခြက္ကလည္း ၾကည္လင္ျပတ္သားမွဳအျပည့္ရွိျပီး ကားတစ္ခုလုံးရဲ႕ အခ်က္အ လက္ေတြကုိ ေဖာ္ျပေပးပါတယ္။ အလင္းေရာင္စူးရွမွဳကုိ ေလွ်ာ့ခ်ေပးတဲ့ ေနာက္ၾကည့္မွန္၊ ကားတာယာေလ ေပါင္ကုိ ေဖာ္ျပေပးတဲ့စနစ္ေတြ ပါဝင္ပါတယ္။ေဖ်ာ္ေျဖေရးအေနနဲ႕ စပီကာ ၆ လုံးပါဝင္ျပီး  AUX,USB ေတြနဲ႕ ခ်ိတ္ဆက္ႏုိင္ပါေသးတယ္။ Storage box လုိပစၥည္းထည့္စရာေနရာေကာင္းေကာင္းပါသလုိ ခြက္ထည့္စရာ ေတြလည္းေရွ႔ေနာက္ထုိင္ခုံေတြမွာ ပါပါတယ္။

Ford Everest – ထိုုင္ခံုု ၇ လံုုးပါရွိၿပီး ထည့္သြင္းတပ္ဆင္ထားတဲ့ active noise cancellation စနစ္ကလည္း အင္ဂ်င္ဆူညံသံကိုု နဲ႔ ျပင္ပ ဆူညံသံေတြ လံုုးဝင္မဝင္ေရာက္ႏုုိင္ေအာင္ စြမ္းေဆာင္ႏုုိင္တဲ့ ျဖစ္ပါတယ္။Audio system ဖြဲ႕စည္းထားပံုမွာ AM/FM ၊ radio, CD, AUX, iPod, နဲ႕ USB input ေတြအပါအ၀င္ bluetooth connectivity , နဲ႕ speaker (၁၀) လံုးတို႕က (၈) လက္မအရြယ္ ဖန္သားျပင္ထက္မွာ apple carplay နဲ႕ android auto တုိ႔ကုိသုံးႏိုင္ပါတယ္။ Everest Trend နဲ႔ Titanium ေမာ္ဒယ္ေတြမွာေတာ့ SYNC နည္းပညာကိုု ထည့္သြင္းထားတဲ့အတြက္ ကားမွာပါဝင္တဲ့ feature ေတြကိုု သင့္အသံနဲ႔ ထိန္းခ်ဳပ္ေစခုုိင္း လိုု႔ရတဲ့ ကား တစ္စီး ပဲျဖစ္ပါတယ္။ Ford Everest ရဲ႕ တတိယခံုတန္းအပါအ၀င္ ၆၀/၄၀ အခ်ိဳး အစား အက်ယ္အ၀န္းရွိတဲ႕ ဒုတိ ယခံုတန္းတို႕ကိုအလြယ္တကူ ေရႊ႕ေျပာင္းနိုင္တာေၾကာင့္ ၾကီးမားတဲ့ဝန္စည္စလြယ္ေတြတင္ေဆာင္ႏိုင္မွာပါ။

စြမ္းေဆာင္ရည္

Toyota  Fortuner – Fortuner အသစ္မွာ အတြင္းပိုင္းအေအးေပးကိရိယာပါရွိတဲ့ 2.8L  ဆလင္ဒါ ၄ လုံး၊ ဗား ၁၆ လုံးပါ VN တာဗိုဒီဇယ္ GD အင္ဂ်င္အသစ္ကုိသုံးထားျပီး အင္ဂ်င္စြမ္းေဆာင္ရည္အေနျဖင့္ အျမင့္ဆုံးထုတ္လုပ္မႈအား 177hp/ 3,400rpm အထိနဲ႔ Torque 450Nm / 1600-2400rpm အထိေပး စြမ္းႏိုင္တဲ့  6-speed sequential automatic transmission စနစ္နဲ႔လာပါတယ္။ ေနာက္ျပီး ေျမျပင္အ ေနအထားအားလုံးအတြက္ 4×4 စြမ္းေဆာင္ရည္ကုိရရွိေအာင္ျပဳလုပ္ထားသလုိ ဆီစားႏႈန္းပိုမိုသက္သာ လာျခင္းနဲ႔အတူ ပိုမိုအားေကာင္းတဲ့ စြမ္းေဆာင္ရည္ပါရွိလာေစမွာျဖစ္ပါတယ္။ အဆင့္ျမွင့္တင္ထားတဲ့ တည္ၿငိမ္ မႈနဲ႔ ထိန္းခ်ဳပ္ႏိုင္စြမ္းတို႔ကို ပုိမိုေကာင္းမြန္ေစတဲ့ ဆိုင္းထိန္းစနစ္ကုိလည္း သုံးထားပါတယ္။

Chevrolet Trailblazer –  Off-road မွာ 4WD ပံုစံနဲ႔ ေမာင္းႏိုင္စြမ္းရွိေအာင္  2.8L Duramax Diesel အင္ဂ်င္ ကုိသုံးထားပါတယ္။ အင္ဂ်င္ပုံစံက 16-valve, in-lineျဖစ္ျပီး အသစ္ထုတ္ထားတဲ့ Duramax Diesel စနစ္က Turbocharger ပါသလုိ Double Overhead Camshaft စနစ္သုံးထားပါတယ္။ Direct injection system ျဖစ္ျပီး Turbocharger နဲ႕ Air Filter က အတူတကြ တုိင္မင္ကုိက္အလုပ္လုပ္ႏုိင္လုိ႕ စြမ္းအင္ထြက္ရွိမွဳေရာ၊ ဆီစားႏွဳန္းသက္သာမွဳပါအေကာင္းဆုံးအေနအထားမွာရွိေနပါတယ္။4WDစနစ္ျဖစ္လုိ႕ေတာင္တက္ေတြ၊လမ္း ၾကမ္းေမာင္းႏွင္မွဳေတြအတြက္ ေကာင္းမြန္မွာပါ။ အင္ဂ်င္ပါဝါက ျမင္းေကာင္ေရ 200 hp ထြက္ၿပီး၊ ရုန္းအားက 500 Nm Torque (@ 2,000 rpm) ရွိပါတယ္။ 6 Speed Automatic စနစ္ျဖစ္ျပီး ေအာက္ပုိင္း စနစ္ ေတြကလည္း လမ္းၾကမ္းေတြအတြက္သင့္ေတာ္တဲ့ coil spring ေတြ၊ shock absorbers ေတြကုိသုံးထားပါ တယ္။

Ford Everest – အခုေျပာေနတဲ့ TITANIUM ေမာ္ဒယ္မွာေတာ့ 3.2L ကို စလင္ဒါ(၅)လံုးထုိး turbo Diesel အင္ဂ်င္နဲ႕ ရရွိနိုင္မွာျဖစ္ျပီး Automatic ဂီယာ နဲ႔လာပါတယ္။ လမ္းၾကမ္းကိုု ေမာင္းႏွင္ေအာင္ ပံုုစံထုုတ္ လုုပ္ထားတဲ့ ကားဟာ အျမင့္ေပ ၈၀၀ mm ထိရွိေသာ ျမစ္ေခ်ာင္းငယ္မ်ားကိုု ျဖတ္သန္းသြားလာႏုုိင္တဲ့ ၾကံ့ခုုိင္မႈမ်ဳိးရွိပါတယ္။         ဆီစားႏႈန္းကေတာ့ 8.5 လီတာကို 100km အထိ ရွိထားပါတယ္။    ဒါ့အျပင္Everest ေမာ္ဒယ္ေတြအကုန္လံုး 3000 kg အေလးခ်ိန္ရွိတဲ့အရာတစ္ခုကို ေပါ့ပါးစြာနဲ႕ အလြယ္တကူ ေနာက္တြဲက ဆြဲယူနိုင္ေအာင္ ဒီဇိုင္းဆြဲထားတာျဖစ္ပါတယ္။Ford Everest ေတြမွာ four- wheel drive ကို full time အသံုး ျပဳလို႕ရနိုင္ပါတယ္။ ေနာက္ျပီး dual-range gearing စနစ္ပါ၀င္တာေၾကာင့္ off road လမ္းေတြ ေမာင္းႏွင္တဲ့ အခါ Everest တစ္စီးလံုး ရဲ႕အေကာင္းမြန္ဆံုး ထိန္းခ်ဳပ္နိုင္မႈစနစ္ကို ခံစားမိပါလိမ့္မယ္။

လုံျခံဳေရး

Toyota  Fortuner – အၾကမ္းခံႏိုင္တဲ့ ေလွကားပုံစံဖရိန္နဲ႔ အတူ အဆင့္ျမင့္ဖရိန္ဒီဇိုင္းကုိ သုံးျပီးမာေက်ာ မွဳရွိေအာင္ျပဳလုပ္ထားပါတယ္။ ဒါ့အျပင္ ကုန္းဆင္းတြင္ကူညီထိန္းခ်ဳပ္မႈစနစ္ (DAC) စနစ္၊ ဘီးမ်ားေပၚရွိ သက္ ေရာက္အားေတြကိုထိန္းညွိေပးတဲ့ (EBD) ပါရွိတဲ့ ဘရိတ္ျဖဳတ္စနစ္ (ABS)၊ ယာဥ္တည္ၿငိမ္မႈ ထိန္းခ်ဳပ္ျခင္းစနစ္ (VSC)၊ ဆြဲအားထိန္းခ်ဳပ္မႈစနစ္ (A-TRC)၊ ေနာက္တြဲယာဥ္လႈပ္ယမ္းျခင္းထိန္းခ်ဳပ္မႈစနစ္ (TSC)၊ ကုန္းတက္ ကုန္းဆင္းမ်ားမွာ ကူညီထိန္းခ်ဳပ္တဲ့စနစ္ (HAC)၊ ေရွ႕ဘက္၊ဒူးနဲ႔ ေဘးဘက္ေတြကုိကာကြယ္ေပးႏိုင္တဲ့ SRS ေလအိတ္ ၇ လုံး ၊ ကားခုိးယူျခင္းမွကာကြယ္ဖုိ႔အတြက္ျပဳလုပ္ေပးထားတဲ့ အီလက္ထ႐ြန္နစ္လုံၿခဳံေရးကိရိယာ တုိ႔ပါဝင္ပါတယ္။ ေနာက္ျပီးအလြန္ရွင္းလင္းတဲ့ပုံစံနဲ႔ ေမာ္နီတာမွာျပသေပးႏိုင္တဲ့ အေနာက္ဘက္ကင္မရာစနစ္ လည္းပါရွိပါေသးတယ္။

Chevrolet Trailblazer –  လုံေလာက္တဲ့ ေျမျပင္ ကင္းလြတ္ပမာဏ၊ Hill start assist လုိေတာင္ဆက္ရာမွာ ျပန္လိမ့္မက်ေအာင္ျပဳလုပ္ေပးႏုိင္ျခင္း၊ Hill Descent Control လုိမ်ိဳးေတာင္ျပန္ဆင္းရာမွာ  ABS စနစ္နဲ႕တဲြျပီး ညင္ညင္သာသာနဲ႕အႏၱရာယ္ကင္းစြာ ဆင္းႏုိင္တဲ့ စနစ္ေတြပါဝင္ပါတယ္။ဒါ့အျပင္ ေရွ႕ driver နဲ႕ passenger အတြက္ ေလအိတ္ ၂လုံး၊ Anti-lock brake system (ABS) စနစ္၊ Electronic Brake Force Distribution (EBD) စနစ္၊ Panic Brake Assist (PBA)စနစ္၊ Hydraulic Brake Assist (HBA) စနစ္၊ Traction Control System (TCS) စနစ္၊Cornering Brake Control (CBC)စနစ္၊Forward Collision Alert ၊ Side Blind Zone Alert နဲ႕ Lane Departure Warning စနစ္ေတြပါရွိပါတယ္။

Ford Everest –  ေလအိပ္ (၇) လံုး တို႕က Everest အတြင္းခန္းတစ္ခုလံုးကို အကာအကြယ္ ေပးထားတဲ့အျပင္ ေမာင္းႏွင္သူရဲ႕ ဒူးေခါင္းကိုုပါ ကာကြယ္ေပးတဲ့ ေလအိတ္ကိုုပါ ထည့္သြင္းထားပါတယ္။ dynamic stability control ဆုုိရင္လည္း ကားကုိအေကာင္းဆုံးထိန္းညွိခ်ိဳးေကြ႕ေပးႏုုိင္ပါတယ္။ ေနာက္ၾကည့္ cameraနဲ႕ parking sensors ေတြက ျဖစ္လာႏိုင္ေျခရွိတဲ့ ယာဥ္မေတာ္တဆမႈ အေျခအေနမ်ားကေနစနစ္တက် ကာကြယ္ ေစာင့္ ေရွာက္သြားပါလိမ့္မယ္။Ford Everest ရဲ႕ အလိုအေလ်ာက္ ဆီပန္႕ ဖ်က္ေတာက္ေပးတဲ့ စနစ္ကလည္း တစ္ ဖက္တစ္လမ္းကေန အကူအညီ ေပးသြားမွာမို႕လို႕ ကားမီးေလာင္ျခင္းနဲ႕ အသက္အႏၱရာယ္ ထိခိုက္ ေစမႈအ တြက္ စိုးရိမ္ဖို႕ မလိုအပ္ပါဘူး။ ဒါ့အျပင္ blind spot information system ၊ cross-traffic alert ၊Lane Keeping System ၊ Cruise control ၊ electronic traction control နဲ႔ Trailer-sway control တို႕လည္း ပါရွိပါတယ္။

ေစ်းႏွဳန္းနဲ႕သုံးသပ္ခ်က္

Toyota  Fortuner – သူ႕ရဲ႕ေစ်းက USD 63800 ျဖစ္ပါတယ္။ SUV တစ္စီးအတြက္ေတာ့ ဒီေစ်းကမမ်ားပါဘူး။ Fortuner ဟာအေရွ႕ေတာင္အာရွေစ်းကြက္မွာလူၾကိဳက္မ်ားတဲ့ ေမာ္ဒယ္ျဖစ္တဲ့အျပင္ လုံျခဳံေရးစနစ္ေကာင္း မြန္မွဳ၊ ပါဝင္ပစၥည္းေကာင္းမြန္မွဳေတြေၾကာင့္ ေပးရတာနဲ႔တန္တဲ့အရာကုိျပန္ရႏိုင္ပါလိမ့္မယ္။ လက္ရွိ ၃ စီးထဲမွာေတာ့ ေစ်းအသက္သာဆုံးပါ။

Chevrolet Trailblazer –  အေမရိကန္ကားပီပီ မာဂုဏ္ျမင့္တယ္။ျပီးေတာ့ အတြင္းခန္းကက်ယ္တယ္။ ဇိမ္ရွိရွိစီးနင္းႏိုင္တယ္။ Safety စနစ္ကလည္းေကာင္းတယ္။ ရုပ္ထြက္လန္းတယ္။ ေစ်းကေတာ့ USD 72000 ျဖစ္တယ္။ ေစ်းမ်ားေပမယ့္ အေကာင္းဆုံးေသာအရာေတြကုိ ထည့္သြင္းေပးထားလုိ႔ Mid-Size SUV ေတြထဲမွာထိပ္တန္းစာရင္းကေနပါဝင္ေနတာျဖစ္ပါတယ္။

Ford Everest – ျပည္တြင္းမွာ SKD နဲ႔ထုတ္ေတာ့ ရန္ကုန္လုိင္စင္ရတယ္။ ဒီေတာ့ Everest ကအားသာ ခ်က္တစ္ခုလုိျဖစ္ေနတယ္။ Ford ကမာေက်ာမွဳနဲ႔စြမ္းေဆာင္ရည္ပုိင္းမွာ ထိပ္တန္းအဆင့္ရွိတဲ့ Brand တစ္ခုျဖစ္ လုိ႔ Everest ကျပည္တြင္းမွာေရာင္းအားသြက္ေနတာပါ။  ေစ်းကေတာ့ 66995 USD ရွိျပီး On Road,Off Road ေတြအတြက္အရမ္းသင့္ေတာ္ပါတယ္။