Zawgyi Version…
ဒီတစ္ေခါက္ Comparison က႑မွာေတာ့ Brand ေတာ္ေတာ္မ်ားမ်ားက SKD ဘက္လုိက္လာ တာၾကတာမုိ႔ ျပည္တြင္းမွာ SKD စနစ္နဲ႔ထုတ္လာတဲ့ Brand ေတြကိုႏွဳိင္းယွဥ္ျပခ်င္ပါတယ္။ ဒီလုိေျပာ တဲ့အခါမွာလည္း ဂရိတ္အျမင့္ဆုံးေတြကုိသာေျပာခ်င္ပါတယ္။ လက္ရွိအသစ္ေစ်းကြက္ထဲမွာ ေနရာ ရရွိေနျပီးသား ဆီဒင္ေတြ ျဖစ္တဲ့ Suzuki Ciaz နဲ႔ Nissan Sunny တုိ႔ကုိလတ္တေလာမွာ SKD ထုတ္ျပီးယွဥ္ျပိဳင္ဖုိ႔ ၾကိဳးဝိုင္းေပၚတက္လာသူကေတာ့ Hyundai Accent ပဲျဖစ္ပါတယ္။ Local Assembly ေတြျဖစ္ၾကလုိ႔ ရန္ကုန္ လုိင္စင္အတြက္စိတ္ပူစရာ မရွိပါဘူး။ဒီေတာ့ အရင္ဆုံး သူတုိ႔ရဲ႕ကားတန္ဖုိးေတြကုိေျပာခ်င္ပါတယ္။ ေစ်းအမ်ားကေနအနည္းစီရင္ေတာ့…
Accent – 299 သိန္း+ Income Tax
Ciaz – 273 သိန္း + Income Tax
Sunny – 258သိန္းေက်ာ္ + Income Tax
ေစ်းအရေတာ့ ဂ်ပန္Brand ၂ ခုထက္ ကုိရီးယား Brand က ပုိမ်ားေနတယ္။ ဘာေၾကာင့္ပုိ မ်ားသလဲဆုိတာကုိမေျပာခင္ ကားေတြရဲ႕ဆုိက္ဒ္နဲ႔ရုပ္ထြက္ပုိင္းကုိအရင္ေျပာၾကည့္မယ္။
ဆုိက္ဒ္က…
Accent
Length (mm) – 4385
Width (mm) – 1729
Height (mm) – 1450
Wheel Base (mm) – 2580
Tire – R16
Ciaz
Length (mm) – 4490
Width (mm) – 1730
Height (mm) – 1475
Wheel Base (mm) – 2650
Tire – R16
Sunny
Length (mm) – 4455
Width (mm) – 1695
Height (mm) – 1505
Wheel Base (mm) – 2600
Tire – R15
ဆုိက္ဒ္အရဆုိရင္ Ciaz ကအရွည္ဆုံးပါ။ အက်ယ္မွာလည္း Ciaz ကပုိက်ယ္ျပီး အျမင့္မွာေတာ့ Sunny ကပုိျမင့္ပါတယ္။ အတြင္းခန္းဆုိရင္ Ciaz ကပုိက်ယ္သေယာင္ရွိပါတယ္။
ရုပ္ထြက္ပုိင္း
အားလုံးမွာေတာ့ လွပတဲ့စတုိင္ကုိယ္စီရွိျပီး သူ႕ဟာနဲ႔သူ စြဲမက္စရာေကာင္းေပမယ့္ Accent ရဲ႕ေရွ႕ရုပ္ ထြက္ကုိပုိျပီး သေဘာက်တယ္။သူက က်စ္က်စ္လ်စ္လ်စ္နဲ႔ ပုိျပီးစမတ္က်တဲ့ပုံစံပုိ ေပါက္တယ္။ ျပီး ေတာ့ ေဘာ္ဒီအေရးအေၾကာင္းေတြက ပုိျပီးအႏုစိတ္တယ္လုိ႔ထင္ရပါတယ္။
အတြင္းခန္း


Accent
သူ႔မွာက Navigation စနစ္၊ Original Back camera ပါတဲ့ Touchscreen ၊ Wifi ကဲ့သုိ႔ Multi Infotainment စနစ္ေတြပါသလုိ အီလက္ထရိုခရိုမစ္ေနာက္ၾကည့္မွန္၊ စတီယာရင္ေပၚမွ အသံ ထိန္းခ်ဳပ္ခလုတ္၊ က်ယ္ဝန္းတဲ့ ပစၥည္းထည့္စရာအကန္႔နဲ႔ Bluetooth မွတစ္ဆင့္ ဖုန္းေခၚဆိုမႈ၊ ေျဖဆို မႈေတြ ျပဳလုပ္ႏိုင္တဲ့စနစ္ေတြပါဝင္ပါတယ္။ ဒါ့အျပင္ Power Window အဖြင့္အပိတ္၊ လည္ သာ ထိုင္ခံုေတြ၊ Push Start with Smart Key, ျမန္ႏႈန္းတိုင္း အလိုအေလ်ာက္ တံခါးေလာ့ခ္ ခ်စနစ္၊ အလုိအေလ်ာက္ဖြင့္ေပးႏိုင္တဲ့ စမတ္ေနာက္ဖုံးစနစ္၊ Auto Climate Control ေတြပါတယ္။ ေနာက္ျပီး ဒိုင္ခြက္ထဲမွာ တံခါးအဖြင့္ပိတ္၊ေနာက္ဖုံးစတာေတြကုိလုိသလုိ Setting ျပန္ခ်ိန္လုိ႔ရပါတယ္။ သူ႕မွာ Innovation လုပ္ထားတာက Smart Trunk ျဖစ္တာပါပဲ။
Ciaz
စတီယာရင္ေပၚမွ အသံထိန္းခ်ဳပ္ခလုတ္၊ hands-free phone control စနစ္၊ က်ယ္ဝန္းတဲ့ ပစၥည္း ထည့္စရာအကန္႔ေတြ၊ေနာက္ဖက္ ထိုင္ခံုတန္းမွာ လက္တင္နဲ႔ ခြက္ထည့္စရာ ဆင္ထားပါတယ္။ အလင္းအားေကာင္းျပီး အခ်က္အလက္စုံလင္တဲ့ Driver ဒုိင္ခြက္၊ စပီကာ ၄လုံးပါျပီး Navigation ပါခ်ိတ္ဆက္ႏုိင္တဲ့ Audio Touch Screen စနစ္၊ Back Mirror မွာ ေနာက္ၾကည့္ ကင္မရာပါ ဝင္ပါတယ္။ သူလည္းပဲ Push Start with Smart Key စနစ္ပါ။


Sunny
စဝင္ခါစ Sunny ထက္ အခု ေနာက္ထြက္ ေမာ္ဒယ္မွာ Features ေတြပုိမ်ားလာတယ္။ အရင္ကမ ပါခဲ့တဲ့ မွန္ခ်ိဳးမွန္ေခါက္ကုိ ေအာ္တုိ ျဖစ္လာတယ္။ ေနာက္ျပီး ဘက္ကင္မရာပါတဲ့ ၅ လက္မ အခ်က္ အလက္ဖန္သားျပင္ျဖစ္သြားတယ္။ Remote key, Push Start စနစ္၊အပူအေအးကုိ အလုိအ ေလ်ာက္ထိန္းခ်ဴပ္ေပးႏုိင္တဲ့အဲကြန္းစနစ္ေတြအျပင္ ဖုန္းနဲ႕ပစၥည္းထည့္စရာခြက္ေတြ၊ ေနာက္ဘက္ခုံ လက္တင္တန္း၊ ေနာက္ဘက္စီးနင္းသူေတြအတြက္ Fan ေပါက္လည္းပါဝင္ပါတယ္။ ထုိင္ခုံေတြက လည္သာေတာ့ မဟုတ္ပါဘူး။ ေျပာရဦးမယ္။ ေနာက္ Fan ေပါက္ကေတာ့ ကား ၃ စီးလုံးမွာ ပါပါ တယ္ဗ်။

ေလအိတ္ ၂ လုံးစီေလာက္နဲ႔ ABS တုိ႔ေလာက္တာေျပာစရာရွိတဲ့ လုံျခဳံေရးပုိင္းကလည္း သူမသာကုိယ္မသာဆုိေတာ့ ထူးျပီးမေျပာလုိေတာ့ပါဘူး။
အင္ဂ်င္၊ စြမ္းေဆာင္ရည္ နဲ႔ဆီစားႏွဳန္း
Accent
Engine – 1.4 L Mpi
Max Power – 98.632 HP/6000rpm
Transmission – 6 Speed A/T
Combined (km/L)-14.1
Ciaz
Engine – 1.4L VVT
Max Power – 91.19 HP /6000rpm
Transmission – 4 Speed A/T
Combined (km/L)-17.6
Sunny
Engine – 1.5L CVTC
Max Power – 97.64 HP /6000rpm
Transmission – 4 Speed A/T
Combined (km/L)-16.6
သုံးသပ္ခ်က္
HP ထြက္တာကေတာ့ အားလုံး ၉၀ ေက်ာ္ခ်ည္းပဲဆုိေတာ့ စြမ္းေဆာင္ရည္က သိပ္မကြာၾကဘူးလုိ႔ ယူဆလုိ႔ရတယ္။ ဒါေပမဲ့ Accent က 6 Speed A/T ဆုိေတာ့ ဂီယာေဘာက္ ပုိင္းပုိေကာင္းတယ္။ Modified ပုိင္းလုပ္စီးတာေတာ့ Ciaz ကုိေတာ္ေတာ္ေလးၾကိဳက္တယ္။ Sunny Modified ေတြ ေတာ့ ေတြ႔ဖူးေပမယ့္ Ciaz ေလာက္ဆဲြေဆာင္မွဳမရွိဘူးလုိ႔ထင္မိတယ္။ Accent Modified ေတာ့ မေတြ႕ ဘူးေသးပါ။ ဆီစားႏွုန္းက Ciaz သက္သာတယ္ဆုိေပမယ့္ သိပ္ေတာ့မကြာဘူး။ အတြင္းခန္းမွာ ေနာက္ Fanေပါက္ပါတာေတြ၊ေနာက္ခုံတန္း လက္တင္ပါတာေတြကေတာ့ အတူတူပါပဲ။ဒါေပမဲ့ Accent ကေတာ့ လည္သာခုံေတြ၊ Touch Screen ေတြ၊ Setting ေတြေတာ္ေတာ္ေျပာင္းႏိုင္တဲ့ ဒိုင္ခြက္၊ Smart Trunk ေတြကေတာ့ Ciaz တုိ႔၊Sunny တုိ႔ထက္သာတယ္။ ေစ်းကလည္းကြာတာကုိး။ ေမာင္းဖူးတာကေတာ့ Ciaz နဲ႔ Sunny ပါ။ Accent ကုိေတာ့မေမာင္းဖူးေသးပါ။ သမုိင္းနဲ႔ခ်ီေျပာ ရင္ေတာ့ Sunny ကသက္တမ္းရင့္သလုိ နာမည္ လည္းရွိတယ္။ Accent ကေတာ့ ေျမာက္အ ေမရိက ေစ်းကြက္မွာ ေနရာရျပီးသားပါ။ ဒီထဲမွာ Ciaz ကေတာ့ သက္တမ္းႏုပါေသးတယ္ေနာ္။ ေနာက္ တစ္ခု ေျပာခ်င္တာက After Sale Service မွာလည္း အသစ္ေတြဆုိေတာ့ အားလုံး အာမခံေတြခ်ည္း ပါ တယ္။ ေရရွည္ပုိင္းနဲ႔ Spare Part ပုိင္းေတာ့ စကားေျပာလာလိမ့္မယ္ထင္တယ္။ ဒါေပမဲ့ ေရရွည္ဆုိ တဲ့ေနရာမွာလည္း ကားသစ္တစ္စီးရဲ႕ အၾကမ္း ခံမွဳနဲ႔ၾကာရွည္ခံမွဳကလည္း သုံးစြဲသူအေပၚ မူတည္ ေနသလုိ ထုတ္လုပ္သက္တမ္း ၅ ႏွစ္နဲ႔အထက္ မွသာ ဘယ္ကား ကပုိျပီး ေရရွည္အ တြက္သင့္ ေတာ္သလဲဆုိတာေပၚပါလိမ့္မယ္။ အခုေလာေလာဆယ္ေတာ့ အားလုံး ကေကာင္းၾက ေပမယ့္ စာေရး သူပုဂၢလိကထင္ျမင္ခ်က္အရ ေစ်းေရာ၊ Brand ေရာ၊ Features ပုိင္း ေရာအရဆုိ Ciaz ကုိ ၁ ၊ Accent ကုိ ၂ နဲ႔ Sunny ကုိ ၃ ေပးခ်င္ပါတယ္။

Unicode Version…

Suzuki Ciaz Vs Nissan Sunny Vs Hyundai Accent တို့ကိုနှိုင်းယှဉ်မိခြင်း

ဒီတစ်ခေါက် Comparison ကဏ္ဍမှာတော့ Brand တော်တော်များများက SKD ဘက်လိုက်လာ တာကြတာမို့ ပြည်တွင်းမှာ SKD စနစ်နဲ့ထုတ်လာတဲ့ Brand တွေကိုနှိုင်းယှဉ်ပြချင်ပါတယ်။ ဒီလိုပြော တဲ့အခါမှာလည်း ဂရိတ်အမြင့်ဆုံးတွေကိုသာပြောချင်ပါတယ်။ လက်ရှိအသစ်ဈေးကွက်ထဲမှာ နေရာ ရရှိနေပြီးသား ဆီဒင်တွေ ဖြစ်တဲ့ Suzuki Ciaz နဲ့ Nissan Sunny တို့ကိုလတ်တလောမှာ SKD ထုတ်ပြီးယှဉ်ပြိုင်ဖို့ ကြိုးဝိုင်းပေါ်တက်လာသူကတော့ Hyundai Accent ပဲဖြစ်ပါတယ်။ Local Assembly တွေဖြစ်ကြလို့ ရန်ကုန် လိုင်စင်အတွက်စိတ်ပူစရာ မရှိပါဘူး။ဒီတော့ အရင်ဆုံး သူတို့ရဲ့ကားတန်ဖိုးတွေကိုပြောချင်ပါတယ်။ ဈေးအများကနေအနည်းစီရင်တော့…
Accent – 299 သိန်း+ Income Tax
Ciaz – 273 သိန်း + Income Tax
Sunny – 258သိန်းကျော် + Income Tax
ဈေးအရတော့ ဂျပန်Brand ၂ ခုထက် ကိုရီးယား Brand က ပိုများနေတယ်။ ဘာကြောင့်ပို များသလဲဆိုတာကိုမပြောခင် ကားတွေရဲ့ဆိုက်ဒ်နဲ့ရုပ်ထွက်ပိုင်းကိုအရင်ပြောကြည့်မယ်။
ဆိုက်ဒ်က…
Accent
Length (mm) – 4385
Width (mm) – 1729
Height (mm) – 1450
Wheel Base (mm) – 2580
Tire – R16
Ciaz
Length (mm) – 4490
Width (mm) – 1730
Height (mm) – 1475
Wheel Base (mm) – 2650
Tire – R16
Sunny
Length (mm) – 4455
Width (mm) – 1695
Height (mm) – 1505
Wheel Base (mm) – 2600
Tire – R15
ဆိုက်ဒ်အရဆိုရင် Ciaz ကအရှည်ဆုံးပါ။ အကျယ်မှာလည်း Ciaz ကပိုကျယ်ပြီး အမြင့်မှာတော့ Sunny ကပိုမြင့်ပါတယ်။ အတွင်းခန်းဆိုရင် Ciaz ကပိုကျယ်သယောင်ရှိပါတယ်။
ရုပ်ထွက်ပိုင်း
အားလုံးမှာတော့ လှပတဲ့စတိုင်ကိုယ်စီရှိပြီး သူ့ဟာနဲ့သူ စွဲမက်စရာကောင်းပေမယ့် Accent ရဲ့ရှေ့ရုပ် ထွက်ကိုပိုပြီး သဘောကျတယ်။သူက ကျစ်ကျစ်လျစ်လျစ်နဲ့ ပိုပြီးစမတ်ကျတဲ့ပုံစံပို ပေါက်တယ်။ ပြီး တော့ ဘော်ဒီအရေးအကြောင်းတွေက ပိုပြီးအနုစိတ်တယ်လို့ထင်ရပါတယ်။
အတွင်းခန်း
Accent
သူ့မှာက Navigation စနစ်၊ Original Back camera ပါတဲ့ Touchscreen ၊ Wifi ကဲ့သို့ Multi Infotainment စနစ်တွေပါသလို အီလက်ထရိုခရိုမစ်နောက်ကြည့်မှန်၊ စတီယာရင်ပေါ်မှ အသံ ထိန်းချုပ်ခလုတ်၊ ကျယ်ဝန်းတဲ့ ပစ္စည်းထည့်စရာအကန့်နဲ့ Bluetooth မှတစ်ဆင့် ဖုန်းခေါ်ဆိုမှု၊ ဖြေဆို မှုတွေ ပြုလုပ်နိုင်တဲ့စနစ်တွေပါဝင်ပါတယ်။ ဒါ့အပြင် Power Window အဖွင့်အပိတ်၊ လည် သာ ထိုင်ခုံတွေ၊ Push Start with Smart Key, မြန်နှုန်းတိုင်း အလိုအလျောက် တံခါးလော့ခ် ချစနစ်၊ အလိုအလျောက်ဖွင့်ပေးနိုင်တဲ့ စမတ်နောက်ဖုံးစနစ်၊ Auto Climate Control တွေပါတယ်။ နောက်ပြီး ဒိုင်ခွက်ထဲမှာ တံခါးအဖွင့်ပိတ်၊နောက်ဖုံးစတာတွေကိုလိုသလို Setting ပြန်ချိန်လို့ရပါတယ်။ သူ့မှာ Innovation လုပ်ထားတာက Smart Trunk ဖြစ်တာပါပဲ။
Ciaz
စတီယာရင်ပေါ်မှ အသံထိန်းချုပ်ခလုတ်၊ hands-free phone control စနစ်၊ ကျယ်ဝန်းတဲ့ ပစ္စည်း ထည့်စရာအကန့်တွေ၊နောက်ဖက် ထိုင်ခုံတန်းမှာ လက်တင်နဲ့ ခွက်ထည့်စရာ ဆင်ထားပါတယ်။ အလင်းအားကောင်းပြီး အချက်အလက်စုံလင်တဲ့ Driver ဒိုင်ခွက်၊ စပီကာ ၄လုံးပါပြီး Navigation ပါချိတ်ဆက်နိုင်တဲ့ Audio Touch Screen စနစ်၊ Back Mirror မှာ နောက်ကြည့် ကင်မရာပါ ဝင်ပါတယ်။ သူလည်းပဲ Push Start with Smart Key စနစ်ပါ။
Sunny
စဝင်ခါစ Sunny ထက် အခု နောက်ထွက် မော်ဒယ်မှာ Features တွေပိုများလာတယ်။ အရင်ကမ ပါခဲ့တဲ့ မှန်ချိုးမှန်ခေါက်ကို အော်တို ဖြစ်လာတယ်။ နောက်ပြီး ဘက်ကင်မရာပါတဲ့ ၅ လက်မ အချက် အလက်ဖန်သားပြင်ဖြစ်သွားတယ်။ Remote key, Push Start စနစ်၊အပူအအေးကို အလိုအ လျောက်ထိန်းချူပ်ပေးနိုင်တဲ့အဲကွန်းစနစ်တွေအပြင် ဖုန်းနဲ့ပစ္စည်းထည့်စရာခွက်တွေ၊ နောက်ဘက်ခုံ လက်တင်တန်း၊ နောက်ဘက်စီးနင်းသူတွေအတွက် Fan ပေါက်လည်းပါဝင်ပါတယ်။ ထိုင်ခုံတွေက လည်သာတော့ မဟုတ်ပါဘူး။ ပြောရဦးမယ်။ နောက် Fan ပေါက်ကတော့ ကား ၃ စီးလုံးမှာ ပါပါ တယ်ဗျ။

လေအိတ် ၂ လုံးစီလောက်နဲ့ ABS တို့လောက်တာပြောစရာရှိတဲ့ လုံခြုံရေးပိုင်းကလည်း သူမသာကိုယ်မသာဆိုတော့ ထူးပြီးမပြောလိုတော့ပါဘူး။
အင်ဂျင်၊ စွမ်းဆောင်ရည် နဲ့ဆီစားနှုန်း
Accent
Engine – 1.4 L Mpi
Max Power – 98.632 HP/6000rpm
Transmission – 6 Speed A/T
Combined (km/L)-14.1
Ciaz
Engine – 1.4L VVT
Max Power – 91.19 HP /6000rpm
Transmission – 4 Speed A/T
Combined (km/L)-17.6
Sunny
Engine – 1.5L CVTC
Max Power – 97.64 HP /6000rpm
Transmission – 4 Speed A/T
Combined (km/L)-16.6
သုံးသပ်ချက်
HP ထွက်တာကတော့ အားလုံး ၉၀ ကျော်ချည်းပဲဆိုတော့ စွမ်းဆောင်ရည်က သိပ်မကွာကြဘူးလို့ ယူဆလို့ရတယ်။ ဒါပေမဲ့ Accent က 6 Speed A/T ဆိုတော့ ဂီယာဘောက် ပိုင်းပိုကောင်းတယ်။ Modified ပိုင်းလုပ်စီးတာတော့ Ciaz ကိုတော်တော်လေးကြိုက်တယ်။ Sunny Modified တွေ တော့ တွေ့ဖူးပေမယ့် Ciaz လောက်ဆွဲဆောင်မှုမရှိဘူးလို့ထင်မိတယ်။ Accent Modified တော့ မတွေ့ ဘူးသေးပါ။ ဆီစားနှုန်းက Ciaz သက်သာတယ်ဆိုပေမယ့် သိပ်တော့မကွာဘူး။ အတွင်းခန်းမှာ နောက် Fanပေါက်ပါတာတွေ၊နောက်ခုံတန်း လက်တင်ပါတာတွေကတော့ အတူတူပါပဲ။ဒါပေမဲ့ Accent ကတော့ လည်သာခုံတွေ၊ Touch Screen တွေ၊ Setting တွေတော်တော်ပြောင်းနိုင်တဲ့ ဒိုင်ခွက်၊ Smart Trunk တွေကတော့ Ciaz တို့၊Sunny တို့ထက်သာတယ်။ ဈေးကလည်းကွာတာကိုး။ မောင်းဖူးတာကတော့ Ciaz နဲ့ Sunny ပါ။ Accent ကိုတော့မမောင်းဖူးသေးပါ။ သမိုင်းနဲ့ချီပြော ရင်တော့ Sunny ကသက်တမ်းရင့်သလို နာမည် လည်းရှိတယ်။ Accent ကတော့ မြောက်အ မေရိက ဈေးကွက်မှာ နေရာရပြီးသားပါ။ ဒီထဲမှာ Ciaz ကတော့ သက်တမ်းနုပါသေးတယ်နော်။ နောက် တစ်ခု ပြောချင်တာက After Sale Service မှာလည်း အသစ်တွေဆိုတော့ အားလုံး အာမခံတွေချည်း ပါ တယ်။ ရေရှည်ပိုင်းနဲ့ Spare Part ပိုင်းတော့ စကားပြောလာလိမ့်မယ်ထင်တယ်။ ဒါပေမဲ့ ရေရှည်ဆို တဲ့နေရာမှာလည်း ကားသစ်တစ်စီးရဲ့ အကြမ်း ခံမှုနဲ့ကြာရှည်ခံမှုကလည်း သုံးစွဲသူအပေါ် မူတည် နေသလို ထုတ်လုပ်သက်တမ်း ၅ နှစ်နဲ့အထက် မှသာ ဘယ်ကား ကပိုပြီး ရေရှည်အ တွက်သင့် တော်သလဲဆိုတာပေါ်ပါလိမ့်မယ်။ အခုလောလောဆယ်တော့ အားလုံး ကကောင်းကြ ပေမယ့် စာရေး သူပုဂ္ဂလိကထင်မြင်ချက်အရ ဈေးရော၊ Brand ရော၊ Features ပိုင်း ရောအရဆို Ciaz ကို ၁ ၊ Accent ကို ၂ နဲ့ Sunny ကို ၃ ပေးချင်ပါတယ်။