Unicode version…
Drive ရဲ့Comparison ကဏ္ဍကို ဒီ Issue မှာ အနည်းငယ်အပြောင်းအလဲလုပ်ထားပါတယ်။အရင်က ဒီနေရာမှာပြည်တွင်းရောက် ကားတွေကိုပဲ Compare လုပ်ခဲ့ပေမယ့် အခုတော့ Brand New ကားတွေ ကိုပဲသီးသန့်ရေးသားမှာဖြစ်ပါတယ်။ ဒီလိုရေးသားရာမှာ ဘယ်သူကဘယ်သူထက်ပိုပြီးသာပါတယ်ဆိုတာထက် ဒီကားတွေရဲ့အားထုတ်ထားတဲ့နည်းပညာတွေ၊လှပမှု၊ခေတ်မီမှု၊လုံခြုံစိတ်ချရမှုစတဲ့အကြောင်းအရာတွေကိုပဲ အဓိကရေးသားသွားမှာပါ။ဘာလို့လဲဆိုတော့ ဒီကိုဝင်လာတဲ့ Brand New ကားတွေအားလုံးက သူ့ ဟာနဲ့သူကောင်းမွန်နေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ဒါကြောင့် ဒီ Issue မှာတော့ Small car တွေဖြစ်တဲ့ Toyota Vios,Nissan Sunny နဲ့ Mazda 2 တို့အကြောင်းဖော်ပြပေးသွားမှာဖြစ်ပြီး ဒီလိုပြောတဲ့အထဲမှာလည်း အမြင့်ဆုံးဂရိတ်တွေကိုပဲ ပြောပြပေးမှာဖြစ်ပါတယ်။
အပြင်ဘက်ပိုင်း …
Nissan Sunny – သူက ရှေးကျတဲ့ပုံစံဟောင်းတွေထဲက ခွဲထွက်ပြီးကျော့ရှင်းသော၊သေသပ်ကြီးမားသော ရှေ့ဇကာ ဒီဇိုင်း၊ ကွေးညွတ်သော၊ စတိုင်ကျသော ရှေ့မီးခွက်ဒီဇိုင်း၊ ကားအစိတ်အပိုင်းတစ်ချို့ကြောင့် ကောင်း လွန်းပါတယ်။ Nissanရဲ့ နည်းပညာအစုံအလင်ကိုလည်း Nissan မှာ ရရှိခံစားနိုင်မှာဖြစ်ပါတယ်။ အဲဒီကားမှာ Fog Lamps and Daytime Running Lamps ကဲ့သို့သော မီးစနစ်၊ စတိုင်ကျပြီး လင်းအားကောင်းသော မီးကြီးစနစ်၊လေးခွင်းအားစနစ်ကို ကောင်းမွန်စေသော Body Design အချိုးအဆစ်တွေပါဝင်ပါတယ်။
Toyota Vios – ၂၀၁၈ ခုနှစ်ထုတ် Vios အသစ်မှာ ပုံစံသစ်နဲ့ဖန်တီးထားတဲ့ ရှေ့မီးကြီးတွေ၊ LED နေ့အလင်း မီး (DRL) တွေအပြင် Sport ပိုဆန်သွားတဲ့ရုပ်သွင်၊ လေခွင်းအားကောင်းပြီး စတိုင်ကျတဲ့ ငါးမန်းတောင် အန်တနာ၊ကျစ်လျစ်ကြော့မော့တဲ့အနောက်ဘက်ပေါင်းစပ်မီးတွေ၊ပိုမိုကျယ်ဝန်းလာတဲ့ကားအတွင်းခန်းတွေပါ ဝင်လို့ Vios ကလည်း Small car တွေထဲမှာအားလုံးကို ယှဉ်ပြိုင်ဖို့ Upgradeတွေလုပ်ထားတယ်ဆိုတာ အထင်းသားပေါ်လွင်နေပါတယ်။
Mazda 2 – KODO ဒီဇိုင်းဖြစ်တဲ့အတွက်ကို်ယ်ထည်ပိုင်း အထူးပေါ့ပါးပြီး ကြံ့ခိုင်မှုရှိစေအောင် ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားသလို စွဲမက်စရာဒီဇိုင်းမျိုးကို ပိုင်ဆိုင်ထားပါတယ်။ ရှဲလ်တစ်ဖက်စီက ရှေ့မီးလုံးတွေက သားရဲတစ်ကောင်ရဲ့ သက်ရှိမျက်လုံးတွေလိုဖြစ်နေပြီး ဘော်ဒီအနားရေးကြောင်းတွေကလည်း သူ့ရဲ့ဒီဇိုင်းကို လှပအောင် သေသပ်စွာပ့ံပိုးပေးထားပါတယ်။ သူ့မှာလည်း နေ့အလင်းမီးတွေ၊အလိုအလျောက် Wiper စနစ်တွေ၊ Fog light တွေပါဝင်တာမို့ Mazda 2 ကလည်းပြည့်စုံတဲ့ ကားလေးတစ်စီီးအဖြစ် သတ်မှတ်လို့ရနိုင်ပါတယ်။
အတွင်းခန်း
Nissan Sunny – ကြည့်ရလွယ်ကူတဲ့ မီတာပြခွက်နဲ့ အချက်အလက်ဖန်သားပြင်၊ အလိုအလျောက် အပူတိုင်းချုပ်မှုစနစ်၊ Push Start၊ sport ဆန်တဲ့ စပုတ်တံ ၃ ခုထောက်ပုံစံ စတီယာရင်စနစ်နဲ့အတူ Audio စန်ကိုထိန်းချူပ်ပေးနိုင်တဲ့ စတီယာရင်ကွန်ထရိုးလည်းပါဝင်ပါတယ်။ထိုင်ခုံတွေဟာဆိုရင်လည်း သက်သောင့် သက်သာဖြစ် အောင်စီမံထားလို့ပထမတန်းစားဇိမ်ကျမှုကို ခံစားနိုင်မှာလို့ Nissan ကဆိုထားပါတယ်။ နောက်ဘက်ထိုင်ခုံမှာလည်း Premium လည်သာထိုင်ခုံတွေနဲ့အတူ ခေါက်နိုင်၊ဖြန့်နိုင်တဲ့ခွက်ထည့်တဲ့ နေရာလည်းပါပါတယ်။Engine Start stop system၊ intelligent key with Immobiliser,Keyless entry,ပါကင်ထိုးရာမှာ ယာဉ်မောင်းကို အပြည့်အဝကူညီပေးနိုင်တဲ့ Rear view mirror ၊အပူအအေးကို အလိုအလျောက်ထိန်းချူပ်ပေးနိုင်တဲ့စနစ်၊လိုသလို ချိန်ညှိနိုင်တဲ့ ဘက်ကြည့်ဘေးမှန်များ၊ ကားနောက်ခန်းပန် ကာ အပါအဝင် ကျယ်ဝန်းသော အတွင်းခန်းနဲ့ Cargo Space ကိုပါရရှိနိုင်မှာဖြစ်ပါတယ်။ ဖျော်ဖြေရေး အဖြစ်တော့ အလွန်ကြီးမားတဲ့ ရောင်စုံ Screen မှာ AM/FM radio and CD player တွေကို အလွယ်တကူ ဖွင့်ပိတ်လုပ်လို့ရနိုင်ပါတယ်။
Toyota Vios – ကျယ်ဝန်းတဲ့အတွင်းခန်းထဲမှာ အဆင့်မြင့်မားတဲ့အဝင်စနစ်နဲ့စက်နှိုးတဲ့စနစ်၊အလိုအလျောက် လေအေးပေးစနစ်၊ ဒီဇိုင်းသစ်နဲ့လုပ်ထားတဲ့အဆင့်မြင့်လည်သာသုံးထားတဲ့ထိုင်ခုံတွေ၊ အလွယ်တကူပြောင်း လဲနိုင်တဲ့ 60:40 ခေါက်နိုင်တဲ့အနောက်ဘက်ထိုင်ခုံတွေ၊ လုံလောက်တဲ့ Spaceရှိတဲ့ Cargo ခန်းတွေကြောင့် Vios ကအဆင့်မြင့် ဆီဒင်တစ်စီးဆိုတာ ပေါ်လွင်နေပါတယ်။ နောက်ပြီးတော့ နည်းပညာမြင့် ဒိုင်ခွင်အတွင်း တောက်ပစွာလင်းတဲ့မီတာပြတဲ့စနစ်၊ အနက်ရောင် စုန္ဒရားသဏ္ဍာန်အလယ်ဗဟိုဘောင်ကွက်နဲ့ သတင်းအ ချက်အလက်မျိုးစုံံပြသနို်င်တဲ့အပြင် (AM+FM+DVD+AUX+USB+BT)တို့ပါဝင်တဲ့ Touch Screen စနစ်က အရမ်းကိုကောင်းမွန်ပါတယ်။ အတွင်းခန်းကလိုက်ပါစီးနင်းသူတွေသက်သောင့်သက်သာရှိစေရုံမကဘဲ ပြင်ပအ သံတွေတွေမဝင်နိုင်အောင် နောက်ဆုံးပေါ်နည်းပညာကို သုံးစွဲထားပါသေးတယ်။ နောက်ပြီး စတီယာရင်မှာ ဖုန်းနဲ့Audio တွေကိုထိန်းချူပ်နိုင်တဲ့ Control တွေပါဝင်ပါသေးတယ်။
Mazda 2 – လည်သာစနစ်သုံးထိုင်ခုံတွေဖြစ်ပြီး ယာဉ်မောင်းသူရဲ့ ရှေ့ခန်းထိုင်ခုံကို မိမိစိတ်ကြိုက် အနေအထားဖြင့် ချိန်ညှိနိုင်တဲ့ ပါ၀ါထိုင်ခုံစနစ် ဖြစ်ပါတယ်။ Pendal Shift ပါတဲ့ပါဝါစတီယာရင်မှာ Audio စနစ်ကိုထိန်းချူပ်ဖို့ Control တွေပါဝင်ပြီး Bluetooth Hands Free Phone & Audio Capability လည်းထည့်သွင်းထားပါတယ်။ Rotary Commandar Control စနစ်ပါရှိပါတယ်။ ဖျော်ဖြေရေး အနေနဲ့စပီကာခြောက်လုံးပါရှိတဲ့အဆင့်မြင့်အသံစနစ်ပါရှိပြီး ခုနှစ်လက်မTV screen မှာ AM FM CD MP3 တို့လိုဖျော်ဖြေရေးစနစ် အမျိုးမျိုးချိတ်ဆက်ခံစားနို်င်ပါတယ်။ ဒါ့အပြင်သော့နဲ့ လှည့်ပြီး စက်နှိုးစရာမလိုပဲ ခလုတ်နှိပ် စက်နှိုးနိုင်မယ့်push-start button စနစ်ဖြစ်ပါတယ်။
စွမ်းဆောင်ရည်
Nissan Sunny – 1.5LDOHC 16 valve အင်ဂျင်ကို အသုံးပြုထားပြီး 4 Speed CVT Transmission စနစ်နဲ့ လာတဲ့ ဓာတ်ဆီအင်ဂျင်သုံးကားလည်းဖြစ်ကာ ပါဝါထွက်ရှိမှုက 99 PS ဖြစ်ပါတယ်။ အင်ဂျင်ပုံစံအသစ်နဲ့ ထုတ်ထားလို့ ဆီစားနှုန်းက 16.6 km/L ဖြစ်ပါတယ်။
Toyota Vios – အဆင့်မြှင့်တင်ထားတဲ့ စွမ်းဆောင်ရည်မြင့်မားတဲ့ 1.3 လီတာ ဓာတ်ဆီအင်ဂျင် (VVT-I ပါရှိတဲ့ ဗား 16 လု ံး DOHC) နဲ့ထုတ်ထားတဲ့Vios အသစ်က ကောင်းတဲ့စွမ်းဆောင်ရည်ကိုပေးစွမ်းနိုင်ပါတယ်။ ပိုမို ချောမွေ့တဲ့အရှိန်ုနှုန်းရရှိအောင် အဆက်မပြတ် ပြောင်းလဲနိုင်တဲ့ဂီယာ (CVT) ကိုလည်းသုံးထားပါသေးတယ်။ အမြင့်မားဆုံးထုတ်လွှတ်မှုက 6000 rpm မှာ 73 kW(PS)ရှိပြီး အမြင့်မားဆုံးအင်ဂျင်ဆွွဲအားက 4200 rpm မှာ 123 Nm ရှိပါတယ်။
Mazda 2 – Skyactiv နည်းပညာကြောင့် Mazda 2 ဟာစွမ်းဆောင်ရည်မြင့်မားမှု၊ ဆီစားသက်သာမှု၊ မောင်းနှင်ရကောင်းမွန်မှု စတဲ့အင်ဂျင်ရဲ့အထောက်အကူပြုပေးတဲ့စနစ်ကြောင့် နာမည်ကျော်ရတာလည်းဖြစ် ပါတယ်။ ဒီကားလေးက 1.5 DOHC 16 Value-4 Cylinder ဓာတ်ဆီအင်ဂျင်သုံးဖြစ်ပြီး မြင်းကောင်ရေက 107hp @ 6000 rpm ထွက်ရှိကာ 6 Speed Auto Transmission နဲ့လာပါတယ်။ ပျမ်းမျှဆီစားနှုန်း ၅.၅ လီတာကို ကီလို ၁၀၀ အထိမောင်းနှင်နိုင်ပါတယ်။
လုံခြံုရေး
Nissan Sunny – လုံခြံုရေးစနစ်အနေဖြင့် Air Bag (၂) လုံးပါဝင်မှာဖြစ်ပြီး ဘရိတ်နင်းရာမှာ lock မကျစေတဲ့ စနစ် Anti Lock Breaking System (ABS) ၊ ဘီးများပေါ်ရှိသက်ရောက်မှုတွေကိုထိန်းညှိပေးတဲ့စနစ် (EBD) နဲ့Brake Assist (BA) စနစ်တို့ပါဝင်ပါတယ်။ ဆိုင်းထိန်း စနစ်ကလည်း Independent MacPherson Strut စနစ်ကို StabiliserBar တွေနဲ့ထိန်းချူပ်ပြုလုပ်ထား လို့ဟိုင်းဝေး မောင်းနှင်မှုတွေမှာပါ သက်သောင့် သက်သာရှိစေမှာပါ။
Toyota Vios – ယာဉ်တည်ငြိမ်မှုထိန်းချုပ်ပေးမယ့်စနစ် (VSC)၊ ကုန်းတက်တွေမှာကူညီထိန်းချုပ်ပေးတဲ့စနစ် (HAC)နဲ့လေအိတ် ရ လုံး ၊ ကုန်းတက်တွေမှာကူညီထိန်းချုပ်ပေးတဲ့စနစ် (HAC)၊ ဘရိတ်နင်းရာမှာ lock မကျစေတဲ့ စနစ် Anti Lock Breaking System (ABS) ၊ ဘီးများပေါ်ရှိသက်ရောက်မှုတွေကို ထိန်းညှိပေးတဲ့စနစ် (EBD) ၊ အရှေ့ဘက်နဲ့အနောက်ဘက်ရှိ ပါကင်ထိုးခြင်းအာရုံခံကိရိယာများ၊ ဘရိတ်ကူ ဖမ်းပေးသောစနစ် (BA)တို့ပါဝင်တာကြောင့် Vios ရဲ့ Safety system က small car တွေထဲမှာထိပ်တန်းစာရင်းပါဝင်နေပါတယ်။
Mazda 2 – လုံခြံုရေးစနစ်အနေဖြင့် Air Bag (၂) လုံးပါဝင်သလို Dynamic Stability Control with Traction Control Syste၊ Cruise Control ၊ Reverse Sensor တို့လိုနည်းပညာတွေသုံးထားပြီး ယာဉ်တိုက်မှုဖြစ်ရင် ရှေ့လူတွေကို ထိခိုက်မှုလျော့နည်းစေဖို့အလိုအလျောက်တင်းကြပ်ပေးနိုင်တဲ့ Seat Belt တွေပါဝင်ပါတယ်။ Suspension ကတော့ ရှေ့ကို MacPherson strut with stabilizer bar နဲ့နောက်ကို Multilink with stabilizer bar တွေကိုသုံးထားလို့စီးနင်းရတာသက်သောင့်သက်သာရှိစေသလို လမ်းကြမ်းမောင်းနှင်နိုင် စွမ်းလည်းရှိပါတယ်။
empty brick road nearby office building,china.
စျေးနှုန်းနဲ့သုံးသပ်ချက်
Nissan Sunny – ဒီကားလေးက Comparison လုပ်တဲ့ ကား ၃ စီးထဲမှာ စျေးအနည်းဆုံးဖြစ်ပါတယ်။ SL Gradeဖြစ်ပြီး စျေးကတော့ ၂၄၉ သိန်း ဖြစ်ပါတယ်။ဒါကကားတန်ဖိုးချည်းပဲပါ။ရန်ကုန်လိုင်စင်ပါ ရမှာဖြစ် လို့ငွေကြေးချွေတာလိုသူတွေအတွက် အဆင်ပြေပါစေလိမ့်မယ်။ မြို့တွင်းအတွက် အရမ်းကိုအဆင် ပြေစေမယ့် အင်ဂျင်ပါဝါ၊ဆီစားနှုန်းတွေကို ပိုင်ဆိုင်ထားပါတယ်။
Toyota Vios – Toyota ဆိုပြည်တွင်းစျေးကွက်မှာ လူကြိုက်များလှသလို အခု 2018 Vios ဟာလည်း Small Car နဲ့ မလိုက်အောင်နည်းပညာတွေ၊လုံခြုံရေးစနစ်တွေထည့်သွင်းပေးထားပါတယ်။စျေးကUSD21,800 (ဆိုတော့ အရမ်းကြီးလည်း မများပါဘူး။ Spare parts တွေ၊ဘာတွေလည်း ပေါတော့အဆင်ပြေတာပေါ့။ သူက နယ်ဝေး အတွက်ပါ အဆင်ပြေစေနိုင်တဲ့ ကားကောင်းဖြစ်ပါတယ်။
Mazda 2 – လှပတဲ့အချိုးအဆစ်တဲ့၊Sport ဆန်တဲ့ပုံစံ၊စုံနှုန်းပြည့်မောင်းနှင်မှုတွေကြောင့် နာမည်ကျော်တဲ့ Mazda 2 က USD 26500 ဆိုပြီးစျေးတန်းဖွင့်ထားပါတယ်။သူကလည်း တန်ကြေးနဲ့ထိုက်တန်စေမယ့် Pendal Shift ၊ Cruise Control တို့လို နည်းပညာတွေသုံးထားတဲ့အပြင် Sedan ဖြစ်လို့စွယ်စုံသုံးနိုင်ပါတယ်။
Zawgyi version…
အပြင်ဘက်ပိုင်း …
Mazda 2 – KODO ဒီဇိုင်းဖြစ်တဲ့အတွက်ကိုယ်ထည်ပိုင်း အထူးပေါ့ပါးပြီး ကြံ့ခိုင်မှုရှိစေအောင် ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားသလို စွဲမက်စရာဒီဇိုင်းမျိုးကို ပိုင်ဆိုင်ထားပါတယ်။ ရှဲလ်တစ်ဖက်စီက ရှေ့မီးလုံးတွေက သားရဲတစ်ကောင်ရဲ့ သက်ရှိမျက်လုံးတွေလိုဖြစ်နေပြီး ဘော်ဒီအနားရေးကြောင်းတွေကလည်း သူ့ရဲ့ဒီဇိုင်းကို လှပအောင် သေသပ်စွာပံ့ပိုးပေးထားပါတယ်။ သူ့မှာလည်း နေ့အလင်းမီးတွေ၊အလိုအလျောက် Wiper စနစ်တွေ၊ Fog light တွေပါဝင်တာမို့ Mazda 2 ကလည်းပြည့်စုံတဲ့ ကားလေးတစ်စီးအဖြစ် သတ်မှတ်လို့ရနိုင်ပါတယ်။
အတွင်းခန်း
စွမ်းဆောင်ရည်
လုံခြုံရေး
Toyota Vios –  ယာဉ်တည်ငြိမ်မှုထိန်းချုပ်ပေးမယ့်စနစ် (VSC)၊ ကုန်းတက်တွေမှာကူညီထိန်းချုပ်ပေးတဲ့စနစ် (HAC)နဲ့လေအိတ် ၇ လုံး ၊ ကုန်းတက်တွေမှာကူညီထိန်းချုပ်ပေးတဲ့စနစ် (HAC)၊  ဘရိတ်နင်းရာမှာ lock မကျစေတဲ့ စနစ် Anti Lock Breaking System (ABS) ၊ ဘီးများပေါ်ရှိသက်ရောက်မှုတွေကို ထိန်းညှိပေးတဲ့စနစ် (EBD) ၊ အရှေ့ဘက်နဲ့အနောက်ဘက်ရှိ ပါကင်ထိုးခြင်းအာရုံခံကိရိယာများ၊ ဘရိတ်ကူ ဖမ်းပေးသောစနစ် (BA)တို့ပါဝင်တာကြောင့် Vios ရဲ့ Safety system က small car တွေထဲမှာထိပ်တန်းစာရင်းပါဝင်နေပါတယ်။
ဈေးနှုန်းနဲ့သုံးသပ်ချက်