Unicode version…
ကျွန်တော်တို့ပြည်တွင်းမှာ ကားတွေ အစီးရေ အလျင်အမြန် တိုးတက်လာတာ မှန်ပေမယ့် အမှတ်တံဆိပ် စုံစုံလင်လင် မော်ဒယ် အစုံ ရောက်ရှိ ရွေးချယ် ၀ယ်ယူနိုင်နေတဲ့ အနေအထားတော့ မဟုတ်ပါဘူး၊ အခုလည်း MPVမော်ဒယ်တွေထဲက ပြည်တွင်းမှာ လူစီး အများဆုံး မော်ဒယ်တွေကို ထုတ်နုတ် နှိုင်းယှဉ်ပြရမယ့် အရမ်းတော့ ပြိုင်ဖက်အဖြစ် အဆင့်သိပ်ညီမှာ မဟုတ်ပေမယ့် အနီးစပ်ဆုံး မော်ဒယ်တွေကို ရွေးချယ် ဖော်ပြပေးလိုက်ပါတယ်ဗျာ။
အားသာချက် …
Wish – ရုပ်ထွက်ဆွဲဆောင်မှု ကောင်းတယ်၊ အတွင်းခန်းကျယ််တယ်၊ အရည်အသွေး စိတ်ချရတယ်။
Wingroad – အရည်အသွေးကောင်းတယ်၊ ဆီစားနှုန်း ချိုသာတယ်၊ စျေးနှုန်း ချိုသာတယ်
Shuttle – ရုပ်ထွက်ပိုင်း လှတယ်၊ မော်ဒယ်မြင့် အနေအထားရနိုင်တယ်၊ အပိုပစ္စည်းပေါတယ်
အားနည်းချက် …
Wish – စျေးမြင့်ချင်တယ်၊ လမ်းကြမ်းပိုင်း စွမ်းဆောင်ရည် စိတ်ကြိုက်မဖြစ်ဘူး
Wingroad – မော်ဒယ်မြင့်ရနိုင်မှု နည်းပါးတယ်၊ အပိုပစ္စည်း ရှားချင်တယ်
Shuttle – စျေးနှုန်းမြင့်ချင်တယ်၊ မောင်းနှင်ပြီး ကီလိုများ မော်ဒယ်တွေ အဝင်များတယ်
ကိုယ်ထည်ပိုင်း …
ဒီအပိုင်းမှာတော့ MPVတွေကို သုံးမယ့် သူတွေက အဓိက အနေနဲ့ ကိုယ်ထည်ပိုင်းကို ဦးစားပေး ၀ယ်မှာပါ။ ခရီးသွားတတ်သူတွေ၊ ၀န်တင်ဆောင်ချင်သူတွေ၊ မိသားစု အရေအတွက်များများ စီးချင်းသူတွေ၊ ဒီတော့ ကျွန်တော်တို့ မော်ဒယ်တွေကို အတွင်းခန်း ကျယ်ဝန်းမှု၊ ခရီးဝေး သွားလာနိုင်မှု၊ ၀န်တင်ဆောင်နိုင်မှုနဲ့ တကယ်လို့ ပွဲတက် အနေနဲ့ တခါတလေ သုံးရင်လည်း လှပသေသပ်မှုတွေကို ကြည့်ရပါလိမ့်မယ်။ Shuttleတွေ စျေးကွက်ထဲ ၀င်မလာသေးခင်ထိအောင် Wishဟာ ပြည်တွင်း MPVလောကမှာ ပြိုင်ဖက် မရှိ လူကြိုက် အများဆုံး မော်ဒယ် ဖြစ်ပေမယ့် Shuttleက Fitရဲ့ နောက်ဆက်တွဲ မဟုတ်ပေမယ့် Fitနဲ့ ရုပ်ထွက်ချင်း ဆင်ပြီး ဆွဲဆောင်မှု ကောင်းတာကြောင့် နောက်ပိုင်းမှာ Shuttleတွေ လူစီးများလာတာ တွေ့ရပါတယ်။
အတွင်းခန်း အနေအထားချင်း ယှဉ်ကြည့်ရင်တော့ မော်ဒယ် အားလုံးက အကျယ်အဝန်း၊ အရည်အသွေးနဲ့ လိုက်ပါ စီးနင်းရ ကောင်းမွန်မှု သိပ်မကွာပါဘူး။ ဒါပေမယ့် Wingroadကတော့ မော်ဒယ်နိမ့် အဝင်များတာကြောင့် သက်တောင့်သက်သာရှိမှုနဲ့ ရုပ်ထွက်ပိုင်းတွေမှာ အားနည်းချင်ပါတယ်။ စျေးနည်းနည်း ချိုချင်တာ တစ်ခုကွဲရင် Wingroadဟာ ကိုယ်ထည်ပိုင်းမှာ တခြား မော်ဒယ်တွေထက် အားနည်းချင်နေပါတာယ်။ Wishက ပိုလှတယ်၊ Shuttleက ဆွဲဆောင်မှု ပိုကောင်းတယ်။ တခုရှိတာက Shuttleက ပွဲတက် အနေနဲ့ သုံးမယ်ဆိုရင် ရုပ်ထွက်က တည်ငြိမ်မှု အားနည်းနေချင်သလိုပါ။ အခု အပိုင်းမှာတော့ Wishကို နှာတဖျား အသာနဲ့ ပထမ ပေးလိုက်ချင်ပါတယ်။ Shuttleကို ဒုတိယနဲ့ Wingroadကိုတော့ တတိယပဲ ပေးချင်ပါတယ်။
အင်ဂျင်ပိုင်း …
ကျွန်တော်တို့ အနေနဲ့ ဘယ်မော်ဒယ်ရဲ့ အင်ဂျင်က စွမ်းဆောင်ရည် အကောင်းဆုံးလဲ ဆိုတာ ကြည့်နေရုံနဲ့ မပြီးပါဘူး။ သူ့ရဲ့ အင်ဂျင် အရွယ်နဲ့ စွမ်းဆောင်ရည်ကို ပြန်ပြီး ချိန်ဆကြည့်ဖို့ လိုအပ်သလို ဆီစားနှုန်းကိုလည်း ထည့်တွက်ဖို့ လိုအပ်ပါတယ်။ အရင်ဆုံး Wishမှာက မော်ဒယ်စုံ စျေးကွက်ဝင်ရောက်မှုမှာ ပျမ်းမျှ အင်ဂျင် အရွယ်က ၁.၈လီတာသုံးပါ၊ MPVတစ်စီး အတွက် လေအေးပေးစက်သုံးမယ်၊ လိုအပ်ရင် ခရီးဝေး မောင်းမယ်၊ ၀န်တင်ဆောင်မယ်၊ လူများများ စီးမယ်၊ တောင်တက်ရနိုင်တယ်၊ ဒီလို အနေအထားတွေ အတွက်ကတော့ အခု Wishရဲ့ အင်ဂျင် အရွယ်က အနေတော်ပါပဲ။ မြို့တွင်းသုံး အတွက်လည်း ဆီစားမများနိုင်ပါဘူး။ သဘောကျစရာပါ။ Shuttleကတော့ ၁.၃လီတာသုံး အင်ဂျင်တွေ အများဆုံး စျေးကွက်မှာ တွေ့ရပါတယ်။ Hybridအနေနဲ့ပါ ရနိုင််တာ တစ်ချက်ကတော့ Wishထက် ရွေးချယ်နိုင်စရာ များလားစေပါတယ်။ ဒီစနစ်နဲ့ မော်ဒယ်ရဲ့ အင်ဂျင်က စွမ်းဆောင်ရည်ကောင်း ပြသလာနိုင်သလို ဆီစားနှုန်း အထူးချိုသာစေပါတယ်။ ခရီးဝေး မောင်းနှင်မှု အတွက်လည်း အဆင်ပြေပါတယ်။ Wishလောက်တော့ စွမ်းဆောင်ရည် မကေင်းနိုင်ပမေယ့် အဆင်ပြေပါတယ်။ မြို့တွင်း အသုံးများသူတွေ အကောင်းဆုံး ရွေးချယ်ဖို့ သင့်လာပါတယ်။ စျေးနှုန်းပိုင်းလည်း ချိုသာတော့ လက်ခံနိုင်စရာပါ။ နောက်ဆုံး ပြောရမယ့် Wingroadကတော့ မော်ဒယ်နိမ့်ပဲ အဝင်များနေတာ တစ်ချက်နဲ့ အတူ အင်ဂျင်စနစ်လည်း များများစားစား ရွေးချယ်ဖို့ မရပါဘူး။ ပျမ်းမျှ ၁.၅လီတာသုံး အင်ဂျင်တွေ ရနိုင်ပါတယ်။ Wishနဲ့ Shuttleအကြားက သင့်တင့်တဲ့ အင်ဂျင် အရွယ်ပါ။ မြို့တွင်း၊ နယ်ဝေး သမားတွေ အတွက် အဆင်ပြေစေပါတယ်။ စွမ်းဆောင်ရည်လည်း သင့်ပါတယ်။ သင့် အနေနဲ့ မော်ဒယ်နိမ့်ကို လက်ခံနိုင်ရင်တော့ Wingroadကလည်း ရွေးချယ်စရာပါပဲ။ ဒါပေမယ့် မော်ဒယ် အများအပြား ၀င်နေတဲ့ ကျန်တဲ့ မော်ဒယ် ၂ခုလောက်တော့ သဘောမကျမိပါဘူး။ ဒီအပိုင်းမှာတော့ Hybridအနေနဲ့ပါ ရနိုင်တဲ့ Shuttleကို နှာတဖျား အသာနဲ့ ပထမပေးချင်ပြီး Wishကို ဒုတိယနဲ့ Wingroadကို တတိယပေးချင်ပါတယ််။
စျေးကွက်ဝင် အနေအထား …
မော်ဒယ်စုံ စျေးကွက်ဝင်ရောက်မှု အပိုင်းမှာတော့ ရွေးချယ်နိုင်စရာ အများဆုံးက Wishပါပဲ။ အနည်းဆုံး မော်ဒယ်ခွဲနဲ့ မော်ဒယ်နှစ်အလိုက် အနည်းဆုံး Wishမော်ဒယ် ၂၀လောက် စျေးကွက်မှာ အလွယ်ရနိုင်ပါတယ်။ ပျမ်းမျှ ၂၀၀၈ခုနှစ် ၀န်းကျင်ထုတ် မော်ဒယ်တွေ အဝင်များပြီး အရောင်စုံလည်း ရနိုင်ပါတယ်။ ပြည်တွင်းမှာ လူကြိုက်များတဲ့ အဖြူရောင် အပြင် အနီးစပ်ဆုံး မိုးပြာနဲ့ ခဲရောင်တွေလည်း ၀င်ပါတယ်။ သဘောကျစရာပါ။ သင် သုံးမယ့် စျေးနှုန်း အနေအထားအပေါ်ကို မူတည်ပြီး မော်ဒယ်နှစ်၊ အရောင်၊ မော်ဒယ်ခွဲ၊ မောင်းနှင်ပြီး ကီလိုတွေ ရွေးူချယ် ၀ယ်ယူနိုင်မှာပါ။ ပျမ်းမျှတော့ ကီလို ၅သောင်းကနေ ၁သိန်းအတွင်း မော်ဒယ်တွေ ရနိုင်ပါတယ်။ Shuttleကလည်း Wishလောက် မော်ဒယ် အများအပြား မရနိုင်ပေမယ့် မော်ဒယ်ခွဲ၊ မော်ဒယ်နှစ် အနေနဲ့ ၁၀မျိုးလောက် ရွေးချယ်နိုင်စရာ စျေးကွက်မှာ ရနိုင်ပါတယ်။ အဖြူရောင် အဝင်နညး်ပြီး ပုလဲဖြူ၊ အနက်နဲ့ ငွေရောင်တွေ အလွယ်ရနိုင်ပါတယ်။ အင်ဂျင်စနစ် အစုံနဲ့ မော်ဒယ်မြင့် ၂၀၁၀ခုနှစ်ထုတ် မော်ဒယ်တွေထိအောင် Wishထက် စျေးနှုန်းက ချိုနေပါတယ်။ သဘောကျစရာပါ။ Wingroadကတော့ မော်ဒယ်တွေထဲမှာ ရွေးချယ်နိုင်စရာနည်းနည်းပဲ ရှိမယ့် မော်ဒယ်ပါ။ ပျမ်းမျှ အနေနဲ့တော့ ၂၀၀၇ခုနှစ် ၀န်းကျင်ထုတ် မော်ဒယ်တွေ အဝင်များပါတယ်။ မော်ဒယ် ၃ခုလုံးထဲမှာ စျေးအချိုဆုံးနဲ့ ရနိုင်တဲ့ မော်ဒယ်ပါ။ မော်ဒယ်ခွဲ၊ အရောင် ရွေးချယ်နိုင်မှုတော့ အားနည်းပါတယ်။ ပျမ်းမျှ ကီလို ၈သောင်း ၀န်းကျင်တွေ ဖြစ်ပါတယ်။ ဒီအပိုင်းမှာတော့ Wishနဲ့ Shuttleကို သားရေ ပေးရပါလိမ့်မယ်။ ရွေးချယ်နိုင်မှု အပိုင်းမှာ Wishက အသာရပေမယ့် မော်ဒယ်မြင့် အဝင်နည်းသလို စျေးမြင့်ချင်ပြီး Shuttleကတော့ ရွေးချယ်နိုင်မှု Wishထက် နည်းပေမယ့် မော်ဒယ်မြင့်လည်း ရနိုင်ပြီး စျေးလည်း ချိုတာကြောင့်ပါ။
သုံးသပ်ချက် …
ကျွန်တော်တို့ တချက်ချင်း ပြန်ကောက်မယ် ဆိုရင် ကိုုယ်ထည်ပိုင်းမှာ Wishက အသာရတယ်၊ အင်ဂျင်ပိုင်းမှာ Shuttleက အသာရတယ်၊ စျေးကွက်ဝင် အနေအထားမှာ မော်ဒယ် ၂ခုက သားရေ ကျတယ်။ Wingroadကတော့ မော်ဒယ်နိမ့် စျေးကွက်ဝင်မှုနဲ့ ရွေးချယ်နို်င်စရာ မော်ဒယ်ခွဲ နည်းပါးမှုက စိတ်ကြိုက် ဖြစ်စေမှု ရှိမလာခဲ့ပါဘူး။ ဒါဆို ဘယ်မော်ဒယ်ကို ရွေးချယ်သင့်သလဲ ဆိုတဲ့ စဉ်းစားမှုမှာ Wingroadကို ဖယ်ထားပြီး Wishနဲ့ Shuttleကိုပဲ ပြန်ပြီး စဉ်းစား ရွေးချယ်ရအောင်ပါ။ အင်ဂျင်ပိုင်း စွမ်းဆောင်ရည်မှာ ဘက်စုံသုံး အနေနဲ့ Wishက သာပါတယ်၊ ဆီစားနှုန်းမှာ Shuttleက ချိုပေမယ့် Wishလောက် လမ်းကြောင်းစုံ သုံးဖို့ မပြေနိုင်ပါဘူး၊ မော်ဒယ်စုံ ရနိုင်မှု အနေအထားမှာ Wishက အရည်အသွေး စိတ်ချရပေမယ့် မော်ဒယ်နိမ့်နေပါတယ်။ Shuttleကတော့ ၂၀၁၀ခုနှစ်နဲ့ နောက်ပိုင်းထုတ် မော်ဒယ်မြင့်တွေကို ရနိုင်ပါတယ်။
၂၁၀၄မော်ဒယ်လောက်ထိအောင် လွယ်လွယ်ရနို်င်နေတာပါ။ စျေးနှုန်းပိုင်း တချက်ပြန်ကြည့်ရင် Wishက မော်ဒယ် နိမ့်နေပေမယ့် စျေးနှုန်းက အမြင့်ဆုံး ဖြစ်နေပါတယ်။ Shuttleရဲ့ ၂၀၁၄မော်ဒယ်တွေထက်ကိုပဲ Wishရဲ့ ၂၀၀၈ခုနှစ် မော်ဒယ်တွေက ပိုချင်နေတာပါ။ အတွင်းခန်း၊ အရည်အသွေးနဲ့ စိတ်ချရမှု အရတော့ Wishက ပိုကောင်းပေမယ့် မော်ဒယ်မြင့် အနေအထားနဲ့ ရနိုင်တဲ့ Shuttleကို ဘေးဖယ် မထားချင်မိပါဘူး။ ကျွန်တော့် အမြင်မှာတော့ လူအများစုဟာ ခရီးဝေး ထွက်သည့်တိုင်အောင် ကိုယ်ပိုင်ကားနဲ့ ထွက်မှုက ရာခိုင်နှုန်း အများဆုံး မဟုတ်သေးပဲ အများစုကတော့ အိမ်စီး၊ မြို့တွင်းသုံး အနေနဲ့ သုုံးနေကြတဲ့ အချိန်မှာ စျေးလည်း ချိုမယ်၊ ဆီစားချိုမယ်။ စွမ်းဆောင်ရည် သင့်မယ်၊ မော်ဒယ်မြင့်လည်း ရနိုင်မယ့် Shuttleကို ဦးစားပေး ရွေးချယ်ချင်ပြီး သူ့နေက်မှာပဲ Wishကို ဒုတိယ ပေးလိုက်ချင်ပါတယ်ဗျာ။
လင်းထက် (IA)
Zawgyi version…
ကၽြန္ေတာ္တို႔ျပည္တြင္းမွာ ကားေတြ အစီးေရ အလ်င္အျမန္ တိုးတက္လာတာ မွန္ေပမယ့္ အမွတ္တံဆိပ္ စုံစံုလင္လင္ ေမာ္ဒယ္ အစံု ေရာက္ရွိ ေရြးခ်ယ္ ၀ယ္ယူႏုိင္ေနတဲ့ အေနအထားေတာ့ မဟုတ္ပါဘူး၊ အခုလည္း MPVေမာ္ဒယ္ေတြထဲက ျပည္တြင္းမွာ လူစီး အမ်ားဆံုး ေမာ္ဒယ္ေတြကို ထုတ္ႏုတ္ ႏိႈင္းယွဥ္ျပရမယ့္ အရမ္းေတာ့ ၿပိဳင္ဖက္အျဖစ္ အဆင့္သိပ္ညီမွာ မဟုတ္ေပမယ့္ အနီးစပ္ဆံုး ေမာ္ဒယ္ေတြကို ေရြးခ်ယ္ ေဖာ္ျပေပးလုိက္ပါတယ္ဗ်ာ။
အားသာခ်က္ …
Wish – ရုပ္ထြက္ဆြဲေဆာင္မႈ ေကာင္းတယ္၊ အတြင္းခန္းက်ယ္္တယ္၊ အရည္အေသြး စိတ္ခ်ရတယ္။
Wingroad – အရည္အေသြးေကာင္းတယ္၊ ဆီစားႏႈန္း ခ်ဳိသာတယ္၊ ေစ်းႏႈန္း ခ်ိဳသာတယ္
Shuttle – ရုပ္ထြက္ပိုင္း လွတယ္၊ ေမာ္ဒယ္ျမင့္ အေနအထားရႏုိင္တယ္၊ အပိုပစၥည္းေပါတယ္
အားနည္းခ်က္ …
Wish – ေစ်းျမင့္ခ်င္တယ္၊ လမ္းၾကမ္းပိုင္း စြမ္းေဆာင္ရည္ စိတ္ႀကိဳက္မျဖစ္ဘူး
Wingroad – ေမာ္ဒယ္ျမင့္ရႏုိင္မႈ နည္းပါးတယ္၊ အပိုပစၥည္း ရွားခ်င္တယ္
Shuttle – ေစ်းႏႈန္းျမင့္ခ်င္တယ္၊ ေမာင္းႏွင္ၿပီး ကီလိုမ်ား ေမာ္ဒယ္ေတြ အ၀င္မ်ားတယ္
ကိုယ္ထည္ပိုင္း …
ဒီအပိုင္းမွာေတာ့ MPVေတြကို သံုးမယ့္ သူေတြက အဓိက အေနနဲ႔ ကိုယ္ထည္ပိုင္းကို ဦးစားေပး ၀ယ္မွာပါ။ ခရီးသြားတတ္သူေတြ၊ ၀န္တင္ေဆာင္ခ်င္သူေတြ၊ မိသားစု အေရအတြက္မ်ားမ်ား စီးခ်င္းသူေတြ၊ ဒီေတာ့ ကၽြန္ေတာ္တုိ႔ ေမာ္ဒယ္ေတြကို အတြင္းခန္း က်ယ္၀န္းမႈ၊ ခရီးေ၀း သြားလာႏုိင္မႈ၊ ၀န္တင္ေဆာင္ႏုိင္မႈနဲ႔ တကယ္လုိ႔ ပြဲတက္ အေနနဲ႔ တခါတေလ သံုးရင္လည္း လွပေသသပ္မႈေတြကို ၾကည့္ရပါလိမ့္မယ္။ Shuttleေတြ ေစ်းကြက္ထဲ ၀င္မလာေသးခင္ထိေအာင္ Wishဟာ ျပည္တြင္း MPVေလာကမွာ ၿပိဳင္ဖက္ မရွိ လူႀကိဳက္ အမ်ားဆံုး ေမာ္ဒယ္ ျဖစ္ေပမယ့္ Shuttleက Fitရဲ႕ ေနာက္ဆက္တြဲ မဟုတ္ေပမယ့္ Fitနဲ႔ ရုပ္ထြက္ခ်င္း ဆင္ၿပီး ဆြဲေဆာင္မႈ ေကာင္းတာေၾကာင့္ ေနာက္ပိုင္းမွာ Shuttleေတြ လူစီးမ်ားလာတာ ေတြ႔ရပါတယ္။
အတြင္းခန္း အေနအထားခ်င္း ယွဥ္ၾကည့္ရင္ေတာ့ ေမာ္ဒယ္ အားလံုးက အက်ယ္အ၀န္း၊ အရည္အေသြးနဲ႔ လုိက္ပါ စီးနင္းရ ေကာင္းမြန္မႈ သိပ္မကြာပါဘူး။ ဒါေပမယ့္ Wingroadကေတာ့ ေမာ္ဒယ္နိမ့္ အ၀င္မ်ားတာေၾကာင့္ သက္ေတာင့္သက္သာရွိမႈနဲ႔ ရုပ္ထြက္ပိုင္းေတြမွာ အားနည္းခ်င္ပါတယ္။ ေစ်းနည္းနည္း ခ်ိဳခ်င္တာ တစ္ခုကြဲရင္ Wingroadဟာ ကိုယ္ထည္ပိုင္းမွာ တျခား ေမာ္ဒယ္ေတြထက္ အားနည္းခ်င္ေနပါတာယ္။ Wishက ပိုလွတယ္၊ Shuttleက ဆြဲေဆာင္မႈ ပိုေကာင္းတယ္။ တခုရွိတာက Shuttleက ပြဲတက္ အေနနဲ႔ သံုးမယ္ဆိုရင္ ရုပ္ထြက္က တည္ၿငိမ္မႈ အားနည္းေနခ်င္သလိုပါ။ အခု အပိုင္းမွာေတာ့ Wishကို ႏွာတဖ်ား အသာနဲ႔ ပထမ ေပးလုိက္ခ်င္ပါတယ္။ Shuttleကို ဒုတိယနဲ႔ Wingroadကိုေတာ့ တတိယပဲ ေပးခ်င္ပါတယ္။
အင္ဂ်င္ပိုင္း …
ကၽြန္ေတာ္တုိ႔ အေနနဲ႔ ဘယ္ေမာ္ဒယ္ရဲ႕ အင္ဂ်င္က စြမ္းေဆာင္ရည္ အေကာင္းဆံုးလဲ ဆိုတာ ၾကည့္ေနရံုနဲ႔ မၿပီးပါဘူး။ သူ႔ရဲ႕ အင္ဂ်င္ အရြယ္နဲ႔ စြမ္းေဆာင္ရည္ကို ျပန္ၿပီး ခ်ိန္ဆၾကည့္ဖို႔ လုိအပ္သလို ဆီစားႏႈန္းကိုလည္း ထည့္တြက္ဖုိ႔ လိုအပ္ပါတယ္။ အရင္ဆံုး Wishမွာက ေမာ္ဒယ္စံု ေစ်းကြက္၀င္ေရာက္မႈမွာ ပ်မ္းမွ် အင္ဂ်င္ အရြယ္က ၁.၈လီတာသံုးပါ၊ MPVတစ္စီး အတြက္ ေလေအးေပးစက္သံုးမယ္၊ လိုအပ္ရင္ ခရီးေ၀း ေမာင္းမယ္၊ ၀န္တင္ေဆာင္မယ္၊ လူမ်ားမ်ား စီးမယ္၊ ေတာင္တက္ရႏုိင္တယ္၊ ဒီလို အေနအထားေတြ အတြက္ကေတာ့ အခု Wishရဲ႕ အင္ဂ်င္ အရြယ္က အေနေတာ္ပါပဲ။ ၿမိဳ႕တြင္းသံုး အတြက္လည္း ဆီစားမမ်ားႏုိင္ပါဘူး။ သေဘာက်စရာပါ။ Shuttleကေတာ့ ၁.၃လီတာသံုး အင္ဂ်င္ေတြ အမ်ားဆံုး ေစ်းကြက္မွာ ေတြ႔ရပါတယ္။ Hybridအေနနဲ႔ပါ ရႏုိင္္တာ တစ္ခ်က္ကေတာ့ Wishထက္ ေရြးခ်ယ္ႏုိင္စရာ မ်ားလားေစပါတယ္။ ဒီစနစ္နဲ႔ ေမာ္ဒယ္ရဲ႕ အင္ဂ်င္က စြမ္းေဆာင္ရည္ေကာင္း ျပသလာႏုိင္သလို ဆီစားႏႈန္း အထူးခ်ိဳသာေစပါတယ္။ ခရီးေ၀း ေမာင္းႏွင္မႈ အတြက္လည္း အဆင္ေျပပါတယ္။ Wishေလာက္ေတာ့ စြမ္းေဆာင္ရည္ မေကင္းႏုိင္ပေမယ့္ အဆင္ေျပပါတယ္။ ၿမိဳ႕တြင္း အသံုးမ်ားသူေတြ အေကာင္းဆံုး ေရြးခ်ယ္ဖို႔ သင့္လာပါတယ္။ ေစ်းႏႈန္းပိုင္းလည္း ခ်ိဳသာေတာ့ လက္ခံႏုိင္စရာပါ။ ေနာက္ဆံုး ေျပာရမယ့္ Wingroadကေတာ့ ေမာ္ဒယ္နိမ့္ပဲ အ၀င္မ်ားေနတာ တစ္ခ်က္နဲ႔ အတူ အင္ဂ်င္စနစ္လည္း မ်ားမ်ားစားစား ေရြးခ်ယ္ဖို႔ မရပါဘူး။ ပ်မ္းမွ် ၁.၅လီတာသံုး အင္ဂ်င္ေတြ ရႏုိင္ပါတယ္။ Wishနဲ႔ Shuttleအၾကားက သင့္တင့္တဲ့ အင္ဂ်င္ အရြယ္ပါ။ ၿမိဳ႕တြင္း၊ နယ္ေ၀း သမားေတြ အတြက္ အဆင္ေျပေစပါတယ္။ စြမ္းေဆာင္ရည္လည္း သင့္ပါတယ္။ သင့္ အေနနဲ႔ ေမာ္ဒယ္နိမ့္ကို လက္ခံႏုိင္ရင္ေတာ့ Wingroadကလည္း ေရြးခ်ယ္စရာပါပဲ။ ဒါေပမယ့္ ေမာ္ဒယ္ အမ်ားအျပား ၀င္ေနတဲ့ က်န္တဲ့ ေမာ္ဒယ္ ၂ခုေလာက္ေတာ့ သေဘာမက်မိပါဘူး။ ဒီအပိုင္းမွာေတာ့ Hybridအေနနဲ႔ပါ ရႏုိင္တဲ့ Shuttleကို ႏွာတဖ်ား အသာနဲ႔ ပထမေပးခ်င္ၿပီး Wishကို ဒုတိယန႔ဲ Wingroadကို တတိယေပးခ်င္ပါတယ္္။
ေစ်းကြက္၀င္ အေနအထား …
ေမာ္ဒယ္စံု ေစ်းကြက္၀င္ေရာက္မႈ အပိုင္းမွာေတာ့ ေရြးခ်ယ္ႏုိင္စရာ အမ်ားဆံုးက Wishပါပဲ။ အနည္းဆံုး ေမာ္ဒယ္ခြဲနဲ႔ ေမာ္ဒယ္ႏွစ္အလုိက္ အနည္းဆံုး Wishေမာ္ဒယ္ ၂၀ေလာက္ ေစ်းကြက္မွာ အလြယ္ရႏုိင္ပါတယ္။ ပ်မ္းမွ် ၂၀၀၈ခုႏွစ္ ၀န္းက်င္ထုတ္ ေမာ္ဒယ္ေတြ အ၀င္မ်ားၿပီး အေရာင္စံုလည္း ရႏုိင္ပါတယ္။ ျပည္တြင္းမွာ လူႀကိဳက္မ်ားတဲ့ အျဖဴေရာင္ အျပင္ အနီးစပ္ဆံုး မိုးျပာနဲ႔ ခဲေရာင္ေတြလည္း ၀င္ပါတယ္။ သေဘာက်စရာပါ။ သင္ သံုးမယ့္ ေစ်းႏႈန္း အေနအထားအေပၚကို မူတည္ၿပီး ေမာ္ဒယ္ႏွစ္၊ အေရာင္၊ ေမာ္ဒယ္ခြဲ၊ ေမာင္းႏွင္ၿပီး ကီလုိေတြ ေရြးူခ်ယ္ ၀ယ္ယူႏုိင္မွာပါ။ ပ်မ္းမွ်ေတာ့ ကီလို ၅ေသာင္းကေန ၁သိန္းအတြင္း ေမာ္ဒယ္ေတြ ရႏုိင္ပါတယ္။ Shuttleကလည္း Wishေလာက္ ေမာ္ဒယ္ အမ်ားအျပား မရႏုိင္ေပမယ့္ ေမာ္ဒယ္ခြဲ၊ ေမာ္ဒယ္ႏွစ္ အေနနဲ႔ ၁၀မ်ိဳးေလာက္ ေရြးခ်ယ္ႏုိင္စရာ ေစ်းကြက္မွာ ရႏုိင္ပါတယ္။ အျဖဴေရာင္ အ၀င္နညး္ၿပီး ပုလဲျဖဴ၊ အနက္နဲ႔ ေငြေရာင္ေတြ အလြယ္ရႏုိင္ပါတယ္။ အင္ဂ်င္စနစ္ အစံုနဲ႔ ေမာ္ဒယ္ျမင့္ ၂၀၁၀ခုႏွစ္ထုတ္ ေမာ္ဒယ္ေတြထိေအာင္ Wishထက္ ေစ်းႏႈန္းက ခ်ိဳေနပါတယ္။ သေဘာက်စရာပါ။ Wingroadကေတာ့ ေမာ္ဒယ္ေတြထဲမွာ ေရြးခ်ယ္ႏုိင္စရာနည္းနည္းပဲ ရွိမယ့္ ေမာ္ဒယ္ပါ။ ပ်မ္းမွ် အေနနဲ႔ေတာ့ ၂၀၀၇ခုႏွစ္ ၀န္းက်င္ထုတ္ ေမာ္ဒယ္ေတြ အ၀င္မ်ားပါတယ္။ ေမာ္ဒယ္ ၃ခုလံုးထဲမွာ ေစ်းအခ်ိဳဆံုးနဲ႔ ရႏုိင္တဲ့ ေမာ္ဒယ္ပါ။ ေမာ္ဒယ္ခြဲ၊ အေရာင္ ေရြးခ်ယ္နုိင္မႈေတာ့ အားနည္းပါတယ္။ ပ်မ္းမွ် ကီလို ၈ေသာင္း ၀န္းက်င္ေတြ ျဖစ္ပါတယ္။ ဒီအပိုင္းမွာေတာ့ Wishနဲ႔ Shuttleကို သားေရ ေပးရပါလိမ့္မယ္။ ေရြးခ်ယ္ႏုိင္မႈ အပိုင္းမွာ Wishက အသာရေပမယ့္ ေမာ္ဒယ္ျမင့္ အ၀င္နည္းသလို ေစ်းျမင့္ခ်င္ၿပီး Shuttleကေတာ့ ေရြးခ်ယ္ႏုိင္မႈ Wishထက္ နည္းေပမယ့္ ေမာ္ဒယ္ျမင့္လည္း ရႏိုင္ၿပီး ေစ်းလည္း ခ်ိဳတာေၾကာင့္ပါ။
သံုးသပ္ခ်က္ …
ကၽြန္ေတာ္တုိ႔ တခ်က္ခ်င္း ျပန္ေကာက္မယ္ ဆိုရင္ ကိုုယ္ထည္ပိုင္းမွာ Wishက အသာရတယ္၊ အင္ဂ်င္ပိုင္းမွာ Shuttleက အသာရတယ္၊ ေစ်းကြက္၀င္ အေနအထားမွာ ေမာ္ဒယ္ ၂ခုက သားေရ က်တယ္။ Wingroadကေတာ့ ေမာ္ဒယ္နိမ့္ ေစ်းကြက္၀င္မႈနဲ႔ ေရြးခ်ယ္ႏို္င္စရာ ေမာ္ဒယ္ခြဲ နည္းပါးမႈက စိတ္ႀကိဳက္ ျဖစ္ေစမႈ ရွိမလာခဲ့ပါဘူး။ ဒါဆို ဘယ္ေမာ္ဒယ္ကို ေရြးခ်ယ္သင့္သလဲ ဆိုတဲ့ စဥ္းစားမႈမွာ Wingroadကို ဖယ္ထားၿပီး Wishနဲ႔ Shuttleကိုပဲ ျပန္ၿပီး စဥ္းစား ေရြးခ်ယ္ရေအာင္ပါ။ အင္ဂ်င္ပုိင္း စြမ္းေဆာင္ရည္မွာ ဘက္စံုသံုး အေနန႔ဲ Wishက သာပါတယ္၊ ဆီစားႏႈန္းမွာ Shuttleက ခ်ိဳေပမယ့္ Wishေလာက္ လမ္းေၾကာင္းစံု သံုးဖို႔ မေျပႏုိင္ပါဘူး၊ ေမာ္ဒယ္စံု ရႏုိင္မႈ အေနအထားမွာ Wishက အရည္အေသြး စိတ္ခ်ရေပမယ့္ ေမာ္ဒယ္နိမ့္ေနပါတယ္။ Shuttleကေတာ့ ၂၀၁၀ခုႏွစ္နဲ႔ ေနာက္ပိုင္းထုတ္ ေမာ္ဒယ္ျမင့္ေတြကို ရႏုိင္ပါတယ္။
၂၁၀၄ေမာ္ဒယ္ေလာက္ထိေအာင္ လြယ္လြယ္ရႏုိ္င္ေနတာပါ။ ေစ်းႏႈန္းပိုင္း တခ်က္ျပန္ၾကည့္ရင္ Wishက ေမာ္ဒယ္ နိမ့္ေနေပမယ့္ ေစ်းႏႈန္းက အျမင့္ဆံုး ျဖစ္ေနပါတယ္။ Shuttleရဲ႕ ၂၀၁၄ေမာ္ဒယ္ေတြထက္ကိုပဲ Wishရဲ႕ ၂၀၀၈ခုႏွစ္ ေမာ္ဒယ္ေတြက ပိုခ်င္ေနတာပါ။ အတြင္းခန္း၊ အရည္အေသြးနဲ႔ စိတ္ခ်ရမႈ အရေတာ့ Wishက ပိုေကာင္းေပမယ့္ ေမာ္ဒယ္ျမင့္ အေနအထားနဲ႔ ရနုိင္တဲ့ Shuttleကို ေဘးဖယ္ မထားခ်င္မိပါဘူး။ ကၽြန္ေတာ့္ အျမင္မွာေတာ့ လူအမ်ားစုဟာ ခရီးေ၀း ထြက္သည့္တိုင္ေအာင္ ကိုယ္ပိုင္ကားနဲ႔ ထြက္မႈက ရာခိုင္ႏႈန္း အမ်ားဆံုး မဟုတ္ေသးပဲ အမ်ားစုကေတာ့ အိမ္စီး၊ ၿမိဳ႕တြင္းသံုး အေနနဲ႔ သုံုးေနၾကတ့ဲ အခ်ိန္မွာ ေစ်းလည္း ခ်ိဳမယ္၊ ဆီစားခ်ိဳမယ္။ စြမ္းေဆာင္ရည္ သင့္မယ္၊ ေမာ္ဒယ္ျမင့္လည္း ရႏုိင္မယ့္ Shuttleကို ဦးစားေပး ေရြးခ်ယ္ခ်င္ၿပီး သူ႔ေနက္မွာပဲ Wishကို ဒုတိယ ေပးလိုက္ခ်င္ပါတယ္ဗ်ာ။
လင္းထက္ (IA)