ဒီတခါတော့ လူကြိုက်များ တန်ဖိုးနည်း မော်ဒယ်တွေထွက် နည်းနည်းပိုပြီး စျေးလည်း မြင့်မယ့် ဇိမ်ခံ အဖြစ်ရော အိမ်စီး အဖြစ်ပါ အကောင်းဆုံး အသုံးဝင်နေတဲ့ Superminiတွေ အကြောင်း ပြောချင်ပါတယ်။ ဒီထဲမှာ Mazda 2ပါလာတာကတော့ ပြည်တွင်းက Mazda 2ကို Demioအဖြစ်ပါ လူသိများထားတဲ့ သူတွေက သိပ်ကြိုက်ချင်မှာ မဟုတ်ပေမယ့် မော်ဒယ်ကို နောက်ပိုင်း အဆင့်မြှင့်ပြီး အကောင်းဆုံး ထုတ်လုပ်လာမှုတွေက အခု ၂၀၁၇ခုနှစ် အတွက် အကောင်းဆုံး Superminiစာရင်းမှာတောင် ပါရှိလာတာကြောင့် တန်းမြင့် Poloလို မော်ဒယ်တွေနဲ့ အတူတူ ထားပြီး ဘယ်မော်ဒယ်က အကောင်းဆုံး ဖြစ်မလဲ ဆိုတာ ယှဉ်ကြည့်ချင်လာခဲ့တာပါ။ ကောင်းပါပြီ၊ ဆက်ကြည့်ရအောင်ပါ။
အားသာချက် …
Polo – ဒီဇိုင်း လှပကောင်းမွန်တယ်၊ အရည်အသွေးမြင့်တယ်၊ အင်ဂျင်ပိုင်း စွမ်းဆောင်ရည်မြင့်တယ်
i20 – ရုပ်ထွက် ဆွဲဆောင်မှု ကောင်းမွန်တယ်၊ စျေးချိုတယ်၊ ဆီစားနှုန်း ချိုသာတယ်
2 – ကိုယ်ထည်ပိုင်း အရည်အသွေးကောင်းမွန်လာတယ်၊ အင်ဂျင်ပိုင်း စွမ်းဆောင်ရည်ကောင်းတယ်၊ အပိုပစ္စည်းလွယ်တယ်
အားနည်းချက် …
Polo – အပိုပစ္စည်း နည်းနည်း စျေးမြင့်ချင်တယ်၊ ဆီစားနှုန်း အသင့်ပဲ ရှိတယ်၊ စျေးမြင့်တယ်
i20 – ကိုယ်ထည်ပိုင်း အားနည်းချင်တယ်၊ ဆေးသားပိုင်း အားနည်းချင်တယ်၊ အပိုပစ္စည်း ရှားချင်တယ်
2 – မော်ဒယ်မြင့်တွေမှာ စျေးနှုန်းမြင့်ချင်တယ်၊ ဆက်စပ်ပစ္စည်းစျေးမြင့်တယ်၊ လမ်းကြမး်ပိုင်း အားနည်းချင်တယ်
ကိုယ်ထည်ပိုင်း …
မော်ဒယ် ၃ခုဟာ နိုင်ငံ တနိုင်ငံစီမှာ အခြေစိုက် ထားတဲ့ ကုမဏီတွေကနေ ထုတ်လုပ်လာခြင်းပါ။ သက်တမ်းတွေအရရော ထုတ်လုပ်လာမှု အရည်အသွေးပိုင်းတွေ အရရော ကြည့်မယ်ဆိုရင် လက်ရှိ ကမ္ဘာ့ မော်တော်ကား အစီးရေ အများဆုံး ရောင်းချနိုင်သူ နေရာကို Toyotaဆီကနေ လက်လွှဲရယူထားနိုင်တဲ့ VWရဲ့ မော်ဒယ်က အားအကောင်းဆုံးပါ။ ရုပ်ထွက် တည်ငြိမ်တယ်၊ မာကျောတယ်၊ ဇိမ်ခံ အဖြစ်တောင် သုံးနိုင်လောကင်အောင် အတွင်းခန်း သေသပ်တယ်၊ ကောင်းမွန်တယ်၊ စိတ်ချရပါတယ်။ Hyundaiရဲ့ မော်ဒယ်က အခု နောက်ပိုင်း စျေးကွက်မှာ အောင်မြင်မှု ရအောင် ဖန်တီး ကြိုးစားနေတာ တွေ့ရပေမယ့် ဒီမော်ဒယ်နဲ့ ပတ်သတ်ပြီး နှစ်ကာလ ရှည်ကြာအောင် စိတ်ကြိုက်ဖြစ်ထားမှု မရှိသေးသလို ကိုရီးယားကား အများစုမှာ ကိုယ်ထည်ပိုင်း နည်းနည်း ပျော့ချင်တယ်လို့ မြင်မိတာကြောင့် 2လောက်တောင် စိတ်ကြိုက် မဖြစ်မိပါဘူး။ ဒါပေမယ့် ဆွဲဆောင်မှုကတော့ i20က တော်တော်လေးကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဆွဲဆောင်မှုထက် အရည်အသွေးကို ပိုပြီး ကြည့်နေတဲ့ အနေအထားမှာတော့ အခု ကိုယ်ထည်ပိုင်းကို Poloကို ပထမ ပေးချင်ပြီး 2ကို ဒုတိယနဲ့ ၂၀၀၈ခုနှစ်ကမှ စတင် ထုတ်လုပ်နေတဲ့ i20ကို တတိယပဲ ပေးချင်မိပါတယ်။
အင်ဂျင်ပိုင်း …
၁၉၇၅ခုနှစ်ကတည်းက ထုတ်လုပ်လာခဲ့တဲ့ Poloက မျိုးဆက်ပြောင်းလဲထုတ်လုပ်မှု ၅ကြိမ်တောင် ရှိထားပြီ၊ အခုနောက်ဆုံးထုတ် မျိုးဆက်ကို ၂၀၀၉ခုနှစ်ကနေ အခုနှစ်အတွက်ထိအောင် ထုတ်လုပ်နေတယ်၊ အင်ဂျင်ပိုင်းမှာ ၁.၂လီတာသုံး အင်ဂျင်ကနေ ၁.၄လီတာသုံး၊ ၁.၆လီတာသုံး ပုံစံ ၈မျိုးထိအောင် ခွဲခြား ထုတ်လုပ်ထားလို့ ရွေးချယ်နိုင်စရာ အများအပြား ရနိုင်ပါတယ်။ 2မော်ဒယ်ကတော့ ၁၉၉၆ခုနှစ်ကနေ စတင် ထုတ်လုပ်လာခဲ့တယ်။ မျိုးဆက် ၄ဆက်ပြောင်းလဲ ထုတ်လုပ်ထားပြီး အခု နောက်ဆုံး ထုတ်လုပ်နေတဲ့ စတုတ္ထမြောက် မျိုးဆက်က ၂၀၁၄ခုနှစ်ကနေ စတင် ထုတ်လုပ်နေတာပါ။ SkyActivနည်းပညာ အားကိုးနဲ့ Mazdaက မော်ဒယ်ကို အင်ဂျင်စနစ်မှာ ၁.၃လီတာသုံးနဲ့ ၁.၅လီတာသုံး ပုံစံ ၃မျိုးပဲ ရွေးချယ်နို်င်အောင် ထုတ်လုပ်တာတွေ့ရပါတယ်။ ဆီစားနှုန်း ချိုသာလာသလို စွမ်းအင်ထုတ်လုပ်မှုလည်း ကောင်းလာပေမယ့် ရွေးချယ်နို်င်စရာတော့ နည်းနေပါသေးတယ်။ i20ကတော့ Getzမော်ဒယ်ရဲ့ နေရာကို အစားထိုး ထုတ်လုပ်လာခြင်း ဖြစ်ပြီး သက်တမ်းနု အနေအထားမှာ မော်ဒယ်က ၂၀၀၈ကနေ အခုချိန်ထိအောင် မျိုးဆက် ၂ဆက်ပဲ ပြောင်းလဲ ထုတ်လုပ်ထားပါသေးတယ်။ ဒုတိယ မျိုးဆက်ကို ၂၀၁၄ခုနှစ်ကနေ စတင် ထွက်ရှိလာပြီး အင်ဂျင်စနစ်မှာ အသေးစား ၁.၀လီတာသုံး အင်ဂျင်ကနေ ၁.၁လီတာသုံး၊ ၁.၂လီတာသုံး၊ ၁.၂၅လီတာသုံးနဲ့ ၁.၄လီတာသုံးတွေ အဖြစ် ပုံစံ ၅မျိုး ရနိုင်တာ တွေ့ရပါတယ်။ မြို့တွင်းသုံး မော်ဒယ် အနေနဲ့ အကောင်းဆုံး ရွေးချယ်နို်င်စရာ ဖြစ်လာပြီး ဒီအပိုင်းမှာလည်း စွမ်းဆောင်ရည်ရော ရွေးချယ်နိုင်စရာပါ ကောင်းမွန်များပြားတဲ့ Poloကိုပဲ ပထမ ပေးရမှာပါ။ 2ကိုတော့ နည်းပညာပိုင်း သဘောကျပေမယ့် ရွေးချယ်နိုင်စရာနည်းလို့ တတိယပဲ ပေးချင်ပြီး i20ကို အခု အပိုင်းမှာ ဒုတိယ ထားချင်မိပါတယ်။
စျေးကွက်ဝင် အနေအထား …
ပြည်တွင်း စျေးကွက်မှာ အများဆုံး ၀င်ရောက်နေတဲ့ Usedကားတွေကတော့ ဂျပန်ကားတွေပါ။ ဆိုလိုရင်းကတော့ 2လို မော်ဒယ်တွေပါ။ မော်ဒယ်နိမ့်ကနေ မော်ဒယ်မြင့်ထိအောင် စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။ စျေးနှုန်း အစုံ၊ ကီလို အစုံ၊ အနေအထား အစုံနဲ့ ရနိုင်ပါတယ်။ ဒါပေမယ့် မော်ဒယ်မြင့် 2ကတော့ အဝင် နည်းပါသေးတယ်။ စျေးနှုန်းတော့ ချိုပါတယ်။ Poloကတော့ ၂၀၁၀ခုနှစ် ၀န်းကျင်ထုတ် မော်ဒယ်တွေ အဝင်များပါတယ်။ မော်ဒယ်ခွဲ ရွေးချယ်နိုင်စရာ 2လောက် များများစားစား မဝင်ပေမယ့် စျေးကွက် တစ်ခု ကောင်းကောင်း ရှိနေပါတယ်။ စျေးနှုန်းတော့ မြင့်ပါတယ်။ ပြည်တွင်းမှာ VWအရောင်းပြခန်း မရှိသေးပေမယ့် VWအစီးများလို့ အပို ပစ္စည်း အရမ်းတော့ မရှားပါဘူး။ i20ကတော့ Usedအနေနဲ့ ၀င်ရောက်မှု တော်တော်လေး နည်းပါတယ်။ ကိုရီးယားကားတွေ လွန်ခဲ့တဲ့ ၃နှစ်လောက်က လူကြိုက်များခဲ့ပေမယ့် အခုတော့ ကိုရီးယား Usedကားကို စျေးကွက်က သိပ်မကြိုက်ကြပြန်ပါဘူး။ i20ကိုလည်း အသစ် အနေနဲ့ပဲ ရနိုင်မှု များတာ တွေ့ရပါတယ်။ ဒီ့အတွက် အသစ် ဒါမှမဟုတ် မော်ဒယ်မြင့် အနေအထားမှာ i20တွေက စျေးမြင့်နေပါတယ်။ ရွေးချယ်နိုင်မှု အားကောင်းတဲ့ 2ကို အခု အပိုင်းမှာ ပထမ ပေးရမှာ ဖြစ်ပြီး Poloကို ဒုတိယနဲ့ i20ကို တတိယပဲ ပေးနိုင်မှာ ဖြစ်ပါတယ်။
သုံးသပ်ချက် …
နေရာရသလောက်တော့ အတတ်နို်င်ဆုံး အရေးကြီးတဲ့ အပိုင်းတွေကို ပြောလာခဲ့ပါပြီနော်။ ဒီအနေအထားထိအောင်တော့ အပိုင်း တစ်ခုချင်းစီမှာ ပထမ အများဆုံး ရထားတဲ့ Poloက အကောင်းဆုံး မော်ဒယ် ဆိုတာ သတ်မှတ်ဖို့ ဖြစ်လာနေပြီး Usedကားစျေးကွက်တစ်ခုတည်းတင် မဟုတ်ပဲ အသစ် အနေအထား၊ မော်ဒယ်မြင့်ကားတွေကိုပါ ခေတ်ကောင်းလာရင်တော့ i20က ရွေးချယ်ဖို့ အကောင်းဆုံး မော်ဒယ်တစ်ခု အနေနဲ့ ပြိုင်ဖက် မော်ဒယ်တွေကို ကောင်းကောင်း ယှဉ်နိုင်လာဖို့ ရှိပေမယ့် အခုတော့ ဂျပန်မော်ဒယ် 2ကိုတောင် ကျော်တက်ဖို့ မလွယ်ချင်တာကြောင့် ဒုတိယ နေရာကို 2ကို ပေးချင်ပြီး သက်တမ်းနု i20ကိ်ုတော့ မော်ဒယ်ကောင်း ဆိုတာ မငြင်းနိုင်ပေမယ့် စျေးကွက် အနေအထားကြောင့် တတိယ နေရာပဲ ပေးချင်ပါတယ်။ ဒါပေမယ့် စဉ်းစားစရာ ရှိတာက သင့် အနေနဲ့ Usedကားကို ရွေးချယ်မှာလား၊ အသစ်အနေအထားကို လိုချင်တာပါလား။
ပြည်တွင်း အနေအထားအတွက်ကတော့ သင့် အနေနဲ့ အသစ်ကိုပဲ လိုချင်တယ် ဆိုရင် VWရဲ့ မော်ဒယ်ကို ရနိုင်ဖို့ နည်းနည်း ခက်ချင်ပါတယ်။ 2နဲ့ i20ကတော့ အသင့် ရနိုင်နေမှာပါ။ ပြီးတော့ 2က အင်ဂျင်နည်းပညာ ကောင်းတယ်၊ သဘာကျစရာ ဖြစ်ပေမယ့် i20ဆိုတာကလည်း အာမခံ အပိုင်းမှာ တခြား မော်ဒယ်တွေထက် အာမခံ နှစ် ကောင်းကောင်းပေးထားတဲ့ မော်ဒယ်ပါ။ အသစ် အနေအထား လိုချင်သူတွေ အတွက်ဆိုရင်တော့ မြို့တွင်းသုံး အတွက် i20ဟာ အကောင်းဆုံး ဖြစ်မယ်လို့ ဆိုချင်ပြီး လမ်းစုံသုံးမယ့်သူတွေ အတွက် 2ကို အားပေးချင်ပါတယ်။
Usedတွေပဲ လိုချင်တယ်၊ လေ့လာနေသူတွေ အတွက်ကတော့ Poloဟာ အရည်အသွေးကောင်း ကားတစ်စီး အနေနဲ့ စျေးကွက်ထဲမှာ ရနိုင်နေတဲ့ မော်ဒယ်ကောင်းပါ။ 2ကို မော်ဒယ်မြင့် အနေအထား ရှာမယ် ဆိုရင်လည်း Poloလောက် စျေးနှုန်းသွားကျတာပါပဲ။ တစ်ခု ရှိတာက Poloက ဇိမ်ခံ အနေလောက်နဲ့ အထိအောင်ပါ သုံးနိုင်လောက်အောင် စိတ်ချရမှုနဲ့ ရေရှည် အတွက်လည်း ကောင်းနိုင်တာကြောင့် သူ့ကို အခု မော်ဒယ်တွေထဲမှာ ရွေးချယ်ဖို့ အကောင်းဆုံး မော်ဒယ် အဖြစ် သတ်မှတ်ချင်ပြီး ကျန် 2နဲ့ i20ကိုတော့ မြို့တွင်းသုံးနဲ့ လမ်းစုံသုံး၊ မိမိရဲ့ အသုံးလိုမှု အပေါ်မှာ ရွေးချယ်ဝယ်ယူတာ အကောင်းဆုံး ဖြစ်မယ်လို့ ဆိုချင်ပါတယ်။
လင်းထက် (IA)
Unicode version..
Zawgyi version…
ဒီတခါေတာ့ လူႀကိဳက္မ်ား တန္ဖိုးနည္း ေမာ္ဒယ္ေတြထြက္ နည္းနည္းပိုၿပီး ေစ်းလည္း ျမင့္မယ့္ ဇိမ္ခံ အျဖစ္ေရာ အိမ္စီး အျဖစ္ပါ အေကာင္းဆံုး အသံုး၀င္ေနတဲ့ Superminiေတြ အေၾကာင္း ေျပာခ်င္ပါတယ္။ ဒီထဲမွာ Mazda 2ပါလာတာကေတာ့ ျပည္တြင္းက Mazda 2ကို Demioအျဖစ္ပါ လူသိမ်ားထားတ့ဲ သူေတြက သိပ္ႀကိဳက္ခ်င္မွာ မဟုတ္ေပမယ့္ ေမာ္ဒယ္ကို ေနာက္ပိုင္း အဆင့္ျမွင့္ၿပီး အေကာင္းဆံုး ထုတ္လုပ္လာမႈေတြက အခု ၂၀၁၇ခုႏွစ္ အတြက္ အေကာင္းဆံုး Superminiစာရင္းမွာေတာင္ ပါရွိလာတာေၾကာင့္ တန္းျမင့္ Poloလုိ ေမာ္ဒယ္ေတြနဲ႔ အတူတူ ထားၿပီး ဘယ္ေမာ္ဒယ္က အေကာင္းဆံုး ျဖစ္မလဲ ဆိုတာ ယွဥ္ၾကည့္ခ်င္လာခဲ့တာပါ။ ေကာင္းပါၿပီ၊ ဆက္ၾကည့္ရေအာင္ပါ။
အားသာခ်က္ …
Polo – ဒီဇိုင္း လွပေကာင္းမြန္တယ္၊ အရည္အေသြးျမင့္တယ္၊ အင္ဂ်င္ပိုင္း စြမ္းေဆာင္ရည္ျမင့္တယ္
i20 – ရုပ္ထြက္ ဆြဲေဆာင္မႈ ေကာင္းမြန္တယ္၊ ေစ်းခ်ိဳတယ္၊ ဆီစားႏႈန္း ခ်ိဳသာတယ္
2 – ကိုယ္ထည္ပိုင္း အရည္အေသြးေကာင္းမြန္လာတယ္၊ အင္ဂ်င္ပိုင္း စြမ္းေဆာင္ရည္ေကာင္းတယ္၊ အပိုပစၥည္းလြယ္တယ္
အားနည္းခ်က္ …
Polo – အပိုပစၥည္း နည္းနည္း ေစ်းျမင့္ခ်င္တယ္၊ ဆီစားႏႈန္း အသင့္ပဲ ရွိတယ္၊ ေစ်းျမင့္တယ္
i20 – ကိုယ္ထည္ပိုင္း အားနည္းခ်င္တယ္၊ ေဆးသားပိုင္း အားနည္းခ်င္တယ္၊ အပိုပစၥည္း ရွားခ်င္တယ္
2 – ေမာ္ဒယ္ျမင့္ေတြမွာ ေစ်းႏႈန္းျမင့္ခ်င္တယ္၊ ဆက္စပ္ပစၥည္းေစ်းျမင့္တယ္၊ လမ္းၾကမး္ပိုင္း အားနည္းခ်င္တယ္
ကိုယ္ထည္ပိုင္း …
ေမာ္ဒယ္ ၃ခုဟာ ႏုိင္ငံ တႏုိင္ငံစီမွာ အေျခစိုက္ ထားတဲ့ ကုမဏီေတြကေန ထုတ္လုပ္လာျခင္းပါ။ သက္တမ္းေတြအရေရာ ထုတ္လုပ္လာမႈ အရည္အေသြးပိုင္းေတြ အရေရာ ၾကည့္မယ္ဆိုရင္ လက္ရွိ ကမာၻ႔ ေမာ္ေတာ္ကား အစီးေရ အမ်ားဆံုး ေရာင္းခ်ႏုိင္သူ ေနရာကို Toyotaဆီကေန လက္လႊဲရယူထားႏိုင္တဲ့ VWရဲ႕ ေမာ္ဒယ္က အားအေကာင္းဆံုးပါ။ ရုပ္ထြက္ တည္ၿငိမ္တယ္၊ မာေက်ာတယ္၊ ဇိမ္ခံ အျဖစ္ေတာင္ သံုးႏုိင္ေလာကင္ေအာင္ အတြင္းခန္း ေသသပ္တယ္၊ ေကာင္းမြန္တယ္၊ စိတ္ခ်ရပါတယ္။ Hyundaiရဲ႕ ေမာ္ဒယ္က အခု ေနာက္ပိုင္း ေစ်းကြက္မွာ ေအာင္ျမင္မႈ ရေအာင္ ဖန္တီး ႀကိဳးစားေနတာ ေတြ႔ရေပမယ့္ ဒီေမာ္ဒယ္နဲ႔ ပတ္သတ္ၿပီး ႏွစ္ကာလ ရွည္ၾကာေအာင္ စိတ္ႀကိဳက္ျဖစ္ထားမႈ မရွိေသးသလို ကိုရီးယားကား အမ်ားစုမွာ ကိုယ္ထည္ပိုင္း နည္းနည္း ေပ်ာ့ခ်င္တယ္လုိ႔ ျမင္မိတာေၾကာင့္ 2ေလာက္ေတာင္ စိတ္ႀကိဳက္ မျဖစ္မိပါဘူး။ ဒါေပမယ့္ ဆြဲေဆာင္မႈကေတာ့ i20က ေတာ္ေတာ္ေလးေကာင္းပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တုိ႔ ဆြဲေဆာင္မႈထက္ အရည္အေသြးကို ပိုၿပီး ၾကည့္ေနတဲ့ အေနအထားမွာေတာ့ အခု ကိုယ္ထည္ပိုင္းကို Poloကို ပထမ ေပးခ်င္ၿပီး 2ကို ဒုတိယနဲ႔ ၂၀၀၈ခုႏွစ္ကမွ စတင္ ထုတ္လုပ္ေနတဲ့ i20ကို တတိယပဲ ေပးခ်င္မိပါတယ္။
အင္ဂ်င္ပိုင္း …
၁၉၇၅ခုႏွစ္ကတည္းက ထုတ္လုပ္လာခဲ့တဲ့ Poloက မ်ိဳးဆက္ေျပာင္းလဲထုတ္လုပ္မႈ ၅ႀကိမ္ေတာင္ ရွိထားၿပီ၊ အခုေနာက္ဆံုးထုတ္ မ်ိဳးဆက္ကို ၂၀၀၉ခုႏွစ္ကေန အခုႏွစ္အတြက္ထိေအာင္ ထုတ္လုပ္ေနတယ္၊ အင္ဂ်င္ပိုင္းမွာ ၁.၂လီတာသံုး အင္ဂ်င္ကေန ၁.၄လီတာသံုး၊ ၁.၆လီတာသံုး ပံုစံ ၈မ်ိဳးထိေအာင္ ခြဲျခား ထုတ္လုပ္ထားလို႔ ေရြးခ်ယ္ႏုိင္စရာ အမ်ားအျပား ရႏုိင္ပါတယ္။ 2ေမာ္ဒယ္ကေတာ့ ၁၉၉၆ခုႏွစ္ကေန စတင္ ထုတ္လုပ္လာခ့ဲတယ္။ မ်ိဳးဆက္ ၄ဆက္ေျပာင္းလဲ ထုတ္လုပ္ထားၿပီး အခု ေနာက္ဆံုး ထုတ္လုပ္ေနတဲ့ စတုတၳေျမာက္ မ်ိဳးဆက္က ၂၀၁၄ခုႏွစ္ကေန စတင္ ထုတ္လုပ္ေနတာပါ။ SkyActivနည္းပညာ အားကိုးနဲ႔ Mazdaက ေမာ္ဒယ္ကို အင္ဂ်င္စနစ္မွာ ၁.၃လီတာသံုးနဲ႔ ၁.၅လီတာသံုး ပံုစံ ၃မ်ိဳးပဲ ေရြးခ်ယ္ႏုိ္င္ေအာင္ ထုတ္လုပ္တာေတြ႔ရပါတယ္။ ဆီစားႏႈန္း ခ်ိဳသာလာသလို စြမ္းအင္ထုတ္လုပ္မႈလည္း ေကာင္းလာေပမယ့္ ေရြးခ်ယ္ႏုိ္င္စရာေတာ့ နည္းေနပါေသးတယ္။ i20ကေတာ့ Getzေမာ္ဒယ္ရဲ႕ ေနရာကို အစားထိုး ထုတ္လုပ္လာျခင္း ျဖစ္ၿပီး သက္တမ္းႏု အေနအထားမွာ ေမာ္ဒယ္က ၂၀၀၈ကေန အခုခ်ိန္ထိေအာင္ မ်ိဳးဆက္ ၂ဆက္ပဲ ေျပာင္းလဲ ထုတ္လုပ္ထားပါေသးတယ္။ ဒုတိယ မ်ိဳးဆက္ကို ၂၀၁၄ခုႏွစ္ကေန စတင္ ထြက္ရွိလာၿပီး အင္ဂ်င္စနစ္မွာ အေသးစား ၁.၀လီတာသံုး အင္ဂ်င္ကေန ၁.၁လီတာသံုး၊ ၁.၂လီတာသံုး၊ ၁.၂၅လီတာသံုးနဲ႔ ၁.၄လီတာသံုးေတြ အျဖစ္ ပံုစံ ၅မိ်ဳး ရႏုိင္တာ ေတြ႔ရပါတယ္။ ၿမိဳ႕တြင္းသံုး ေမာ္ဒယ္ အေနနဲ႔ အေကာင္းဆံုး ေရြးခ်ယ္ႏုိ္င္စရာ ျဖစ္လာၿပီး ဒီအပိုင္းမွာလည္း စြမ္းေဆာင္ရည္ေရာ ေရြးခ်ယ္ႏုိင္စရာပါ ေကာင္းမြန္မ်ားျပားတဲ့ Poloကိုပဲ ပထမ ေပးရမွာပါ။ 2ကိုေတာ့ နည္းပညာပိုင္း သေဘာက်ေပမယ့္ ေရြးခ်ယ္ႏိုင္စရာနည္းလုိ႔ တတိယပဲ ေပးခ်င္ၿပီး i20ကို အခု အပိုင္းမွာ ဒုတိယ ထားခ်င္မိပါတယ္။
ေစ်းကြက္၀င္ အေနအထား …
ျပည္တြင္း ေစ်းကြက္မွာ အမ်ားဆံုး ၀င္ေရာက္ေနတဲ့ Usedကားေတြကေတာ့ ဂ်ပန္ကားေတြပါ။ ဆိုလိုရင္းကေတာ့ 2လို ေမာ္ဒယ္ေတြပါ။ ေမာ္ဒယ္နိမ့္ကေန ေမာ္ဒယ္ျမင့္ထိေအာင္ စိတ္ႀကိဳက္ ေရြးခ်ယ္ႏုိင္ပါတယ္။ ေစ်းႏႈန္း အစံု၊ ကီလို အစံု၊ အေနအထား အစံုနဲ႔ ရႏုိင္ပါတယ္။ ဒါေပမယ့္ ေမာ္ဒယ္ျမင့္ 2ကေတာ့ အ၀င္ နည္းပါေသးတယ္။ ေစ်းႏႈန္းေတာ့ ခ်ိဳပါတယ္။ Poloကေတာ့ ၂၀၁၀ခုႏွစ္ ၀န္းက်င္ထုတ္ ေမာ္ဒယ္ေတြ အ၀င္မ်ားပါတယ္။ ေမာ္ဒယ္ခြဲ ေရြးခ်ယ္ႏိုင္စရာ 2ေလာက္ မ်ားမ်ားစားစား မ၀င္ေပမယ့္ ေစ်းကြက္ တစ္ခု ေကာင္းေကာင္း ရွိေနပါတယ္။ ေစ်းႏႈန္းေတာ့ ျမင့္ပါတယ္။ ျပည္တြင္းမွာ VWအေရာင္းျပခန္း မရွိေသးေပမယ့္ VWအစီးမ်ားလို႔ အပို ပစၥည္း အရမ္းေတာ့ မရွားပါဘူး။ i20ကေတာ့ Usedအေနန႔ဲ ၀င္ေရာက္မႈ ေတာ္ေတာ္ေလး နည္းပါတယ္။ ကိုရီးယားကားေတြ လြန္ခဲ့တဲ့ ၃ႏွစ္ေလာက္က လူႀကိဳက္မ်ားခဲ့ေပမယ့္ အခုေတာ့ ကိုရီးယား Usedကားကို ေစ်းကြက္က သိပ္မႀကိဳက္ၾကျပန္ပါဘူး။ i20ကုိလည္း အသစ္ အေနနဲ႔ပဲ ရႏုိင္မႈ မ်ားတာ ေတြ႔ရပါတယ္။ ဒီ့အတြက္ အသစ္ ဒါမွမဟုတ္ ေမာ္ဒယ္ျမင့္ အေနအထားမွာ i20ေတြက ေစ်းျမင့္ေနပါတယ္။ ေရြးခ်ယ္ႏုိင္မႈ အားေကာင္းတဲ့ 2ကို အခု အပိုင္းမွာ ပထမ ေပးရမွာ ျဖစ္ၿပီး Poloကို ဒုတိယနဲ႔ i20ကို တတိယပဲ ေပးႏုိင္မွာ ျဖစ္ပါတယ္။
သံုးသပ္ခ်က္ …
ေနရာရသေလာက္ေတာ့ အတတ္ႏို္င္ဆံုး အေရးႀကီးတဲ့ အပိုင္းေတြကို ေျပာလာခဲ့ပါၿပီေနာ္။ ဒီအေနအထားထိေအာင္ေတာ့ အပိုင္း တစ္ခုခ်င္းစီမွာ ပထမ အမ်ားဆံုး ရထားတဲ့ Poloက အေကာင္းဆံုး ေမာ္ဒယ္ ဆိုတာ သတ္မွတ္ဖို႔ ျဖစ္လာေနၿပီး Usedကားေစ်းကြက္တစ္ခုတည္းတင္ မဟုတ္ပဲ အသစ္ အေနအထား၊ ေမာ္ဒယ္ျမင့္ကားေတြကိုပါ ေခတ္ေကာင္းလာရင္ေတာ့ i20က ေရြးခ်ယ္ဖို႔ အေကာင္းဆံုး ေမာ္ဒယ္တစ္ခု အေနနဲ႔ ၿပိဳင္ဖက္ ေမာ္ဒယ္ေတြကို ေကာင္းေကာင္း ယွဥ္ႏိုင္လာဖုိ႔ ရွိေပမယ့္ အခုေတာ့ ဂ်ပန္ေမာ္ဒယ္ 2ကိုေတာင္ ေက်ာ္တက္ဖုိ႔ မလြယ္ခ်င္တာေၾကာင့္ ဒုတိယ ေနရာကို 2ကို ေပးခ်င္ၿပီး သက္တမ္းႏု i20ကိ္ုေတာ့ ေမာ္ဒယ္ေကာင္း ဆိုတာ မျငင္းႏုိင္ေပမယ့္ ေစ်းကြက္ အေနအထားေၾကာင့္ တတိယ ေနရာပဲ ေပးခ်င္ပါတယ္။ ဒါေပမယ့္ စဥ္းစားစရာ ရွိတာက သင့္ အေနနဲ႔ Usedကားကို ေရြးခ်ယ္မွာလား၊ အသစ္အေနအထားကို လိုခ်င္တာပါလား။
ျပည္တြင္း အေနအထားအတြက္ကေတာ့ သင့္ အေနနဲ႔ အသစ္ကိုပဲ လုိခ်င္တယ္ ဆုိရင္ VWရဲ႕ ေမာ္ဒယ္ကို ရႏုိင္ဖို႔ နည္းနည္း ခက္ခ်င္ပါတယ္။ 2နဲ႔ i20ကေတာ့ အသင့္ ရႏုိင္ေနမွာပါ။ ၿပီးေတာ့ 2က အင္ဂ်င္နည္းပညာ ေကာင္းတယ္၊ သဘာက်စရာ ျဖစ္ေပမယ့္ i20ဆိုတာကလည္း အာမခံ အပိုင္းမွာ တျခား ေမာ္ဒယ္ေတြထက္ အာမခံ ႏွစ္ ေကာင္းေကာင္းေပးထားတဲ့ ေမာ္ဒယ္ပါ။ အသစ္ အေနအထား လုိခ်င္သူေတြ အတြက္ဆိုရင္ေတာ့ ၿမိဳ႕တြင္းသံုး အတြက္ i20ဟာ အေကာင္းဆံုး ျဖစ္မယ္လုိ႔ ဆိုခ်င္ၿပီး လမ္းစံုသံုးမယ့္သူေတြ အတြက္ 2ကို အားေပးခ်င္ပါတယ္။
Usedေတြပဲ လိုခ်င္တယ္၊ ေလ့လာေနသူေတြ အတြက္ကေတာ့ Poloဟာ အရည္အေသြးေကာင္း ကားတစ္စီး အေနနဲ႔ ေစ်းကြက္ထဲမွာ ရႏိုင္ေနတဲ့ ေမာ္ဒယ္ေကာင္းပါ။ 2ကို ေမာ္ဒယ္ျမင့္ အေနအထား ရွာမယ္ ဆိုရင္လည္း Poloေလာက္ ေစ်းႏႈန္းသြားက်တာပါပဲ။ တစ္ခု ရွိတာက Poloက ဇိမ္ခံ အေနေလာက္နဲ႔ အထိေအာင္ပါ သံုးႏိုင္ေလာက္ေအာင္ စိတ္ခ်ရမႈနဲ႔ ေရရွည္ အတြက္လည္း ေကာင္းႏုိင္တာေၾကာင့္ သူ႔ကို အခု ေမာ္ဒယ္ေတြထဲမွာ ေရြးခ်ယ္ဖို႔ အေကာင္းဆံုး ေမာ္ဒယ္ အျဖစ္ သတ္မွတ္ခ်င္ၿပီး က်န္ 2နဲ႔ i20ကိုေတာ့ ၿမိဳ႕တြင္းသံုးနဲ႔ လမ္းစံုသံုး၊ မိမိရဲ႕ အသံုးလုိမႈ အေပၚမွာ ေရြးခ်ယ္၀ယ္ယူတာ အေကာင္းဆံုး ျဖစ္မယ္လုိ႔ ဆိုခ်င္ပါတယ္။
လင္းထက္ (IA)