Unicode version…
(Jaguar Land rover) ၏ အထူးမော်တော်ယာဉ်များဖန်တီးမှုအဖွဲ့သည် များစွာဆန်းသစ် သည့် (Jaguar XE Project 8) နှင့် (Land Rover Discovery SVX) တို့ကဲ့သို့ ဖန်တီးမှုများကြောင့် ထင်ရှားပါသည်။ ယခုအသစ်ဖန်တီးထားသည့် (Project)သည် ယေဘုယျကားများနှင့် အနည်းငယ် ကွဲပြားမှုရှိမည်ဖြစ်ပြီး ၄င်းသည် အထူးတလည်ဖန်တီးထားသည့်မီးဖိုချောင်နှင့် ဟင်းချက်ခန်းပါဝင် သည့်(Discovery) ကားဖန်တီးမှုဖြစ်ပါသည်။ အဆိုပါ(Project)အတွက်ဗြိတိသျှလူမျိုးနာမည်ကျော် စာဖိုမှူး (Mr Jamie Oliver) အား (JLR) မှပူးတွဲ တာဝန်ပေး အပ်ထားမည်ဖြစ်ပါသည်။
(Cooking Machine) ပါဝင်သည့် Discovery Model တွင် အဓိကအားဖြင့် ၄င်း၏နောက်ဖက် (Cargo Area)၌ ဆွဲထုတ်/သွင်းနိုင်မည့် မီးဖိုချောင် ပါဝင်မည်ဖြစ်ပါသည်။ အဆိုပါ မီးဖိုချောင်တွင် Gas မီးဖို(၂)ခုနှင့် လက်ဆေး ကန်တစ်ခုအပါအ၀င် (Storage Cubbies) များလည်း စီစဉ်ခင်းကျင်းထားမည်ဖြစ်ပါသည်။ ထူးခြားမှုအနေဖြင့် အထူးပြုလုပ်ထားသည့် ဂီယာအရွေ့နေရာများ ပါရှိမည်ဖြစ်ပြီး ၄င်း၏ (P R N D S) (Setting) များအရ (P)သည် ငရုတ်ကောင်းမွှေစက်/ (N)သည် စက်ရပ်ခြင်းနှင့် (S)သည် ဆားအသုံးပြုမှုဟူ၍ ဖန်တီးထားမည် ဖြစ်ပါသည်။ မီးဖိုချောင်နေရာတွင် မော်တာနှင့် ငရုတ်ကျည်ပွေ့များအတွက် နေရာပါရှိမည် ဖြစ်ပါသည်။ အလားတူ ချက်ပြုတ်မှုအား ကြည့်ရှုလိုပါက (Counter)၏ နောက်တွင်ပါရှိမည့် (လက်မ ၄၀ TV) မှတဆင့်လည်း ကြည့်ရှုနိုင်ပါမည်။ ထို့အပြင် နောက်ဖုံးနေရာတွင် ရှလကာရည်နှင့် သံလွင်ဆီများထုတ်ပေးသည့် စက်လည်းပါဝင်မည်ဖြစ်ပြီး ဘေးမှန်ပြတင်းနေရာ များ၌ (ဟင်းခတ် အမွှေးအကြိုင်ထားသည့်အတန်း) နှင့် (ဆေးဖက်ဝင်အပင်များ ထားသည့် အတန်း)များလည်း ပါရှိပါ မည်။
ထိုသို့အနောက်ခန်းတွင် မီးဖိုချောင်ပါရှိသကဲ့သို့ ယာဉ်မောင်းအနေဖြင့်လည်းစားဖွယ်များ အား အလွယ်တကူရယူနိုင် မည်ဖြစ်ပါသည်။ အရှေ့ဖက်ရှိ (Center Console) တွင် (ပေါင်မုန့်ကင်စက်)(၂)ခု ပါရှိမည်ဖြစ်ပြီး (Climate Control) ခလုတ်အနောက်ဖက်တွင် (ယိုသုံးမျိုး ထည့်သည့်နေရာ)ပါရှိပါမည်။ အကယ်၍ ထောပတ်ကိုလိုအပ်ပါက (Discovery Wheel) နေရာတွင် (3-5 quart) ရှိသည့် ထောပတ်မွှေသည့်စနစ်ငယ်လည်းပါရှိပါမည်။ ကား၏ အောက်ဖက်ပိုင်းတွင် မီးဖိုချောင်အတွက်လိုအပ်သည့် (Slow Cooker) အားအောက်ပိုင်းစနစ်များအကြားတွင် ထည့်သွင်းထားမည်ဖြစ်ပါသည်။
အထက်ပါအထူးဖန်တီးထားသည့် (Discovery) အားခက်ခဲနက်နဲသည့် တီထွင်မှုများနှင့် တန်ဖိုးကြီးမြင့်မှုများကြောင့် (Land rover) မှ အစင်းရေများစွာထုတ်လုပ်မည် မဟုတ်ပါ။ (JLR) ၏ စိတ်ကူးအရ ကားတစ်စင်းတွင် မီးဖိုချောင်နှင့် ဟင်းချက်နေရာအားထည့်သွင်းနိုင်ရန်အတွက်သာ အဓိကဖြစ်ပါသည်။ ထို့ကြောင့် ထိုသို့ဆန်းကြယ်စွာ ဖန်တီးထားသည့် (Discovery Model) အား တွေ့မြင်ရခြင်းပင်ဖြစ်ပါသည်။
Zawgyi version..