Toyota သည် Prestige Sedan အမျိုးအစားဖြစ်သည့် Corolla Altis မော်ဒယ်သစ်ကို ဒေါ်လာ (၃၆,၀၀၀)ဖြင့် မြန်မာနိုင်ငံဈေးကွက်ထဲ ဒီကနေ့ တရားဝင်စတင်မိတ်ဆက်သွားခဲ့သည်။ Toyota မှ မိတ်ဆက်လိုက်သည့် မော်ဒယ်သစ် Corolla Altis သည် ကမ္ဘာ့အနှံ့တွင် နာမည်ကောင်းရရှိထားသည့် ကားတစ်စီးဖြစ်ပြီး သာလွန်ကောင်းမွန်သည့် အရည်အသွေးကို ပိုင်ဆိုင်ထားသည့် ကားတစ်စီးဖြစ်သည်။
Toyota ၏ Corolla Altis သည် မောင်းနှင်မှုပိုင်းမှာ ပိုမိုထူးကဲကောင်းမွန်အောင် အဆင့်မြင့်နည်းပညာများ ဖြည့်ဆည်းထားပြီး Corolla Altis သည် နည်းပညာမြင့်စွမ်းဆောင်ရည်နှင့် ထူးခြားကောင်းမွန်သည့် မောင်းနှင်မှုကို ကိုယ်စားပြုသည့် ကားတစ်စီးအဖြစ် ညွန်းဆိုထားသည်။
Corolla Altis ၏ မောင်းနှင်မှုနည်းပညာပိုင်းတွင် ယာဉ်ကို အဖြောင့်အတိုင်းသာမက ကွေ့ကြောများ မောင်းနှင်သည့်အခါတွင် ယာဉ်၏တည်ငြိမ်မှုထိန်းချုပ် စနစ်ကို အားကောင်းစေသော Toyota New Global Architecture (TNGA) နည်းပညာ၊ ကား၏တည်ငြိမ်မှုကိုမြှင့်တင်ပေးပြီး ညက်ညောသည့် မောင်းနှင်မှုကိုရရှိစေမည့် Pherson Strut Front Suspension နည်းပညာနှင့် Double Wishbone Rear Suspension တို့ဖြင့် ပေါင်းစပ်ဒီဇိုင်းပြုလုပ် ဖန်တီးထားသည်။
Corolla Altis အင်ဂျင်စွမ်းဆောင်ရည်အနေဖြင့် 1.6-liter engine with Dual VVT-i (1ZR-FE) အင်ဂျင်တပ်ဆင်ထားပြီး 7-speed Sequential Shiftmatic Continuously Variable Transmission (CVT) ဖြင့် အထူးငြိမ့်ငြောင်းမှု၊ တည်ငြိမ်မှုတို့အတွက် အကောင်းဆုံး စွမ်းဆောင်ပေးမည်ဖြစ်သည်။
အတွင်းဒီဇိုင်းပိုင်းသည် (၅)ယောက်ထိ သက်တောင့်သက်သာ စီးနင်းနိုင်မည်ဖြစ်ကာ Front Seat များကို Leather seat များ အသုံးပြုထားပြီး Multi Media အတွက် (၈)လက်မ Display၊ ဒိုင်ခွက်ကိုတော့ (၇)လက်မ Multi-information Display ၊ Speaker (၆) လုံးနှင့် Eco Meter တို့ပါဝင်မည်ဖြစ်သည်။
ဘေးကင်းလုံခြုံရေးအင်္ဂါရပ်များအနေဖြင့် နောက်ကင်မရာနှင့် အာရုံခံကိရိယာစနစ်၊ ယာဉ်တည်ငြိမ်မှုထိန်းချုပ် စနစ်၊ တောင်တက်အကူထိန်းချုပ်စနစ် ၊ဘီးကုတ်အားထိန်းချုပ်စနစ်၊ ရုတ်တရက် အလွယ်တကူဘရိတ်အုပ် နိုင်သောစနစ်၊ အီလက်ထရောနစ် ဘရိတ်အားဖြန့်ဖြူးခြင်း၊ SRS လေအိတ် ၇ လုံး စနစ်၊ ဘရိတ်အကူအညီစနစ်များကို ထောက်ပံ့ပေးထားသည်။
မော်ဒယ်သစ် Toyota Corolla Altis ကို အတွင်းဒီဇိုင်း (၂)ရောင်နှင့် အရောင်(၇)ရောင်ထိ ရွေးချယ်ဝယ်ယူ နိုင်မည်ဖြစ်ကာ ၃ နှစ်/ ကီလိုမီတာ ၁၀၀,၀၀၀ ထိ အာမခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
COROLLA ALTIS ကုိ ေဒၚလာ (၃၆,၀၀၀)ျဖင့္ TOYOTA မွ ျပည္တြင္းေစ်းကြက္ထဲ စတင္ျဖန္႔ခ်ိ
Toyota သည္ Prestige Sedan အမ်ိဳးအစားျဖစ္သည့္ Corolla Altis ေမာ္ဒယ္သစ္ကို ေဒၚလာ (၃၆,၀၀၀)ျဖင့္ ျမန္မာႏုိင္ငံေစ်းကြက္ထဲ ဒီကေန႔ တရားဝင္စတင္မိတ္ဆက္သြားခဲ့သည္။ Toyota မွ မိတ္ဆက္လိုက္သည့္ ေမာ္ဒယ္သစ္ Corolla Altis သည္ ကမၻာ့အႏွံ႔တြင္ နာမည္ေကာင္းရရိွထားသည့္ ကားတစ္စီးျဖစ္ၿပီး သာလြန္ေကာင္းမြန္သည့္ အရည္အေသြးကို ပိုင္ဆုိင္ထားသည့္ ကားတစ္စီးျဖစ္သည္။
Toyota ၏ Corolla Altis သည္ ေမာင္းႏွင္မႈပိုင္းမွာ ပိုမိုထူးကဲေကာင္းမြန္ေအာင္ အဆင့္ျမင့္နည္းပညာမ်ား ျဖည့္ဆည္းထားၿပီး Corolla Altis သည္ နည္းပညာျမင့္စြမ္းေဆာင္ရည္ႏွင့္ ထူးျခားေကာင္းမြန္သည့္ ေမာင္းႏွင္မႈကို ကုိယ္စားျပဳသည့္ ကားတစ္စီးအျဖစ္ ညြန္းဆုိထားသည္။
Corolla Altis ၏ ေမာင္းႏွင္မႈနည္းပညာပိုင္းတြင္ ယာဥ္ကို အေျဖာင့္အတိုင္းသာမက ေကြ႕ေၾကာမ်ား ေမာင္းႏွင္သည့္အခါတြင္ ယာဥ္၏တည္ၿငိမ္မႈထိန္းခ်ဳပ္ စနစ္ကို အားေကာင္းေစေသာ Toyota New Global Architecture (TNGA) နည္းပညာ၊ ကား၏တည္ၿငိမ္မႈကိုျမႇင့္တင္ေပးၿပီး ညက္ေညာသည့္ ေမာင္းႏွင္မႈကိုရ႐ွိေစမည့္ Pherson Strut Front Suspension နည္းပညာႏွင့္ Double Wishbone Rear Suspension တုိ႔ျဖင့္ ေပါင္းစပ္ဒီဇုိင္းျပဳလုပ္ ဖန္တီးထားသည္။
Corolla Altis အင္ဂ်င္စြမ္းေဆာင္ရည္အေနျဖင့္ 1.6-liter engine with Dual VVT-i (1ZR-FE) အင္ဂ်င္တပ္ဆင္ထားၿပီး 7-speed Sequential Shiftmatic Continuously Variable Transmission (CVT) ျဖင့္ အထူးၿငိမ့္ေျငာင္းမႈ၊ တည္ၿငိမ္မႈတုိ႔အတြက္ အေကာင္းဆံုး စြမ္းေဆာင္ေပးမည္ျဖစ္သည္။
အတြင္းဒီဇုိင္းပိုင္းသည္ (၅)ေယာက္ထိ သက္ေတာင့္သက္သာ စီးနင္းႏုိင္မည္ျဖစ္ကာ Front Seat မ်ားကို Leather seat မ်ား အသံုးျပဳထားၿပီး Multi Media အတြက္ (၈)လက္မ Display၊ ဒိုင္ခြက္ကိုေတာ့ (၇)လက္မ Multi-information Display ၊ Speaker (၆) လံုးႏွင့္ Eco Meter တို႔ပါဝင္မည္ျဖစ္သည္။
ေဘးကင္းလံုၿခံဳေရးအဂၤါရပ္မ်ားအေနျဖင့္ ေနာက္ကင္မရာႏွင့္ အာ႐ုံခံကိရိယာစနစ္၊ ယာဥ္တည္ၿငိမ္မႈထိန္းခ်ဳပ္ စနစ္၊ ေတာင္တက္အကူထိန္းခ်ဳပ္စနစ္ ၊ဘီးကုတ္အားထိန္းခ်ဳပ္စနစ္၊ ႐ုတ္တရက္ အလြယ္တကူဘရိတ္အုပ္ ႏိုင္ေသာစနစ္၊ အီလက္ထေရာနစ္ ဘရိတ္အားျဖန္႔ျဖဴးျခင္း၊ SRS ေလအိတ္ ၇ လုံး စနစ္၊ ဘရိတ္အကူအညီစနစ္မ်ားကို ေထာက္ပံ့ေပးထားသည္။
ေမာ္ဒယ္သစ္ Toyota Corolla Altis ကို အတြင္းဒီဇိုင္း (၂)ေရာင္ႏွင့္ အေရာင္(၇)ေရာင္ထိ ေရြးခ်ယ္ဝယ္ယူ ႏုိင္မည္ျဖစ္ကာ ၃ ႏွစ္/ ကီလိုမီတာ ၁၀၀,၀၀၀ ထိ အာမခံေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။