Zawgyi Version…

လွ်ပ္စစ္ကားသီးသန္႔ထုတ္လုပ္သည့္ Tesla ကုမၸဏီ၏ CEO Elon Musk သည္ လက္ရိွ ညစ္ညမ္းဆုိက္ဒ္ မ်ား တြင္ နာမည္ႀကီးေနသည့္ Tesla Model X ေပၚတြင္ ႐ိုက္ကူးထားသည့္ ဗီဒီယုိနဲ႔ ပတ္သက္၍ အေကာင္း ျမင္ သည့္ မွတ္ခ်က္ေပးခဲ့သည္။
အဆုိပါညစ္ညမ္းဗီဒီယိုမွာ Tesla Model X ကို Autopilot အလိုအေလ်ာက္စနစ္ျဖင့္ ေမာင္းႏွင္ေနစဥ္ အတြင္း အမ်ိဳးသားႏွင့္ အမိ်ဳးသမီးႏွစ္ဦးမွာ ခ်စ္တင္းေႏွာေနျခင္းျဖစ္ၿပီး ၾကည့္႐ႈသူမ်ားအၾကား ေရပန္းစားခဲ့သည္။
လက္ရိွ ဝက္ဆုိဒ္မ်ားတြင္ အဆုိပါ ဗီဒီယိုမွာ ရွာေဖြမႈအမ်ားဆံုးျဖစ္ေနၿပီး ၾကည့္႐ႈသူ (၆)သန္းေက်ာ္ထိ ရိွေနၿပီး ၾကည့္႐ႈသူ (၇၄) ရာခုိင္ႏႈန္းက သေဘာက်ႏွစ္ႀကိဳက္လ်က္ရိွသည္။
ၾကည့္႐ႈသူအမ်ားစုမွာ Tesla Model X ၏ Autopilot စနစ္ကိုလည္း သတိျပဳမိခဲ့ၾကၿပီး ပရိသတ္မ်ားကို အဓိက ဆြဲေဆာင္ထားႏုိင္ခဲ့သည္။
Tesla CEO Elon Musk က လက္ရိွလူစိတ္ဝင္စားမႈမ်ားေနသည့္ အဆုိပါ ဗီဒီယိုအေပၚ တုံ႔ျပန္သည့္အေနျဖင့္ လူမႈကြန္ရက္ Twitter ေပၚတြင္ “ စူးစမ္းၾကပါ။ ကၽြန္ေတာ္တုိ႔ စိတ္ကူးထားတာထက္ Autopilot ကို အသံုးျပဳႏုိင္မယ့္ နည္းလမ္းမ်ားစြာရိွပါတယ္” ဟု မွတ္ခ်က္ေပးခဲ့သည္။
Tesla Model X ၏ Autopilot စနစ္သည္ စတင္မိတ္ဆက္စဥ္က အျငင္းပြားမႈမ်ား ေပၚေပါက္ခဲ့ဖူးၿပီး Autopilot အသံုးျပဳရာတြင္ စိတ္ခ်လံုၿခံဳရမႈႏွင့္ ပတ္သက္ၿပီး သံသယမ်ားစြာရိွခဲ့သည္။
Tesla ၏ ဝက္ဆုိက္ဒ္တြင္လည္း ေမာင္းႏွင္သူအေနျဖင့္ ရာႏႈန္းျပည့္ အာ႐ံုစိုက္ႏိုင္မႈနွင့္ အဆင့္သင့္ ထိန္း ခ်ဳပ္ႏုိင္မႈရိွမွ Autopilot စနစ္ျဖင့္ ေမာင္းႏွင္ရန္ ေဖာ္ျပထားသည္။ လက္ရိွအသံုးျပဳေနသည့္ Autopilot စနစ္မွာ Level 2 automated system အျဖစ္ သတ္မွတ္ထားၿပီး နည္းပညာအေနျဖင့္ အလိုအ ေလ်ာက္ ေမာင္းႏွင္မႈကို အျပည့္အဝ မထိန္းခ်ဳပ္ႏုိင္ေသးေၾကာင္းသိရသည္။

Unicode Version…

ကြည့်ရှုသူ ၆ သန်းကျော်ခဲ့သည့် Tesla Model X ပေါ်တွင် ရိုက်ကူးခဲ့သည့် ညစ်ညမ်းဗီဒီယို

လျှပ်စစ်ကားသီးသန့်ထုတ်လုပ်သည့် Tesla ကုမ္ပဏီ၏ CEO Elon Musk သည် လက်ရှိ ညစ်ညမ်းဆိုက်ဒ် များ တွင် နာမည်ကြီးနေသည့် Tesla Model X ပေါ်တွင် ရိုက်ကူးထားသည့် ဗီဒီယိုနဲ့ ပတ်သက်၍ အကောင်း မြင် သည့် မှတ်ချက်ပေးခဲ့သည်။
အဆိုပါညစ်ညမ်းဗီဒီယိုမှာ Tesla Model X ကို Autopilot အလိုအလျောက်စနစ်ဖြင့် မောင်းနှင်နေစဉ် အတွင်း အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးမှာ ချစ်တင်းနှောနေခြင်းဖြစ်ပြီး ကြည့်ရှုသူများအကြား ရေပန်းစားခဲ့သည်။
လက်ရှိ ဝက်ဆိုဒ်များတွင် အဆိုပါ ဗီဒီယိုမှာ ရှာဖွေမှုအများဆုံးဖြစ်နေပြီး ကြည့်ရှုသူ (၆)သန်းကျော်ထိ ရှိနေပြီး ကြည့်ရှုသူ (၇၄) ရာခိုင်နှုန်းက သဘောကျနှစ်ကြိုက်လျက်ရှိသည်။
ကြည့်ရှုသူအများစုမှာ Tesla Model X ၏ Autopilot စနစ်ကိုလည်း သတိပြုမိခဲ့ကြပြီး ပရိသတ်များကို အဓိက ဆွဲဆောင်ထားနိုင်ခဲ့သည်။
Tesla CEO Elon Musk က လက်ရှိလူစိတ်ဝင်စားမှုများနေသည့် အဆိုပါ ဗီဒီယိုအပေါ် တုံ့ပြန်သည့်အနေဖြင့် လူမှုကွန်ရက် Twitter ပေါ်တွင် “ စူးစမ်းကြပါ။ ကျွန်တော်တို့ စိတ်ကူးထားတာထက် Autopilot ကို အသုံးပြုနိုင်မယ့် နည်းလမ်းများစွာရှိပါတယ်” ဟု မှတ်ချက်ပေးခဲ့သည်။
Tesla Model X ၏ Autopilot စနစ်သည် စတင်မိတ်ဆက်စဉ်က အငြင်းပွားမှုများ ပေါ်ပေါက်ခဲ့ဖူးပြီး Autopilot အသုံးပြုရာတွင် စိတ်ချလုံခြုံရမှုနှင့် ပတ်သက်ပြီး သံသယများစွာရှိခဲ့သည်။
Tesla ၏ ဝက်ဆိုက်ဒ်တွင်လည်း မောင်းနှင်သူအနေဖြင့် ရာနှုန်းပြည့် အာရုံစိုက်နိုင်မှုနှင့် အဆင့်သင့် ထိန်း ချုပ်နိုင်မှုရှိမှ Autopilot စနစ်ဖြင့် မောင်းနှင်ရန် ဖော်ပြထားသည်။ လက်ရှိအသုံးပြုနေသည့် Autopilot စနစ်မှာ Level 2 automated system အဖြစ် သတ်မှတ်ထားပြီး နည်းပညာအနေဖြင့် အလိုအ လျောက် မောင်းနှင်မှုကို အပြည့်အဝ မထိန်းချုပ်နိုင်သေးကြောင်းသိရသည်။