Dacia Brand သည်လှပပြီး ထူးခြားစွာဖန်တီးထားသည် Model အသစ် ( ၃ ) မျိုးအား New Beginning of Brand ဟုအမည်သတ်မှတ်ကာ ထုတ်ဖေါ်ပြသလိုက်ပါသည်။ ၎င်းတို့သည် Dacia Sander ၊ Dacia Jogger ၊ Dacia Duster တို့ဖြစ်ပြီး Model အားလုံးသည် New Model များဖြစ်ပါသည်။ ၎င်းတို့တွင် – Fresh Grille Design ၊ Dacia ၏ New DC ဒီဇိုင်းလက်ရာ ၊ စသည့်ထူးခြားမှုများ ပါဝင်မည်ဖြစ်ပြီး DACIA စာတန်းအား ကားအနောက်ဖက် ၊ Steering ၊ တို့တွင်တပ်ဆင်ထားမည်ဖြစ်သည်။ Matt – Grey Roof Rails နှင့် Skid plates များကိုလည်း Model အားလုံးတွင်ထည့်သွင်းထားပါမည်။ Dacia သည်အဆိုပါ New Model များအား 2022 September ခန့်တွင်စတင်ရောင်းချနိုင်ရန် စီစဉ်ထားပြီး တန်ဖိုးအနေဖြင့် – ( စတာလင်ပေါင်  ၁၃၉၆၀ ) မှစ၍ သတ်မှတ်ရောင်းချပါမည်။

 

Romanian အခြေစိုက်ဖြစ်သည့် Dacia Brand ၏အသစ်ဖန်တီးသည့် Model ( ၃ ) မျိုးအား Brand ၏အသစ်ပြောင်းလဲခြင်း၏ အခြေခံအနေဖြင့် အဓိကရည်ရွယ်ထားသည့်အတွက် ဒီဇိုင်းမှစ၍ ပြုပြင်ပြောင်းလဲခြင်းများဖြင့် ဖန်တီးထားသည့်အပြင် စိတ်ကူးပုံဖေါ်မှု အသစ်အဆန်းများဖြင့် ပေါင်းစပ်ဖန်တီးထားခြင်းဖြစ်ပါသည်။ ( သွင်ပြင်လက္ခာအသစ်များနှင့် စိန်ခေါ်မှုအသစ်အဆန်းများဖြင့် စတင်လိုက်သည့် New Beginning သည် Dacia အတွက်ပြောင်းလဲမှု အသစ်ဟုမှတ်ယူနိုင်မည် ) ဟု Dacia  Performance ၏ Director မှမှတ်ချက်ပြုထားပါသည်။ Dacia Brand အနေဖြင့် Spring Electric – A Compact Urban EV နှင့် Dacia Bigster SUV ကဲ့သို့ Product အသစ်များကိုလည်း ဆက်လက်ထုတ်လုပ်မည်ဖြစ်သည်။

#DriveMediaMyanmar