ဂျာမနီအခြေစိုက် (Daimler)နှင့် တရုတ်ပြည်အခြစိုက် (BAIC Motor Corporation) ကို ပူးပေါင်း၍ အဆင့်မြှင့်တင်ထားသည့် (Mercedes Benz)စက်ရုံအား တရုတ်နိုင်ငံ (ဘေဂျင်း)မြို့တွင် တည်ဆောက်ပြီး လျှပ်စစ်ကားများ ထုတ်လုပ်ရန် သဘောတူညီမှု ရခဲ့ပါသည်။ အဆိုပါ သဘောတူညီချက်အား ဂျာမနီ အဓိပတိ (Angela Merkel) နှင့် တရုတ်နိုင်ငံမှ (Chinese Premier Li Keqiang) တို့မှ ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ပြုလုပ်ခဲ့ ပါသည်။ (Daimler)အနေဖြင့် ဘေဂျင်းမြို့တွင် (Beijing Benz Automotive Co.,Ltd. BBAC)အား ဖွဲ့စည်းကာ (Low-emission Vehiches) များ ဖြစ်ကြသည့် (Hybrids)၊ (Pure Battery Electric)ကားများကို ထုတ်လုပ် မည်ဖြစ်ပါသည်။

(တရုတ်နိုင်ငံသည် ယခုအခါတွင် ကာမ္ဘာ့အကြီးဆုံး NEVS ဈေးကွက်ကြီး ဖြစ်နေပါသည်။ ထို့ကြောင့် Diamler အနေဖြင့် တရုတ်နိုင်ငံရှိ (Electric Mobility)အား ဖွံ့ဖြိုးတိုးတက်မှု များစွာရရှိစေရန် ကူညီပေးမည်)ဟု (Diamler’s board member in charge of China)ဖြစ်သူ(Mr Hubertus Troska)မှ ပြောကြားခဲ့ပါသည်။ (Diamler)အနေဖြင့်  တရုတ်နိုင်ငံရှိ (BIAC Group)၏ လက်အောက်ခံ ကုမ္ပဏီဖြစ်သည့် (BJEV)နှင့် လည်း ပူးပေါင်းဆောင်ရွက်မှုများကို အလားတူ ပြုလုပ်မည်ဖြစ်ပါသည်။ (BJEV)အား (BAIC Group)မှ (2009) ခုနှစ် တွင် စတင်တည်ထောင်ခဲ့ပြီး (New Energy Vehicles) များ တိုးတက်ထုတ်လုပ်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ် ပါသည်။

အထက်ပါ ပူးပေါင်းဆောင်ရွက်မှု၏ အဓိကရည်ရွယ်ချက်မှာ သုတေသနပြုလုပ်ခြင်း/ထုတ်လုပ်ခြင်း/ ရောင်းချမှုနှင့် ၀န်ဆောင်မှုများ ပြုလုပ်ခြင်း စသည်တို့အား အဓိကဆောင်ရွက်သည် ဖြစ်ပြိး (NEV)၏ အစိတ် အပိုင်းများကိုလည်း ထုတ်လုပ်မည်ဖြစ်ပါသည်။ အဓိကအားဖြင့် (Electric Vehicles)အမျိုးအစား(၅)မျိုး ထုတ် လုပ်ပါသည်။ ဂျာမနီ အစိုးရအနေဖြင့် (Diamler)အပြင် (Volkswagen)နှင့် တရုတ်အခြေစိုက် (Anuhi Jianghuai Automobile)နှင့် ပူးပေါင်းကာ (Electric Cars)များ ထုတ်လုပ်မှု အစီအစဉ်ကိုလည်း ပြုလုပ်ခဲ့ပါသည်