Darko Motors သည် Darko GTE အား 2019 တွင်ကျင်းပခဲ့သည့် Pebble Beach ပွဲတော်တွင် မိတ်ဆက်ခဲ့ပြီး၎င်းသည် Fisker Karma ကိုအခြေခံထားသည့် EV Super Sedan ဖြစ်ကာ 1200 hp Output စနစ်ပါဝင်ပါသည်။ U.S.A, California, San Joe တွင်အခြေစိုက်သည့် Darko Motors သည် Darko GTE အား ( ၂၅ ) စင်းနမူနာထုတ်လုပ်ခဲ့ပြီး ( USD 1.3 Million ) ဖြင့်ရောင်းချခဲ့ပါသည်။ Darko Motors သည် ယခုအခါ Model အသစ်တမျိုးအား မိတ်ဆက်လိုက်ပြီး၎င်းအား Darko Dragon ဟုသတ်မှတ်ထားပါသည်။ ၎င်းအား 2023 တွင်အပြည့်အဝမိတ်ဆက်ပြသမည်ဖြစ်ကာ Super SUV အနေဖြင့်အဓိကရည်ရွယ်ကာ ထုတ်လုပ်မည်ဟု Darko Motors မှပြောကြားပါသည်။ ထို့ကြောင့် Dragon တွင်တမူထူးခြားသည့် စွမ်းဆောင်ရည်များစွာထည့်သွင်းထားပြီး Top Speed အနေဖြင့် 200 mph အထိရနိုင်မည်ဖြစ်ကာ EV Powertrain အတွက် In-house-developed Battery စနစ်နှင့်အတူ 2000 hp Quad-Motor Setup တို့တွဲဖက်ထားပါမည်။

 

ထို့အပြင် 3 Stage Adaptive Suspension System ကိုလည်းအသုံးပြုထားမည်ဖြစ်ကာ အဆိုပါစနစ်သည်ဘီးတဘီးခြင်းစီ၏ Torque အားသီးသန့်ထိန်းချုပ်ပေးပါမည်။ Darko Dragon ၏ Design အား Pininfarina မှစီစဉ်ပြီး Engineering Work အား Silicon Valley တွင်ဖန်တီးပါသည်။ နမူနာဓာတ်ပုံအရ ကား၏ဒီဇိုင်းသည် အလွန်ကိုခေတ်ရှေ့ပြေးသည့်ပုံစံရှိကာ Gulling Door Type, Diagonal LED Line များအား Headlight နှင့် Taillight တို့တွင်ဖန်တီးထားခြင်းစသည့် ထူးခြားမှုများပါဝင်မည်ဖြစ်သည်။ Darko သည် Dragon SUV အား Super-SUV Segment အနေအထားကို ရည်ရွယ်ထားပြီး Aston Martin DBX 707, Lamborghini Urus, Ferrari Purosangue တို့ကို အဓိကယှဉ်ပြိုင်ရန် ရည်ရွယ်ထားပါသည်။

#DriveMediaMyanmar