David Brown Automatize သည် Limited – Run Version ဖြစ်သည့် Mini Model အား Unique Styling နှင့်အတူ Marshal Amplification မှမှီငြမ်းထားသည့် Upgraded Audio တို့ဖြင့် ထူးခြားစွာ ဖန်တီးလိုက်ပါသည်။ ဗြိတိန်အခြေစိုက် Marshall Audio Company သည်ယခု 2022 တွင်သက်တမ်းအနှစ်  ၆၀ ပြည့်မြောက်သည့်အတွက် David Brown မှယခုကဲ့သို့ အထူးဖန်တီးသည့် Mini Model တွင်ပေါင်းစပ် ဖန်တီးခြင်းဖြစ်သည်။ Mini Marshall Model ၏ရှေ့ဖက် Gold Mash Grille ပုံစံအား Marshall  ၏ရှေးဟောင်း Iconic Amplifier ပုံစံအတိုင်း ရယူဖန်တီးထားပါသည်။ နမူနာဓာတ်ပုံအရ – ကား၏ အရောင်သည် Metallic Grey Color ဖြစ်သော်လည်း Restomod မှကျွမ်းကျင်သူ၏ အဆိုအရ – အခြားသောဆေးရောင်များကိုလည်း Exclusive Color အနေဖြင့် ရရှိနိုင်ပါသည်။ ကား၏အတွင်းခန်းအခင်းအကျင်းအနေဖြင့် – Dashboard Fascia နှင့် Pedals များတွင် Satin Gold Paint ကိုအဓိက အသုံးပြုထားသည့်အပြင် Leather Upholstery တွင်လည်း Stitching အနေဖြင့် ပေါင်းစပ်ထားပါသည်။

 

Marshall Logo အားထိုင်ခုံကျောမှီနေရာတွင် လှပစွာရေးဆွဲထားမည်ဖြစ်သည်။ Marshall Audio အား New Upgraded System အနေဖြင့်အဆိုပါ Mini တွင်အထူးဖန်တီးတပ်ဆင်ထားမည်ဖြစ်သည်။ Mini Marshall Edition အား High – performance Classic Mini Model အနေဖြင့် အသေးစိတ်မှစ၍ ကျကျနနဖန်တီးထားမည်ဖြစ်သည့်အပြင် – Infotainment Touchscreen LED Headlights ၊ Keyless Go ၊ စသည့် Features များလည်း ပါဝင်မည်။ အင်ဂျင်အနေဖြင့် – ( 1450 cc A – Series Motor Fed ) ၊ ( 123 bhp ) အင်ဂျင်ပါဝင်မည်ဖြစ်ပြီး အလားတူ အဆင့်မြှင့်တင်ထားသည့် VILSTEIN Suspension Setup လည်းပါဝင်ပါမည်။

#DriveMediaMyanmar