Unicode version…

“Defensive Driving’’ ဆိုသည်မှာ ယာဉ်မောင်းနှင်မှု ပုံစံ နှင့် ယာဉ်တစ်စီးနှင့် တစ်စီး သင့်တင့်သော အကွာအဝေး ခွာမောင်းနှင်ခြင်း မှအခြေခံပါသည်။ မိမိ ကားရှေ ့သို ့အခြားကား ဖြတ်မဝင်ရန် မိမိရှေ ့၌ မောင်းနှင်နေသော ကားနှင့်နီးနိုင်သမျှနီးအောင် တရွေ ့ရွေ ့ကပ်ခြင်းသည် ယာဉ်မတော်တဆဖြစ်မှု နှင့် ယာဉ်ဆင့်ကဲ တိုက်ခိုက်မှုု ဖြစ်ပေါ်ရန် ဖြစ်နိုင်ခြေများသောကြောင့် ထိုသို ့ပြုလုပ်ခြင်းထက် မိမိရှေ ့သို ့ ၀င်မည့်ကားကို လမ်းပေးလိုက်ခြင်းသည် ပိုမို အန္တရာယ်ကင်းပေမည် ။ ယခုကဲ ့သို ့သင့်တင့်သော အကွာအဝေးတစ်ခု ဖြင့် ခွာမောင်းခြင်းသည် မိမိရှေ ့သို ့ကားများ ကြားဖြတ်ဝင်ရန် ခွာမောင်းခြင်းမှဟုတ်ပဲ အန္တရာယ် မှ ကာကွယ်မောင်းနှင်ခြင်းသာဖြစ်ကြောင်း သိရှိရန် ဖြစ်ပါသည်။ ဤကဲ ့သို ့မောင်းနှင်ခြင်းကို အစိုးရအဖွဲ ့အစည်းနှင့်ဆိုင်သော ကားများ ၊ ရဲကားများ ၊ စစ်တပ်မှကားများ ၊ သံရုံးတွင်မောင်းနှင်သော ကားများတွင်ကျင့်သုံးလေ ့ရှိပြီး ထိုသို ့မောင်းနှင်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာလည်း ဘေးအန္တရာယ် ကင်းရှင်းစွာ မောင်းနှင်သွားလာနိုင်ရေးပင်ဖြစ်ပါသည်။ အောက်ပါ အချက် ( ၄ ) ချက်ကို လိုက်နာမောင်းနှင်ခြင်းအားဖြင့် “ Defensive Driver’’ ကောင်းတစ်ယောက် ဖြစ်လာနိုင်ပေသည်။

နို်းကြား သတိရှိခြင်း : ကားမောင်းနှင်နေစဉ် တစ်လျောက်လုံး နိုးကြား သတိရှိမှုသည် အရေးကြီးပါသည်။ ဖုန်းပြောဆိုခြင်း ၊ အလုပ်အကြောင်းတွေးတောခြင်း ၊ ရည်းစားအကြောင်းတွေးတောခြင်း များရှောင်ရှား ရပါမည်။ ကားမောင်းနှင်သူသည် မိမိ၏ ကားပတ်ချာလည် ( ရှေ ့၊ နောက် ၊ ဘယ် ၊ ညာ ) ကို အမြဲ သတိထားနေရပါမည် ။ ( စက်တင်ဘာ ၂၀၁၆ ထုတ်တွင် ရေးသားခဲ ့သော နောက်ကြည့်မှန် မှန်ကန်စွာ အသုံးပြုခြင်း ) မိိမိပတ်ဝန်းကျင်အနေအထားကို သိရှိထား မှ ၎င်းတို ့မှ တဆင့် ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ပေလိမ် ့မည်။

ကြိုတင် မှန်းဆ တွေးခြင်း : မိမိယာဉ်ပတ်ဝန်းကျင်အနေအထားကို အမြဲသတိမူနေမှသာ ၎င်းတို ့နှင့် ဆက်စပ်ပြီး ပေါ်ပေါက်လာနိုင်သော အန္တရာယ်များ ကို ကာကွယ်ရန် ကြိုတင်မှန်းဆ ထားနိုင်ပါမည်။ ဥပမာ – လမ်းဖြတ်ကူးသူများ ၊ ဘက်စ်ကားပြိုင်မောင်းသူများ ကြောင့် ၎င်းတိိို ့အနီးရှိ တစ်ခြားကား များမိမိဘက်သို ့ယိုင်လာခြင်း ၊ မိမိ လမ်းကြောပေါ်သို ့ရောက်လာခြင်း စသည်တို ့ဖြစ်လာနိုင်သော ခြင်းများကို ကြိုတင်တွေးတော မှန်းဆထားရပါမည်။ အဆိုးဆုံးဖြစ်လာနိုင်မည့် အခြေအနေကို မှန်းဆ ထားပြီး ရှောင်ရှားနိုင်ပေမည်။ ဤသို ့သောအခြေအနေပေါ်ပေါက်လာပါက ၉၀ % ခန် ့သော ယာဉ် မောင်းများသည် အမှားများကို ပြုလုပ်မိကြသည် ။ ( ကိုယ်တိုင်ကြုံတွေ ့နေရပါသည် )။ ကြိုတင် တွေးတော မှန်းဆထားခြင်းသည် အန္တရာယ်ကျရောက်ခြင်း ၊ ယာဉ်မတော် တဆဖြစ်ခြင်း စသည်တို ့မှ ရှောင်ရှားနိုင်ရန် ရ၅% ခန် ့အခွင့်အရေးပိုများပါသည်။

ကားတစ်စီးနှင့် တစ်စီး ခွာမောင်းခြင်း : ရန်ကုန် တွင်မောင်းနှင်ခြင်းဖြစ်စေ ၊ စင်ကာပူ ၊ အမေရိကန် တွင်မောင်းနှင်နေသောယာဉ်မောင်းများသည် မိမိရှေ ့ယာဉ်နှင့် လိုအပ်သောအကွာအဝေး ထက် ပိုမိုကပ်ကာ မောင်းနှင်လေ ့ရှိကြသည်။ ယာဉ် မောင်းများသည် မိမိရှေ ့သို ့အခြားယာဉ် ဖြတ်မဝင်ရန် ( သို ့) တစ်စုံတစ်ခု ဖြစ်ပေါ်လာပါက အချိန်မီ ဘရိတ်အုပ်ထိန်းချုပ်နိုင်မည် ဟု ထင်ကြပြီး ကပ်ပြီးမောင်းနှင်လေ ့ရှိကြသည်။ အနည်းဆုံး မိမိရှေ ့ကား နောက်ဘီးတာယာနှင့် မြေကြီးထိစပ် နေသည့် အပိုင်းကို မြင်နိုင်သည့်အနေအထားမှ ခွာပြီး ရပ်သင့်ပါသည်။ တစ်နာရီ မိုင် ၃၀ အထက် မောင်းနှင်နေသော အချိန်တွင်မူ ယာဉ်တစ်စီးနှင့် တစ်စီးကြား ၂ စက္ကန် ့ခန် ့ခွာမောင်းရပါမည်။ သို ့ပါမှ ပြန်လည်တုန် ့ပြန်ရန် နှင့် ဘရိတ်အုပ်ရန် အချိန်ရပါမည်။ Nissan GT-R ကဲ ့သို ့သောကားများ ကို Alcon brake kit မျိုးသုံးထားပြီး အဆင့်မြှင့်ထားနိုင်သော်လည်း လူသားတစ်ယောက်၏ တုန် ့ပြန်မှု နှင့် ဘရိတ်ပေါ်သို ့ခြေထောက်အပြောင်းအရွေ ့ကြာချိန် ကိုတော့ အဆင့်မမြှင့်နိုင်ပေ ။ ယေဘုယျအားဖြင့် တစ်နာရီ ၃၅ မိုင်နှုန်းဖြင့်သွားနေသော ကားတစ်စီးအား လုံးဝရပ်တန် ့ရန် ၁၀၆ ပေခန် ့အကွာအဝေးတစ်ခုလိုပါသည်။ အန္တရာယ်အား မြင်ခြင်းနှင့် မိမိခြေထောက်ဘရိတ် ပေါ်သို ့ရောက်ခြင်း နှစ်ခုကြားတွင် သင့်ကားသည် ၃၈ ပေ ခန် ့သွားပြီးဖြစ်သည်။ တစ်နာရီ ၆၅ မိုင်နှုန်း ဖြင့်သွားလာနေသော အဝေးပြေးလမ်းမျိုးတွင် မိမိကားလုံးဝ ရပ်သွားရန် ၃၀၅ ပေလိုအပ်ပါသည် ။ ( ၎င်းအကွာအဝေးသည် ဘောလုံးကွင်းတစ်ကွင်းစာ ခန် ့ရှိပါသည် )။ အထက်ပါ အတွက်အချက် နံပါတ်များသည် ကောင်း မွန်သော ဘရိတ်စနစ်နှင့် ကောင်းမွန်သောလမ်းအခြေအနေတို ့မှ အခြေခံ တွက်ချက်ထားခြင်းဖြစ်ပါသည်။ လူအများသည် မေးကြသည် “ ဒါဆို ဘာကြောင့် ပြိုင်ကားတွေ အရှိန်မြှင့်ပြီး နိီးနီးကပ်ကပ်မောင်းနိုင်တာလဲ ?’’ ပြိုင်ကားမောင်းနှင်သူများ သည် ပြိုင်ကားပတ်လမ်း နှင့် ပြိုင်ကားပေါ်အခြေခံပြီး မောင်းနှင်ကြသည်။ ပြိုင်ကားပတ်လမ်းတွင် ဘရိတ်အုပ်ရန် နေရာ သတ်သတ်မှတ်မှတ်ပါပြီး ၎င်းနေရာမှသာ ဘရိတ်အုပ်ကြခြင်း ၊ မောင်းနှင်သူအချင်းချင်း မည်သူက မည်သည့်နေရာတွင် ဘရိတ်အုပ်မည်ကို သိရှိထားခြင်း တို ့ကြောင့် နီးကပ်စွာ အရှိန်ဖြင့်မောင်းနှင်နိုင်ပေသည်။ ပြိုင်ကားပြေးလမ်းပေါ်တွင် မောင်းနှင်နေသော ကားနှင့် မြို ့ထဲ လမ်းမပေါ်မောင်းနှင်နေသော ကားမျာအား နှိုင်းယှဉ်ပြောဆို လို ့ပင်မရအောင် သဘောသဘာဝ ကွာခြားလှပါသည်။

ဘေးအန္တရာယ်ကင်းရှင်းရေး : “Defensive driving’’ ၏ နောက်ဆုံးအချက်မှာ မိမိနှင့်မိမိ ယာဉ် ဘေးအန္တရာယ်ကင်းရှင်း ရေးပင်ဖြစ်ပါသည် ။ မြန်မာပြည်ရှိ လမ်းများတွင် အမှုအခင်းများ နှစ်စဉ်နှင့်အမျှ တိုးပွားလျက်ရှိသည်။ ထိုသို ့ဖြစ်ရခြင်းအခြေခံ အကြောင်းရင်း နှစ်ချက်မှာ ကားမောင်း နေစဉ် မိမိဘေးပတ်ဝန်းကျင်အား သတိမမူခြင်း နှင့် မိမိတို ့ကားတံခါးများအား “ Lock’’ သေချာမချထားခြင်း တို ့ဖြစ်သည်။ ကားစ တင်မောင်းနှင်သည်နှင့်တပြိုင်နက် ကားတံခါးများ အား “Lock’’ ချထားရန် အရေးကြီးပါသည်။ သို ့မှသာ မိမိယာဉ်အတွင်းသို ့ အန္တရာယ်ပြုရန် ၀င်လာမည့်အခွင့်အရေးမှ ကာကွယ်နိုင်မည်။ အထူးသဖြင့် မီးပွိုင့်ကဲ့သို့သောနေရာများတွင် စောင့်ဆိုင်းနေစဉ် မိမိယာဉ်အနား သို ့အန္တရာယ်ပြုရန် ချဉ်းကပ်လာသော သူများ မိမိအားချက်ချင်း ရန်မပြုနိုင်ရန် အထောက်အ ကူပေးပါမည် ။ တစ်စီးနှင့်တစ်စီး ခွာရပ်ခြင်းကို အသုံးချပြီးလည်း အရှိန်ဖြင့် ရုတ်တရက် မောင်းထွက်သွားနိုင်ပေမည်။ ကားထိမိပွန်းပဲ ့ခြင်းသည် မိမိအသက်အန္တရာယ်အား ခြိမ်းခြောက်ခံ ရခြင်းနှင့် ယှဉ်ပါက မပြောပလောက်ပေ ။

အထက်ပါအချက် ( ၄ ) ချက်အား လိုက်နာမောင်းနှင်ခြင်းအားဖြင့် ယာဉ်မောင်းများအနေဖြင့် မိမိနှင့် မိမိ ယာဉ်များဘေးအန္တရာယ် ကျရောက်ခြင်းမှ လျော့ပါးစေမည်ဖြစ်ပါသည်။ တစ်ခါတစ်ရံ တစ်လက်မ နှစ်လက်မခန် ့ရှေ ့တိုးနိုင်ခြင်းထက် အန္တရာယ် ကင်းစွာ နည်းနည်းအနောက်ရောက်ခြင်းက ပိုမိုကောင်းပါသည်။

Zawgyi version…

“Defensive Driving’’ ဆိုသည္မွာ ယာဥ္ေမာင္းႏွင္မွဳ ပံုစံ ႏွင့္ ယာဥ္တစ္စီးႏွင့္ တစ္စီး သင့္တင့္ေသာ အကြာအေ၀း ခြာေမာင္းႏွင္ျခင္း မွအေျခခံပါသည္။  မိမိ ကားေရွ ့သို ့အျခားကား ျဖတ္မ၀င္ရန္ မိမိေရွ ့၌ ေမာင္းႏွင္ေနေသာ ကားႏွင့္နီးနိုင္သမွ်နီးေအာင္ တေရြ ့ေရြ ့ကပ္ျခင္းသည္ ယာဥ္မေတာ္တဆျဖစ္မွဳ ႏွင့္ ယာဥ္ဆင့္ကဲ တိုက္ခိုက္မွုဳ ျဖစ္ေပၚရန္ ျဖစ္ႏိုင္ေျခမ်ားေသာေၾကာင့္ ထိုသို ့ျပဳလုပ္ျခင္းထက္ မိမိေရွ ့သို ့ ၀င္မည့္ကားကို လမ္းေပးလိုက္ျခင္းသည္ ပိုမို အႏၲရာယ္ကင္းေပမည္ ။ ယခုကဲ ့သို ့သင့္တင့္ေသာ အကြာအေ၀းတစ္ခု ျဖင့္ ခြာေမာင္းျခင္းသည္ မိမိေရွ ့သို ့ကားမ်ား ၾကားျဖတ္၀င္ရန္ ခြာေမာင္းျခင္းမွဟုတ္ပဲ အႏၲရာယ္ မွ ကာကြယ္ေမာင္းႏွင္ျခင္းသာျဖစ္ေၾကာင္း သိရွိရန္ ျဖစ္ပါသည္။ ဤကဲ ့သို ့ေမာင္းႏွင္ျခင္းကို အစိုးရအဖြဲ ့အစည္းႏွင့္ဆိုင္ေသာ ကားမ်ား ၊ ရဲကားမ်ား ၊ စစ္တပ္မွကားမ်ား ၊ သံရံုးတြင္ေမာင္းႏွင္ေသာ ကားမ်ားတြင္က်င့္သံုးေလ ့ရွိျပီး ထိုသို ့ေမာင္းႏွင္ရျခင္း၏ အဓိက ရည္ရြယ္ခ်က္မွာလည္း ေဘးအႏၲရာယ္ ကင္းရွင္းစြာ ေမာင္းႏွင္သြားလာႏိုင္ေရးပင္ျဖစ္ပါသည္။  ေအာက္ပါ အခ်က္ ( ၄ ) ခ်က္ကို လိုက္နာေမာင္းႏွင္ျခင္းအားျဖင့္ “ Defensive Driver’’  ေကာင္းတစ္ေယာက္ ျဖစ္လာႏိုင္ေပသည္။

ႏို္းၾကား သတိရွိျခင္း : ကားေမာင္းႏွင္ေနစဥ္ တစ္ေလ်ာက္လံုး ႏိုးၾကား သတိရွိမွဳသည္ အေရးၾကီးပါသည္။ ဖုန္းေျပာဆိုျခင္း ၊ အလုပ္အေၾကာင္းေတြးေတာျခင္း ၊ ရည္းစားအေၾကာင္းေတြးေတာျခင္း မ်ားေရွာင္ရွား ရပါမည္။ ကားေမာင္းႏွင္သူသည္ မိမိ၏ ကားပတ္ခ်ာလည္ ( ေရွ ့၊ ေနာက္ ၊ ဘယ္ ၊ ညာ ) ကို အျမဲ သတိထားေနရပါမည္ ။  ( စက္တင္ဘာ ၂၀၁၆ ထုတ္တြင္ ေရးသားခဲ ့ေသာ ေနာက္ၾကည့္မွန္ မွန္ကန္စြာ အသံုးျပဳျခင္း ) မိိမိပတ္၀န္းက်င္အေနအထားကို သိရွိထား မွ ၎တို ့မွ တဆင့္ ျဖစ္ေပၚလာႏိုင္ေသာ အႏၲရာယ္မ်ားကို ၾကိဳတင္ကာကြယ္ႏိုင္ေပလိမ္ ့မည္။

ၾကိဳတင္ မွန္းဆ ေတြးျခင္း : မိမိယာဥ္ပတ္၀န္းက်င္အေနအထားကို အျမဲသတိမူေနမွသာ ၎တို ့ႏွင့္ ဆက္စပ္ျပီး ေပၚေပါက္လာႏိုင္ေသာ အႏၲရာယ္မ်ား ကို ကာကြယ္ရန္ ၾကိဳတင္မွန္းဆ ထားႏိုင္ပါမည္။  ဥပမာ – လမ္းျဖတ္ကူးသူမ်ား ၊ ဘက္စ္ကားျပိဳင္ေမာင္းသူမ်ား ေၾကာင့္ ၎တိိို ့အနီးရွိ တစ္ျခားကား မ်ားမိမိဘက္သုိ ့ယိုင္လာျခင္း ၊ မိမိ လမ္းေၾကာေပၚသို ့ေရာက္လာျခင္း စသည္တို ့ျဖစ္လာႏိုင္ေသာ ျခင္းမ်ားကို ၾကိဳတင္ေတြးေတာ မွန္းဆထားရပါမည္။  အဆိုးဆံုးျဖစ္လာႏိုင္မည့္ အေျခအေနကို မွန္းဆ ထားျပီး ေရွာင္ရွားႏိုင္ေပမည္။ ဤသို ့ေသာအေျခအေနေပၚေပါက္လာပါက ၉၀ % ခန္ ့ေသာ ယာဥ္ ေမာင္းမ်ားသည္ အမွားမ်ားကို ျပဳလုပ္မိၾကသည္ ။ ( ကိုယ္တိုင္ၾကံဳေတြ ့ေနရပါသည္ )။ ၾကိဳတင္ ေတြးေတာ မွန္းဆထားျခင္းသည္ အႏၲရာယ္က်ေရာက္ျခင္း ၊ ယာဥ္မေတာ္ တဆျဖစ္ျခင္း စသည္တို ့မွ ေရွာင္ရွားႏိုင္ရန္ ၇၅% ခန္ ့အခြင့္အေရးပိုမ်ားပါသည္။

ကားတစ္စီးႏွင့္ တစ္စီး ခြာေမာင္းျခင္း : ရန္ကုန္ တြင္ေမာင္းႏွင္ျခင္းျဖစ္ေစ ၊ စင္ကာပူ ၊ အေမရိကန္ တြင္ေမာင္းႏွင္ေနေသာယာဥ္ေမာင္းမ်ားသည္ မိမိေရွ ့ယာဥ္ႏွင့္ လိုအပ္ေသာအကြာအေ၀း ထက္ ပိုမိုကပ္ကာ ေမာင္းႏွင္ေလ ့ရွိၾကသည္။  ယာဥ္ ေမာင္းမ်ားသည္ မိမိေရွ ့သို ့အျခားယာဥ္ ျဖတ္မ၀င္ရန္ ( သို ့) တစ္စံုတစ္ခု ျဖစ္ေပၚလာပါက အခ်ိန္မီ ဘရိတ္အုပ္ထိန္းခ်ဳပ္နိုင္မည္ ဟု ထင္ၾကျပီး ကပ္ျပီးေမာင္းႏွင္ေလ ့ရွိၾကသည္။  အနည္းဆံုး မိမိေရွ ့ကား ေနာက္ဘီးတာယာႏွင့္ ေျမၾကီးထိစပ္ ေနသည့္ အပိုင္းကို ျမင္ႏိုင္သည့္အေနအထားမွ ခြာျပီး ရပ္သင့္ပါသည္။ တစ္နာရီ မိုင္ ၃၀ အထက္ ေမာင္းႏွင္ေနေသာ အခ်ိန္တြင္မူ ယာဥ္တစ္စီးႏွင့္ တစ္စီးၾကား ၂ စကၠန္ ့ခန္ ့ခြာေမာင္းရပါမည္။ သို ့ပါမွ ျပန္လည္တုန္ ့ျပန္ရန္ ႏွင့္ ဘရိတ္အုပ္ရန္ အခ်ိန္ရပါမည္။   Nissan GT-R ကဲ ့သို ့ေသာကားမ်ား ကို   Alcon brake kit မ်ိဳးသံုးထားျပီး အဆင့္ျမွင့္ထားႏိုင္ေသာ္လည္း လူသားတစ္ေယာက္၏ တုန္ ့ျပန္မွဳ ႏွင့္ ဘရိတ္ေပၚသို ့ေျခေထာက္အေျပာင္းအေရြ ့ၾကာခ်ိန္ ကိုေတာ့ အဆင့္မျမွင့္ႏိုင္ေပ ။  ေယဘုယ်အားျဖင့္ တစ္နာရီ ၃၅ မိုင္ႏွုန္းျဖင့္သြားေနေသာ ကားတစ္စီးအား လံုး၀ရပ္တန္ ့ရန္ ၁၀၆ ေပခန္ ့အကြာအေ၀းတစ္ခုလိုပါသည္။ အႏၲရာယ္အား ျမင္ျခင္းႏွင့္ မိမိေျခေထာက္ဘရိတ္ ေပၚသို ့ေရာက္ျခင္း ႏွစ္ခုၾကားတြင္ သင့္ကားသည္ ၃၈ ေပ ခန္ ့သြားျပီးျဖစ္သည္။  တစ္နာရီ ၆၅ မိုင္ႏွုန္း ျဖင့္သြားလာေနေသာ အေ၀းေျပးလမ္းမ်ိဳးတြင္ မိမိကားလံုး၀ ရပ္သြားရန္ ၃၀၅ ေပလိုအပ္ပါသည္ ။ ( ၎အကြာအေ၀းသည္ ေဘာလံုးကြင္းတစ္ကြင္းစာ ခန္ ့ရွိပါသည္ )။ အထက္ပါ အတြက္အခ်က္ နံပါတ္မ်ားသည္ ေကာင္း မြန္ေသာ ဘရိတ္စနစ္ႏွင့္ ေကာင္းမြန္ေသာလမ္းအေျခအေနတို ့မွ အေျခခံ တြက္ခ်က္ထားျခင္းျဖစ္ပါသည္။ လူအမ်ားသည္ ေမးၾကသည္ “ ဒါဆို ဘာေၾကာင့္ ျပိဳင္ကားေတြ အရွိန္ျမွင့္ျပီး နိီးနီးကပ္ကပ္ေမာင္းႏိုင္တာလဲ ?’’ ျပိဳင္ကားေမာင္းႏွင္သူမ်ား သည္ ျပိဳင္ကားပတ္လမ္း ႏွင့္ ျပိဳင္ကားေပၚအေျခခံျပီး ေမာင္းႏွင္ၾကသည္။ ျပိဳင္ကားပတ္လမ္းတြင္ ဘရိတ္အုပ္ရန္ ေနရာ သတ္သတ္မွတ္မွတ္ပါျပီး ၎ေနရာမွသာ ဘရိတ္အုပ္ၾကျခင္း ၊ ေမာင္းႏွင္သူအခ်င္းခ်င္း မည္သူက မည္သည့္ေနရာတြင္ ဘရိတ္အုပ္မည္ကို သိရွိထားျခင္း တို ့ေၾကာင့္ နီးကပ္စြာ အရွိန္ျဖင့္ေမာင္းႏွင္ႏိုင္ေပသည္။ ျပိဳင္ကားေျပးလမ္းေပၚတြင္ ေမာင္းႏွင္ေနေသာ ကားႏွင့္ ျမိဳ ့ထဲ လမ္းမေပၚေမာင္းႏွင္ေနေသာ ကားမ်ာအား ႏွိဳင္းယွဥ္ေျပာဆို လို ့ပင္မရေအာင္ သေဘာသဘာ၀ ကြာျခားလွပါသည္။

ေဘးအႏၲရာယ္ကင္းရွင္းေရး :  “Defensive driving’’ ၏ ေနာက္ဆံုးအခ်က္မွာ မိမိႏွင့္မိမိ ယာဥ္ ေဘးအႏၲရာယ္ကင္းရွင္း ေရးပင္ျဖစ္ပါသည္ ။ ျမန္မာျပည္ရွိ လမ္းမ်ားတြင္ အမွုအခင္းမ်ား ႏွစ္စဥ္ႏွင့္အမွ် တိုးပြားလ်က္ရွိသည္။ ထိုသို ့ျဖစ္ရျခင္းအေျခခံ အေၾကာင္းရင္း ႏွစ္ခ်က္မွာ ကားေမာင္း ေနစဥ္ မိမိေဘးပတ္၀န္းက်င္အား သတိမမူျခင္း ႏွင့္ မိမိတို ့ကားတံခါးမ်ားအား “ Lock’’ ေသခ်ာမခ်ထားျခင္း တို ့ျဖစ္သည္။ ကားစ တင္ေမာင္းႏွင္သည္နွင့္တျပိဳင္နက္ ကားတံခါးမ်ား အား “Lock’’ ခ်ထားရန္ အေရးၾကီးပါသည္။  သို ့မွသာ မိမိယာဥ္အတြင္းသို ့ အႏၲရာယ္ျပဳရန္ ၀င္လာမည့္အခြင့္အေရးမွ ကာကြယ္ႏိုင္မည္။   အထူးသျဖင့္ မီးပြိဳင့္ကဲ့သို့ေသာေနရာမ်ားတြင္ ေစာင့္ဆိုင္းေနစဥ္ မိမိယာဥ္အနား သို  ့အႏၲရာယ္ျပဳရန္ ခ်ဥ္းကပ္လာေသာ သူမ်ား မိမိအားခ်က္ခ်င္း ရန္မျပဳႏိုင္ရန္ အေထာက္အ ကူေပးပါမည္ ။ တစ္စီးႏွင့္တစ္စီး ခြာရပ္ျခင္းကို အသံုးခ်ျပီးလည္း အရွိန္ျဖင့္ ရုတ္တရက္ ေမာင္းထြက္သြားႏိုင္ေပမည္။ ကားထိမိပြန္းပဲ ့ျခင္းသည္  မိမိအသက္အႏၲရာယ္အား ျခိမ္းေျခာက္ခံ ရျခင္းႏွင့္ ယွဥ္ပါက မေျပာပေလာက္ေပ ။

အထက္ပါအခ်က္ ( ၄ ) ခ်က္အား လိုက္နာေမာင္းႏွင္ျခင္းအားျဖင့္ ယာဥ္ေမာင္းမ်ားအေနျဖင့္ မိမိႏွင့္ မိမိ ယာဥ္မ်ားေဘးအႏၲရာယ္ က်ေရာက္ျခင္းမွ ေလ်ာ့ပါးေစမည္ျဖစ္ပါသည္။  တစ္ခါတစ္ရံ တစ္လက္မ ႏွစ္လက္မခန္ ့ေရွ ့တိုးႏိုင္ျခင္းထက္ အႏၲရာယ္ ကင္းစြာ နည္းနည္းအေနာက္ေရာက္ျခင္းက ပိုမိုေကာင္းပါသည္။