Unicode version…

အရင်ဆုံး ပရိသတ်ကြီးကို DFM အကြောင်းအနည်းငယ်ပြောပြလိုပါတယ်။ DFM (Dongfeng Motor Corporation ) ဟာ တရုတ်အခြေစိုက်မော်တော်ကားထုတ်လုပ်မှု ကုမ္ပဏီဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမော်တော်ကားကုမ္ပဏီ ဖြစ်ပါတယ်။ Dongfeng Motor ဟာ လူစီးယာဉ်တွေသာမကဘဲ လုပ်ငန်းသုံးယာဉ်၊ ဘတ်စ်နဲ့ ကားပစ္စည်း အစိတ်အပိုင်းတွေ ကိုပါ ထုတ်လုပ် ရောင်းချနေပြီး Honda,Nissan, Peugeot-Citroën, Renault စတဲ့ နိုင်ငံတကာမှ ကားကုမ္ပဏီများနဲ့လည်းပူးပေါင်းကာ ထုတ် လုပ်မှုများရှိပါတယ်။ လက်ရှိ ကမ္ဘာ့အကြီးဆုံး ကားစျေးကွက်ကို ပိုင်ဆိုင်ထားတဲ့တရုတ်ရဲ့ ထိပ်တန်းကားထုတ်လုပ်သူစာရင်း ထဲပါဝင်နေတဲ့ DFM ရဲ့အနေအထားက ချီးကျူးစရာဖြစ် သလို သူ့ရဲ့နည်းပညာပိုင်းကိုလည်းလေ့လာကြည့်ဖို့လိုလာပါပြီ။ ဒါကြောင့် Drive ရဲ့Test Drive ကဏ္ဍမှာ DFM ရဲ့ထုတ်ကုန် တစ်ခုဖြစ်တဲ့ AX7 ကိုရွေးချယ်ပေးထားပါတယ်။ ဒါကြောင့် ဆက်လေ့လာကြည့်ရအောင်ပါ။

အပြင်ဘက်ပိုင်း

AX 7 ဟာ Sport ဆန်တဲ့ပုံစံ၊ ယုံကြည် စိတ်ချရမှု၊ လှပမှုပုံစံတွေကို မြင်တွေ့ခဲ့ရပါတယ်။ အရှေ့မီးကြီးတွေကို သိမ်းငှက်မျက်လုံးပုံစံ ဆင်ထားပြီး အဲဒီမီးတွေကိုလိုသလိုထိန်းညှိနိုင်ပါတယ်။ ဒါ့အပြင် အတွင်းခန်းမီးတွေဟာပါကင်ထိုးပြီး ကားစက်သတ်ပြီးချိန် တံခါးတွေ လော့ခ်ချပြီးချိန်မှာ ချက်ချင်းမပိတ်သွားပဲ လူကိုအလင်းရောင်ပေးဖို့စောင့်ဆိုင်းနေပါသေးတယ်။ LED Day Time Running Lamp တွေလည်းပါဝင်တာမို့ စွဲမက်စရာရုပ်သွင်ကိုပိုင်ဆိုင်ထားပါတယ်။ Chrome တွေနဲ့ပြုလုပ်ထားတဲ့ ရှေ့ရှဲနဲ့ တင့်တယ်ပြေပြစ်တဲ့Body အနားရေးကြောင်းတွေကြောင့် AX7 ရဲ့သွင်ပြင်က စွမ်းအင်ရှိပြီး မာကျောတဲ့SUV တစ်စီးလိုဖြစ်တည်နေပါတယ်။ နောက်ဘက်ပိုင်း မှာဆိုရင်လည်း ခိုင်ခ့ံတဲ့ Bumper ၊ လှပစွာ တစ်စောင်းပြုလုပ်ထားတဲ့မှန်၊ ဘော်ဒီပေါ်ထိ ရောက်ရှိနေတဲ့နောက်မီးခွက်နဲ့ Exhaust နှစ်ခုပုံစံပါဝင်တာကလည်း AX7 ကိုပြီးပြည့်စုံတဲ့ အခြေအနေမျိုးရောက်ရှိအောင် ဆွဲဆောင်ပေးနိုင်ပါတယ်။ နောက်တစ်ခုက ထင်ရှားပေါ်လွင်နေတဲ့အမိုးပေါ်က Roof Rails တွေက Dynamic Design မျိုးဖြစ်ပါတယ်။ Fog light တွေကလည်း ရှေ့နောက် နှစ်မျိုး ပါဝင်ပါသေးတယ်။ ၁၈ လက်မအလွိုင်း တွေကိုသုံးထားတာကြောင့် ပိုခန့်ညားပြီး ဆွဲဆောင်မှု အားကောင်းစေပါတယ်။

အတွင်းခန်း

Leather Steering Wheel က AX 7 ရဲ့အတွင်းခန်းကိုလှပစေပြီး အဲဒီ Electronic Steering Wheel မှာ Entertainment ၊ Bluetooth နဲ့Cruise Control တို့ကိုထိန်းချူပ်နိုင်တဲ့ Button တွေပါဝင်ပါတယ်။ အကောင်းစား အထည်ကိုသုံးထားတဲ့ Dashboard မှာ 7 inch HD Color Touch Screen ပါဝင်ပါသေးတယ်။ အဲဒီမှာ Back Camera ၊ Bluetooth ၊ Radio တွေကိုထိန်းချူပ်သုံးစွဲနိုင်သလို SD Card Slot ၊ USB နဲ့AUX အတွက်လည်းချိတ်ဆက်နိုင်ဖို့ အပေါက်တွေ ပါဝင်ပါသေးတယ်။ ကောင်းမွန်တဲ့သောတအာရုံကိုခံ စားနိုင်ဖို့အတွက်လည်း 6 Speaker with HI-FI ကိုသုံးစွဲထားပါတယ်။ ဒါ့အပြင် Driver ရှေ့ဒိုင်ခွက်မှာလည်း တောက်ပတဲ့ Color Screen ၊ ပြည့်စုံ တဲ့ဖော်ပြချက်တွေက ကားမောင်းသူကိုအကောင်းဆုံးပ့ံပိုးပေးနိုင်ပါလိမ့်မယ်။ အဲဒီမှာ Tire Pressure ၊ maintenance check alert တို့လိုသတိပေးမှုတွေလည်းထည့်သွင်းပေးထားပါတယ်။ လက်ရှိဆီလက်ကျန်နဲ့ရောက်ရှိနိုင်တဲ့အကွာအဝေးကို တွက်ချက်ဖော်ပြနိုင်မှု၊ ဆီစားနှုန်း တွက်ချက်ဖော်ပြခြင်းတွေ လည်းပါဝင်ပါတယ်။အဲဒီအပြင် ရှေ့ခန်းမှာ Cup holder ပါဝင်ပြီး AC 220 V Plug လည်းတပ်ဆင်ထားပါတယ်။ Dual Aircon System ကလည်း ယာဉ်နောက်ခန်း အတွက်တင့်တော် မျှတတဲ့ Air Conditioning System ကိုထိန်းညှိပေးထားပါတယ်။ ထိုင်ခုံတွေကိုကြည့်ရင်အဆင့်မြင့် Leather Seat တွေကိုပဲသုံးထားတဲ့အပြင် Driver Seat က Manual နဲ့ပုံစံ ၆ ခုပြောင်းနိုင်သလို Passenger seat ကိုလည်း ပုံစံ၄ ခုပြောင်းလဲနိုင်ပါတယ်။ နောက်ပြီး မှန်တွေအားလုံးကိုနေရောင်ခြည်မှ ခရမ်းလွန်ရောင်ခြည်ဒဏ်ခံနိုင်ဖို့ Tinted Mirror တွေနဲ့ ပြုလုပ်ပေးထားပါတယ်။ ကြီးမားတဲ့ Sunroof ပါရှိတာကြောင့် Sightseeing အရသာနဲ့ လတ်ဆတ်တဲ့လေကိုခံစားနိုင်ပြီး Sky View feeling ကိုလည်း ခံစားနိုင်မှာဖြစ်ပါတယ်။ 565 L Size ကြီးမားတဲ့ Cargo Space တွေအပြင် Cargo တွေကိုဖုံးအုပ်ဖို့အဖုံးလည်းပါဝင်ပါသေးတယ်။

စွမ်းဆောင်ရည်

AX7 ကို 2.0L Gasoline နဲ့PSA RFN 10LH 3X အင်ဂျင်ကိုသုံးစွဲထားပါတယ်။အဲဒီက ပြင်သစ်ရဲ့နာမည်ကြီး Peugeot ကထုတ်လုပ်ပေးထားတာဖြစ်ပြီးစွမ်းဆောင်ရည်နဲ့ဆီစားနှုန်းအတွက်အကောင်းဆုံးသောစွမ်းဆောင်မှုကိုရရှိနိုင်မှာဖြစ်ပါတယ်။နောက်ပြီး ဂီယာကလည်း 6 speed AT နဲ့ 5 speed MT တို့ကိုလိုသလိုထိန်းချူပ်မောင်းနှင်အောင် ဂျပန်နိုင်ငံထုတ် Aison အမှတ်တံဆိပ်တွေကို အသုံးပြုထားပါတယ်။ 2WD ရှေ့ဘီးယက်စနစ်ဖြစ်ပြီး အမြင့်ဆုံးစွမ်းရည်က 108kw/6000rpm ဖြစ်ပြီး အမြင့်ဆုံးရုန်းအားက 200Nm/4000rpm ဖြစ်ပါတယ်။ ဆီစားနှုန်းကတော့ 100 km ကို 8.7 L ဆိုတော့ Fuel consumption သက်သာတဲ့ Urban SUV ကားတစ်စီးဖြစ်တယ်ဆိုတာပြသလိုက်သလိုပါပဲ။ နောက်ပြီးပြည့်စုံသော SUV ကိုယ်ထည်မျိုးဖြစ်အောင်တည်ဆောက်ထားသလို Front Suspension ကို Mac Pherson Independent Suspension နဲ့တည်ဆောက်ထားပြီး နောက် Suspension ကိုတော့ Twin Torison Bar Trailling Arm Type Independent Suspension ကိုသုံးထားလို့ငြိမ့်ညောင်းမှုနဲ့တုန်ခါမှုကင်းဝေးခြင်းကို ပိုင်ဆိုင်နိုင်မှာပါ။ Emission ထုတ်လွှတ်မှုက Euro V အဆင့်ဖြစ်လို့CO2 ထုတ်မှုနိမ့်ကျပြီး သဘာဝပတ်ဝန်းကျင်အတွက် အထောက်အကူဖြစ် စေနိုင်ပါတယ်။

လုံခြုံရေး

AX7 မှာလုံခြံရေး Air bag တွေ တပ်ဆင်ထားပြီးမှာ ABS ၊ Intelligent Brake Assistance ၊ EBD တို့လိုဘရိတ်ကို အထောက် အပံ့ပေးတဲ့စနစ်တွေ၊ မော်တော်ယာဉ်တိမ်းစောင်းမှု၊အနိမ့်အမြင့်တွေကိုထိန်းညှိပေးနိုင်တဲ့ Electronic Stability Control ၊ ကုန်းတက်၊ ကုန်းဆင်းတွေမှာ အင်ဂျင်ပါဝါကိုထိန်းညှိပေးနိုင်တဲ့ HHC(Hill start hold control)၊ လမ်းမချော်အောင်ပြုလုပ်ပေးတဲ့ Traction Control စနစ်တွေပါဝင်တာကြောင့် လုံခြုံစိတ်ချရမှုမှာအကောင်းဆုံးအနေအထားမှာရှိနေပါတယ်။ ပြီးတော့ Parking Sensor တွေကလည်း နောက်ဘက်ပိုင်း Safety အတွက်အထောက်အကူဖြစ်စေနိုင်ပါတယ်။ AX7 က လုံခြံုရေးစနစ် စံချိန်စံညွှန်း C-NCAP 5 star ရရှိထား တဲ့အတွက်လည်း လုံခြံုရေးအတွက်အထူးအာမခံနိုင်တယ်လို့DFM ကဆိုထားတာဖြစ်ပါတယ်။

စျေးနှုန်းနဲ့သုံးသပ်ချက်

DFM 2017 Model AX7 ကို USD 36000 + နဲ့ဝယ်ယူနိုင်မှာဖြစ်ပြီး Warranty ကတော့ ၃ နှစ် (သို့)ကီလို ၁၀၀၀၀၀ ဖြစ်ပါတယ်။ ပထမဆုံးပြောချင်တာကသူ့ရဲ့စျေးနှုန်းပိုင်းပါ။USD 36000 ဆိုတာက အဆင့်မြင့်SUV တစ်စီးဝယ်ဖို့မလုံလောက်ပါဘူး။ဒါပေမဲ့ AX7လိုပြီးပြည့်စုံတဲ့SUV တစ်စီးအတွက် ဒီစျေးကအရမ်းကိုတန်လွန်းနေသလားလို့ထင်မိပါတယ်။ဒါကြောင့် AX7 ကမတူ ကွဲပြားတဲ့ခံစားမှုတွေကို ပေးစွမ်းနိုင်စွမ်းရှိတဲ့ကားတစ်စီးလို့ဆိုပါရစေ။ အရောင်အနေနဲ့လည်း အဖြူ၊အနက်နဲ့နီညိုတို့ထဲကကြိုက် ရာရွေးနိုင်ပါတယ်။ဒီကားလေးကို ဝယ်ယူချင်ရင်တော့ Dongfeng ကားတွေကို တရားဝင်ရောင်းချခွင့်ရရှိထားသော Sojitz Sunrise Automobile Co.,Ltd (DFM Car Showroom) အမှတ် ၁၉၊ ဗဟိုလမ်း၊စမ်းချောင်းမြို့နယ်၊ရန်ကုန်၊ဖုန်း- 01 2304801-02 ,Hot line 09-425097655 သို့ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

Specification

Engine Type – PSA RFN 10LH 3X

Engine Power-2.0L/1997 cc

Fuel –Gasoline

Engine Drive-FF 2WD

Maximum Power(Km/rpm)-108/6000

Maximum Torque(Nm/rpm)-200/4000

Transmission-6 speed AT with 5 MT

Fuel Consumption(L/100km)- 8.7

Maximum Speed (Km/h)-180

Zawgyi version…

အရင္ဆုံး ပရိသတ္ၾကီးကုိ DFM အေၾကာင္းအနည္းငယ္ေျပာျပလုိပါတယ္။ DFM (Dongfeng Motor Corporation ) ဟာ တရုတ္အေျခစုိက္ေမာ္ေတာ္ကားထုတ္လုပ္မွဳ ကုမၸဏီျဖစ္ျပီး တရုတ္ႏုိင္ငံရဲ႕ ဒုတိယအၾကီးဆုံးေမာ္ေတာ္ကားကုမၸဏီ ျဖစ္ပါတယ္။ Dongfeng Motor ဟာ လူစီးယာဥ္ေတြသာမကဘဲ လုပ္ငန္းသုံးယာဥ္၊ ဘတ္စ္နဲ႕ ကားပစၥည္း အစိတ္အပုိင္းေတြ ကုိပါ ထုတ္လုပ္ ေရာင္းခ်ေနျပီး Honda,Nissan, Peugeot-Citroën, Renault စတဲ့ ႏုိင္ငံတကာမွ ကားကုမၸဏီမ်ားနဲ႕လည္းပူးေပါင္းကာ ထုတ္ လုပ္မွဳမ်ားရွိပါတယ္။ လက္ရွိ ကမာၻ႕အၾကီးဆုံး ကားေစ်းကြက္ကုိ ပုိင္ဆုိင္ထားတဲ့တရုတ္ရဲ႕ ထိပ္တန္းကားထုတ္လုပ္သူစာရင္း ထဲပါဝင္ေနတဲ့ DFM ရဲ႕အေနအထားက ခ်ီးက်ဴးစရာျဖစ္ သလုိ သူ႕ရဲ႕နည္းပညာပုိင္းကုိလည္းေလ့လာၾကည့္ဖုိ႕လုိလာပါျပီ။ ဒါေၾကာင့္ Drive ရဲ႕Test Drive က႑မွာ DFM ရဲ႕ထုတ္ကုန္ တစ္ခုျဖစ္တဲ့ AX7 ကုိေရြးခ်ယ္ေပးထားပါတယ္။ ဒါေၾကာင့္ ဆက္ေလ့လာၾကည့္ရေအာင္ပါ။

အျပင္ဘက္ပုိင္း

AX 7 ဟာ Sport ဆန္တဲ့ပုံစံ၊ ယုံၾကည္ စိတ္ခ်ရမွဳ၊ လွပမွဳပုံစံေတြကုိ ျမင္ေတြ႕ခဲ့ရပါတယ္။ အေရွ႕မီးၾကီးေတြကုိ သိမ္းငွက္မ်က္လုံးပံုစံ ဆင္ထားျပီး အဲဒီမီးေတြကုိလုိသလုိထိန္းညွိႏုိင္ပါတယ္။ ဒါ့အျပင္ အတြင္းခန္းမီးေတြဟာပါကင္ထုိးျပီး ကားစက္သတ္ၿပီးခ်ိန္ တံခါးေတြ ေလာ့ခ္ခ်ၿပီးခ်ိန္မွာ ခ်က္ခ်င္းမပိတ္သြားပဲ လူကုိအလင္းေရာင္ေပးဖုိ႕ေစာင့္ဆုိင္းေနပါေသးတယ္။ LED Day Time Running Lamp ေတြလည္းပါဝင္တာမုိ႕ စြဲမက္စရာရုပ္သြင္ကုိပုိင္ဆုိင္ထားပါတယ္။ Chrome ေတြနဲ႕ျပဳလုပ္ထားတဲ့ ေရွ႕ရွဲနဲ႕ တင့္တယ္ေျပျပစ္တဲ႕Body အနားေရးေၾကာင္းေတြေၾကာင့္ AX7 ရဲ႕သြင္ျပင္က စြမ္းအင္ရွိျပီး မာေက်ာတဲ႕SUV တစ္စီးလုိျဖစ္တည္ေနပါတယ္။ ေနာက္ဘက္ပုိင္း မွာဆုိရင္လည္း ခုိင္ခ့ံတဲ့ Bumper ၊ လွပစြာ တစ္ေစာင္းျပဳလုပ္ထားတဲ့မွန္၊  ေဘာ္ဒီေပၚထိ ေရာက္ရွိေနတဲ့ေနာက္မီးခြက္နဲ႕ Exhaust ႏွစ္ခုပံုစံပါဝင္တာကလည္း AX7 ကုိျပီးျပည့္စုံတဲ့ အေျခအေနမ်ိဳးေရာက္ရွိေအာင္ ဆြဲေဆာင္ေပးႏုိင္ပါတယ္။ ေနာက္တစ္ခုက ထင္ရွားေပၚလြင္ေနတဲ့အမုိးေပၚက  Roof Rails ေတြက Dynamic Design မ်ိဳးျဖစ္ပါတယ္။ Fog light ေတြကလည္း ေရွ႕ေနာက္ ႏွစ္မ်ိဳး ပါဝင္ပါေသးတယ္။ ၁၈ လက္မအလြိဳင္း ေတြကိုသံုးထားတာေၾကာင့္ ပိုခန္႕ညားၿပီး ဆြဲေဆာင္မႈ အားေကာင္းေစပါတယ္။

အတြင္းခန္း

Leather Steering Wheel က AX 7 ရဲ႕အတြင္းခန္းကုိလွပေစျပီး အဲဒီ Electronic Steering Wheel မွာ Entertainment ၊ Bluetooth နဲ႕Cruise Control တုိ႕ကုိထိန္းခ်ဴပ္ႏုိင္တဲ့ Button ေတြပါဝင္ပါတယ္။ အေကာင္းစား အထည္ကုိသုံးထားတဲ့ Dashboard မွာ 7 inch HD Color Touch Screen ပါဝင္ပါေသးတယ္။ အဲဒီမွာ Back Camera ၊ Bluetooth ၊ Radio ေတြကုိထိန္းခ်ဴပ္သုံးစြဲႏုိင္သလုိ SD Card Slot ၊ USB နဲ႕AUX အတြက္လည္းခ်ိတ္ဆက္ႏုိင္ဖုိ႕ အေပါက္ေတြ ပါဝင္ပါေသးတယ္။ ေကာင္းမြန္တဲ့ေသာတအာရုံကုိခံ စားႏုိင္ဖုိ႕အတြက္လည္း 6 Speaker  with HI-FI ကိုသုံးစြဲထားပါတယ္။ ဒါ့အျပင္ Driver ေရွ႕ဒုိင္ခြက္မွာလည္း ေတာက္ပတဲ့ Color Screen ၊ ျပည့္စုံ တဲ့ေဖာ္ျပခ်က္ေတြက ကားေမာင္းသူကုိအေကာင္းဆုံးပ့ံပုိးေပးႏုိင္ပါလိမ့္မယ္။ အဲဒီမွာ Tire Pressure ၊ maintenance check alert တုိ႕လုိသတိေပးမွဳေတြလည္းထည့္သြင္းေပးထားပါတယ္။ လက္ရွိဆီလက္က်န္နဲ႕ေရာက္ရွိႏုိင္တဲ႔အကြာအေဝးကုိ တြက္ခ်က္ေဖာ္ျပႏုိင္မွဳ၊ ဆီစားႏွဳန္း တြက္ခ်က္ေဖာ္ျပျခင္းေတြ လည္းပါဝင္ပါတယ္။အဲဒီအျပင္ ေရွ႕ခန္းမွာ Cup holder ပါဝင္ျပီး AC 220 V Plug လည္းတပ္ဆင္ထားပါတယ္။ Dual Aircon System ကလည္း ယာဥ္ေနာက္ခန္း အတြက္တင့္ေတာ္ မွ်တတဲ့ Air Conditioning System ကိုထိန္းညွိေပးထားပါတယ္။ ထုိင္ခုံေတြကုိၾကည့္ရင္အဆင့္ျမင့္ Leather Seat ေတြကုိပဲသုံးထားတဲ့အျပင္ Driver Seat က Manual နဲ႕ပုံစံ ၆ ခုေျပာင္းႏုိင္သလုိ Passenger seat ကုိလည္း ပုံစံ၄ ခုေျပာင္းလဲႏုိင္ပါတယ္။ ေနာက္ျပီး မွန္ေတြအားလုံးကုိေနေရာင္ျခည္မွ ခရမ္းလြန္ေရာင္ျခည္ဒဏ္ခံႏိုင္ဖုိ႕ Tinted Mirror ေတြနဲ႕ ျပဳလုပ္ေပးထားပါတယ္။ ၾကီးမားတဲ့ Sunroof ပါရွိတာေၾကာင့္ Sightseeing အရသာနဲ႕ လတ္ဆတ္တဲ့ေလကိုခံစားႏိုင္ၿပီး Sky View feeling ကိုလည္း ခံစားႏိုင္မွာျဖစ္ပါတယ္။ 565 L Size ႀကီးမားတဲ့ Cargo Space ေတြအျပင္ Cargo ေတြကုိဖုံးအုပ္ဖုိ႕အဖုံးလည္းပါဝင္ပါေသးတယ္။

စြမ္းေဆာင္ရည္

AX7 ကုိ 2.0L Gasoline နဲ႕PSA RFN 10LH 3X အင္ဂ်င္ကုိသုံးစြဲထားပါတယ္။အဲဒီက ျပင္သစ္ရဲ႕နာမည္ၾကီး Peugeot ကထုတ္လုပ္ေပးထားတာျဖစ္ျပီးစြမ္းေဆာင္ရည္နဲ႕ဆီစားႏွဳန္းအတြက္အေကာင္းဆုံးေသာစြမ္းေဆာင္မွဳကုိရရွိႏုိင္မွာျဖစ္ပါတယ္။ေနာက္ျပီး ဂီယာကလည္း 6 speed AT နဲ႕ 5 speed MT တုိ႕ကုိလုိသလုိထိန္းခ်ဴပ္ေမာင္းႏွင္ေအာင္ ဂ်ပန္ႏုိင္ငံထုတ္ Aison အမွတ္တံဆိပ္ေတြကုိ အသုံးျပဳထားပါတယ္။ 2WD ေရွ႕ဘီးယက္စနစ္ျဖစ္ျပီး အျမင့္ဆုံးစြမ္းရည္က 108kw/6000rpm ျဖစ္ျပီး အျမင္႔ဆုံးရုန္းအားက 200Nm/4000rpm ျဖစ္ပါတယ္။ ဆီစားႏႈန္းကေတာ့ 100 km ကုိ 8.7 L ဆုိေတာ့ Fuel consumption သက္သာတဲ့ Urban SUV ကားတစ္စီးျဖစ္တယ္ဆုိတာျပသလုိက္သလုိပါပဲ။ ေနာက္ျပီးျပည့္စုံေသာ SUV ကုိယ္ထည္မ်ိဳးျဖစ္ေအာင္တည္ေဆာက္ထားသလုိ Front Suspension ကုိ Mac Pherson Independent Suspension နဲ႕တည္ေဆာက္ထားျပီး ေနာက္ Suspension ကုိေတာ့ Twin Torison Bar Trailling Arm Type Independent Suspension ကုိသုံးထားလုိ႕ျငိမ့္ေညာင္းမွဳနဲ႕တုန္ခါမွဳကင္းေဝးျခင္းကုိ ပုိင္ဆုိင္ႏုိင္မွာပါ။ Emission ထုတ္လႊတ္မွဳက Euro V အဆင့္ျဖစ္လုိ႕CO2 ထုတ္မွဳနိမ့္က်ျပီး သဘာဝပတ္ဝန္းက်င္အတြက္ အေထာက္အကူျဖစ္ ေစႏုိင္ပါတယ္။

လံုျခံဳေရး

AX7 မွာလံုၿခံေရး Air bag ေတြ တပ္ဆင္ထားၿပီးမွာ ABS ၊ Intelligent Brake Assistance ၊ EBD တုိ႕လုိဘရိတ္ကုိ အေထာက္ အပံ့ေပးတဲ့စနစ္ေတြ၊ ေမာ္ေတာ္ယာဥ္တိမ္းေစာင္းမွဳ၊အနိမ့္အျမင့္ေတြကုိထိန္းညွိေပးႏုိင္တဲ့ Electronic Stability Control ၊ ကုန္းတက္၊ ကုန္းဆင္းေတြမွာ အင္ဂ်င္ပါဝါကုိထိန္းညွိေပးႏုိင္တဲ့ HHC(Hill start hold control)၊ လမ္းမေခ်ာ္ေအာင္ျပဳလုပ္ေပးတဲ့ Traction Control စနစ္ေတြပါဝင္တာေၾကာင့္ လုံျခဳံစိတ္ခ်ရမွဳမွာအေကာင္းဆုံးအေနအထားမွာရွိေနပါတယ္။ ျပီးေတာ့ Parking Sensor ေတြကလည္း ေနာက္ဘက္ပုိင္း Safety အတြက္အေထာက္အကူျဖစ္ေစႏုိင္ပါတယ္။ AX7 က လုံျခံဳေရးစနစ္ စံခ်ိန္စံညႊန္း C-NCAP 5 star ရရွိထား တဲ့အတြက္လည္း လုံျခံဳေရးအတြက္အထူးအာမခံႏုိင္တယ္လုိ႕DFM ကဆုိထားတာျဖစ္ပါတယ္။

ေစ်းႏွဳန္းနဲ႕သုံးသပ္ခ်က္

DFM 2017 Model AX7 ကုိ USD 36000 + နဲ႕ဝယ္ယူႏုိင္မွာျဖစ္ျပီး Warranty ကေတာ့ ၃ ႏွစ္ (သို႕)ကီလုိ ၁၀၀၀၀၀ ျဖစ္ပါတယ္။ ပထမဆုံးေျပာခ်င္တာကသူ႕ရဲ႕ေစ်းႏွဳန္းပုိင္းပါ။USD 36000 ဆုိတာက အဆင့္ျမင့္SUV တစ္စီးဝယ္ဖုိ႕မလုံေလာက္ပါဘူး။ဒါေပမဲ့ AX7လုိျပီးျပည့္စုံတဲ့SUV တစ္စီးအတြက္ ဒီေစ်းကအရမ္းကုိတန္လြန္းေနသလားလုိ႕ထင္မိပါတယ္။ဒါေၾကာင့္ AX7 ကမတူ ကြဲျပားတဲ့ခံစားမွဳေတြကုိ ေပးစြမ္းႏုိင္စြမ္းရွိတဲ့ကားတစ္စီးလုိ႕ဆုိပါရေစ။ အေရာင္အေနနဲ႕လည္း အျဖဴ၊အနက္နဲ႕နီညိဳတုိ႕ထဲကၾကိဳက္ ရာေရြးႏုိင္ပါတယ္။ဒီကားေလးကုိ ဝယ္ယူခ်င္ရင္ေတာ့ Dongfeng ကားေတြကုိ တရားဝင္ေရာင္းခ်ခြင့္ရရွိထားေသာ Sojitz Sunrise Automobile Co.,Ltd (DFM Car Showroom) အမွတ္ ၁၉၊ ဗဟုိလမ္း၊စမ္းေခ်ာင္းျမိဳ႕နယ္၊ရန္ကုန္၊ဖုန္း- 01 2304801-02 ,Hot line 09-425097655 သုိ႕ဆက္သြယ္ဝယ္ယူႏုိင္ပါတယ္။

Specification

Engine Type – PSA RFN 10LH 3X

Engine Power-2.0L/1997 cc

Fuel –Gasoline

Engine Drive-FF 2WD

Maximum Power(Km/rpm)-108/6000

Maximum Torque(Nm/rpm)-200/4000

Transmission-6 speed AT with 5 MT

Fuel Consumption(L/100km)- 8.7

Maximum Speed (Km/h)-180