Pure EV တွေကို သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် အသုံးပြုလာကြခြင်းက မော်တော်ယာဉ်လောကရဲ့ တစ်ခေတ်ဆန်းချိန်ပဲဖြစ်ပါတယ်။ လျှပ်စစ်ကားတွေဟာ လောင်စာဆီအသုံးပြုမှုကို အကောင်းဆုံး လျှော့ချပေးပြီး zero emission ဖြစ်တာကြောင့် သဘာဝပတ်ဝန်းကျင်အတွက် အနာဂတ်မှာ အကောင်းဆုံး သယ်ယူပို့ဆောင်ရေးစနစ်လို့တောင် ညွှန်းဆိုထားခံရပါတယ်။
မြန်မာနိုင်ငံမှာလည်း မကြာခင်ကာလအတွင်း လျှပ်စစ်ကားတွေ တင်သွင်းရောင်းချတော့မှာဖြစ်လို့ အနာဂတ်ရဲ့ မော်တော်ယာဉ်လောကမှာ ကားချစ်သူတွေအတွက် ရွေးချယ်စရာ တစ်ခုဖြစ်လာမှာတော့ အသေအချာပါပဲ။ ဒီဇိုင်းပိုင်း၊ အရည်အသွေးနဲ့ အဆင့်မြင့် နည်းပညာတွေနဲ့အတူ ဆန်းသစ်ထုတ်လုပ်ထားတဲ့ လျှပ်စစ်ကားတွေကို DFSK Myanmar ကလည်း မကြာခင်မှာ စျေးကွက်အတွင်း တင်သွင်းဖြန့်ချိ ရောင်းချပေးသွားဖို့ ပြင်ဆင်နေပြီဖြစ်တဲ့အကြောင်း သတင်းကောင်းလေးမျှဝေလိုက်ပါရစေ။
#DriveMediaMyanmar
