Unicode version..
(Dodge)သည် အမေရိကန်အခြေစိုက် ကမ္ဘာကျော်ကားကုမ္မဏီဖြစ်ပြီးခန့်ထည်သည့် ဒီဇိုင်းရှိသည့် ကားမျိုးစုံကိုထုတ်လုပ်အောင်မြင်လျှက်ရှိပါသည်။ (Dodge)တွင် ရှည်ကြာသည့် သမိုင်းမှတ်တိုင်များရှိပါ သည်။
(Dodge Car Company)အားမော်တော်ဆိုင်ကယ်နှင့် ယာဉ်အပိုပစ္စည်းများထုတ်လုပ်သည့် လုပ်ငန်းရှင်ညီနောင်နှစ်ဦးဖြစ်ကြသည် (Mr Horace Dodge)နှင့် (Mr Joha Dodge)တို့မှ (1914)တွင် စတင်တည် ထောင်ခဲ့ပါသည်။ ၄င်းတို့၏ ပထမဆုံး (Models)များမှာ (Touring Car)၊ (Roadster)နှင့် (Sedans)များ ဖြစ်ကြပါသည်။ (1917)တွင်(Trucks)များကိုစတင်ထုတ်လုပ်ခဲ့ပြီး၄င်းတို့အားပထမကမ္ဘာစစ်တွင်လူစီးနှင့်လူနာတင်ယာဉ်များအဖြင့် အသုံးပြုခဲ့ပါသည်။
(1928)တွင် (Dodge Brand)အား (Chrysler Corporation)ထံသို့ ရောင်းချခဲ့ပါသည်။ ထိုနောက်ပိုင်းတွင်(Performance-Oriented cars)များကိုထုတ်လုပ်ခဲ့ပါသည်။ (ဒုတိယကမ္ဘာစစ်)ကာလ၌(Dodge)မှစစ်မြပြင်သုံး (Power Wagon Trucks)များကိုထုတ်လုပ်ခဲ့ပါသည်။စစ်ပြီးကာလတွင် (Hemi Power)အသုံးပြုသည့် (Coronet)နှင့်(Royal Lancer)တို့အားထုတ်လုပ်ခဲ့ပါသည်။ထို့နောက် (Air-con system)ကိုစတင်ထည့်သွင်းခဲ့ပါသည်။
(1960)ကာလများတွင် (Dodge)၏ထင်ရှားသည့် (Charger)အားစတင်ထုတ်လုပ်ခဲ့ပြီး ၄င်းတွင် (Fullwidthtaillamp panel)ပါ၀င်ပြီးစွမ်းအင်ဖြင့် အင်ဂျင် (425 hp) (V8 Engine)ကိုတပ်ဆင်ထားပါသည်။
(1970)ပြည့်နှစ်များတွင် (Challenger Sport Car)အားထုတ်လုပ်ခဲ့ပါသည်။ (1980)ပြည့်နှစ်များတွင် (Dodge)သည် ဘဏ္ဍာရေးအကျပ်အတည်းဖြစ်ခဲ့ပြီးအစိုးရ၏ ချေးငွေထောက်ပံ့မှုများနှင့် (Ommi) (Aries)အမည်ရှိသည့် (Economy Cars)များထုတ်လုပ်ခြင်းဖြင့် ကျော်လွှားနိုင်ခဲ့ပါသည်။ (1984)တွင် နာမည်ကျော် (Caravan Minivan)အားထုတ်လုပ်ခဲ့ပါသည်။ (1990)ပြည့်နှစ်များတွင် ကမ္ဘာကျော် (Viper Roadster) အားထုတ်လုပ်ခဲ့ပြီး ၄င်းတွင် (V 10 Engine)ကိုအသုံးပြုထားပါသည်။ (2007)ခုနှစ်နောက်ပိုင်းတွင် (Dodge)အားအီတလီအခြေစိုက် (Fiat)မှ ပိုင်ဆိုင်ခဲ့ပြီးအရည်အသွေးနှင့် ဒီဇိုင်းများကိုပြောင်းလဲခဲ့ပါ သည်။
ယခုလက်ရှိကာလတွင် (Dodge)မှ (Sedans / SUV / Minivan / Trucks )အစရှိသည့် ကားမျိုးစုံအားအောင်မြင်စွာထုတ်လုပ်နေပါသည်။
Zawgyi version…