Electric Luxury Supercar တွေကိုထုတ်လုပ်နေတဲ့ အမေရိကန်အခြေစိုက် Drako Motors, Inc. ကတော့ Electric Supercar GTE အပေါ်မေးခွန်းထုတ်ဝေဖန်နေမှုတွေကို Test Drive တစ်ခုပြုလုပ်ပြီး လက်တွေ့ဆန်ဆန် သက်သေပြတုံ့ပြန်လိုက်ပါပြီ။
Drako GTE ကား Test Drive အစီအစဉ်ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကပြုလုပ်ခဲ့တာဖြစ်ပြီး Lamborghini ရဲ့ Test Driver ဟောင်းဖြစ်သူ Valentino Balboni က စမ်းသပ်မောင်းနှင်ခဲ့တာပါ။ Performance Car တစ်စီးကို ဘယ်အခြေအနေမှာ ဘယ်လိုထိန်းကျောင်းရမလဲဆိုတာ ကောင်းကောင်းသိတဲ့ Balboni ဟာ နှစ် ၄၀ လောက် Lamborghini ကားတွေကို Test Drive လုပ်ခဲ့ဖူးသူလည်းဖြစ်ပါတယ်။
Drako GTE ကားကို စမ်းသပ်မောင်းနှင်ပြီးတဲ့နောက်မှာ Balboni က “ဒီကားရဲ့ စွမ်းဆောင်ရည်တွေကိုတော့ ကျွန်တော် လုံးဝကိုကျေနပ်အားရမိတယ်။ မရပ်တမ်းဆက်မောင်းနေချင်စိတ်တောင်ပေါ်လာသလိုပဲဗျ။ ပြီးတော့အခုရလိုက်တဲ့ အမြင်နဲ့ ခံစားမှုမျိုးကို အရင်ဘယ်ကားနဲ့မှ ကျွန်တော်မရခဲ့ဖူးသေးဘူး” လို့ မှတ်ချက်ပြု ချီးမွမ်းစကားဆိုခဲ့ပါတယ်။
Drako က GTE ရဲ့ Body ကို Carbon fiber နဲ့ aluminum ပေါင်းစပ်ဖန်တီးပေးထားပါတယ်။ Permanent magnet hybrid synchronous motor (225 kW each) 4 လုံးတပ်ဆင်ထားပြီး 1,200 hp နဲ့ Torque 8,880 nM ရနိုင်မှာပါ။ Four Direct Drive Gearboxe တွေတပ်ဆင်ထားပြီ Top Speed 206 mph ရှိမှာဖြစ်ပါတယ်။ Drako high output lithium-ion battery ကိုသုံးထားပြီး AC Charging – 15 kW( with onboard charger), DC Fast Charging – 150 kW, Battery Voltage – 450V, Battery Amperage – 2200A peak / 1800A continuous ရှိပါတယ်။ Battery Energy ကတော့ 90 kWh ပါ။
Drako ဟာ Tesla Model S နဲ့ယှဉ်ပြိုင်ဖို့ရည်ရွယ်ချက်နဲ့ GTE supercar ကိုဖန်တီးတာဖြစ်ပြီး လက်ရှိမှာ Standard GTE နဲ့ GTE Track Edition ဆိုတဲ့ Vesion ၂ မျိုးကို စတင်ထုတ်လုပ်နေပါပြီ။ Vesion ၂ မျိုးရဲ့ Output Battery Pack, Adjustable Suspension, Wheels နဲ့ Tires တွေကိုတော့ အရည်အသွေးခွဲခြားထုတ်လုပ်သွားမှာပါ။ စွမ်းဆောင်ရည်ပိုင်းမြင့်မားလွန်းနေတဲ့ ဒီကားရဲ့ရောင်းဈေးပမာဏက $1.25 သန်း လို့ဆိုထားတာကြောင့် ကြားရသူတိုင်းမျက်လုံးပြူးသွားစရာတော့ ဖြစ်နေပါတယ်။
(Zawgyi)
Electric Luxury Supercar ေတြကိုထုတ္လုပ္ေနတဲ့ အေမရိကန္အေျခစိုက္ Drako Motors, Inc. ကေတာ့ Electric Supercar GTE အေပၚေမးခြန္းထုတ္ေဝဖန္ေနမႈေတြကို Test Drive တစ္ခုျပဳလုပ္ၿပီး လက္ေတြ႕ဆန္ဆန္ သက္ေသျပတုံ႔ျပန္လိုက္ပါၿပီ။
Drako GTE ကား Test Drive အစီအစဥ္ကို ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔ကျပဳလုပ္ခဲ့တာျဖစ္ၿပီး Lamborghini ရဲ႕ Test Driver ေဟာင္းျဖစ္သူ Valentino Balboni က စမ္းသပ္ေမာင္းႏွင္ခဲ့တာပါ။ Performance Car တစ္စီးကို ဘယ္အေျခအေနမွာ ဘယ္လိုထိန္းေက်ာင္းရမလဲဆိုတာ ေကာင္းေကာင္းသိတဲ့ Balboni ဟာ ႏွစ္ ၄၀ ေလာက္ Lamborghini ကားေတြကို Test Drive လုပ္ခဲ့ဖူးသူလည္းျဖစ္ပါတယ္။
Drako GTE ကားကို စမ္းသပ္ေမာင္းႏွင္ၿပီးတဲ့ေနာက္မွာ Balboni က “ဒီကားရဲ႕ စြမ္းေဆာင္ရည္ေတြကိုေတာ့ ကြၽန္ေတာ္ လုံးဝကိုေက်နပ္အားရမိတယ္။ မရပ္တမ္းဆက္ေမာင္းေနခ်င္စိတ္ေတာင္ေပၚလာသလိုပဲဗ်။ ၿပီးေတာ့အခုရလိုက္တဲ့ အျမင္နဲ႔ ခံစားမႈမ်ိဳးကို အရင္ဘယ္ကားနဲ႔မွ ကြၽန္ေတာ္မရခဲ့ဖူးေသးဘူး” လို႔ မွတ္ခ်က္ျပဳ ခ်ီးမြမ္းစကားဆိုခဲ့ပါတယ္။
Drako က GTE ရဲ႕ Body ကို Carbon fiber နဲ႔ aluminum ေပါင္းစပ္ဖန္တီးေပးထားပါတယ္။ Permanent magnet hybrid synchronous motor (225 kW each) 4 လုံးတပ္ဆင္ထားၿပီး 1,200 hp နဲ႔ Torque 8,880 nM ရႏိုင္မွာပါ။ Four Direct Drive Gearboxe ေတြတပ္ဆင္ထားၿပီ Top Speed 206 mph ရွိမွာျဖစ္ပါတယ္။ Drako high output lithium-ion battery ကိုသုံးထားၿပီး AC Charging – 15 kW( with onboard charger), DC Fast Charging – 150 kW, Battery Voltage – 450V, Battery Amperage – 2200A peak / 1800A continuous ရွိပါတယ္။ Battery Energy ကေတာ့ 90 kWh ပါ။
Drako ဟာ Tesla Model S နဲ႔ယွဥ္ၿပိဳင္ဖို႔ရည္႐ြယ္ခ်က္နဲ႔ GTE supercar ကိုဖန္တီးတာျဖစ္ၿပီး လက္ရွိမွာ Standard GTE နဲ႔ GTE Track Edition ဆိုတဲ့ Vesion ၂ မ်ိဳးကို စတင္ထုတ္လုပ္ေနပါၿပီ။ Vesion ၂ မ်ိဳးရဲ႕ Output Battery Pack, Adjustable Suspension, Wheels နဲ႔ Tires ေတြကိုေတာ့ အရည္အေသြးခြဲျခားထုတ္လုပ္သြားမွာပါ။ စြမ္းေဆာင္ရည္ပိုင္းျမင့္မားလြန္းေနတဲ့ ဒီကားရဲ႕ေရာင္းေဈးပမာဏက $1.25 သန္း လို႔ဆိုထားတာေၾကာင့္ ၾကားရသူတိုင္းမ်က္လုံးျပဴးသြားစရာေတာ့ ျဖစ္ေနပါတယ္။
Ref: Motor1
Thiha