Unicode version..
1-HUB Screw Cover
မော်တော်ကား ဘီးနက်တိုင် ကာဗာအဖြစ်အသုံးပြုရတာဖြစ်ပြီး နက်တိုင်များ သံချေးတက်ခြင်းမှ ကာကွယ်ပေးတဲ့ ပစ္စည်းလေးဖြစ်ပါတယ်။ကားဘီးနက်တိုင်ကိုတာရှည်ခံ ကာကွယ်တဲ့အနေနဲ့ အသုံးပြုကျသလို ရောင်စုံကာလာမျိုးစုံရှိတဲ့အတွက် လူငယ်တွေ အလှဆင်တဲ့အနေနဲ့လည်းအသုံးပြုကျတာတွေ့ရပါတယ်။စျေးနှုန်းက ၅၀၀၀ကျပ်တည်းနဲ့ဝယ်ယူနိုင်ပြီး
တရုတ်နိုင်ငံက ထုတ်လုပ်တာဖြစ်ပါတယ်။
2-Day Light
ဒါလေးကတော့ Auxiliary Light အမျိုးအစားပါ။ အများစုကတော့အလှဆင်တဲ့သဘောနဲ့တပ်ဆင်ကြပါတယ်။၄င်းကိုမော်တော်ကားတွေရဲ့ရှေ့ရှဲလ်မှာတပ်ဆင်ကြသလို ရှေ့ဘမ်ဘာတွေမှာလဲ တပ်ဆင်ကြလို့ရပါတယ်။ အလင်းအားကောင်းတဲ့ LED မီးလုံးတွေနဲ့ ထုတ်လုပ်ထားတဲ့အတွက် နေ့ရောညပါ အလှဆင်ထားတာကိုတွေ့မြင်နိုင်ပါတယ်။ Metals Base အမျိုးအစားဖြစ်ပြီး ဘက်ထရီ စားခြင်းလည်းသက်သာပါတယ်။
စျေးနှုန်းကတော့ ၂၅၀၀၀ကျပ်ဖြစ်ပြီး တရုတ်နိုင်ငံထုတ်ဖြစ်ပါတယ်။
3-မီးဆံ
ဒီမီးဆံကတော့ ဂျာမနီနိုင်ငံထုတ်မီးဆံလေးဖြစ်ပြီး နဂိုမီးသီးထက်ပိုပြီးအလင်းအားကောင်း
စေတာဖြစ်လို့ ခရီးဝေးသွားသူတွေအတွက်အသင့်တော်ဆုံးနဲ့အကောင်းဆုံးပစ္စည်းလေးဖြစ်ပါ
တယ်။ဘယ်လိုကားအမျိုးအစားမဆို တပ်ဆင်နိုင်တဲ့အတွက် စျေးကွက်မှာ ရောင်းအားရနေတဲ့မီးဆံအမျိုးအစားဖြစ်ပါတယ်။
စျေးနှုန်းကတော့ တစ်စုံကို ၄၈၀၀၀ကျပ်နဲ့ဝယ်ယူရရှိနိုင်ပါတယ်။
4- ဘားတိုင်အစွပ်
ထိုင်ဝမ်နိုင်ငံက ထုတ်လုပ်ထားတာဖြစ်ပြီး ကားဘီးလေထိုးဘားတံမှာ တပ်ဆင်ရတာဖြစ်ပါတယ်။ သူရဲ့ထူးခြားချက်ကတော့ လေပေါင်ချိန်လုံလောက်မှုရှိမရှိကို အလိုအလျောက်အရောင်၃မျိုးနဲ့ပြသ ပေးတာပဲဖြစ်ပါတယ်။စျေးနှုန်းကလည်း ၈၀၀၀ကျပ်သာဖြင့်သာဝယ်ယူနိုင်ပါတယ်။
Zawgyi version..
1-HUB Screw Cover
2-Day Light
ဈေးနှုန်းကတော့ ၂၅၀၀၀ကျပ်ဖြစ်ပြီး တရုတ်နိုင်ငံထုတ်ဖြစ်ပါတယ်။
3-မီးဆံ
တယ်။ဘယ်လိုကားအမျိုးအစားမဆို တပ်ဆင်နိုင်တဲ့အတွက် ဈေးကွက်မှာ ရောင်းအားရနေတဲ့မီးဆံအမျိုးအစားဖြစ်ပါတယ်။
ဈေးနှုန်းကတော့ တစ်စုံကို ၄၈၀၀၀ကျပ်နဲ့ဝယ်ယူရရှိနိုင်ပါတယ်။
4- ဘားတိုင်အစွပ်