DRIVE’s Adventure To Chin State!

Drive Myanmar က လာမယ့် မတ်လ ၂၀ ရက်နေ့မှာ ချင်းပြည်နယ်ဆီ Drive Adventure တစ်ခုထွက်ဖို့ ပြင်ဆင်ထားပါတယ်။ ဒုတိယသမ္မတနဲ့ဇနီး ၊ချင်းပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူများ၊ Myanmar Women Leader Program အဖွဲ့ဝင်တွေနဲ့ အခြားဧည့်သည်တော်တွေပါလိုက်ပါကြမယ့် ဒီခရီးစဉ်အတွင်းမှာ ချင်းပြည်နယ်ရဲ့ သဘာဝအလှတရားတွေကိုခံစားရင်းနဲ့ လမ်းတစ်လျှောက်မြို့ရွာတွေမှာနေထိုင်တဲ့ဒေသခံတွေအတွက် လှူဒါန်းမှုတွေလည်းပြုလုပ်သွားမှာပါ။ ဒီခရီးစဉ်ကို စိတ်ပါဝင်စားလို့ လိုက်ပါလိုသူတွေအနေနဲ့ Drive Myanmar ထံ ဆက်သွယ်စုံစမ်းလို့ရတယ်ဆိုတာလည်း အသိပေးလိုက်ပါရစေ…။

(Zawgyi)


Drive Myanmr Team

#DRIVEAdventure #ChinState #drivemediamyanmar