“မင်္ဂလာပါ……DRIVE  ကားမဂ္ဂဇင်း ရဲ့ Brand Guide ကဏ္ဍ ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီကဏ္ဍကနေ ကျွန်တော်တို့ နိုင်ငံတွင်းကို ရောက်ရှိလာခဲ့ပြီး ဝယ်ယူ ရရှိနိုင်မယ့် ကားအမျိုးအစားတွေကို လမ်းညွန်ပေးသွားမှာ ဖြစ်လို့ သင်ကိုယ်တိုင် ဒီကားတွေရဲ့ စွမ်းဆောင်ရည်တွေ ကို အပြေးသွားပြီး လေ့လာကြည့်ကြပါလို့ ဖိတ်ခေါ် လိုက်ပါတယ်။ ဒီတစ်ပတ် မိတ်ဆက်ပေးချင်တဲ့ Brand ကတော့ Mazda ကုမ္ပဏီ ထုတ်ကား အမျိုးအစား တွေဖြစ်ပါတယ်။”

Mazda ရဲ့ အဓိပ္ပါယ်ကတော့ ဂျပန်နိုင်ငံမှာ စွမ်း ဆောင်နိုင်တဲ့ ည   ဏ်ပညာရှိသူလို့ ထင်ရှားတဲ့ အမှတ် အသားနဲ့ ကျော်ကြားခဲ့တဲ့ Brand တစ်ခုပါပဲ။ Mazda ကုမ္ပဏီ ထုတ်ကားတွေရဲ့ ရောင်းအားက တစ်နှစ်ကို ၁.၅သန်း နီးပါး လောက်ရှိပါတယ်။ Mazda ကုမ္ပဏီ ထုတ်ကား တွေကို အရင်တုန်းကလို အရွယ်အစား သေးငယ်တယ်လို့ မဆိုနိုင်တော့ပါဘူး။ လက်ရှိအချိန်မှာ ဂျပန်ညီအကိုတွေနဲ့ ပူပေါင်း လုပ်ဆောင်တဲ့အတွက် ကားတွေရဲ့ အရွယ်အစား တွေက ကြီးမားလာခဲ့ပြီး ကုမ္ပဏီရဲ့ လုပ်ငန်းတွေကလည်း စနစ်တကျ ဖွံ့ဖြိုးကြီး ထွားလာခဲ့ပြီ ဖြစ်ပါတယ်။ သူတို့မလုပ်နိုင်စရာ အကြောင်း မရှိတော့ပါဘူး။

သမိုင်းကြောင်းကို ပြန်ပြီးသုံးသပ်ကြည့်မယ်ဆိုရင်

Toyo Kogyo ကုမ္ပဏီကို ၁၉၂ဝ ခုနှစ်မှာ စတင် တည် ထောင်ခဲ့ပြီး ကားနဲ့ပတ်သက်တဲ့ ကားပစ္စည်း အစိတ် အပိုင်းတွေကို ၁၉၃၁ ခုနှစ်မှာ စတင်    လုပ်ဆောင် ခဲ့ပါ တယ်။ အဲဒီနှစ်အပိုင်း အခြားကတော့ ကုမ္ပဏီရဲ့ စီးပွားရေး လုပ်ငန်းတွေကို တစ်ကမ္ဘာလုံးသို့ ချဲ့ထွင်တဲ့ အချိန်ဖြစ်ပါတယ်။ Motorcycle-truck three-Wheeler  နဲ့ ကမ္ဘာ့ပထမဆုံး Autorickshaw လံခြား တွေကို စတင် ထုတ်လုပ်ခဲ့ပါတယ်။ ဒီလုပ်ငန်းတွေကို လုပ်ကိုင် နေရင်း Mazda က Box ကားတွေကို ထုတ်လုပ်ဖို့ စဉ်စား မိတဲ့ အချက်ကို ညွန်ပြပေးနိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာ တော့ ကုမ္ပဏီက ပထမဆုံး real car ကို ထုတ်လုပ်လာ နိုင်ခဲ့ပါတယ်။ ၁၉၆ဝ ခုနှစ်မှာ R360 ကားကို ပုံမှန် ထုတ်လုပ်ခဲ့တဲ့ ပုံစံမျိုးမဟုတ်ဘဲ ထူးခြားတဲ့ အသွင်နဲ့ ထုတ်လုပ်ခဲ့ပြီး အရင်က ထုတ်ထားခဲ့တဲ့ ကားတွေရဲ့ ဒီဇိုင်းနဲ့ ပုံစံကွဲပြားနေတာကို တွေ့ခဲ့ရပါတယ်။

ကားစီးရေ ၆ဝ လောက်ကို ပထမပိုင်းမှာ ထုတ် လုပ်ခဲ့ပြီး Wankel rotary engine ကို ထုတ်လုပ်ဖို့ စဉ်စား ခဲ့ပါတယ်။ ရင်းနှီးမြုံနှံငွေများစွာကို Rotary Engine ထုတ်လုပ်တဲ့ လုပ်ငန်းမှာ အသုံးပြုခဲ့ပြီး Motor ထုတ်လုပ် ရေး လုပ်ငန်းက ပြဿနာ တစ်စုံတစ်ရာ မရှိပဲ မယုံနိုင် လောက်အောင် လုပ်ငန်းစဉ်အားလုံးမှာ အကျိုးကျေးဇူး ရရှိခဲ့ပါတယ်။ အင်ဂျင်ရဲ့ အရွယ်အစားနဲ့ အလေးချိန်က Smooth ဖြစ်ပြီး ပါဝါစွမ်းဆောင်ရည်က ကောင်း မွန်ခဲ့ပါတယ်။ ဒီအင်ဂျင်ကို အသုံးပြုပြီး Mazda ရဲ့ ပထမဆုံး Sports car ကို ဦးဆောင်သူ အဖြစ် ရပ်တည်လာနိုင်ခဲ့တာပါ။ Cosmo Classic ကားကို ထက်မြက်တဲ့ လုပ်ဆောင်ချက်တွေနဲ့ အတူ ၁၉၆၇ ခုနှစ် မှာ ထုတ်လုပ်ခဲ့ပြီးနောက် RX 7 mid-80s နဲ့ RX-8 ကားတွေကို ၂ဝဝ၃ ကနေ ၂ဝ၁၂ အတွင်းမှာ ထုတ်လုပ် ခဲ့ပါတယ်။

ကားထုတ်လုပ်ရေးမှာ fuel economy က အဓိ က ဖြစ်လာတဲ့ ယနေ့အချိန်အခါကို သတိပြုမိလာခဲ့တဲ့ အတွက် ကုမ္ပဏီက Wankel အင်ဂျင် ထုတ်လုပ်ရေးကို ၂ဝ၁၂ ခုနှစ်မှာ ရပ်ဆိုင်းခဲ့ပြီး ခေတ်မီ အဆင့်မြင့်ကား ထုတ်လုပ်ရေးကို ပြန်လည် လုပ်ဆောင်ခဲ့ပါတယ်။

Mazda က simple lineup ကို ထိန်းသိမ်းပြီး ကားအမျိုးအစား များစွာကို စဉ်ဆက်မပြတ် ထုတ်လုပ်ခဲ့ ရာမှာ nice styling performance ကားတွေကိုပါ ကြိမ် ဖန်များစွာ ထုတ်လုပ်ခဲ့ပါတယ်။ ရိုးသားတဲ့ လုပ်ဆောင် ချက်တွေက brand ကို နာမည်ကြီးစေအောင် ကူညီပေးခဲ့ ပြီး ကမ္ဘာ့ကားထုတ်လုပ်ရေး လောကမှာ Top Ten ထိပ်တန်းစာရင်းဝင် ကုမ္ပဏီတစ်ခု အဖြစ် ရပ်တည်နေ နိုင်ခဲ့တာ ဖြစ်ပါတယ်။

 

Mazda CX-5 (57,999 USD)

Mazda ကုမ္ပဏီက ထုတ်လုပ်ခဲ့တဲ့ sport ကားအားလုံးက ကြံ့ခိုင်မှုရှိတာကို CX-5 compact crossover ကား မှာတောင် လက်တွေ့ သိမြင်နိုင်ပါ     လိမ့်မယ်။ ခိုင်မာတောင့်တင်းမှု ရှိတဲ့ ကိုယ်ထည် နဲ့ တိကျ သေချာမှုရှိတဲ့ စတီယာရင်ကွင်းတွေ ပါဝင်လို့ အလှည့် အပြောင်း လုပ်ဆောင်ရာမှာ လွယ်ကူစေပါလိမ့်မယ်။ အဆင့်အတန်းမြင့်တဲ့ လုပ်ဆောင်ချက် တွေက ပြိုင်ဘက်

ကားတွေကို အမီလိုက်နိုင်မှာပါ။ Engine အမျိုးအစားက ရွေးချယ်စရာ နှစ်မျိုးရှိပါတယ်။ Two Wheel Drive နဲ့ All-wheel drive တို့ဖြစ်ပါတယ်။ အတွင်းခန်း အပြင် အဆင်က ခေတ်မီ သေသပ်လှပပြီး  User friendy infotainment system နဲ့ high-teach safety feature တွေပါဝင်ပါတယ်။ အဆင့်မြင့် ဘေးကင်းလုံခြုံရေး စနစ် တွေ ဖြစ်တဲ့ Automated Emergency Braking system (အလိုအလျောက်ဘရိတ်စနစ်)၊ Adaptive Cruise Control နဲ့ တစ်ခြားသော စနစ်တွေများစွာပါဝင် ပါတယ်။ မိသားစုစီးနိုင်တဲ့ အရည်အသွေးမြင့်မားတဲ့ ကားတစ်စီး ဖြစ်ပြီး စိတ်သက်သောင့် သက်သာရှိမှု နဲ့ ပျှော်ရွှင်မှု တွေကို ပေးစွမ်းနိုင်မယ့် ကားအမျိုးအစားဖြစ်ပါတယ်။

                                                                    

     Mazda 2  (25,999  USD)

Hatchback သို့မဟုတ် ဆီဒင်ကားလေး ဖြစ်ပြီး အရည် အသွေး မြင့်မားတဲ့ Supermini ကားဖြစ်ပါတယ်။  Mazda 3 ကားလေးနဲ့ baby brother တော်စပ်တဲ့ ကားလေးဖြစ်ပြီး စတီယာရင်ကွင်း ရဲ့ နောက်မှာ ထိုင် လိုက်တာနဲ့ ကောင်းမွန်တဲ့ အချိန်တွေကို ပေးစွမ်းနိုင်တဲ့ ကားလေးဖြစ်ပါတယ်။ တွေ့မြင်ရတာထက်စာရင် အတွင်း ခန်းက ပိုမိုကျယ်ဝန်းပါတယ်။ အဆင့်မြင့် နည်းပညာတွေ ဖြစ်တဲ့ Head-Up Display , Big touch-screen , smartphone connectivity နဲ့ Lane departure warning system တွေအပြင် တစ်ခြားသော safety features တွေ ထပ်မံ ပါရှိပါသေးတယ်။

 

Mazda 3 (36,999  USD)

အီးတလီနိုင်ငံ ရဲ့ Supercar နဲ့ ပုံစံမတူပေမယ့် ဂျပန်နိုင်ငံ ရဲ့ Sedan ကားတစ်စီးဖြစ်တဲ့ Mazda 3 ကားရဲ့ လျှင်မြန်ဖျက်လက်မှု ၊ အတွင်းခန်း ကျယ်ဝန်းမှု တွေနဲ့ ပေါ့ပါးသွက်လက်မှု တွေကို တချို့သော သူတွေက ထင်ရှားစွာ လက်တွေ့ သိမြင်နေကြပါပြီ။ ကိုင်တွယ် မောင်းနှင်ရတာ Sport ကားတစ်စီးလိုပါပဲ။ မြန်နှုန်းမြင့် အင်ဂျင်တွေကို ရွေးချယ်နိုင်ပြီး ခိုင်မာတဲ့ Suspension နဲ့ စတ်ီယာရင် စနစ်၊ ယုံကြည်အားထားရလောက်တဲ့ Safety System တွေပါဝင်ပါတယ်။ Mazda 3 ကားက သင့်ရဲ့ ကလေးတွေကို ကျောင်းပို့ဖို့အတွက် သက်သောင့် သက်သာ ဖြစ်စေနိုင်ပါတယ်။ လမ်းပေါ်မှာ အကွေ့ အဝိုက်တွေနဲ့ လျှင်မြန်စွာ မောင်းနှင်နိုင်ပြီး ရင်ဖိုစရာ စိတ်ပျော်ရွှင်မှုကို ပေးစွမ်းနိုင်ပါလိမ့်မယ်။

 

    Mazda 6  (49,999  USD)

စွဲဆောင်မှုရှိတဲ့ ရုပ်သွင်နဲ့ mid-sized family sedan ကားလေးဖြစ်ပါတယ်။ ကိုင်တွယ်မောင်းနှင်ရတာ သက်သောင့် သက်သာရှိပြီး ပေါ့ပါးသွက်လက်ပါတယ်။ အမြန်နှုန်း 0-100 km/hr ကိုရောကိရှိဖို့ အချိန် 7 +Sec အနည်းဆုံးလိုပါတယ်။

ဂျာမနီ brand ကားတွေ ကို ဝယ်ယူရာမှာ ပေးရတဲ့ ငွေပမာဏ လောက် မများပဲ တူညီတဲ့ အရည်အသွေးရှိတဲ့ Mazda 6 ကားကို ရရှိနိုင်ပါ လိမ့်မယ်။ Mazada 6 နဲ့ တူညီတဲ့ မျိုးဆက် MX-5 ကိုလည်း ပြသထားပါတယ်။ မြို့တွင်းစီးကား ဖြစ်ပြီး ကား အမျိုးအစား အားလုံးမှာ tablet touchscreen များပြား  စုံလင်တဲ့ Safety features တွေပါဝင်ပါတယ်။

 

BT-50 (25,999 USD)

ဒီကားလေးရဲ့ style ကတော့ Mazda ရဲ့ မျက်နှာဖုံး ရုပ်သွင်လို့ ဆိုရပါလိမ့်မယ်။ အီတလီနိုင်ငံ ထုတ်ကား တွေ ထက်ပိုပြီး လေးနက်တည်ကြည်တဲ့ ရုပ်သွင်ကို ဆောင်ယူထားပြီး လွန်ခဲ့တဲ့ နှစ် ၂ဝ ကျော်က ထုတ်လုပ်ခဲ့ တဲ့ pickup ကားတွေထက် သာလွန်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်နေလို့ပါပဲ။ အလေးအနက် ပြောရမယ်ဆိုရင်တော့ ထူးခြားချက်တွေက solid ကားဖြစ်ပြီး  fuel efficient ဖြစ်တဲ့ diesel eninges ကားဖြစ်ပါတယ်။ ဆွဲအားကောင်းပြီး အတွင်းခန်းစတိုင်က ခမ်းနားပြီး ဇိမ်ရှိရှိ စီးနိုင်မယ့် အနေအထားမျိုး ပြုလုပ်ထားပါတယ်။ တောင်တက်လမ်းတွေကို ဝန်တင်ပြီး ဆွဲအားကောင်းမွန်စွာ နဲ့ တက်သွားနိုင်မှာဖြစ်ပါတယ်။ touch screen system management နဲ့ decent infotainment system တွေကို အသုံးပြုနိုင်ပါလိမ့်မယ်။

Mazada brand နဲ့ ပတ်သက်တဲ့ နည်းပညာ သတင်း အချက်အလက် တချို့ကို customer တွေ ထည့်သွင်း စဉ်စားနိုင်အောင် အထောက်အကူအဖြစ် ဖော်ပြပေးလိုက်ပါတယ်။ တခြားသော ကားထုတ်လုပ်တဲ့ ကုမ္ပဏီက ကားတွေနဲ့ ခြားနားချက်ကို နှိုင်းယှဉ် ကြည့်နိုင် စေရန် အတွက်ဖြစ်ပါတယ်။

 

  1. SKYACTIV-ENGINE

ဒီအင်ဂျင်မှာ Comperssion Ratio က 14:1 ဖြစ်ပါတယ်။ ယာဉ်ကို မောင်းနှင်စဉ်မှာ driving pleasure ကိုရရှိစေပြီး စိတ်ကျေနပ်မှုကို ခံစားရပါလိမ့်မယ်။ Fuel Economyု ဖြစ်တဲ့ လောင်စာဆီ ချွေတာနိုင်စွမ်းကတော့ အကောင်း ဆုံး ဖြစ်ပါတယ်။

  1. SKYACTIV-DRIVE

ယာဉ်မောင်းရဲ့ စိတ်ပျှော်ရွှင်မှုကို ဖြည့်ဆည်းပေး နိုင်တဲ့ design မျိုးဖြစ်ပါတယ်။ Transmission စနစ် အတွက် smooth ဖြစ်စေပြီး Low speed နဲ့ မောင်းနေ ချိန်မှာ fuel economy  ဖြစ်စေပါတယ်။ ကောင်းမွန်တဲ့ automatic transmission စနစ်ကို အသုံးပြု သွားနိုင် ပါလိမ့်မယ်။

  1. SKYACTIV –BODY

ကိုယ်ထည် အလေးချိန်ကို full frame-work ကနေ ၈-ရာခိုင်နှုန်း လျော့ချပေးနိုင်ခဲ့ပြီး တောင့်တင်းခိုင်မာမှုက ၃ဝ-ရာခိုင်နှုန်း တိုးတက် လာခဲ့ပါတယ်။ Fame work ဖွဲ့စည်းမှုက ထိခိုက်မှု တွေကို ခံနိုင်ရည်ရှိပါလိမ့်မယ်။ SKYACTIV-BODY က အရည်အသွေးမြင့် safety performance တွေကို လုပ်ဆောင် ပေးနိုင်လို့ ဖြစ်ပါ  တယ်။

  1. SKYACTIV-CHASSIS

ပေါ့ပါးတဲ့ CHASSIS ကြောင့် ယာဉ်ကို မောင်းနှင် ရာမှာ စိတ်ပျှော်ရွှင် ချမ်းမြေ့မှု နဲ့ သက်သောင့် သက်သာ ရှိမှု တွေကို ရရှိလာပါလိမ့်မယ်။