Zawgyi verison…

ဒီတစ္လအတြက္ ဘယ္အေၾကာင္းအရာကို ေရးမလဲစဥ္းစားလိုက္တဲ ့အခါမွာေတာ့ လက္ရွိ လမ္းေပၚမွာေမာင္းႏွင္ေနသူအခ်ိဳ ့ရဲ ့အမွဳမဲ ့အမွတ္မဲ ့၊ မဆင္မျခင္ ၊ ဂရုမမူပဲ ေမာင္းႏွင္မွဳ ပံုစံ ေတြေခါင္းထဲ ေရာက္လာပါတယ္ ။ ကၽြန္ေတာ္တို ့ Centurion Auto Driving Training မွာ အျမဲေျပာေလ့ရွိတာကေတာ့ မိမိကိုယ္ကုိယံုၾကည္မွဳရွိစြာ ေမာင္းႏွင္ဖို ့နဲ ့ညင္သာစြာ ေမာင္းႏွင္တတ္ဖို ့တို ့ပဲျဖစ္ပါတယ္။  မိမိကိုယ္ကို ယံုၾကည္မွဳရွိစြာနဲ႔ ညင္သာစြာ ေမာင္းႏွင္ျခင္းအားျဖင့္ ဘယ္အေျခအေနမွာမဆို ယာဥ္ကိုေခ်ာ့ေမြ ့ေျပျပစ္စြာ အႏၲရာယ္မျဖစ္ေစပဲ ထိန္း ခ်ဳပ္ေမာင္းႏွင္ႏိုင္မွာျဖစ္ပါတယ္ ။

အထူးသျဖင့္ ျမန္မာႏိုင္ငံမွာ ေမာင္းႏွင္သြားလာေနတဲ ့ယာဥ္ေမာင္းအခ်ိဳ ့ဟာ မိမိေမာင္းႏွင္မွဳ ပံုစံ စနစ္မက်မွဳေၾကာင့္ မလိုလားအပ္ပဲ အႏၲရာယ္ျဖစ္ႏိုင္တဲ ့အေျခအေနေတြကို ၾကံဳေတြ ့ေနရပါတယ္ ။  အမ်ားဆံုး သိသိသာသာ ေတြ ့ရွိႏိုင္ တာကေတာ့ ယာဥ္ေမာင္းတစ္ ေယာက္ဟာလမ္းေၾကာေျပာင္းျခင္းႏွင့္ လမ္းသြယ္မွ လမ္းမေပၚသို ့တက္ေသာ အေျခအေနမ်ားတြင္ျဖစ္ပါတယ္။  ယာဥ္ေၾကာေျပာင္းရာတြင္ ၈၅% ခန္ ့ေသာယာဥ္ေမာင္းမ်ားဟာ တစ္ဖက္ ယာဥ္ေၾကာသို႔ အခ်က္ျပမီးမျပပဲ ကူးေျပာင္းေနတာမ်ိဳး ျပဳလုပ္ေနၾကပါတယ္။ ေျပာင္းရာ တြင္လည္း ေျဖးေျဖးျခင္းခ်ဥ္းကပ္ ေသြးတိုးစမ္း ကူးေျပာင္းျခင္းမ်ိဳးျဖစ္ျပီး တဖက္ယာဥ္ေၾကာမွ ယာဥ္ေမာင္းႏွင့္ နားလည္မွုလြဲကာ လမ္းေပးျခင္း မေပးျခင္းစသည္တို ့အနည္းဆံုး သံုးၾကိမ္ ေလးၾကိမ္ ခန္ ့ျပဳလုပ္ျပီးမွ တစ္ဖက္ယာဥ္ေၾကာသို ့ေအာင္ျမင္စြာ ေျပာင္းႏိုင္သြားတာမ်ိဳးေတြ ခဏခဏေတြ ့ေနရပါတယ္။   ယခုလို ျပဳလုပ္ျခင္း ဟာ အခ်ိန္ကုန္ဆံုးေစရံုသာမကပဲ မိမိဘာ လုပ္မည္ကို တဖက္ယာဥ္ေၾကာမွ ေမာင္းႏွင္သူက နားမလည္ပဲ မေတာ္တဆ ထိခိုက္မွဳေတြ ျဖစ္လာႏိုင္ပါတယ္။  ယာဥ္ေမာင္းေကာင္းတစ္ေယာက္အေနနဲ့ကေတာ့ အဆိုပါ လမ္းေၾကာ ေျပာင္းလဲရာမွာ မေျပာင္းခင္ အခ်က္ျပမီးျပ ထားရပါမယ္ ၊ ျပီးေနာက္ ေနာက္ၾကည့္မွန္မွ တဆင့္ တဖက္ယာဥ္ေၾကာ သို ့ေျပာင္းႏိုင္သည့္ အေျခအေနဟုတ္မဟုတ္ ၾကည့္ရပါတယ္ ၊ ေျပာင္းႏိုင္သည့္အေျခအေနျဖစ္ပါက တဆက္တည္းမွာပဲ တစ္ဖက္ယာဥ္ေၾကာသို ့ လ်င္ျမန္ ညင္သာစြာ ေျပာင္းျခင္းအားျဖင့္ မလိုလားအပ္ပဲ ျဖစ္ေပၚလာႏိုင္ေသာ ယာဥ္တိုက္ခိုက္မွု မ်ားမွ ေရွာင္ရွားႏိုင္ပါမယ္။ယခုလို မိမိဘက္မွ ေသခ်ာေအာင္ ျပဳလုပ္ထားျခင္းအားျဖင့္ ယံုၾကည္ခ်က္ရွိရွိနဲ့လ်င္ျမန္စြာယာဥ္ေၾကာေျပာင္းႏိုင္ျပီး တစ္ဖက္ယာဥ္ေၾကာ မွလည္း မိမိဘာလုပ္မည္ကို နားလည္သေဘာေပါက္ပါမယ္။

အလားတူပဲလမ္းသြယ္မွလမ္းမေပၚသို့ခ်ိဳးေကြ့၀င္ေရာက္ဖို့ၾကိဳစားရာမွာလည္း ယာဥ္ေမာင္း ေတာ္ေတာ္မ်ားမ်ားဟာ မိမိကားကို ျဖည္းျဖည္းျခင္း တလွိမ့္ခ်င္းလွိမ္ ့ကာ ေသြးတိုးစမ္း ၀င္ေရာက္ၾကပါတယ္။ ဒါေၾကာင့္မို႔လို ့ တစ္ႏိုင္ငံလံုးက ယာဥ္ေမာင္းေတြဟာ လမ္းသြယ္ကေန လမ္းမၾကီးေတြေပၚကို ညာေကြ ့ျပီး၀င္တဲ ့ေနရာမွာ မလိုလားအပ္ပဲ အႏၲရာယ္ဇံု ထဲမွာ အခ်ိန္အမ်ားၾကီး ရွိေနပါတယ္။   ထိုအေျခအေနမွာ မိမိကားသည္ လမ္းမယာဥ္ေၾကာႏွင့္ ကန္ ့လန္ ့အေန အထားျဖစ္ေနျပီး ကားတစ္စီး၏ ထိခိုက္ခံမွု အားအနည္းဆံုးႏွင့္ လူကို ထိခိုက္မွုအေပးႏိုင္ဆံုးေနရာျဖစ္ေသာ တံခါးဘက္ကို လမ္းမယာဥ္ေၾကာမွ ေမာင္းႏွင္လာေသာ ယာဥ္ႏွင့္တိုက္ခိုက္ဖို ့အခြင့္အေရး ၾကာၾကာေပးထားသလို ျဖစ္ေနပါတယ္ ။  မိမိကုိယ္ကို ယံုၾကည္မွုရွိရွိႏွင့္ေကြ႕၀င္ႏိုင္သည့္ အေနအထား ျဖစ္ဖို ့အဆိုပါအေျခအေနတြင္ ၀င္ႏိုင္သည့္အေနအထားျဖစ္သည္အထိ ရပ္တန္ ့ေစာင့္ဆိုင္းျပီး ၀င္ႏိုင္သည့္ အေနအ ထားျဖစ္မွသာ လ်င္ျမန္စြာ ၊ ညင္သာစြာ ေမာင္းႏွင္၀င္ေရာက္ျခင္းျဖင့္ ယာဥ္မေတာ္တဆ တိုက္ခိုက္မွဳ မွ ေရွာင္ရွားႏိုင္ပါမယ္ ။

( တစ္ဖက္ယာဥ္ေမာင္းနဲ ့ မ်က္လံုးျခင္း မဆံုေအာင္ ေမာင္းႏွင္ျခင္းဟာ သင့္ကို ယာဥ္မေတာ္ တဆျဖစ္မွဳမွ ကင္းေ၀းေအာင္ လုပ္ေပးႏိုင္မွာ မဟုတ္ပါဘူး  )

ကပြဲ အခမ္းအနား ေတြမွာကသလိုပဲ ယာဥ္ေမာင္းေတြဟာ မိမိကုိယ္္ကို ယံုၾကည္မွု အျပည့္နဲ ့မိမိယာဥ္ကို ထိန္းခ်ဳပ္ေမာင္းႏွင္ရမွာ ျဖစ္ပါတယ္ ။ ၀န္မ်ားတင္ေဆာင္ထားျခင္း ၊ အရွိန္ျဖင့္ေမာင္းႏွင္ျခင္းတို ့တြင္ ပိုမိုအေရးၾကီးပါတယ္။  ကားတစ္စီးကို မလိုအပ္ပဲ အလုပ္ေတြ အမ်ားၾကီးမခိုင္းပဲ တည္တည္ျငိမ္ျငိမ္ ညင္ညင္သာသာ ကိုင္တြယ္တတ္ဖို ့အေရးၾကီးပါတယ္။ တည္ျငိမ္ညင္သာစြာ ကိုင္တြယ္ေမာင္းႏွင္ျခင္းအားျဖင့္ မိမိကားအား လိုသလိုထိန္းခ်ဳပ္ႏိုင္ျပီး အႏၲရာယ္ျဖစ္ပြားမွဳ နွုန္ုးကိုလဲ ေလ်ာ့နည္းေစပါတယ္။  ဒီအခ်က္ဟာ ျပည္လမ္းေပၚမွာ     50kph ႏွုန္းနဲ ့ေမာင္းသည္ျဖစ္ေစ ၊ Spa Frankcorchamps ကဲ ့သို ့ျပိဳင္ကားေျပးလမ္းေပၚမွာ a 250kph ႏွုန္းနဲ ့ ေမာင္းသည္ျဖစ္ေစ မိမိကားအား ပိုင္ပိုင္ႏိုင္ႏိုင္ထိန္းခ်ဳပ္ေမာင္းႏွင္ ႏိုင္ရန္ မိမိကိုယ္ကို္ ယံုၾကည္မွဳရွိရန္ႏွင့္ ကားအား ညင္သာစြာထိန္းခ်ဳပ္ေမာင္းႏွင္တတ္ ဖို ့အေရး အၾကီးဆံုး ျဖစ္ပါတယ္။

ေနာက္ဆံုးအေနနဲ ့ေျပာခ်င္တာကေတာ့ မိမိကိုယ္ကိုယံုၾကည္မွဳ ရွိရန္ ဆိုတဲ ့စကားမွာ ယံုၾကည္မွဳ နဲ ့ေမာင္းႏွင္ျခင္း ႏွင္ ့့ မဆင္မျခင္ေမာင္းႏွင္ျခင္း တို ့ကို ကြဲျပားဖို ့အေရးၾကီးပါတယ္ ။ ယာဥ္ေမာင္းတစ္ေယာက္အေနနဲ ့မိမိကားကို ေမာင္းေနစဥ္ကာလ တေလ်ာက္ အႏၲရာယ္ကင္းစြာ ေမာင္းႏွင္ၾကရသည္မွာ ယာဥ္ေမာင္းတိုင္းတာ၀န္ပဲ ျဖစ္ပါတယ္ ။ ျမန္မာႏိုင္ငံ၏ လမ္းမ်ားအေျခအေန ၊ ယာဥ္ေမာင္းမ်ား၏ ယာဥ္ေမာင္းစြမ္းရည္ ၊ ကားမ်ား၏ ၾကံ့ခိုင္မွု နည္းေသာအေျခအေနမ်ားတြင္ ယာဥ္ေမာင္းမ်ားအားလံုး အထူးသတိျပဳ ေမာင္းႏွင္ၾကရမည္ျဖစ္ပါတယ္ ။  မိမိကိုယ္ကို ယံုၾကည္မွုရွိေသာ ယာဥ္ေမာင္းသည္ မဆင္မျခင္ ေမာင္းႏွင္မွုမ်ိဳးကို ေရွာင္ရွားကာ ယာဥ္ေမာင္းေနစဥ္တြင္ အျမဲသတိထား ျပီး ျဖစ္ေပၚလာႏိုင္ေသာ အႏၲရာယ္မ်ားကို ၾကိဳတင္တြက္ဆ ေမာင္းႏွင္ၾကပါတယ္ ။  ဒါမွသာ သင့္ကို အႏၲရာယ္ရွိေစမည့္ ယာဥ္မေတာ္တဆ ျဖစ္ပြားမွဳမ်ားမွ ေရွာင္ရွားနိုင္မွာပါ ။

Unicode version….

“ မိမိကိုယ်ကိုယုံကြည်မှု နှင့် မောင်းနှင်ခြင်း”

ဒီတစ်လအတွက် ဘယ်အကြောင်းအရာကို ရေးမလဲစဉ်းစားလိုက်တဲ ့အခါမှာတော့ လက်ရှိ လမ်းပေါ်မှာမောင်းနှင်နေသူအချို ့ရဲ ့အမှုမဲ ့အမှတ်မဲ ့၊ မဆင်မခြင် ၊ ဂရုမမူပဲ မောင်းနှင်မှု ပုံစံ တွေခေါင်းထဲ ရောက်လာပါတယ် ။ ကျွန်တော်တို ့ Centurion Auto Driving Training မှာ အမြဲပြောလေ့ရှိတာကတော့ မိမိကိုယ်ကိုယုံကြည်မှုရှိစွာ မောင်းနှင်ဖို ့နဲ ့ညင်သာစွာ မောင်းနှင်တတ်ဖို ့တို ့ပဲဖြစ်ပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုရှိစွာနဲ့ ညင်သာစွာ မောင်းနှင်ခြင်းအားဖြင့် ဘယ်အခြေအနေမှာမဆို ယာဉ်ကိုချော့မွေ ့ပြေပြစ်စွာ အန္တရာယ်မဖြစ်စေပဲ ထိန်း ချုပ်မောင်းနှင်နိုင်မှာဖြစ်ပါတယ် ။

အထူးသဖြင့် မြန်မာနိုင်ငံမှာ မောင်းနှင်သွားလာနေတဲ ့ယာဉ်မောင်းအချို ့ဟာ မိမိမောင်းနှင်မှု ပုံစံ စနစ်မကျမှုကြောင့် မလိုလားအပ်ပဲ အန္တရာယ်ဖြစ်နိုင်တဲ ့အခြေအနေတွေကို ကြုံတွေ ့နေရပါတယ် ။ အများဆုံး သိသိသာသာ တွေ ့ရှိနိုင် တာကတော့ ယာဉ်မောင်းတစ် ယောက်ဟာလမ်းကြောပြောင်းခြင်းနှင့် လမ်းသွယ်မှ လမ်းမပေါ်သို ့တက်သော အခြေအနေများတွင်ဖြစ်ပါတယ်။ ယာဉ်ကြောပြောင်းရာတွင် ၈၅% ခန် ့သောယာဉ်မောင်းများဟာ တစ်ဖက် ယာဉ်ကြောသို့ အချက်ပြမီးမပြပဲ ကူးပြောင်းနေတာမျိုး ပြုလုပ်နေကြပါတယ်။ ပြောင်းရာ တွင်လည်း ဖြေးဖြေးခြင်းချဉ်းကပ် သွေးတိုးစမ်း ကူးပြောင်းခြင်းမျိုးဖြစ်ပြီး တဖက်ယာဉ်ကြောမှ ယာဉ်မောင်းနှင့် နားလည်မှုလွဲကာ လမ်းပေးခြင်း မပေးခြင်းစသည်တို ့အနည်းဆုံး သုံးကြိမ် လေးကြိမ် ခန် ့ပြုလုပ်ပြီးမှ တစ်ဖက်ယာဉ်ကြောသို ့အောင်မြင်စွာ ပြောင်းနိုင်သွားတာမျိုးတွေ ခဏခဏတွေ ့နေရပါတယ်။ ယခုလို ပြုလုပ်ခြင်း ဟာ အချိန်ကုန်ဆုံးစေရုံသာမကပဲ မိမိဘာ လုပ်မည်ကို တဖက်ယာဉ်ကြောမှ မောင်းနှင်သူက နားမလည်ပဲ မတော်တဆ ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ယာဉ်မောင်းကောင်းတစ်ယောက်အနေနဲ့ကတော့ အဆိုပါ လမ်းကြော ပြောင်းလဲရာမှာ မပြောင်းခင် အချက်ပြမီးပြ ထားရပါမယ် ၊ ပြီးနောက် နောက်ကြည့်မှန်မှ တဆင့် တဖက်ယာဉ်ကြော သို ့ပြောင်းနိုင်သည့် အခြေအနေဟုတ်မဟုတ် ကြည့်ရပါတယ် ၊ ပြောင်းနိုင်သည့်အခြေအနေဖြစ်ပါက တဆက်တည်းမှာပဲ တစ်ဖက်ယာဉ်ကြောသို ့ လျင်မြန် ညင်သာစွာ ပြောင်းခြင်းအားဖြင့် မလိုလားအပ်ပဲ ဖြစ်ပေါ်လာနိုင်သော ယာဉ်တိုက်ခိုက်မှု များမှ ရှောင်ရှားနိုင်ပါမယ်။ယခုလို မိမိဘက်မှ သေချာအောင် ပြုလုပ်ထားခြင်းအားဖြင့် ယုံကြည်ချက်ရှိရှိနဲ့လျင်မြန်စွာယာဉ်ကြောပြောင်းနိုင်ပြီး တစ်ဖက်ယာဉ်ကြော မှလည်း မိမိဘာလုပ်မည်ကို နားလည်သဘောပေါက်ပါမယ်။

အလားတူပဲလမ်းသွယ်မှလမ်းမပေါ်သို့ချိုးကွေ့ဝင်ရောက်ဖို့ကြိုစားရာမှာလည်း ယာဉ်မောင်း တော်တော်များများဟာ မိမိကားကို ဖြည်းဖြည်းခြင်း တလှိမ့်ချင်းလှိမ် ့ကာ သွေးတိုးစမ်း ၀င်ရောက်ကြပါတယ်။ ဒါကြောင့်မို့လို ့ တစ်နိုင်ငံလုံးက ယာဉ်မောင်းတွေဟာ လမ်းသွယ်ကနေ လမ်းမကြီးတွေပေါ်ကို ညာကွေ ့ပြီးဝင်တဲ ့နေရာမှာ မလိုလားအပ်ပဲ အန္တရာယ်ဇုံ ထဲမှာ အချိန်အများကြီး ရှိနေပါတယ်။ ထိုအခြေအနေမှာ မိမိကားသည် လမ်းမယာဉ်ကြောနှင့် ကန် ့လန် ့အနေ အထားဖြစ်နေပြီး ကားတစ်စီး၏ ထိခိုက်ခံမှု အားအနည်းဆုံးနှင့် လူကို ထိခိုက်မှုအပေးနိုင်ဆုံးနေရာဖြစ်သော တံခါးဘက်ကို လမ်းမယာဉ်ကြောမှ မောင်းနှင်လာသော ယာဉ်နှင့်တိုက်ခိုက်ဖို ့အခွင့်အရေး ကြာကြာပေးထားသလို ဖြစ်နေပါတယ် ။ မိမိကိုယ်ကို ယုံကြည်မှုရှိရှိနှင့်ကွေ့ဝင်နိုင်သည့် အနေအထား ဖြစ်ဖို ့အဆိုပါအခြေအနေတွင် ၀င်နိုင်သည့်အနေအထားဖြစ်သည်အထိ ရပ်တန် ့စောင့်ဆိုင်းပြီး ၀င်နိုင်သည့် အနေအ ထားဖြစ်မှသာ လျင်မြန်စွာ ၊ ညင်သာစွာ မောင်းနှင်ဝင်ရောက်ခြင်းဖြင့် ယာဉ်မတော်တဆ တိုက်ခိုက်မှု မှ ရှောင်ရှားနိုင်ပါမယ် ။

( တစ်ဖက်ယာဉ်မောင်းနဲ ့ မျက်လုံးခြင်း မဆုံအောင် မောင်းနှင်ခြင်းဟာ သင့်ကို ယာဉ်မတော် တဆဖြစ်မှုမှ ကင်းဝေးအောင် လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး )

ကပွဲ အခမ်းအနား တွေမှာကသလိုပဲ ယာဉ်မောင်းတွေဟာ မိမိကိုယ််ကို ယုံကြည်မှု အပြည့်နဲ ့မိမိယာဉ်ကို ထိန်းချုပ်မောင်းနှင်ရမှာ ဖြစ်ပါတယ် ။ ၀န်များတင်ဆောင်ထားခြင်း ၊ အရှိန်ဖြင့်မောင်းနှင်ခြင်းတို ့တွင် ပိုမိုအရေးကြီးပါတယ်။ ကားတစ်စီးကို မလိုအပ်ပဲ အလုပ်တွေ အများကြီးမခိုင်းပဲ တည်တည်ငြိမ်ငြိမ် ညင်ညင်သာသာ ကိုင်တွယ်တတ်ဖို ့အရေးကြီးပါတယ်။ တည်ငြိမ်ညင်သာစွာ ကိုင်တွယ်မောင်းနှင်ခြင်းအားဖြင့် မိမိကားအား လိုသလိုထိန်းချုပ်နိုင်ပြီး အန္တရာယ်ဖြစ်ပွားမှု နှုန်ုးကိုလဲ လျော့နည်းစေပါတယ်။ ဒီအချက်ဟာ ပြည်လမ်းပေါ်မှာ 50kph နှုန်းနဲ ့မောင်းသည်ဖြစ်စေ ၊ Spa Frankcorchamps ကဲ ့သို ့ပြိုင်ကားပြေးလမ်းပေါ်မှာ a 250kph နှုန်းနဲ ့ မောင်းသည်ဖြစ်စေ မိမိကားအား ပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်မောင်းနှင် နိုင်ရန် မိမိကိုယ်ကို် ယုံကြည်မှုရှိရန်နှင့် ကားအား ညင်သာစွာထိန်းချုပ်မောင်းနှင်တတ် ဖို ့အရေး အကြီးဆုံး ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ ့ပြောချင်တာကတော့ မိမိကိုယ်ကိုယုံကြည်မှု ရှိရန် ဆိုတဲ ့စကားမှာ ယုံကြည်မှု နဲ ့မောင်းနှင်ခြင်း နှင် ့့ မဆင်မခြင်မောင်းနှင်ခြင်း တို ့ကို ကွဲပြားဖို ့အရေးကြီးပါတယ် ။ ယာဉ်မောင်းတစ်ယောက်အနေနဲ ့မိမိကားကို မောင်းနေစဉ်ကာလ တလျောက် အန္တရာယ်ကင်းစွာ မောင်းနှင်ကြရသည်မှာ ယာဉ်မောင်းတိုင်းတာဝန်ပဲ ဖြစ်ပါတယ် ။ မြန်မာနိုင်ငံ၏ လမ်းများအခြေအနေ ၊ ယာဉ်မောင်းများ၏ ယာဉ်မောင်းစွမ်းရည် ၊ ကားများ၏ ကြံ့ခိုင်မှု နည်းသောအခြေအနေများတွင် ယာဉ်မောင်းများအားလုံး အထူးသတိပြု မောင်းနှင်ကြရမည်ဖြစ်ပါတယ် ။ မိမိကိုယ်ကို ယုံကြည်မှုရှိသော ယာဉ်မောင်းသည် မဆင်မခြင် မောင်းနှင်မှုမျိုးကို ရှောင်ရှားကာ ယာဉ်မောင်းနေစဉ်တွင် အမြဲသတိထား ပြီး ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များကို ကြိုတင်တွက်ဆ မောင်းနှင်ကြပါတယ် ။ ဒါမှသာ သင့်ကို အန္တရာယ်ရှိစေမည့် ယာဉ်မတော်တဆ ဖြစ်ပွားမှုများမှ ရှောင်ရှားနိုင်မှာပါ ။