Unicode version…
Zawgyi versin…
မီးမရွိတဲ့ မီးခိုး
အလယ်လတ်လမ်း
Unicode version…
 မီးမရှိတဲ့ မီးခိုး
လျှပ်စစ်ကားတွေရဲ့အချိန်ရောက်လာနေပါပြီ။ စည်းမျဉ်းစည်းကမ်းတွေက အကြီးအကျယ်ပြောင်းလဲတော့ပါမယ်။
လျှပ်စစ်ကားအိမ်မက်တွေ အကောင်ထည်ပေါ်လာနေပြီ။
2017 Tesla Model 3 က Tesla အတွက်တော့ အကြီးကျယ်ဆုံး အလှည့်အပြောင်းတစ်ခုပါပဲ။ အားလုံးလျှပ်စစ်တပ်ဆင်ထားတဲ့ ထိပ်တန်းကားပါပဲ။ စျေးလဲသင့်ပါတယ်။ ကြိုတင်ဝယ်ယူထားတာပဲ ဒီနေ့အထိ ကားအစီးရေ ငါးသိန်းရှိနေပါပြီ။ စျေးနှုန်းကတော့ ဒေါ်လာ ၃၅ ၀၀၀ ပါ။ ငြိမ်သက်ပြီး လှပတဲ့ မြန်နှုန်းမြင့် ကားပါပဲ။ ခြောက်စက္ကန့်အတွင်း ၀-၁၀၀ အတွင်း ပြေးပါတယ်။ ဒေါ်လာ အနည်းငယ်ပေးပြီး၊ အား တစ်ခါသွင်းလိုက်တာနဲ့ ၃၂၅ ကီလိုမီတာ သွားပါတယ်။ ကျွန်တော်တို့ ပြောတာကို မှတ်ထားပါ။ ဒီကားက ကားလောကသမိုင်းကို ပြောင်းလဲပါလိမ့်မယ်။2016-tesla-model-3-wallpapers
ကားကြီးတွေရဲ့ ပြန်လည်တိုက်ခိုက်မှု
2017 Chevy Bolt EV က Tesla ရဲ့ David ကို ယှဉ်ပြိုင်ဖို့အတွက် GM Goliath ရဲ့ ကြိုးပမ်းချက်ဖြစ်ပါတယ်။ ပြိုင်ပွဲကတော့ ပြင်းထန်ပါလိမ့်မယ်။ ကောင်းမွန်စွာ တည်ဆောက် ဒီဇိုင်းဆင်ထားမှာတော့ သံသယရှိဖို့ မလိုပါဘူး။ ဒီ Bolt ကားက အလားတူကုန်ကျစရိတ်နဲ့ အားတစ်ခါသွင်းပြီးရင် ကီလိုမီတာ ၃၂၀ လောက်ကို သွားနိုင်မှာပါ။ ဒါပေမယ့် ပိုနှေးပါတယ်။ အလှသွေးကြွယ်တဲ့ Tesla နဲ့ ယှဉ်ရင်တော့ ရုပ်ဆိုးပါတယ်။chevy-bolt
အလယ်လတ်လမ်း
ဓာတ်ဆီအင်ဂျင်နဲ့ 2017 Toyota Prius Plug-in က လျှပ်စစ်ကား စစ်စစ် မဟုတ်သေးပါဘူး။ ဒါပေမယ့် နီးစပ်နေပါပြီ။ ဓာတ်ဆီအင်ဂျင်ကို ရက်ပေါင်းများစွာ ဒါမှမဟုတ် ရက်သတ္တပတ်လောက် မသုံးပဲ၊ plug-in ဘတ်ထရီနဲ့ ရ၅ ကီလိုမီတာလောက်ထိ သွားနိုင်ပါတယ်။ ကမ္ဘာ့ပေါ်မှာ လူကြိုက်များတဲ့ ရုပ်အဆိုးဆုံးကားကို တည်ဆောက်ပြီး၊ အကောင်းဆုံးတွေ တိုယိုတာက လုပ်ဆောင်နေပါတယ်။ ခင်ဗျားကို ဓာတ်ဆီများများ သုံးခိုင်းပြီး ခရီးဝေးမောင်းနှင်ခိုင်းကာ၊ လျှပ်စစ်သုံးပြီး ခရီးတို မောင်းခိုင်းထားပါတယ်။2017_toyota_prius_plug-in