စီးရီးတစ်ခုရဲ့ ပထမဆုံးထဲမှာ ကျွန်တော်တို့ရဲ့ DRIVE Magazine ကမြို့ထဲက အကောင်းဆုံး၊ အမိုက်ဆုံးကားတွေကိုရှာပြီး ကားပိုင်ရှင်ကို Interview ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ပြန်လည်မိုးမံထားတဲ့ 06 Subaru WRX STi ကိုပိုင်ဆိုင်ပြီး ရန်ကုန်မှာနေတဲ့ ဂျပန်- အမေရိကန် ပရောဖက်ရှင်နယ်တစ်ယောက်ဖြစ်သူ မစ္စတာ Troy Kozuma နဲ့အင်တာဗျူးဖြစ်ပါတယ်။

နည်းညာဆိုင်ရာ အသေးစိတ်အချက်အလက်များ

Model:                 ၂၀၀၅ “သိမ်းဌက်မျက်လုံး’ WRX STi, JDM-spec

Engine:                ၂.၀ လီတာ၊ H4 ကားမီးသီး၊ တာဘို့ နှစ်လုံး၊ 8.0:1 compression ratio

မောင်းနှင်ထိန်းချုပ်မှု: ဂီယာ (၆)ချက်, မန်နျူးယယ်ဂီယာဘောက်စ်, လျှပ်စစ် LSD

(limited-slip differential)၊ Subaru ဘီးအားလုံးမောင်းနှင်သောစနစ်

မိုးမံမှု:                 Dropped coilover suspension (shock absorber ပေါ်တွင်

စပရိန်များကိုရစ်ခွေထားသည့်  suspension) ၊

staggered fitment ( နောက်ဘီးများရဲ့ဆိုဒ်သည် ရှေ့ဘီးများနဲ့မတူညီ

အောင်ပြုလုပ်ထားသည်)၊ ပြန်လည်ထုတ်လုပ်ထားသော

ပစ္စည်းများကို အသုံးပြုထားပြီး ၊ blowoff valve(တာဘို့အင်ဂျင်များအများစုတွေပါဝင်သည့်

လေဖိအားထုတ်သော စနစ်၊ ပြိုင်ကား ကလပ်။

Drive:  ခင်ဗျားရဲ့ကားအကြောင်းကို ဖြေဖို့ အချိန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။

Troy:  ဟုတ်ကဲ့။ ရပါတယ်။ကိစ္စမရှိပါဘူး။ ကားနဲ့ပတ်သက်ပြီး စကားပြောတာကို    ကျွန်တော်အမြဲတမ်းပျော်ရွှင်ပါတယ်။

Drive: ဒါဆို ရိုးရိုးရှင်းရှင်းကနေစလိုက်ကြရအောင်။ ခင်ဗျားစီးနေတဲ့ကားအကြောင်းနဲ့ ရန်ကုန်မှာ ကားမောင်းတဲ့အကြောင်းလေးပြောပြပါဦး။

Troy: ကျွန်တော်မှာ ရှိတာကတော့ ၂၀၀၆ခုနှစ်၊ JDM ( ဂျပန်ပြည်တွင်းဈေးကွက်)ထုတ် Impreza WRX STi ဖြစ်ပါတယ်။ သူကို ထိပ်မှာရှိတဲ့ ကားမီးသီးကြောင့် “သိမ်းဌက် မျက်လုံး” လို့လည်း ခေါ်ကြပါတယ်။

ဒီကားရဲ့အကြောင်းအရာအများကြီးထဲကတစ်ခုကတော့ ရန်ကုန်အတွက် အဆင်ပြေပြီး တစ်ခြားကားတွေထက် တမူထူးခြားပါတယ်။ ဆိုလိုတာကတော့ ကားနဲ့ဘီးတွေရဲ့ကြားမှာ ဆက်သွယ်ထားတဲ့ ကောင်းမွန်တဲ့

Suspension တွေနဲ့ ကောင်းမွန်တဲ့ မောင်းနှင်မှုတွေပေးပါတယ်။ ရန်ကုန်လမ်းတွေဟာ ကြမ်းတမ်းတာကြောင့် တစ်ခြားကားတွေထက် ပိုကောင်းတဲ့ တကယ့် စွမ်းဆောင်ရည်တွေကို ထိုကားလေးဟာပိုင်ဆိုင်ထားတယ်လို့ ကျွန်တော်ထင်ပါတယ်။ နိမ့်တဲ့ Suspension တွေနဲ့ ကားတော်တော်များများကို ခင်ဗျားတွေ့ဖူးပါလိမ့်မယ်။ ဒါကတော့ နည်းနည်းတုံးလွန်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားမောင်းနှင်တဲ့လမ်းတွေကို ထိုအရာက ကန့်သတ်ပါတယ်။ ကျွန်တော်ကားကိုရတဲ့အခါ ပထမဆုံးကျွန်တော်လုပ်တာကတော့ ကားကို များစွာရှင်းလင်းကာ သပ်ရပ်စေတာဖြစ်ပါတယ်။

ရန်ကုန်မှာ ကားမောင်းတဲ့အနေနဲ့ traffic ဟာ ကသိကအောက်ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။ ဓာတ်ဆီ တစ်ဂါလံကို ၁၀မိုင်-၁၁မိုင်လောက်တော့ ရပါတယ်။ ဒါဟာ ကျွန်တော်အတွက်ကတော့ နေရာတိုင်းကို တက္ကစီနဲ့သွားတာထက်ပိုပြီး ဈေးပေါနိုင်ပါတယ်။ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင် ကားမောင်းဖို့တော့လိုတာပေါ့။ဒါကတော့ ကျွန်တော်ရဲ့ ကိုယ်ရေးကိုယ်တာ အပိုင်းပါ။

Drive: ရန်ကုန်မှာ အကျော်ကြားဆုံး JDM ကားတွေအနေနဲ့ [Nissan] Skylines တွေကိုတွေ့ရပေမဲ့ Subarus တွေကိုမြင်ရတာ သိပ်မရှိပါဘူး။ ခင်ဗျား ဘာလို့ WRX နဲ့မောင်းဖြစ်တာပါလဲ ?

Troy: ကျွန်တော်က အမြဲတမ်း Skyline ရဲ့ fan တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီကားတွေဟာ ရှာရတာ ခက်ပါတယ်။ ကျွန်တော်အရွယ်ရောက်တုန်းက အရမ်းရှားလွန်းလို့ “Unicorn” လို့ခေါ်တဲ့ Nissan R34 GT-R  ရှိပါတယ်။ ရန်ကုန်မှာတော့ တကယ့် GT-Rs နှစ်စီးသာရှိတယ်လို့ ထင်ပါတယ်။ ကျွန်တော်မြင်ခဲ့ရတဲ့ အဲဒီနှစ်စီးကတော့ အဖြူရောင်တစ်စီးနဲ့ အပြာရောင် တစ်စီးဖြစ်ပါတယ်။

ဒါပေမဲ့  “Skylines” လို့ခေါ်တဲ့ ကားတွေအားလုံးသည် တကယ်တော့ GT-T model တွေဖြစ်ပါတယ်။ ထို GT-T model တွေကတော့ တကယ့် GT-R တွေထက် သေသပ်မှုမှာ တစ်ဆင့်နိမ့်တဲ့ကားတွေ ဖြစ်ပါတယ်။

ကျွန်တော်ကြည့်လိုက်တဲ့အခါ ဈေးကွက်ထဲမှာရှိတဲ့ Skylines တွေဟာ အော်တိုဂီယာတွေချည်းဖြစ်ပါတယ်။ ကျွန်တော်က မန်နျူးယယ်ဂီယာလိုတာပါ။ အော်တိုဂီယာကားတွကို မောင်းရတာ မကြိုက်ပါဘူး။ဒါကြောင့် ကျွန်တော် ဒီကားလေးကို တွေ့တဲ့အခါ တကယ်ပဲ ၀မ်းသာခဲ့ပါတယ်။ ကျွန်တော်က Subaru ရဲ့ ပရိသတ်တစ်ယောက်လည်း ဖြစ်ပါတယ်။ ဂျပန်ဈေးကွက်ထဲမှာ WRX သည် သမိုင်းရှည်ကြီးတစ်ခုရှိပါတယ်။ ဒါကြောင့် ဒီကားလေးဟာ အကောင်းဆုံးတစ်ခုဖြစ်တယ်ဆိုတာ ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်။ Subaru WRX နဲ့ Mitsubishi EVO ကဲ့သို့ ဆီဒန်ကားတွေရဲ့ ထာဝရပရိသတ်လည်း ဖြစ်ပါတယ်။

Drive: ဒါဆို ခင်ဗျား​ ဂျပန်ကားတွေကို တကယ်ထိတွေ့နေပြီးပေါ့။ ဟုတ်လားဗျ။

Troy:ဒါပေါ့။  Subaru ၊ Nissan ၊ Mazda နဲ့ Toyota ကားတွေဟာဖွံဖြိုးလာတဲ့အခါ ဌင်းတို့ကြားမှာ ရှိတဲ့သမိုင်းဟာလည်း တကယ်ပဲ စိတ်ဝင်စားစရာကောင်းပါတယ်။ ဥပမာအားဖြင့်  Subaru WRX ၊ Nissan GT-R ၊ Mazda RX-7 ၊ Mitsubishi EVO စတဲ့ကားတစ်စီးချင်းစီရဲ့ အသေးစိတ်အချက်အလက်တွေကိုကြည့်တဲ့အခါ  ၉၀ ပြည့်နှစ်ထုတ် ဒီကားတွေအားလုံးသည် မြင်းကောင်ရေ ၂၆၀နဲ့ ၂၈၀ကြားမှာ ရှိတာကိုတွေ့ရမှာ ဖြစ်ပါတယ်။

ဒါဘာလို့လဲဆိုတော့ ကားထုတ်ကုမ္ပဏီတွေအားလုံး မြင်းကောင်ရေအား ၂၇၆ မှာထားမယ်ဆိုတဲ့  ၁၉၈၉ ခုနှစ်မှာထားခဲ့တဲ့ “gentleman’s agreement” ကြောင့်ဖြစ်ပါတယ်။ ဒါမှ မြင်းကောင်ရေအား ၃၀၀ ဆိုတဲ့ ကန့်သတ်မှုတစ်ခုမှာ ထားရှိထားတဲ့ Japan Grand Touring Championship ရဲ့ GT 300 class ထဲမှာ ထိုကားတွေဟာ ယှဉ်ပြိုင်ဖက်ဖြစ်မှာ ဖြစ်ပါတယ်။ ထိုကားတွေအားလုံးတော်တော်များများရဲ့ တကယ်ပါဝါသည် ကြော်ငြာထားတာထက်ပိုပြီး မြင့်တယ်ဆိုတာ ကျော်ကြားလှပါတယ်။ပြီးတော့ ဈေးကွက်ထဲက နောက်ဆုံးပေါ်အပြင်အဆင်တွေနဲ့လည်း မြင့်တင်နိုင်ပါတယ်။ ဒါဟာ အကြောင်းအရာတွေထဲကတစ်ခုဖြစ်ပြီး လမ်းပေါ်ကပြိုင်ပွဲတွေဟာ ဂျပန်မှာ အလွန်ခေတ်စားပါတယ်။ ဘာလို့လဲဆိုတော့ လူတိုင်းသည် စတော့ကားတွေကို အလန်းစားတွေဖြစ်လာဖို့ ကြိုးစားနေကြလို့ဖြစ်ပါတယ်။

Drive: နောက်ဆုံးပေါ်တွေအကြောင်းပြောနေတယ်ဆိုတော့ ပုံမှန်ဈေးကွက်ထဲမှာရှိတဲ့ကားတွေနဲ့ ခင်ဗျားရဲ့

ကားခြားနားမှုလေးအကြောင်းလေး ဆက်ပြီးတော့ ပြောပါဦးဗျ။ ရန်ကုန်မှာ Subaru ရဲ့ပိုင်ရှင်တစ်ယောက်ဖြစ်ရတာဟာ နည်းနည်းတော့ စိန်ခေါ်မှုဖြစ်ပါလိမ့်မယ်။ ဥပမာ- အလုပ်သွားတဲ့အခါ (ဒါမှမဟုတ်) နောက်ဆုံးပေါ်စတိုင်ရှိတဲ့ ကားဖြစ်ရတာအတွက်ပေါ့။ ဒါကို ခင်ဗျားဘယ်လို လုပ်လဲပြီးတော့ လိုအပ်တဲ့ အစိတ်အပိုင်းတွေကို ဘယ်လိုရှာလဲဆိုတာကိုပေါ့။

Troy: ဟုတ်ကဲ့။ တကယ်တော့ ဒါဟာ ခက်ခဲပါတယ်။ မူလကားပိုင်ရှင်သည် ပြုပြင်မိုးမံမှုတော်တော်များများကို ဂျပန်မှာ လုပ်ထားပြီးပါပြီ။ ကျွန်တော်ဒီမှာ နည်းနည်းပါးပါးလောက်ကိုပဲ ပြန်လုပ်တာပါ။ ကားအတွက် လိုအပ်တဲ့အစိတ်အပိုင်းတွေကိုတော့ ပုံမှန်အားဖြင့် ဂျပန်ကလာရောက်လည်ပတ်တဲ့သူတွေနဲ့ ယူဆောင်လာပါတယ်။ ဒီမှာရှိတဲ့ ဈေးကွက်မှာတော့ မိတ္တူပွားထားတဲ့ ကားအစိတ်အပိုင်းတွေ အများကြီးပါပဲ။ ကျွန်တော်က ပစ္စည်းစစ်စစ်တွေကိုပဲ ယုံကြည်ပါတယ်။

ရန်ကုန်မှာ ရှိတဲ့လမ်းတွေအတွက် ကျွန်တော် ထည့်ထားတာကတော့ ပိုပြီးမြင့်တဲ့ Blitz ZZR coilover suspension စနစ်ကို ပြောပြပြီးသွားပါပြီး။ ပြီးတော့ Mistubishi EVO ကားလို staggered fitment တစ်ခုကို တပ်ထားပါတယ်။ဒါကတော့ အရှေ့ဘီးတွေထက့်  နောက်ဘီးတွေက နည်းနည်းပိုကြီးတယ်လို့ ပြောတာဖြစ်ပါတယ်။

အင်ဂျင်ကိုတော့ Intake process အတွက် လေဖိအားကို လျော့ချပေးပြီး စွမ်းအင်ပိုရစေတဲ့ HKS high-power intake တစ်ခုကိုသုံးထားပါတယ်။ WRX ရဲ့တာဗို့ထဲက Boost performance ကိုတိုးဖို့ ကူညီပေးတဲ့ BOV ( blowoff valve ) ကိုလည်းသုံးထားပါတယ်။ Aleph ဆိုတဲ့ မင်္ဂလာဒုံမှာ branch ရှိတဲ့ စင်ကာပူကုမ္ပဏီကနေထုတ်ထားတဲ့ အသံပိုင်းဆိုင်ရာ ပစ္စည်းတွေကို သုံးထားပါတယ်။ နောက်ဆုံးမှာတော့  Exegy racing clutch ကိုသုံးထားပါတယ်။ ဒါကတော့ နေ့စဉ် traffic တွေကိုမောင်းနှင်တဲ့အခါ စိမ်ခေါ်မှု အနည်းငယ်တော့ ဖြစ်ပါတယ်။ ဒါပေမဲ့ ထိုကလပ်က မြန်ဆန်မှုအတွက် လိုအပ်တယ်လေ။

ကျွန်တော်ဒီကားလေးကို တကယ့်ပဲ ကြိုက်နှစ်သက် ပျော်ရွှင်မိတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ သူရဲ့အရင်ပိုင်ရှင်က Subaru အမှတ်တံဆိပ်နဲ့ အနောက်က STi လိုဂိုကို ဖယ်ရှားလိုက်လို့ မူလပုံစံတစ်ခုကို ပြန်ရဖို့ နောက်ဆုံးပေါ် ဒီဇိုင်းဆင်မူတွေနဲ့ ပြုလုပ်ရဖို့ကိုတော့ ကျွန်တော်တကယ်ပဲ မျှော်လင့်မိပါတယ်။ ဒါတွေကိုကျွန်တော် ပြန်တပ်ချင်မိပါတယ်။ ပိုကြီးတဲ့ တာယာတွေလိုတယ်လို့လည်း တကယ်ပဲ ထင်မိပါတယ်။ suspension ကို နည်းနည်းပိုပြီး မြှင့်တင်ဖို့ လိုပါလိမ့်မယ်။ ဒါပေမဲ့ ရန်ကုန်ရဲ့ လမ်းတွေအတွက် suspension ပိုကြီးတာက ပိုကောင်းမယ်လို့ ထင်ပါတယ်။