Drive society

“လာမည့် ဒီဇင်ဘာလတွင် ကားပြိုင်ပွဲကျင်းရန်ပြင်ဆင်နေသည့် ကားပြပွဲနှင့် မန္တလေးက ပြိုင်ကားမောင်းသူများ”

ရေစီးကြောင်းဆိုသည်မှာ ရပ်တံ့နေခြင်းမရှိချေ။ တိုးတက်လာသော နည်းပညာ၊လူမှုပတ်ဝန်းကျင်အရ ပြေင်းလဲ မှုထဲက မော်တော်ကားရပ်ဝန်းသည်လည်း ရေစီးကြောင်းထဲမျောပါလျက်ရှိသည်။လူတို့၏ စိတ်ခံစားမှုများနှင့် အတူ ၀ါသနာရှင်များကူးဆက်ပြန့်ပွားလာရာက မော်တော်ကားပြပွဲနှင့် ပြိုင်ပွဲ များပေါ်ပေါက်လာသည်။

ယနေ့အချိန်တွင် ကားအလှဆင်ခြင်း၊ကားမောင်းခြင်း၊ကားပြင်ခြင်းအတတ်ပညာ ပိုင်းဆိုင်ရာ ယှဉ်ပြိုင်မှုများက ပတ်ဝန်းကျင်၏ စွဲဆောင်မှုတစ်ခုဖြစ်လာသည်။ ကားမောင်းခြင်းကို ကမ္ဘာ့အားကစားတစ်ရပ်အဖြစ် ထည့်သွင်း ကျင်းပလာသကဲ့သို့ လူငယ်ထုအတွင်း စိမ့်ဝင်ထိုးဖေါက်နေပြီဖြစ်သည်။

ကားပြိုင်ပွဲများကို နိုင်ငံတကာ အားကစားတစ်ရပ်အဖြစ် ကမ္ဘာနှင့် အ၀ှမ်းကျင်းပနေပြီဖြစ်၍မြန်မာနိုင်ငံတွင် ၀ါသနာရှင်များက အားကစားတစ်ခုဆီသို့ ဦးတည်လေ့ကျင့်နေကြသည်။ မန္တလေးမြို့အခြေစိုက် လူငယ်များ၏ အားထုတ်မှုအဖြစ် လာမည့်ဒီဇင်ဘာလတွင် ကားပြပွဲတစ်ခုကျင်းပရန် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ခွင့်ပြုချက် တင်ပြထားကြောင်းသိရသည်။

×××××××××××××××××××××××××××××××××××××××××××××

ကိုဖိုးသား (Mandalay Car Week )EC အဖွဲ့ဝင်။

ကားပြပွဲ ကျင်းပမယ့် အကြောင်းနဲ့ ပတ်သက်ပြီး ကိုဖိုးသားက ပြေပြပေးပါ။

ကားပြပွဲတစ်ခုဖြစ်လာဖို့ ၀ါသနာရှင်တွေ စုပေါင်းပြီး လုပ်ကြမှာပါ။ဒီဇင်ဘာမှာ ကားပြပွဲလုပ်ဖို့ ပြင်ဦးလွင်မြို့ (ပြင်စာ) Cyber City မှာ နေရာ တောင်းထားပြီး ကားအလှနဲ့ ရှေးဟောင်းကားတွေအပြင် ကိုယ့်စိတ်ကူး စိတ် သန်းနဲ့ Created လုပ်ထားတဲ့ ကားတွေပြသသွားမှာပါ။ကားမောင်း ကျွမ်းကျင်မှု၊ ပြိုင်ကားDrift ဆွဲခြင်း(Car Racing)နဲ့  ပညာပေးအစီအစဉ်တွေပါဝင်တယ်။

ပြိုင်ကားတွေနဲ့ ပတ်သက်ပြိး ရူးသွပ်မှုတွေက ဘာကြောင့်လဲ။

ခေတ်အရ ပြောင်းလဲလာတာရယ် ၊ပွင့်လင်းမြင်သာမှုရှိလာတာကြောင့် နိုင်ငံတကာလို ကားနဲ့ အားကစား တစ်ခုကို လုပ်ခြင်ကြတယ်။လူတိုင်းမှာ ရူးသွပ်မှုတစ်ခုစီရှိကြရာမှာ ကားမှာလည်း ဒီ အတိုင်းပဲ။Audio ပိုင်းရူး သွပ်သူ၊ Drift ဆွဲတာရူးသွပ်သူ၊ ကားတစ်စီးလုံး Sticker နဲ့ အလှဆင်တာ ရူးသွပ်သူဆိုပြီး စိတ်ခံစားမှုပေါ်မူ တည်ပြီး ကွဲပြားတယ်။

ပြိုင်ကားအဖွဲ့မှာ စည်းကမ်းသတ်မှတ်ချက်တွေ ရှိရင် သိချင်ပါတယ်။

အဖွဲ့ဝင်တွေမှာ လိုက်နာရမယ့် Rule တွေရှိတယ်။လိုင်စင်မဲ့ကားမဖြစ်ရဘူး။မူးယစ်ဆေးဝါးသုံးစွဲခြင်းမပြုရ။ မိဘထောက်ခံချက်ပါရှိရမှာဖြစ်ပြီး အဖွဲ့က အခါအားလျော်စွာ ထုန်ပြန်တဲ့ စည်းကမ်းတွေလိုက်နာရမယ်။ ဆု ပေးဒဏ်ပေးစနစ်လည်းရှိတယ်။ Public လမ်းပေါ်မှာ ယာဉ်တိုက်မှုဖြစ်ရင် သေးသည်ဖြစ်စေ၊ကြီးသည်ဖြစ်စေ သူကို ဒဏ်ကြေးကောက်တယ်။ရတဲ့ ဒဏ်ကြေးငွေကို စုပြီးတော့ ပရဟိတလုပ်ငန်းလုပ်တာပါ။ ကျနော်တို့ အသင်းဝင်တွေရဲ့ စုပေါင်းငွေတွေ ထပ်တည့်ပြီး နှစ်စဉ် မိဘမဲ့ဂေဟလှူ တယ်။ရေဘေးလေဘေး ထောက်ပံ့ တယ်။

××××××××××××××××××××××××××××××××××××××××××××××××××

ကိုသန်းဇော် (Mandalay Car Week )ဒု-ဥက္ကဌ

Car Racing နဲ့ ပတ်သက်လို့ လူငယ်တွေ လေ့ကျင့်သင်ယူတာနဲ့ ပတ်သက်ပြီး ကိုသန်းဇော်ရဲ့ အမြင်သိချင်ပါ တယ်။

နိုင်ငံတကာမှာ Car Racing က အားကစားတစ်ရပ်အနေနဲ့ ပါဝင်တယ်။ပြိုင်ကားမောင်းလေ့ကျင့်နေရာမှာ နိုင်ငံခြားက နည်းပြတွေ လာသင်တာမျိုးမရှိဘူး။ Video တွေ ကြည့်ပြီးလေ့ကျင့်ကြတယ်။လေ့ကျင့်ရင် Public နဲ့ ကင်းလွတ်ရာမှာ လုပ်ကြတာပါ။မောင်းသူအတွက် အန္တရာယ်မရှိအောင် ကားပိုင်းပြင်ဆင်မှုနဲ့ မောင်းသူဝတ်စုံ ၀တ်ဆင်တာတွေုကြောင့် ထိခိုက်မှုတွေ မရှိသေးဘူး။

Car Racing မှာ လူငယ်များနဲ့ လူကြီးပိုင်းနားလည်မှု ကွဲလွဲနေတယ်။ပြိုင်ကားမောင်းတိုင်းကြမ်းမယ်/ရမ်းမယ် ဆိုတာ မရှိပါဘူး။ Public လမ်းတွေမှာ လေ့ကျင့်တာမလုပ်ဘဲ လွတ်ကင်းရာမှာ လုပ်သင့်တယ်။မန္တလေးမြို့မှာ ပြိုင်ကားအဖွဲ့ ၁၀-ခုနီးပါးရှိပြီး Senior နဲ့Junior ရှိတယ်။လက်တွဲခေါ်ပြီး စည်းကမ်းမဲ့ မမောင်းဖို့ပညာပေးအစီ အစဉ်တွေလုပ်မယ်။

ကားပြိုင်ပွဲတွေရဲ့ အလားအလာနဲ့ အားပေးမှူအတွက် လိုအပ်နေတာတွေက ဘာဖြစ်မလဲ ။

ကားပြိုင်ပွဲတွေ များလာတာကို မျှော်လင့်တယ်။ နိုင်ငံတကာအား ကစားတစ်ရပ်လည်းဖြစ်တာကြောင့် အစိုးရ ဘက်ကနေ အားပေးမှုလိုတယ်။လေ့ကျင့်ရေးကွင်းတစ်ခု လုပ်ပေးတာမျိုးပေါ့။နောက်တစ်ပိုင်းက SPONSOR တွေရဲ့ အကူအညီပါ။ထိုင်းနဲ့ မလေးရှားမှာ ကားပြိုင်ပွဲတွေရှိပြိး ဒီမှာမရှိသေးဘူး။ကျနော်တို့နိုင်ငံမှာ  ပြည်တွင်း က ၀ါသနာရှင်လူငယ်တွေအတွက် အားကာစားနည်းတစ်ရပ်အဖြစ် ဖေါ်ထုတ် စေချင်တယ်။ နိုင်ငံတကာပြိုင်ပွဲ တွေမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ အခွင့်အရေးရလာမယ်။

××××××××××××××××××××××××××××××××××××××××××××××××××

 

ကိုစိုင်းရောက်

ကိုစိုင်းရောက် က စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး လုပ်ငန်းမှာ စိတ် ဖိစိးလာပြီဆိုရင် သူ့ကားလေးနဲ့ ကားမောင်းထွက်တယ်။လေ့ကျင့်တယ်။နိုင်ငံတကာ ကားပြိုင်ပွဲတွေကို အားကျ ရာက ၀ါသနာထုံခဲ့ပြီး စိတ်ဖြေစရာ အားကစားတစ်ခုလို ၀ါသနာကြီးသူတစ်ဦးဖြစ်ပါတယ်။

ကားအမျိုးအစားနဲ့ ဘာကြောင့် ပြိုင်ကားမောင်းတာကို Crazy  ဖြစ်ရတဲ့ အကြောင်းသိပါချင်ပါတယ်။

ကျနော် ပြိုင်ပွဲဝင်မယ့်ကားကတော့ FAIR LADY (ENGINEE 3.5)ပါ။နိုင်ငံတကာ ကားပြိုင်ပွဲတွေကို ကြည့်ပြီး ကိုယ်လည်း သူတို့လို မောင်းခြင်လာတယ်။ ဒါကလည်း အားကစားနည်းတစ်မျိုးပဲဆိုပြီး စိတ်ဝင်စားတယ်။ ကိုယ့်လို ၀ါသနာတူတွေစုပြီး မောင်းရတာ၊လေ့ကျင့်ရတာ ပျော်တယ်။ ပြိုင်ပွဲတွေဝင်ခဲ့တာ ရန်ကုန်မှာ တစ်ကြိမ်၊ ပြီးခဲ့တုန်းက ပြင်ဦးလွင်(ပြင်စာ)မှာက တစ်ကြိမ်ရှိပါပြီ။ကားမောင်းရတာကို ၀ါသနာအရမ်း ကြီးပြီး အလုပ်က စိတ်ဖိစီးလာရင် ကိုယ့်အုပ်စုနဲ့လေ့ကျင့်ရင်း မောင်းတဲ့အခါ စိတ်ဖိစီးမှုတွေ့လျော့သွားတယ်။

RACING အတွက် ပြင်ဆင်ထားတာတွေ ပြောပြပေးပါ။

ကားမှာ ပြင်ဆင်ထားတာတွေက Drift ဆွဲလို့ အဆင်ပြေအောင် လိုတာတွေ ဖြည့်ဆီးရတယ်။ကားအတွက် အရေးကြီးတာက အန္တရာယ်ကင်းဖို့ပဲဆိုတော့ ကားအောက်ပိုင်းလိုအပ်ချက်တွေ ပြင်ဆင်တယ်။ကျနော့ကားမှာ တာဗိုမပါဘူး။ NATURE AIR ဆိုတော့ အင်ဂျင်ပါဝါအလိုက် ကိုယ်လိုချင်သလို ခေါ်ပြီးလီဗာတင်မရတဲ့ အား နည်းချက်ရှိတယ်။အသွက်နည်းတာပေါ့။အောက်ပိုင်းမှာ ဒရစ်ဆွဲလို့ ကောင်းအောင် ရှောဘားတွေပြင်ရတယ်။

အတွင်းပိုင်းပြင်ဆင်ထားမှုတွေ ရှိသေးလား ။

အတွင်းပိုင်းမှာ ကျနော်တို့အတွက် AUDIO ပိုင်းက အဓိက မဟုတ်ဘူး။အင်ဂျင်ပိုင်းနဲ့ စက်ပိုင်းဆိုင်ရာ အခြေ အနေတွေကို ပြပေးတဲ့ ဒိုင်ခွက်တွေ မှန်ကန်ဖို့လိုတယ်။ဒိုင်ခွက်တွေ က အင်ဂျင်အပူချိန်ဘယ်လောက်ရှိပြီပြတဲ့ ဒိုင်ခွက်၊ PRESURE ပြဒိုင်ခွက်တွေပေါ့။အသစ်တပ်တဲ့အခါ တချို့အမျိုးအစားတွေက အမှန်အတိုင်းမတိကျဘူး။ အင်ဂျင်ပါဝါ ကြီးပြီး ဒရစ်ဆွဲပြီးမောင်းတာကြောင့် စက်ပိုင်းဆိုင်ရာ အခြေအနေတွေကို ပြတဲ့ ဒိုင်ခွက်တွေ မှန်ကန်စွာ ပြနိုင်ဖို့က အရေးကြီးတာပေါ့။ထပ်ပြီး Created လုပ်တာ သိန်း ၃၀-လောက်ကုန်တယ်။

ဘယ်နေရာမှာ လေ့ကျင့်ပြီး ကုန်ကျစရိတ်ဘယ်လောက်ရှိလဲ –

မန္တလေးကနေ ပြင်ဦးလွင်တက်သွားပြီး ပြင်စာမှာရှိတဲ့ကွင်းထဲမှာ လေ့ကျင့်ကြတယ်။နေ့တိုင်း မလုပ်နိုင်ဘူး။ ကုန်ကျစရိတ်က များတယ်။ဒရစ်သုံးပတ်လောက်ဆိုရင် တစ်ယာတစ်လုံးကုန်ပြီ။တာယာတစ်လုံးကို တစ်သိန်းခွဲ လောက်ရှိတယ်။တခြားစရိတ်မပါသေးဘူး။ဝါသနာဆိုတာက မလုပ်ဘဲ မနေနိုင်တတ်ကြဘူး။

××××××××××××××××××××××××××××××××××××××××××××××××××

ကိုသားချစ်

ကိုသားချစ်ကတော့ ပျော်ဘွယ်မြို့ကနေ မန္တလေးမြို့ကို အခြေချနေထိုင်တဲ့ ဆောက်လုပ်ရေး လုပ်ငန်းကဖြစ်ပြီး ငယ်စဉ် ကလေးဘ၀က ကစားစရာ ကားအရုပ်တွေနဲ့ ဆော့ကစားခဲ့တယ်။နိုင်ငံခြားမှာ ကားပြိုင်ပွဲတွေ ကြည့်ရင်းက ပြိုင်ကားတစ်စီးနဲ့ Drift ဆွဲမောင်းရတာကို ရူးသွပ်သူဖြစ်လာတယ်လို့ သိရပါတယ်။

ပြိုင်ကားမောင်းဝါသနာပါလာဖြစ်ပုံ သိချင်ပါတယ်။

ကျနော်တို့ဆီမှာ ကားပြိုင်ပွဲတွေမရှိဘူး။ နိုင်ငံတကာ ကားပြိုင်ပွဲတွေကို ကြည့်ရင်း ကျနော်တို့လည်း လုပ်နိုင် မှာပဲဆိုပြီး ကိုယ့်အရင်က စီနီယာတွေနဲ့ လေ့ကျင့်တယ်။သာမန်ကားမောင်းတာက လွယ်ကူပေမယ့် ပြိုင်ကား တစ်စီးမောင်းမယ်ဆိုရင် အတွေ့အကြုံနဲ့ ပညာတွေလိုလာတယ်။ကိုယ့်အထက်က စီနီယာတွေနဲ့ တွဲပြီးသင်ယူ လေ့ကျင့်ရာမှာ ငွေကုန်ကြေးကျရှိတယ်။ဝါသနာဆိုတာကလည်း မဖြစ်မနေလုပ်ရမှ ဆိုသလိုပေါ့။

လက်ရှိ မောင်းနေတဲ့ ကားအမျိုးအစားနဲ့ Racing ပြင်ဆင်ထားတာတွေ ပြောပေးပါ။

ကားအမျိုးအစားက C-35 LAUREL ဖြစ်ပါတယ်။ Enginee power 2.5(RB-25-DET)ဖြစ်ပါတယ်။မူလက အိမ်စီးကားပါ။ဂျပန်မှာ ပြိုင်ကားပုံစံဖြစ်အောင် Setting တွေ ပြောင်းတာပေါ့။နောက်ဘီးနှစ်ဘီးမှာ 2-way LSD ထည့်တယ်။ထိုင်ခုံတွေကအစ ခါးပတ်တွေအထိ ပြောင်းထားတယ်။ယာဉ်မောင်းအတွက် လုံခြုံမှုရှိအောင်ပါ။ ကားအင်ဂျင်ပိုင်းနဲ့ တခြား အစိပ်အပိုင်းတွေရဲ့ အခြေအနေကို သိအောင် ဒိုင်ခွက်တွေလည်း ပြောင်းထားတယ်။ ဂျပန်ပစ္စည်းပဲထည့်တယ်။တရုတ်ပစ္စည်းက ဈေးမရှိဘူး။အောက်ပိုင်းကြံ့ခိုင်မှု ဦးစားပေးပြင်ဆင်ထားတာပါ။

ပြိုင်ကား မောင်း Driftဆွဲမယ်ဆိုရင် ဘာတွေက အရေးကြီးလဲ။

ကားအတွင်းပိုင်းမှာ ဒိုင်ခွက်တွေကို ကြည့်ရတယ်။ကိုယ့်ကားအင်ဂျင်ရဲ့ Heat ကဘယ်လောက်ရောက်နေပြီလဲ၊ Pressure ဘယ်လောက်ဖြစ်နေလဲ။အင်ဂျင်ဝိုင် Pressure စတာတွေက အရေးကြီးတယ်။Heat က သတ်မှတ် တာထက်ပိုလာရင် မီးလောင်မှုတွေဖြစ်နိုင်တယ်။Wire range တွေကစလို့ သေချာဖို့လိုတာပေါ့။ ပြိုင်ကားမောင်းရာမှာ Drift ဆွဲပြီးကွေ့တာ တွေကြောင့် တာယာဆိုရင် အရမ်းကုန်တယ်။မောင်းရင်းနဲ့ ကားဘီးပြုတ်ထွက်သွား တာ မျိုးတွေမရှိအောင် အောက်ပိုင်းပြင်ဆင်မှု၊စစ်ဆေးမှုက အရေးကြီးတယ်။Senior တွေနဲ့ ကိုယ့် အဖွဲ့လိုက် စိတ်တူကိုယ်တူ လေ့ကျင့်ရတဲ့အချိန်မှာ ပျော်တယ်။

လာမယ့်ပြိုင်ပွဲမှာ ဘယ်လောက်ရည်မှန်းထားလဲ။

ရည်မှန်းတယ်ဆိုတာထက် ကိုယ်လုပ်ခြင်တာ လုပ်ရတာကို ကျေနပ်မှုရခြင်တာပါ။အောင်နိုင်ခြင်းဆိုတာက အရေးမကြီးဘူး။ကျနော်တို့လို လူငယ်တွေ ကားမောင်းအားကစားတစ်ခုအဖြစ် ပါဝင်လာစေချင်တယ်။ပြိုင်ကား ဆိုရင် ပတ်ဝန်းကျင်က နှာခေါင်းရှုံ့သူရှိတယ်။ရမ်းကားတယ်လို့ထင်တယ်။ကျနော်တို့က ဒါမျိုးမဟုတ်ပါဘူး။ ပြင်စာ(ပြင်ဦးလွင်)ကွင်းမှာ သွားပြီးလေ့ကျင့်တယ်။ပတ်ဝန်းကျင်အနှောက်အယှက်မဖြစ်အောင်၊အန္တရာယ်ကင်း အောင် လို့စည်းကမ်းတကျလေ့ကျင့်တယ်။

အောင်ကျော်ထက် ။

 

××××××××××××××××××××××××××××××××××××××××××××××××××××××××××