Unicode version…
ကားမောင်းခြင်း
အင်ဂျင်တွေက လေကိုချစ်တယ်။ လေက လောင်စာကို မြန်မြန်လောင်စေပြီး၊ သန့်ရှင်းစေတယ်။ လောင်စာနဲ့ ဝင်ရောက်ရောစပ်မိပြီးတော့ စွမ်းအင်တွေ ပိုထုတ်လုပ်ပေးတယ်။
တာဘို စွမ်းဆောင်မှု
ခင်ဗျားကားရဲ့ တာဗိုဖိအားမြှင့်စက်သင်္ကေတက ဘာလဲဆိုတာ အမြဲစဉ်းစားဖြစ်ပါသလား။ ဆိုလိုတာက အဲဒါက မြန်မြန်တော့သွားနိုင်တယ်၊ ဒါပေမယ့် အဲဒါထက် ပိုလေးနက်တာတွေရှိပါသေးတယ်။
တာဗိုဖိအားမြှင့်စက်တွေက တစ်ချိန်ကတော့ အရှိန်မြင့်ဖို့အတွက် အပို ရွေးချယ်စရာတစ်ခုဖြစ်ခဲ့တယ်။ အခုတော့ ဓာတ်ငွေ့ထုတ်လွှတ်မှု အနည်းဆုံးဖြစ်ဖို့၊ ဆီစားသက်သာဖို့နဲ့ အခြားအသုံးတည့်တဲ့ အကောင်းဆုံးဖြေရှင်းချက်အဖြစ် ရှုမြင်နေကြပါပြီ။ အင်ဂျင်ထဲကို လောင်စာနဲ့ အတူ လေတွေ ပိုမိုဝင်ရောက်ဖို့အတွက် ဖိအားပေးတဲ့အရာဖြစ်နေပါပြီ။
အခြေခံအားဖြင့်တော့၊ တာဗိုဖိအားမြှင့်စက်ဆိုတာက အင်ဂျင်မှာ အိတ်ဇောတာဘိုင်နဲ့ ဝင်ပေါက်တာဘိုင်ဆိုတဲ့ တာဘိုင်အသေးနှစ်ခုနဲ့အတူ တပ်ဆင်ထားတဲ့ တာဘိုင်ယူနစ်တစ်ခုပါပဲ။ (ဒီတာဘိုင်တွေက အခြေခံအားဖြင့် ရေယက်နဲ့ ဘီးတွေ လည်တာပါ။) အခန်းတွေ သီးသန့်စီရှိပေမယ့်၊ ဝင်ရိုးတွေနဲ့ ဆက်သွယ်ထားပါတယ်။illustration-1
ခင်ဗျား အင်ဂျင်ကနေ ပူပြီးမြန်တဲ့ အိတ်ဇောဓာတ်ငွေ့တွေက အိတ်ဇောတာဘိုင်နဲ့ ဆက်စပ်နေပါတယ်။ ရူးလောက်တဲ့အရှိန်နဲ့ စတင်လည်ပတ်နေတယ်။ တစ်စက္ကန့်ကို အကြိမ် တစ်ထောင်လောက်လည်နေတယ်။ ဒါက ဝင်ရိုးကို လှည့်ပေးပြီး၊ ဒါက ဝင်ပေါက်တာဘိုင်ကို လည်စေပါတယ်။ ဒီဝင်ပေါက်တာဘိုင်က အပြင်က လေအေးတွေကို ဆွဲယူပါတယ်။ လေပန်ကာလိုပဲလေ။ ပြီးတော့ ဖိအားပြင်းပြင်းနဲ့ အင်ဂျင်ထဲကို တွန်းထည့်တော့တာပဲ။
အင်ဂျင်တွေက လေကိုချစ်တယ်။ လေက လောင်စာကို မြန်မြန်လောင်စေပြီး၊ သန့်ရှင်းစေတယ်။ လောင်စာနဲ့ ဝင်ရောက်တိုက်မိပြီးတော့ စွမ်းအင်တွေ ပိုထုတ်လုပ်ပေးတယ်။
အဲနေရာမှာ ပုံမှန်နှုန်း နှစ်လီတာဆို အင်ဂျင်က ၁၃၀ မြင်းကောင်ရေ ထုတ်ပေးတယ်။ တကယ်လို့ တာဗိုဖိအားမြှင့်စက်တပ်ဆင်လိုက်မယ်ဆိုရင်တော့ ပိုအားကောင်းလာမယ်။ စွမ်းအားက နှစ်ဆလောက်ဖြစ်လာမယ်။ ဆီလဲ ပိုစားလာမယ်။
မြို့ထဲမှာပုံမှန်မောင်းမယ် ဒါမှမဟုတ် အဝေးပြေးလမ်းမှာမောင်းမယ်ဆိုရင်တော့ အင်ဂျင်က ထုတ်လုပ်ပေးတဲ့ စွမ်းအားရဲ့ အနည်းငယ်ပဲ လိုပါလိမ့်တယ်။ လောင်စာကုန်ပြီး၊ အသုံးမလိုတဲ့ စွမ်းအင်တွေ ဖန်တီးပေးပါလိမ့်တယ်။ အင်ဂျင်ပိုကြီးရင်တော့ ပုံမှန်သွားနေရင်တောင် ဆီပိုစားမှာပါပဲ။
တာဗိုဖိအားမြှင့်စက်အင်ဂျင်နဲ့ ခင်ဗျားလိုအပ်တဲ့ စွမ်းအားကို ဖန်တီးနိုင်ပါတယ်။ ခင်ဗျား အဝေးပြေးလမ်းမှာကုန်ကားကြီးနှစ်စီးကို ဖြတ်ကျော်တက်ဖို့ လိုတယ်ဆိုပါစို့။ ဓာတ်ငွေ့ကို ထိလိုက်တာနဲ့ တာဘိုက အသက်ဝင်ပြီ။ လေနဲ့ လောင်စာက မော်တာထဲအတင်းဝင်လာပြီး၊ ယာယီတော့ စွမ်းအားမြင့်တဲ့ အင်ဂျင်ကို ခင်ဗျားရပါလိမ့်မယ်။ (ဆီတော့အတော်စားတာပေါ့ဗျာ။) ပြီးတော့ ခင်ဗျား ကုန်ကားတွေကို ဖြတ်ကျော်၊ ညာဘက်ခြေထောက်ကိုကြွ၊ တာဘိုကအသားလေးကြွလာ၊ ခင်ဗျားကားက ဆီစားနည်းလာပါလိမ့်မယ်။turbocharger_diagramjpg_1
ဒါက အခြေခံပါပဲ။ လောင်စာနဲ့ မရောနှောခင် လေကိုအေးသွားစေတဲ့ အတွင်းအအေးစက် တာဘိုတွေမှာ ပါပါတယ်။ ဘာလို့လဲဆိုတော့ လေအေးက ပိုသိပ်သည်းပြီး၊ စွမ်းအားပိုကောင်းစေလို့ပါပဲ။ ဒါပေမယ့် ဒီအင်ဂျင်တွေက ဝန်ကို ခံနိုင်လောက်တဲ့ အင်ဂျင်မျိုးဖြစ်ဖို့ အသေချာတော့ တည်ဆောက်ရပါတယ်။
အဲဒါထက်ပိုတာက၊ ပိုအခွင့်လမ်းကောင်းတာက၊ ကားတွေက အင်ဂျင်အသေးစား၊ တာဗိုဖိအားမြှင့်စက်အကြီးစားနဲ့ ပိုမိုထုတ်လုပ်လာနေပါတယ်။ တာဗိုဖိအားမြှင့်စက်က အနာဂတ်ပဲ၊ ခင်ဗျား ကြိုက်ကြိုက် မကြိုက်ကြိုက်လေ။
Zawgyi version…
ကားေမာင္းျခင္း
အင္ဂ်င္ေတြက ေလကိုခ်စ္တယ္။ ေလက ေလာင္စာကို ျမန္ျမန္ေလာင္ေစၿပီး၊ သန္႔ရွင္းေစတယ္။ ေလာင္စာနဲ႔ ဝင္ေရာက္ေရာစပ္မိၿပီးေတာ့ စြမ္းအင္ေတြ ပိုထုတ္လုပ္ေပးတယ္။
တာဘို စြမ္းေဆာင္မွဳ
ခင္ဗ်ားကားရဲ႕ တာဗိုဖိအားျမွင့္စက္သေကၤတက ဘာလဲဆိုတာ အၿမဲစဥ္းစားျဖစ္ပါသလား။ ဆိုလိုတာက အဲဒါက ျမန္ျမန္ေတာ့သြားႏုိင္တယ္၊ ဒါေပမယ့္ အဲဒါထက္ ပိုေလးနက္တာေတြရွိပါေသးတယ္။
တာဗိုဖိအားျမွင့္စက္ေတြက တစ္ခ်ိန္ကေတာ့ အရွိန္ျမင့္ဖို႔အတြက္ အပို ေရြးခ်ယ္စရာတစ္ခုျဖစ္ခဲ့တယ္။ အခုေတာ့ ဓာတ္ေငြ႔ထုတ္လႊတ္မႈ အနည္းဆံုးျဖစ္ဖို႔၊ ဆီစားသက္သာဖို႔နဲ႔ အျခားအသံုးတည့္တဲ့ အေကာင္းဆံုးေျဖရွင္းခ်က္အျဖစ္ ႐ႈျမင္ေနၾကပါၿပီ။ အင္ဂ်င္ထဲကို ေလာင္စာနဲ႔ အတူ ေလေတြ ပိုမိုဝင္ေရာက္ဖို႔အတြက္ ဖိအားေပးတဲ့အရာျဖစ္ေနပါၿပီ။
အေျခခံအားျဖင့္ေတာ့၊ တာဗိုဖိအားျမွင့္စက္ဆိုတာက အင္ဂ်င္မွာ အိတ္ေဇာတာဘိုင္နဲ႔ ဝင္ေပါက္တာဘိုင္ဆိုတဲ့ တာဘိုင္အေသးႏွစ္ခုနဲ႔အတူ တပ္ဆင္ထားတဲ့ တာဘုိင္ယူနစ္တစ္ခုပါပဲ။ (ဒီတာဘိုင္ေတြက အေျခခံအားျဖင့္ ေရယက္နဲ႔ ဘီးေတြ လည္တာပါ။) အခန္းေတြ သီးသန္႔စီရွိေပမယ့္၊ ဝင္႐ိုးေတြနဲ႔ ဆက္သြယ္ထားပါတယ္။
ခင္ဗ်ား အင္ဂ်င္ကေန ပူၿပီးျမန္တဲ့ အိတ္ေဇာဓာတ္ေငြ႔ေတြက အိတ္ေဇာတာဘိုင္နဲ႔ ဆက္စပ္ေနပါတယ္။ ႐ူးေလာက္တဲ့အရွိန္နဲ႔ စတင္လည္ပတ္ေနတယ္။ တစ္စကၠန္႔ကို အႀကိမ္ တစ္ေထာင္ေလာက္လည္ေနတယ္။ ဒါက ဝင္႐ိုးကို လွည့္ေပးၿပီး၊ ဒါက ဝင္ေပါက္တာဘိုင္ကို လည္ေစပါတယ္။ ဒီဝင္ေပါက္တာဘိုင္က အျပင္က ေလေအးေတြကို ဆြဲယူပါတယ္။ ေလပန္ကာလိုပဲေလ။ ၿပီးေတာ့ ဖိအားျပင္းျပင္းနဲ႔ အင္ဂ်င္ထဲကို တြန္းထည့္ေတာ့တာပဲ။
အင္ဂ်င္ေတြက ေလကိုခ်စ္တယ္။ ေလက ေလာင္စာကို ျမန္ျမန္ေလာင္ေစၿပီး၊ သန္႔ရွင္းေစတယ္။ ေလာင္စာနဲ႔ ဝင္ေရာက္တုိက္မိၿပီးေတာ့ စြမ္းအင္ေတြ ပိုထုတ္လုပ္ေပးတယ္။
အဲေနရာမွာ ပံုမွန္ႏႈန္း ႏွစ္လီတာဆို အင္ဂ်င္က ၁၃၀ ျမင္းေကာင္ေရ ထုတ္ေပးတယ္။ တကယ္လို႔ တာဗိုဖိအားျမွင့္စက္တပ္ဆင္လုိက္မယ္ဆုိရင္ေတာ့ ပိုအားေကာင္းလာမယ္။ စြမ္းအားက ႏွစ္ဆေလာက္ျဖစ္လာမယ္။ ဆီလဲ ပိုစားလာမယ္။
ၿမိဳ႕ထဲမွာပံုမွန္ေမာင္းမယ္ ဒါမွမဟုတ္ အေဝးေျပးလမ္းမွာေမာင္းမယ္ဆုိရင္ေတာ့ အင္ဂ်င္က ထုတ္လုပ္ေပးတဲ့ စြမ္းအားရဲ႕ အနည္းငယ္ပဲ လုိပါလိမ့္တယ္။ ေလာင္စာကုန္ၿပီး၊ အသံုးမလိုတဲ့ စြမ္းအင္ေတြ ဖန္တီးေပးပါလိမ့္တယ္။ အင္ဂ်င္ပိုႀကီးရင္ေတာ့ ပံုမွန္သြားေနရင္ေတာင္ ဆီပိုစားမွာပါပဲ။
တာဗိုဖိအားျမွင့္စက္အင္ဂ်င္နဲ႔ ခင္ဗ်ားလိုအပ္တဲ့ စြမ္းအားကို ဖန္တီးႏိုင္ပါတယ္။ ခင္ဗ်ား အေဝးေျပးလမ္းမွာကုန္ကားႀကီးႏွစ္စီးကို ျဖတ္ေက်ာ္တက္ဖို႔ လိုတယ္ဆိုပါစို႔။ ဓာတ္ေငြ႔ကို ထိလိုက္တာနဲ႔ တာဘုိက အသက္ဝင္ၿပီ။ ေလနဲ႔ ေလာင္စာက ေမာ္တာထဲအတင္းဝင္လာၿပီး၊ ယာယီေတာ့ စြမ္းအားျမင့္တဲ့ အင္ဂ်င္ကို ခင္ဗ်ားရပါလိမ့္မယ္။ (ဆီေတာ့အေတာ္စားတာေပါ့ဗ်ာ။) ၿပီးေတာ့ ခင္ဗ်ား ကုန္ကားေတြကို ျဖတ္ေက်ာ္၊ ညာဘက္ေျခေထာက္ကိုၾကြ၊ တာဘိုကအသားေလးၾကြလာ၊ ခင္ဗ်ားကားက ဆီစားနည္းလာပါလိမ့္မယ္။
ဒါက အေျခခံပါပဲ။ ေလာင္စာနဲ႔ မေရာေႏွာခင္ ေလကိုေအးသြားေစတဲ့ အတြင္းအေအးစက္ တာဘုိေတြမွာ ပါပါတယ္။ ဘာလို႔လဲဆုိေတာ့ ေလေအးက ပိုသိပ္သည္းၿပီး၊ စြမ္းအားပိုေကာင္းေစလုိ႔ပါပဲ။ ဒါေပမယ့္ ဒီအင္ဂ်င္ေတြက ဝန္ကို ခံႏိုင္ေလာက္တဲ့ အင္ဂ်င္မ်ဳိးျဖစ္ဖို႔ အေသခ်ာေတာ့ တည္ေဆာက္ရပါတယ္။
အဲဒါထက္ပိုတာက၊ ပိုအခြင့္လမ္းေကာင္းတာက၊ ကားေတြက အင္ဂ်င္အေသးစား၊ တာဗိုဖိအားျမွင့္စက္အႀကီးစားနဲ႔ ပိုမိုထုတ္လုပ္လာေနပါတယ္။ တာဗိုဖိအားျမွင့္စက္က အနာဂတ္ပဲ၊ ခင္ဗ်ား ႀကိဳက္ႀကိဳက္ မႀကိဳက္ႀကိဳက္ေလ။