Porsche သည် 2023 New Macan T အား မိတ်ဆက်လိုက်ပြီး ၎င်းသည် Base Macan နှင့် Macan S တို့ အကြားရှိသည့် Level ဖြစ်သည်။ 2023 Macan T သည် Porsche 718 နှင့် Porsche 911 တို့၏ T Version များကဲ့သို့ အထူးကောင်းမွန်သည့် Driving Experience ကိုခံစားနိုင်မည် ဖြစ်ကာ Performance Equipment’s များစွာလည်း Standard ပါဝင်ပါမည်။ ( T ) သည် Touring ကို ဆိုလိုခြင်းဖြစ်သည်။ 2023 Macan T တွင် – ( 2.0 L  Turbo I 4 Engine ) ၊ 261 hp )  အင်ဂျင်နှင့် ( 7 – Speed  Dual – Clutch Auto gear ) တွဲဖက်တပ်ဆင်ထားပါသည်။ အင်ဂျင်၏ Weight သည် ( S / GTS Model များတွင် ပါဝင်သည့် – 2.9 L V6 Engine Type ) ထက် ( ၁၂၉ ပေါင် ) ခန့် ပို့၍ ပေါ့ပါးသည့်အတွက် Performance နှင့် Handling ပိုင်းတွင်  အထူးကောင်းမွန်မည်ဖြစ်သည်။ Macan T တွင် AWD System ၊ Driving Mode ၊ Launch Control ၊ စသည့် Features များအပြင် Porsche ၏ နာမည်ကျော် Porsche Active Suspension Management လည်း ပါဝင်ပါသည်။

 

အဆိုပါ Features များအပြင် – Air Suspension ၊ Torque – Vectoring System  စတို့ကိုလည်း Optional ရနိုင်ပါမည်။ 2023 Macan T တွင် Performance အနေဖြင့် – ( 0  to 60 mph ) အား ( 5.8 Seconds ) ဖြင့် အမြန်ဆုံးရောက်ရှိနိုင်ပါပြီး Top Speed သည် ( 144 mph ) ဖြစ်ပါသည်။ ကား၏ အပြင်ဖက်တွင် Black Macan T Logo ၊ Black Exhaust Pipes ၊ 20 – inch Macan Wheels  ၊ စသည့် Sporty Features များပါဝင်မည်ဖြစ်ကာ အတွင်းခန်းတွင်လည်း – GT Sport Steering ၊ Porsche Crest Embossed ၊ Unique Upholstery ၊ Sliver Stitching ၊ စသည့် တို့အား ထည့်သွင်းထားပါမည်။ 2023 Porsche Macan T အား ယခုနှစ်နွေဦးရာသီတွင် စတင်ရောင်းချပါမည်။

#DriveMediaMyanmar