Unicode version..
မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် Ducati မော်တော်ဆိုင်ကယ်အရောင်းပြခန်းနှင့် ဝန်ဆောင်မှုများပေးရန် မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊၃၅ လမ်း၊၆၅ လမ်းနှင့် ၆၆လမ်း ကြားတွင် ဖွင့်လှစ်ကာမတ်လ ၃၀ ရက်နေ့မှ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းသိရသည်။i
Ducati ၏ အာရှဒေသဆိုင်ရာ ဒါရိုက်တာဖြစ်သူ Marco Biondiက”ဝန််ဆောင်မှုပေးဖို့နဲ့ အရောင်းပြခန််းကို မန္တလေးမှာဖွင့်လှစ်နိုင်တာကို ၀မ်းမြောက်ပါတယ်။Ducati ဆိုင်ကယ်များက အများနဲ့မတူထူးခြား တဲ့ဒီဇိုင်း၊အရည်အသွေးပြည့်ဝတဲ့ စွမ်းဆောင်မှုတွေကိုနှစ်ခြိုက်ပြီးလူကြိုက်များတဲ့ အီတလီအမှတ်တံဆိပ်ပါ။ မြန်မာနိုင်ငံကသုံးစွဲသူများကို မျှဝေပေးတာလည်းဖြစ်ပါတယ်။”ဟု ဖွင့်ပွဲတွင်ပြောကြားခဲ့သည်။
SGG Motor Service Ltd မှ အီတလီနိုင်ငံထုတ် Ducati မော်တော်ဆိုင်ကယ်မော်ဒယ်မျိုးစုံံကို တရားဝင် ဖြန့်ချီပေးနေပြီး ဆိုင်ကယ်စီးနင်းသူများအရည်အချင်းတိုးတက်စေရန် ဆိုင်ကယ်သင်တန်းကျောင်း ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်သည့်အပြင် Ducati ဆိုင်ကယ်အပိုပစ္စည်းများနှင့်အသုံးအဆောင်များလည်း ရရှိ နိုင်မည်ဖြစ်သည်။
“ရည်ရွယ်ချက်ကတော့ သုံးစွဲသူတွေအတွက် စိတ်လှုပ်ရှားစေမယ့် နောက်ဆုံးပေါ်မော်ဒယ်များနဲအတူ စျေး ကွက်နေရာ ဦးဆုံးဝင်ရောက်တာဖြစ်ပါတယ်။ပြည်တွင်းမှာဆိုင်ကယ်ချစ်သူများက သူတို့ အဆက်အသွယ်နှဲ့ မှာယူစီးနင်းနေတဲ့ Ducatiဆိုင်ကယ်တွေလည်း ရှိနေပြီဆိုတော့ ဒီဆိုင်ကယ်ရဲ့အားသာကောင်းမွန်ချက်တွေကို မျှဝေပေးချင်ပါတယ်”ဟု အရောင်းပြခန်းမှတာဝန််ရှိသူကပြောသည်။
Ducati နှင့် Scrambler ဆိုင်ကယ်များဝယ်ယူခြင်းအတွက် အာမခံ ၂နှစ်ရရှိမှာဖြစ်ပြီး နည်းပညာရှင်များ၊စက် ပြင်ဆရာများ၏ဝန်ဆောင်မှုများနှင့်အတူ အပိုပစ္စည်းများလည်း ရရှိနိုင်ကာ အရစ်ကျငွေပေးချေမှုဖြင့်လည်း ရောင်းချပေးသွားမှာဖြစ်ကြောင်းသိရသည်။
ကျော်ထက်
Zawgyi version…
SGG Motor Service Ltd  မှ အီတလီနိုင်ငံထုတ် Ducati မော်တော်ဆိုင်ကယ်မော်ဒယ်မျိုးစုံကို တရားဝင် ဖြန့်ချီပေးနေပြီး ဆိုင်ကယ်စီးနင်းသူများအရည်အချင်းတိုးတက်စေရန် ဆိုင်ကယ်သင်တန်းကျောင်း ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်သည့်အပြင် Ducati ဆိုင်ကယ်အပိုပစ္စည်းများနှင့်အသုံးအဆောင်များလည်း ရရှိ နိုင်မည်ဖြစ်သည်။
“ရည်ရွယ်ချက်ကတော့ သုံးစွဲသူတွေအတွက် စိတ်လှုပ်ရှားစေမယ့် နောက်ဆုံးပေါ်မော်ဒယ်များနဲအတူ ဈေး ကွက်နေရာ ဦးဆုံးဝင်ရောက်တာဖြစ်ပါတယ်။ပြည်တွင်းမှာဆိုင်ကယ်ချစ်သူများက သူတို့ အဆက်အသွယ်နှဲ့ မှာယူစီးနင်းနေတဲ့ Ducatiဆိုင်ကယ်တွေလည်း ရှိနေပြီဆိုတော့ ဒီဆိုင်ကယ်ရဲ့အားသာကောင်းမွန်ချက်တွေကို မျှဝေပေးချင်ပါတယ်”ဟု အရောင်းပြခန်းမှတာဝန်ရှိသူကပြောသည်။
ကျော်ထက်