EV Brand တခုဖြစ်သည့် Electric Brand သည် လှပပြီး ချစ်စဖွယ်ကောင်းသည့် eBussy Model ကို ဖန်တီးလိုက်ပြီး ( Passenger) နှင့် ( Cargo-Carrying ) ပုံစံ (၂)မျိုးသုံး Model Range အဖြင့်တွေ့မြင်ရပါမည်။ Electric Brand သည် အဆိုပါ eBussy Model ၏ Platform အားထပ်မံ ထုတ်လုပ်မည့် pickup Truck နှင့် အခြား Model အားလုံးအတွက် Basic Platform အနေဖြင့် အသုံးပြုမည်ဖြစ်သည်။ ဂျာမနီအခြေစိုက်ဖြစ်သည့် Electric Brand သည် အဆိုပါ Chassis Design အား ( PAN ) ဟု သတ်မှတ်ပြီး ကားအမျိုးအစား မျိုးစုံအတွက် လိုက်လျောညီထွေဖြစ်စေ သည့် Alternative Chassis ဖြစ်သည်။ eBussy တွင် မြှင့်တင်နိုင်သည့် Suspension / All-Terrain Tires / 4-Wheer Steering / AWD System တို့အပြင် လျှပ်စစ်စွမ်းအင်အတွက် အထောက်အကူရစေသည့် Solar Module နှင့် ပြန်လည်အားဖြည့် သွင်းနိုင်သည့် ဘရိတ်စနစ်တို့ လည်း ထည့်သွင်းထားပါသည်။ eBussy ၏ အလျားသည် ( ၁၂ ပေ ) ရှိမည်ဖြစ်ပြီး ကား၏ Platform တွင် Battery Range အနေဖြင့် ( 10 kWh ) မှ ( 30 kWh ) အတွင်းရှိမည့် Battery Pack များထည့်သွင်းထားမည်ဖြစ်ကာ အဆိုပါ Battery Pack များသည် (၁၂၄ မိုင်) မှ (၃၇၃ မိုင်) အတွင်း လျှပ်စစ်သီးသန့် အသုံးပြုနိုင်ပါမည်။ Power Output အနေဖြင့် ( 737 lb-ft of Torque ) ထွက်ရှိဖြစ်သည်။ eBussy ၏ အပြင်နှင့် အတွင်းခန်းတို့အား ခေတ်ဆန်မှုနှင့် လှပမှုတို့ဖြင့် ပေါင်းစပ်ထားပြီး Popular Style အဖြစ်ဆုံး Van အနေဖြင့် အဓိက ရည်ရွယ်ဖန်တီးထားပါသည်။ eBussy ကိုဝယ်ယူရန် အမှာစာ လေးထောင်ကျော်ခန့် ရရှိထားကြောင်း ကုမ္ပဏီမှ ဆိုထားပါသည်။ eBussy Van အား 2021 တွင် စတင်ဖြန့်ချီမည်ဖြစ်သည်။