Editorial
ဖြည်းဖြည်းမှန်မှန်နဲ့ချီတက်လာတဲ့ Drive ရဲ့ခြေလှမ်းတွေက အရှိန်ရစပြုလာခဲ့ပါပြီ။ အကောင်း ဆုံး တွေကိုသာပေးချင်တဲ့ Drive ရဲ့စေတနာတွေအတိုင်း Premium Quality ရှိတဲ့ စာမျက်နှာတွေ၊ အကောင်း ဆုံး ဖြစ်အောင်ပုံဖော်ထားတဲ့ Teat Drive ဓါတ်ပုံတွေ၊ကားတွေရဲ့အကြောင်းတွေကို ဝေဝေဆာဆာဖော်ပြပေးဦး မှာဖြစ်ပါတယ်။ ဒီတစ်ခေါက် Drive 8 မှာလည်း Cover feature မှာတော့ လှပလွန်းတဲ့ Sport ကားလေး Hyndai Genesic ကို အသုံးပြုထားပြီး သူ့ရဲ့နာမည်ကျောကြားမှုတွေကို ဖော်ပြပေးဦးမှာပါ။အဲဒီလိုပဲ Test Drive ကဏ္ဍမှာလည်း အကောင်းဆုံး SUV ထဲမှာ တစ်ခု အပါအဝင်ဖြစ်တဲ့ ၂၀၁၇ Volvo XC 90 ၊ Ford ရဲ့နာမည်ကျော် Ecosport တို့အပြင်Lincoln Continental , ဂန္ထဝင်ကား အဖြစ်(1959–1967) Austin-Healey 3000 အကြောင်း၊စိတ်ဝင်စားစရာ နည်းပညာနဲ့ ပညာပေး ဆောင်း ပါးတွေ၊အခြား ကဏ္ဍတွေနဲ့ခြုံလွှမ်းထားတဲ့ Drive 8 က ပရိသတ်ကြီးအတွက် စွဲမက်ချင်စရာ ကောင်းလာဦးမှာပါ။
ပြီးတော့ ပါဝင်နေကြကဏ္ဍတွေဖြစ်တဲ့ Used car တွေအကြောင်း၊Accessories တွေအကြောင်း၊ Road Safety၊ Used Car Price List၊ Gadgets တွေကလည်းအသစ်အသစ်တွေအနေနဲ့ပါလာကြဦးမှာ ပါ။ နောက်ထပ် သတင်းပေးလိုတာကတော့ လာမယ့် သြဂုတ်လအတွင်းမှာ Drive ကနေဦးဆောင်ကျင်းပမယ့် Myanmar Car Of The Year Award မှာ မြန်မာပြည်ကိုရောက်ရှိနေတဲ့ Brand New ကားသစ်တွေထဲကမှ အကောင်း ဆုံးတွေ ကို ရွေးချယ်ပေးမယ့် အခမ်းအနားပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့လမ်းစနစ်နဲ့ကိုက်ညီပြီး အာမခံချက်အပြည့်ရှိတဲ့ Brand New ဈေးကွက်ထွန်းကားလာအောင် တစ်ဖက်တစ်လမ်းက ပါဝင်အားဖြည့်ပေးနေတဲ့ Drive ရဲ့စေတနာက ဒီလောက်နဲ့ရပ်သွားမှာမဟုတ်ပါဘူး။နောက်ထပ်လည်း ကောင်းတာတွေကို ဆက်လက်ချပြသွားဦးမှာပါ….