Zawgyi version…

ကၽြန္ေတာ္ သင္တန္းပို ့ခ်တဲ ့အခ်ိန္မ်ိဳးမွာ ေက်ာင္းသားေတြကို ကားစတီယာရင္ ( လက္ကိုင္ေဂြ )ကို ဘယ္လို ဘယ္ပံု ကိုင္လဲလို ့ေမးတဲ ့အခါတိုင္း ကၽြန္ေတာ့္ကို ထူးဆန္းတဲ ့အၾကည့္ေတြ နဲ႕ၾကည့္ျခင္းခံရပါတယ္ ။ လူေတာ္ေတာ္မ်ားမ်ားကေတာ့ “ ကားလက္ကိုင္ေဂြ ပဲ မထူးျခားပါဘူး ဘယ္ေနရာကိုင္ကိုင္ သက္ေတာင့္သက္သာနဲ ့ထိန္းခ်ဳပ္လို ့ရရင္ျပီးတာပဲလို႕ ထင္ၾကပါတယ္ ”။ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားကို ေရာက္ခဲ ့ျပီး လူေတာ္ေတာ္မ်ားမ်ား ရဲ ့မတူညီတဲ ့လက္ကိုင္ေဂြ ကိုင္ပံုကိုင္နညး္ေတြကို ေတြ ့ရွိခဲ့ရပါတယ္။   လက္ကို ဆန္႕တန္းျပီး လက္ကိုင္ေဂြကို ကုိင္သူမ်ား ( စင္ကာပူ ) ၊ လက္တစ္ဖက္ကို နာရီလက္တံ ၁၂ ေနရာတြင္ တင္ျပီး ေမာင္း ႏွင္သူမ်ား ( အေမရိက ) ႏွင့္ လက္တစ္ဖက္ကို အေရးအေၾကာင္းၾကံဳပါက ဟြန္းတီးရန္ အဆင္သင့္အေနအထားျဖင့္ ဟြန္းေပၚတြင္ တင္ထားသူမ်ား ( ျမန္မာ ) ။  ကားစတီရင္ ( လက္ကိုင္ေဂြ ) သည္ ကားတစ္စီး၏ ဦးတည္ရာတစ္ခုလံုးကို ထိန္းခ်ဳပ္သည့္ တစ္ခုတည္း ေသာအရာျဖစ္သည့္အတြက္ လက္ကိုင္ေဂြအား နည္းစနစ္တက် မွန္မွန္ကန္ကန္ ကိုင္တြယ္ဖို ့လြန္စြာအေရးၾကီးပါတယ္ ။

လက္ကိုင္ေဂြအား နည္းလမ္းမွန္စြာ စနစ္တက်ကိုင္တြယ္ဖို႕မေျပာခင္ ထိုင္ခံုထိုင္သည့္ အေနအထား မွန္ကန္ဖို ့ဦးစြာ ေျပာလိုပါတယ္။ ဦးစြာလက္ကိုင္ေဂြႏွင့္ မိမိခႏၶာကုိယ္ အကြာအေ၀းအတြက္ ထိုင္ခံုေပၚထိုင္ျပီး မိမိလက္ကို ေရွ ့သုိ႔ဆန္ ့တန္းကာလက္ကိုင္ေဂြေပၚ ( ၁၂နာရီ)ကုိတင္သည့္အခါမိမိလက္ေကာက္၀တ္ႏွင့္လက္ကိုင္ေဂြတို႕ထိေနသည့္အေနအထား ျဖစ္ရပါမည္  ။ ၎အကြာအေ၀းသည္ ေလအိတ္ပြင့္ထြက္လာခဲ့ေသာ္လည္း အႏၱရာယ္ မရွိသည့္အေနအထားျဖစ္ျပီး လက္ကိုင္ေဂြကို ဆုတ္ကိုင္သည့္ အခါတြင္လည္း လက္သည္ ဆန္ ့တန္းမေနပဲ ရုတ္တရက္ ေပၚေပါက္လာသည့္ အႏၱရာယ္ကို ေရွာင္ရွားရန္ လက္ေမာင္းအား အသံုးျပဳျပီး ထိန္းခ်ဳပ္ႏိုင္သည့္အေနအထားျဖစ္ပါတယ္။ တစ္ခ်ိဳ ့ကလက္ကိုင္ေဂြ ႏွင့္ေတာ္ေတာ္ေ၀းေ၀းတြင္ထိုင္ျပီးလက္ကိုဆန္႕တန္း ေမာင္းေလ့ရွိျပီး  ပံုမွန္သြားလာ ေနသည့္အခါမ်ိဳးတြင္ အဆိုပါ ထိုင္ခံုထိုင္သည့္အေနအထားသည္ အႏၱရာယ္မရွိေသာ္လည္း အရွိန္ျဖင့္ေမာင္းႏွင္သည့္အခါမ်ိဳးတြင္ထိုင္သည့္အေနအထားေ၀းလြန္းပါက ကားအားထိန္း ခ်ဳပ္ရ ခက္ခဲျပီး ယာဥ္တိုက္မွဳမ်ား ျဖစ္ေပၚႏိုင္ပါတယ္ ။

ထိုင္ခံုအေနအထားမွန္ကန္ျပီဆိုေတာ့  လက္ကိုင္ေဂြ ကိုင္သည့္အေနအထား သို ့ဆက္သြားၾက ပါစို႕။ လက္ကိုင္ေဂြကိုကိုင္တြယ္ရာမွာလည္း တင္းတင္းၾကပ္ၾကပ္ ဆုတ္ကိုင္ထား ျခင္းမ်ိဳးမဟုတ္ပဲ အလိုက္သင့္ အသာအယာ ကိုင္တြယ္ထိန္းခ်ဳပ္ေမာင္းႏွင္ရပါမည္ ( ေဂါက္ရိုက္တံ ႏွင့္ တင္းနစ္ရိုက္တံ ကိုင္သကဲ ့သို ့) ။  ခုလို ကိုင္တြယ္ေမာင္းႏွင္ျခင္းအားျဖင့္ ကားေမာင္းရာတြင္ ပိုမိုေခ်ာေမြ႕မွုဳရွိျပီး အႏၱရာယ္က်ေရာက္ႏုိင္သည့္ အေျခအေနတြင္လည္း ေရွာင္ရွားရန္ ပိုမိုလြယ္ကူပါတယ္ ။  လက္ကိုင္ေဂြ ကိုင္သည့္အေနအထား အမွန္ကေတာ့ ဘယ္ဘက္လက္သည္ လက္ကိုင္ေဂြ၏ ဘယ္ဘက္ ( ၃ နာရီ ) ႏွင့္ ညာဘက္လက္သည္ ညာဘက္ ( ၉ နာရီ ) အေနအထားတြင္ျဖစ္ရပါမည္ ။  မ်ားေသာအားျဖင့္ ကားေတာ္ေတာ္မ်ားမ်ားတြင္အဆိုပါအေနအထားတြင္ကိုင္တြယ္ၾကရျပီး လမ္းၾကမ္းေမာင္း ႏွင္ရေသာကားႏွင့္ တစ္ခ်ိဳ ့ကားမ်ားတြင္ ေတာ့ ၂ နာရီႏွင့္ ၁၀ နာရီတြင္ ကိုင္ျပီး ေမာင္း ႏွင္ရပါတယ္ ။

  • လက္ကိုင္ေဂြ မွန္ကန္စြာ ကိုင္ျခင္းျဖင့္ အႏၱရာယ္ မွကာကြယ္ေပးျခင္း ။

ပံုပါအတိုင္း နည္းလမ္းမွန္စြာ ကိုင္ျခင္း ( ၃ နာရီႏွင့္ ၉ နာရီ ၊ တံေတာင္သည္ဆန္ ့မေနပဲ အနည္းငယ္ေကြးေနျခင္း ) ျဖင့္ ယာဥ္တိုက္ခိုက္မွဳတြင္ လက္သည္ ဆန္ ့တန္းမေနပဲ  အလိုက္သင့္ ေကြးေပးေသာေၾကာင့္ လက္က်ိဳးျခင္းမ်ိဳးမွ ကာကြယ္ေပးပါသည္။ ပံုပါအတိုင္း ၃နာရီႏွင့္ ၉နာရီတြင္ ကိုင္ထားေသာေၾကာင့္ မေတာ္တဆ ထိခိုက္မွဳ ေၾကာင့္ ေလအိတ္ထြက္လာပါက  ေလအိတ္အတြက္လမ္းဖြင့္ေပးထားျပီး ျဖစ္ျပီး လက္သည္ ေလအိတ္ႏွင့္မိမိခႏၶာကုိယ္ ၾကားတြင္ရွိမေန ေလအိတ္ေၾကာင့္ လက္က်ိဳးျခင္း စသျဖင့္ မလိုလားအပ္ေသာ အႏၱရာယ္မ်ားမွ ကာကြယ္ေပးပါသည္ ။

  • မိမိကား၏ ဘီးမ်ား တုန္ ့ျပန္မွုကို ခံစားသိရွိရျခင္း . မိမိလက္မ်ားအား လက္ကိုင္ေဂြ ေဘးႏွစ္ဘက္တြင္ကိုင္ထားျခင္းအားျဖင့္ မိမိကားေရွ ့ဘီးႏွစ္ဘီးမွ တုန္ ့ျပန္မွုမ်ားကို ခံစားသိရွိႏိုင္ပါတယ္  ။ လက္ကိုင္ေဂြအား ညင္သာစြာ ဆုတ္ကိုင္ထားျခင္းအားျဖင့္ ယာဥ္ေမာင္းေနစဥ္အတြင္း မိမိကားအလိုင္းမန္ ့မညီျခင္း ၊ ေလေပါင္နည္းျခင္း ၊ တိုင္းေရာ့ဘုရွ္မ်ားပါးျခင္းစသည့္အေျခအေနမ်ားကိုမိမိလက္မွ ခံစားမိပါမည္။ လက္ကိုင္ေဂြ၏ ဘယ္ဘက္ႏွင့္ ညာဘက္တြင္ ကိုင္ထားျခင္းျဖစ္ေသာေၾကာင့္ အဆိုပါအေျခအေနေၾကာင့္ျဖစ္ေပၚလာေသာ ပံုမွန္မဟုတ္သည့္တုန္ခါမွုမ်ိဳးကို ဘယ္ သို ့မဟုတ္ ညာဘက္ စသည္ျဖင့္တိုက္ရိုက္သိရွိႏိုင္ပါသည္။
  • အေကြ ့မ်ားတြင္ ညင္သာေခ်ာေမြ ့စြာ ေကြ ့ႏိုင္ျခင္း . အဆိုပါ ၃ နာရီႏွင့္ ၉ နာရီတြင္ ကိုင္ထားလွ်င္ လက္ကိုင္ေဂြလွည့္ ရာတြင္ လက္မ်ားမလိုအပ္ ပဲ ေျပာင္းေရႊ႕စရာမလိုပဲ ညင္သာစြာ ေမာင္းႏွင္ႏိုင္ပါတယ္ ။  ဆိုလိုခ်င္တာကေတာ့ အရွိန္ျဖင့္ ေမာင္းႏွင္ေနစဥ္ အေကြ ့တစ္ခုအား ေက်ာ္ျဖတ္ရာ၌ လက္မ်ားေျပာင္းဖို ့မလိုေသာေၾကာင့္ မိိမိ ယာဥ္အား ပိုမိုတည္ျငိမ္စြာ ထိန္းခ်ဳပ္ႏိုင္ပါတယ္ ။ ဒါေၾကာင့္ formula one ကဲ ့သို ့ေသာ ျပိဳင္ကားမ်ား၏ လက္ကိုင္ေဂြ မွာ အ၀ိုင္းမဟုတ္ပဲ ၃ နာရီႏွင့္ ၉ နာရီတြင္သာ ကိုင္တြယ္ ေမာင္းႏွင္လို ့ရေအာင္ ပံုစံမ်ိဳးတတ္ဆင္ထားပါတယ္  ။

လက္ကိုင္ေဂြ ကိုင္ပံုႏွင့္ ပတ္သက္ျပီး အျငင္းပြားမွဳမ်ားစြာလည္းရွိပါတယ္  ။ ေရွးက်ေသာ ယာဥ္ ေမာင္းႏွင္သူမ်ားအဖို ့   “hand over hand” ဟုေခၚေသာ ေကြ ့ရာတြင္ လက္တစ္ဖက္ျပီး  တစ္ဖက္ ကန္ ့လန္ ့အေနအထားမ်ိဳးျဖင့္ ေကြ ့ျခင္းမ်ိဳးေကြ ့ၾကပါတယ္  ။ ယခုေနာက္ပိုင္း ေလအိတ္ စနစ္ေပၚထြက္လာေသာေၾကာင့္ အဲလို အခ်ိန္မ်ိဳးတြင္ ေလအိတ္ပြင့္ထြက္လာပါက မိမိလက္ကိုရိုက္ခ်ိဳးသကဲ ့သို ့ျဖစ္ႏိုင္ျပီး အႏၱရာယ္ ရွိႏို္င္ပါတယ္ ။  ဒါေၾကာင့္ ယခုေနာက္ပိုင္း တြင္ ေကြ ့ရာ၌ လက္တစ္ဖက္ေပၚတစ္ဖက္ ကန္ ့လန္ ့အေနအထားမ်ိဳးျဖင့္ ေကြ ့ျခင္းအစား    “shuffling” ဟုေခၚေသာ လက္သည္ ေလအိတ္ထြက္ေပါက္အတြက္ ဖြင့္ေပးထားျပီး မသိမသာ လက္ကိုင္ေဂြအား ေလ်ာျပီးလွည့္ျခင္းမ်ိဳးျဖင့္ ေမာင္းႏွင္ရန္ တိုက္တြန္းလာၾကပါတယ္ ။ ထို သို ့ေကြ ့ျခင္းမ်ိဳးအား အသားက်ေအာင္ ျဖည္းျဖည္းျခင္းေျပာင္းယူဖို ့ေတာ့လိုအပ္ပါတယ္ ။ “ shuffling ”ႏွင့္  “ Hand over hand” တို ့တြင္ “shuffling” သည္ ယေန ့ေခတ္ေပၚကားမ်ား ေမာင္းႏွင္ရာ၌ ထိခိုက္ဒဏ္ရာရရွိမွဳပိုမိုနည္းေစႏိုင္ေသာေမာင္းႏွင္မွဳ လက္အေန အထားျဖစ္ပါ တယ္ ။

Unicode version…

ကားစတီယာရင် ကိုင်သည့်လက်အနေအထား

ကျွန်တော် သင်တန်းပို ့ချတဲ ့အချိန်မျိုးမှာ ကျောင်းသားတွေကို ကားစတီယာရင် ( လက်ကိုင်ဂွေ )ကို ဘယ်လို ဘယ်ပုံ ကိုင်လဲလို ့မေးတဲ ့အခါတိုင်း ကျွန်တော့်ကို ထူးဆန်းတဲ ့အကြည့်တွေ နဲ့ကြည့်ခြင်းခံရပါတယ် ။ လူတော်တော်များများကတော့ “ ကားလက်ကိုင်ဂွေ ပဲ မထူးခြားပါဘူး ဘယ်နေရာကိုင်ကိုင် သက်တောင့်သက်သာနဲ ့ထိန်းချုပ်လို ့ရရင်ပြီးတာပဲလို့ ထင်ကြပါတယ် ”။ နိုင်ငံတော်တော်များများကို ရောက်ခဲ ့ပြီး လူတော်တော်များများ ရဲ ့မတူညီတဲ ့လက်ကိုင်ဂွေ ကိုင်ပုံကိုင်နညး်တွေကို တွေ ့ရှိခဲ့ရပါတယ်။ လက်ကို ဆန့်တန်းပြီး လက်ကိုင်ဂွေကို ကိုင်သူများ ( စင်ကာပူ ) ၊ လက်တစ်ဖက်ကို နာရီလက်တံ ၁၂ နေရာတွင် တင်ပြီး မောင်း နှင်သူများ ( အမေရိက ) နှင့် လက်တစ်ဖက်ကို အရေးအကြောင်းကြုံပါက ဟွန်းတီးရန် အဆင်သင့်အနေအထားဖြင့် ဟွန်းပေါ်တွင် တင်ထားသူများ ( မြန်မာ ) ။ ကားစတီရင် ( လက်ကိုင်ဂွေ ) သည် ကားတစ်စီး၏ ဦးတည်ရာတစ်ခုလုံးကို ထိန်းချုပ်သည့် တစ်ခုတည်း သောအရာဖြစ်သည့်အတွက် လက်ကိုင်ဂွေအား နည်းစနစ်တကျ မှန်မှန်ကန်ကန် ကိုင်တွယ်ဖို ့လွန်စွာအရေးကြီးပါတယ် ။

လက်ကိုင်ဂွေအား နည်းလမ်းမှန်စွာ စနစ်တကျကိုင်တွယ်ဖို့မပြောခင် ထိုင်ခုံထိုင်သည့် အနေအထား မှန်ကန်ဖို ့ဦးစွာ ပြောလိုပါတယ်။ ဦးစွာလက်ကိုင်ဂွေနှင့် မိမိခန္ဓာကိုယ် အကွာအဝေးအတွက် ထိုင်ခုံပေါ်ထိုင်ပြီး မိမိလက်ကို ရှေ ့သို့ဆန် ့တန်းကာလက်ကိုင်ဂွေပေါ် ( ၁၂နာရီ)ကိုတင်သည့်အခါမိမိလက်ကောက်ဝတ်နှင့်လက်ကိုင်ဂွေတို့ထိနေသည့်အနေအထား ဖြစ်ရပါမည် ။ ၎င်းအကွာအဝေးသည် လေအိတ်ပွင့်ထွက်လာခဲ့သော်လည်း အန္တရာယ် မရှိသည့်အနေအထားဖြစ်ပြီး လက်ကိုင်ဂွေကို ဆုတ်ကိုင်သည့် အခါတွင်လည်း လက်သည် ဆန် ့တန်းမနေပဲ ရုတ်တရက် ပေါ်ပေါက်လာသည့် အန္တရာယ်ကို ရှောင်ရှားရန် လက်မောင်းအား အသုံးပြုပြီး ထိန်းချုပ်နိုင်သည့်အနေအထားဖြစ်ပါတယ်။ တစ်ချို ့ကလက်ကိုင်ဂွေ နှင့်တော်တော်ဝေးဝေးတွင်ထိုင်ပြီးလက်ကိုဆန့်တန်း မောင်းလေ့ရှိပြီး ပုံမှန်သွားလာ နေသည့်အခါမျိုးတွင် အဆိုပါ ထိုင်ခုံထိုင်သည့်အနေအထားသည် အန္တရာယ်မရှိသော်လည်း အရှိန်ဖြင့်မောင်းနှင်သည့်အခါမျိုးတွင်ထိုင်သည့်အနေအထားဝေးလွန်းပါက ကားအားထိန်း ချုပ်ရ ခက်ခဲပြီး ယာဉ်တိုက်မှုများ ဖြစ်ပေါ်နိုင်ပါတယ် ။

ထိုင်ခုံအနေအထားမှန်ကန်ပြီဆိုတော့ လက်ကိုင်ဂွေ ကိုင်သည့်အနေအထား သို ့ဆက်သွားကြ ပါစို့။ လက်ကိုင်ဂွေကိုကိုင်တွယ်ရာမှာလည်း တင်းတင်းကြပ်ကြပ် ဆုတ်ကိုင်ထား ခြင်းမျိုးမဟုတ်ပဲ အလိုက်သင့် အသာအယာ ကိုင်တွယ်ထိန်းချုပ်မောင်းနှင်ရပါမည် ( ဂေါက်ရိုက်တံ နှင့် တင်းနစ်ရိုက်တံ ကိုင်သကဲ ့သို ့) ။ ခုလို ကိုင်တွယ်မောင်းနှင်ခြင်းအားဖြင့် ကားမောင်းရာတွင် ပိုမိုချောမွေ့မှုုရှိပြီး အန္တရာယ်ကျရောက်နိုင်သည့် အခြေအနေတွင်လည်း ရှောင်ရှားရန် ပိုမိုလွယ်ကူပါတယ် ။ လက်ကိုင်ဂွေ ကိုင်သည့်အနေအထား အမှန်ကတော့ ဘယ်ဘက်လက်သည် လက်ကိုင်ဂွေ၏ ဘယ်ဘက် ( ၃ နာရီ ) နှင့် ညာဘက်လက်သည် ညာဘက် ( ၉ နာရီ ) အနေအထားတွင်ဖြစ်ရပါမည် ။ များသောအားဖြင့် ကားတော်တော်များများတွင်အဆိုပါအနေအထားတွင်ကိုင်တွယ်ကြရပြီး လမ်းကြမ်းမောင်း နှင်ရသောကားနှင့် တစ်ချို ့ကားများတွင် တော့ ၂ နာရီနှင့် ၁၀ နာရီတွင် ကိုင်ပြီး မောင်း နှင်ရပါတယ် ။

လက်ကိုင်ဂွေ မှန်ကန်စွာ ကိုင်ခြင်းဖြင့် အန္တရာယ် မှကာကွယ်ပေးခြင်း ။

ပုံပါအတိုင်း နည်းလမ်းမှန်စွာ ကိုင်ခြင်း ( ၃ နာရီနှင့် ၉ နာရီ ၊ တံတောင်သည်ဆန် ့မနေပဲ အနည်းငယ်ကွေးနေခြင်း ) ဖြင့် ယာဉ်တိုက်ခိုက်မှုတွင် လက်သည် ဆန် ့တန်းမနေပဲ အလိုက်သင့် ကွေးပေးသောကြောင့် လက်ကျိုးခြင်းမျိုးမှ ကာကွယ်ပေးပါသည်။ ပုံပါအတိုင်း ၃နာရီနှင့် ၉နာရီတွင် ကိုင်ထားသောကြောင့် မတော်တဆ ထိခိုက်မှု ကြောင့် လေအိတ်ထွက်လာပါက လေအိတ်အတွက်လမ်းဖွင့်ပေးထားပြီး ဖြစ်ပြီး လက်သည် လေအိတ်နှင့်မိမိခန္ဓာကိုယ် ကြားတွင်ရှိမနေ လေအိတ်ကြောင့် လက်ကျိုးခြင်း စသဖြင့် မလိုလားအပ်သော အန္တရာယ်များမှ ကာကွယ်ပေးပါသည် ။

မိမိကား၏ ဘီးများ တုန် ့ပြန်မှုကို ခံစားသိရှိရခြင်း . မိမိလက်များအား လက်ကိုင်ဂွေ ဘေးနှစ်ဘက်တွင်ကိုင်ထားခြင်းအားဖြင့် မိမိကားရှေ ့ဘီးနှစ်ဘီးမှ တုန် ့ပြန်မှုများကို ခံစားသိရှိနိုင်ပါတယ် ။ လက်ကိုင်ဂွေအား ညင်သာစွာ ဆုတ်ကိုင်ထားခြင်းအားဖြင့် ယာဉ်မောင်းနေစဉ်အတွင်း မိမိကားအလိုင်းမန် ့မညီခြင်း ၊ လေပေါင်နည်းခြင်း ၊ တိုင်းရော့ဘုရှ်များပါးခြင်းစသည့်အခြေအနေများကိုမိမိလက်မှ ခံစားမိပါမည်။ လက်ကိုင်ဂွေ၏ ဘယ်ဘက်နှင့် ညာဘက်တွင် ကိုင်ထားခြင်းဖြစ်သောကြောင့် အဆိုပါအခြေအနေကြောင့်ဖြစ်ပေါ်လာသော ပုံမှန်မဟုတ်သည့်တုန်ခါမှုမျိုးကို ဘယ် သို ့မဟုတ် ညာဘက် စသည်ဖြင့်တိုက်ရိုက်သိရှိနိုင်ပါသည်။

အကွေ ့များတွင် ညင်သာချောမွေ ့စွာ ကွေ ့နိုင်ခြင်း . အဆိုပါ ၃ နာရီနှင့် ၉ နာရီတွင် ကိုင်ထားလျှင် လက်ကိုင်ဂွေလှည့် ရာတွင် လက်များမလိုအပ် ပဲ ပြောင်းရွှေ့စရာမလိုပဲ ညင်သာစွာ မောင်းနှင်နိုင်ပါတယ် ။ ဆိုလိုချင်တာကတော့ အရှိန်ဖြင့် မောင်းနှင်နေစဉ် အကွေ ့တစ်ခုအား ကျော်ဖြတ်ရာ၌ လက်များပြောင်းဖို ့မလိုသောကြောင့် မိိမိ ယာဉ်အား ပိုမိုတည်ငြိမ်စွာ ထိန်းချုပ်နိုင်ပါတယ် ။ ဒါကြောင့် formula one ကဲ ့သို ့သော ပြိုင်ကားများ၏ လက်ကိုင်ဂွေ မှာ အဝိုင်းမဟုတ်ပဲ ၃ နာရီနှင့် ၉ နာရီတွင်သာ ကိုင်တွယ် မောင်းနှင်လို ့ရအောင် ပုံစံမျိုးတတ်ဆင်ထားပါတယ် ။

လက်ကိုင်ဂွေ ကိုင်ပုံနှင့် ပတ်သက်ပြီး အငြင်းပွားမှုများစွာလည်းရှိပါတယ် ။ ရှေးကျသော ယာဉ် မောင်းနှင်သူများအဖို ့ “hand over hand” ဟုခေါ်သော ကွေ ့ရာတွင် လက်တစ်ဖက်ပြီး တစ်ဖက် ကန် ့လန် ့အနေအထားမျိုးဖြင့် ကွေ ့ခြင်းမျိုးကွေ ့ကြပါတယ် ။ ယခုနောက်ပိုင်း လေအိတ် စနစ်ပေါ်ထွက်လာသောကြောင့် အဲလို အချိန်မျိုးတွင် လေအိတ်ပွင့်ထွက်လာပါက မိမိလက်ကိုရိုက်ချိုးသကဲ ့သို ့ဖြစ်နိုင်ပြီး အန္တရာယ် ရှိနို်င်ပါတယ် ။ ဒါကြောင့် ယခုနောက်ပိုင်း တွင် ကွေ ့ရာ၌ လက်တစ်ဖက်ပေါ်တစ်ဖက် ကန် ့လန် ့အနေအထားမျိုးဖြင့် ကွေ ့ခြင်းအစား “shuffling” ဟုခေါ်သော လက်သည် လေအိတ်ထွက်ပေါက်အတွက် ဖွင့်ပေးထားပြီး မသိမသာ လက်ကိုင်ဂွေအား လျောပြီးလှည့်ခြင်းမျိုးဖြင့် မောင်းနှင်ရန် တိုက်တွန်းလာကြပါတယ် ။ ထို သို ့ကွေ ့ခြင်းမျိုးအား အသားကျအောင် ဖြည်းဖြည်းခြင်းပြောင်းယူဖို ့တော့လိုအပ်ပါတယ် ။ “ shuffling ”နှင့် “ Hand over hand” တို ့တွင် “shuffling” သည် ယနေ ့ခေတ်ပေါ်ကားများ မောင်းနှင်ရာ၌ ထိခိုက်ဒဏ်ရာရရှိမှုပိုမိုနည်းစေနိုင်သောမောင်းနှင်မှု လက်အနေ အထားဖြစ်ပါ တယ် ။