Unicode version..

Zawgyi version..

လြန္ခဲ့တဲ့ (၅)ႏွစ္ေက်ာ္ကာလက ျမန္မာႏုိင္ငံရဲ႕ လမ္းေတြေပၚမွာ သြားလာေနၾကတဲ့ ကားအစီးေရက လက္ရွိ ၂၀၁၆ အတြင္းမွာ တစ္၀က္ေက်ာ္ေလာက္ တုိးလာခဲ့ပါတယ္။ Infrastructure ေတြက စနစ္တက်ေကာင္းမြန္ျခင္းမရွိေသးတဲ့ အခ်ိန္မ်ဳိးမွာ ကားတင္သြင္းခြင့္ေတြ ေျဖေလွ်ာ့ေပးလုိက္တာက လူတုိင္းနီးပါး ကားစီးေစခ်င္တဲ့ေစတနာျဖစ္ေပမယ့္ အခုအခ်ိန္မွာေတာ့ ေ၀ဒနာတစ္ရပ္ျဖစ္လာခဲ့ပါၿပီ။ လုပ္သင့္တာက အရင္ဆုံးတုိးတက္ၿပီးသား အိမ္နီးခ်င္းႏုိင္ငံေတြရဲ႕ လမ္းစနစ္၊ မီးပိြဳင့္စနစ္ေတြနဲ႔ ကားတင္သြင္းခြင့္ ပုံစံေတြကုိ ပထမဆုံးေလ့လာသင့္တာပါ။ အခုအခ်ိန္မွာေတာ့ တစ္ႏုိင္ငံလုံးမွာ ရွိတဲ့ ေမာ္ေတာ္ကားအစီးေရ သုံးပုံႏွစ္ပုံေလာက္ စုေ၀းေနတဲ့ ရန္ကုန္ၿမိဳ႕ကေတာ့ ေန႔ခ်င္းညခ်င္း လမ္းေၾကာက်ပ္တည္းတဲ့ ဒဏ္ကုိ ခါးစီးခံေနရပါေတာ့တယ္။ ဒီေနရာမွာ ေျပာစရာရွိလာတာက ယာဥ္အစီးေရက မ်ားလာေတာ့ ယာဥ္မေတာ္တဆမႈေတြ တုိးလာတဲ့ အေၾကာင္းပါ။ သာမန္အားျဖင့္ ေတြးမယ္ဆုိရင္ ယာဥ္မ်ားလုိ႔ ယာဥ္တိုက္မႈမ်ားလာတာက မဆန္းဘူးလုိ႔ ဆုိႏုိင္ေပမယ့္ ျမန္မာႏုိင္ငံရဲ႕ ယာဥ္မေတာ္တဆႏႈန္းက ေဒသတြင္းႏုိင္ငံေတြထက္ ပုိမုိမ်ားျပားလာတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ တာ၀န္ရွိသူေတြဘက္ကလည္း ယာဥ္မေတာ္တမႈေတြ ေလ်ာ့နည္းေအာင္ လုပ္ေဆာင္ဖုိ႔ ၀တၱရားတစ္ရပ္ ျဖစ္လာခဲ့ပါတယ္။

စစ္တမ္းေတြအရ ယာဥ္မေတာ္တဆမႈျဖစ္စဥ္ေတြရဲ႕  ၆၀ ရာခုိင္ႏႈန္းေလာက္က ယာဥ္ေမာင္းေတြရဲ႕ ေပါ့ဆမႈေၾကာင့္ ျဖစ္ၿပီး က်န္ ၄၀ ရာခုိင္ႏႈန္းက လမ္း၊ ယာဥ္ခၽြတ္ယြင္းမႈ၊ ရာသီဥတုနဲ႔ တျခားလမ္းအသုံးျပဳသူေတြေၾကာင့္လုိ႔ သိရပါတယ္။  ဒါဆုိရင္ အေျဖက ရွင္းေနပါၿပီ။ ယာဥ္ေမာင္းေတြရဲ႕ careless ေၾကာင့္ မေတာ္တဆမႈ ပုိအျဖစ္ မ်ားေနတယ္ဆုိတာပါပဲ။ ျမန္မာႏုိင္ငံက ယာဥ္ေမာင္းအမ်ားစု လုပ္ေလ့လုပ္ထရွိတာက ကားေမာင္းေနစဥ္ ဖုန္းအသုံးျပဳျခင္း၊ ယာဥ္စည္းကမ္းလမ္းစည္းကမ္းမလုိက္နာျခင္း၊ သည္းခံစိတ္နည္းပါးျခင္း၊ သတ္မွတ္အရွိန္ထက္ ပုိၿပီး ေမာင္းႏွင္ျခင္း၊ အရက္ေသစာေသာက္စားျခင္း၊ ခရီးေ၀းမ်ားကုိ တစ္ဦးတည္းေမာင္းႏွင္ျခင္း စတဲ့ အခ်က္ေတြပဲ ျဖစ္ပါတယ္။ အဲဒီအျပင္ လမ္းစနစ္နဲ႔ မကုိက္ညီတဲ့ Used ကားအမ်ားစု ရွိေနတာကလည္း တစ္ဘက္ယာဥ္ေၾကာက ယာဥ္ကုိ သတိထားဖုိ႔ အရမ္းကုိ အာ႐ုံစုိက္ရတာပဲ ျဖစ္ပါတယ္။ Safety အေနနဲ႔ ၾကည့္မယ္ဆုိရင္လည္း ယာဥ္ေမာင္းတုိင္း ကားေမာင္းေနစဥ္ အသက္ကယ္ထုိင္ခုံခါးပတ္ပတ္ဖုိ႔ ေမ့ေလ်ာ့ၾကျခင္းပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း လက္ရွိအခ်ိန္မွာ တာ၀န္ရွိသူေတြက ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းလုိက္နာျခင္းမရွိတဲ့ ယာဥ္ေမာင္းသူေတြကို ျပင္းျပင္းထန္ထန္ အေရးယူဖုိ႔ မီးပိြဳင့္ေတြမွာ CCTV ကင္မရာေတြ တပ္ဆင္ျခင္း၊ ေနရာအႏွံ႔ စစ္ေဆးေရးအဖဲြ႕ေတြ ထားရွိျခင္းတုိ႔အျပင္ ထိေရာက္မႈရွိလွတဲ့ ယာဥ္ထိန္းတပ္ဖဲြ႕ရဲ႕ (OCC) Online Complain Centre ကုိလည္း ဖြင့္လွစ္တုိင္ၾကားႏုိင္တဲ့ အစီအစဥ္ေတြကုိ ခ်မွတ္ေဆာင္ရြက္ေနၿပီး ျဖစ္ပါတယ္။  အဲဒါေတြအျပင္ ယာဥ္ေမာင္းေတြအေနနဲ႔ စည္းကမ္းပုိမုိလုိက္နာႏုိင္ဖုိ႔အတြက္ ထိေရာက္မႈရွိတဲ့ Educate အစီအစဥ္ေတြလည္း ပုိလုပ္ဖုိ႔ လုိအပ္ပါတယ္။ ဥပမာ – ခါးပတ္ပတ္ျခင္းေၾကာင့္ ယာဥ္မေတာ္တဆမႈ ျဖစ္လာရင္ နံ႐ုိး၊ ညႇပ္႐ုိး၊ ေက်ာ႐ိုးမႀကီး၊ ကုိယ္တြင္းအဂၤါမ်ားကုိ ကာကြယ္ႏုိင္တယ္ဆုိတဲ့အသိ၊ Seat Belt မပတ္ထားရင္ Air Bag ေတြ အလုပ္မလုပ္ႏုိင္ဘူးဆုိတဲ့အသိ၊ သတ္မွတ္မုိင္ႏႈန္းထက္ ပုိမေမာင္းရဆုိတဲ့အသိေတြကုိ ယာဥ္ေမာင္းသူေတြ စိတ္ထဲမွာ စဲြၿမဲေအာင္ ႐ုိက္ထည့္ထားဖုိ႔လည္း လုိအပ္ပါတယ္။ ဒါက ယာဥ္ေမာင္းသူေတြ အပုိင္းပါ။

ဒုတိယအပုိင္းက လမ္းစနစ္ေတြ ျဖစ္ပါတယ္။ ရန္ကုန္ၿမိဳ႕ထဲက အခ်ဳိ႕ေနရာေတြမွာ ကြန္ကရစ္လမ္းလယ္တုံးေတြအျဖစ္ သုံးခဲ့တာက ႏုိင္ငံေတာ္ဘ႑ာကုိ ျဖဳန္းတီးရာက်တဲ့အျပင္ ယာဥ္မေတာ္တဆမႈေတြလည္း အဲဒီတုံးေတြေၾကာင့္ အျဖစ္မ်ားခဲ့ရပါတယ္။ အရင္အစုိးရလက္ထပ္က ကုိယ္က်ဳိးရွာလူတစ္စုရဲ႕ လုပ္ရပ္ကုိ ခံစားၾကရတာဆုိရင္လည္း မွားမယ္မထင္ပါဘူး။ အရင္ကတည္းက ႏုိင္ငံတကာမွာ က်င့္သုံးၾကတဲ့ ပလက္စတစ္ပုံးေတြထဲကုိ ေရထည့္သုံးတဲ့စနစ္က ေငြကုန္ေၾကးက်သက္သာေစသလုိ အႏၱရာယ္လည္း ကင္းတယ္ဆုိတာ အားလုံးက ခ်ျပၿပီးသားပါ။ ဒါေပမဲ့ လက္ရွိအခ်ိန္မွာေတာ့ ရန္ကုန္ၿမိဳ႕က အခ်ဳိ႕ကြန္ကရစ္တုံးေတြေတာ့ ဖယ္ရွားထားၿပီးသား ျဖစ္ေနပါၿပီ။ ေနာက္တစ္ခ်က္ကေတာ့ လမ္းျပဳျပင္မႈ system အားနည္းျခင္းပါပဲ။ အထူးသျဖင့္ မုိးတြင္းလုိ အခါမ်ဳိးမွာ လမ္းျပဳျပင္ေရးကုိ တာ၀န္ယူထားတဲ့ အဖဲြ႕အစည္းေတြရဲ႕ လုပ္ငန္းၾကန္႔ၾကာမႈက လမ္းပိတ္ဆုိ႔မႈကုိ ပုိမုိျဖစ္ပြားေစတတ္ပါတယ္။ ေနာက္ၿပီးေတာ့ Highway လမ္းေတြ(အထူးသျဖင့္ အျမန္လမ္း)မွာ လမ္းစနစ္ေတြက သြားလာေနက်သူေတြမဟုတ္ရင္ အႏၱရာယ္ရွိႏုိင္ပါတယ္။ ေခ်ာင္းကူးတံတားေတြကုိ ခ်ည္းကပ္တည္ေဆာက္ပုံအားနည္းမႈ၊ လမ္းညႊန္စနစ္ မျပည့္စုံမႈေတြက ယာဥ္မေတာ္တဆမႈေတြကုိ ဖိတ္ေခၚေနသလုိပါပဲ။ ဒါေၾကာင့္ အျမန္လမ္းေပၚမွာ ကီလုိ ၁၀၀ ထက္ ပုိၿပီးမေမာင္းၾကဖုိ႔နဲ႔ မုိင္ ၁၀၀ ကုိ ယာဥ္ေမာင္းတစ္ဦးသာ အသုံးျပဳၿပီး ေမာင္းႏွင္ၾကဖုိ႔ ေၾကညာထားတာလည္း ျဖစ္ပါတယ္။

တတိယပုိင္းကေတာ့ ယာဥ္ခၽြတ္ယြင္းမႈေၾကာင့္ ျဖစ္ပြားရတဲ့ ယာဥ္မေတာ္တဆမႈျဖစ္ရပ္ေတြပါ။ ၿမိဳ႕တြင္းလုိေနရာမ်ဳိးေတြမွာ သိပ္မသိသာေပမယ့္ အျမန္လမ္းလုိေနရာမ်ဳိးမွာေတာ့ ေမာ္ေတာ္ယာဥ္ခ်ဳိ႕ယြင္းမႈေၾကာင့္ မေတာ္တဆျဖစ္ရပ္ေတြက အျဖစ္မ်ားလာပါတယ္။ ဒါက ယာဥ္ေမာင္းရဲ႕ အဓိကတာ၀န္တစ္ရပ္ျဖစ္ပါတယ္။ ယာဥ္မထြက္မီ မိမိကားရဲ႕ အဓိကအစိတ္အပုိင္းေတြျဖစ္တဲ့ တာယာ၊ ဆီ၊ ေရ၊ ေလ၊ ၀ုိင္တုိ႔ကုိ စစ္ေဆးထားဖုိ႔ လုိအပ္ပါတယ္။ အျမန္လမ္းလုိ ေနရာမ်ဳိးမွာ တာယာေၾကာင့္ျဖစ္တဲ့ မေတာ္တဆမႈေတြက အျခားစက္ခ်ဳိ႕ယြင္းမႈထက္ ပိုမ်ားပါတယ္။ ေလ့လာမႈေတြအရ အေ၀းေျပးလမ္းမေတြေပၚမွာ Hilux, Prado, Land Cruiser တုိ႔လုိ 4WD SUV ကုိယ္ထည္ျမင့္ကားေတြက တာယာပြင့္ရင္ ထိန္းဖုိ႔ အခြင့္အလမ္းပုိနည္းၿပီး တိမ္းေမွာက္ဖုိ႔ ၉၀ ရာခုိင္ႏႈန္း ပုိေသခ်ာေစပါတယ္။ ဒါ့ေၾကာင့္လည္း အျမန္လမ္းလုိေနရာမ်ဳိးမွာ SUV လုိကားေတြထက္ Saloon ေတြ၊ Station Wagon လုိကားမ်ဳိးေတြက ပုိၿပီးသင့္ေလ်ာ္ပါတယ္။ ေနာက္ၿပီး လုပ္ငန္းသုံးယာဥ္ေတြျဖစ္တဲ့ Light Truck လုိ ယာဥ္ေတြကုိ လူစီးအျဖစ္ အသုံးျပဳၿပီး အျမန္လမ္းလုိေနရာေတြမွာ ေမာင္းႏွင္ေစျခင္းကလည္း မ်ားစြာ အႏၱရာယ္မ်ားလွပါတယ္။ ဒါ့အျပင္ ကားတစ္စီးရဲ႕ ဘရိတ္စနစ္ကလည္း ကားတစ္စီးအတြက္ အလြန္အေရးႀကီးပါတယ္။ အခုေခတ္မွာလုိ Auto Gear ေတြ အေျမာက္အမ်ားေပၚေပါက္လာတာကလည္း အေရးေပၚရပ္တန္႔လုိရင္ ဘရိတ္တစ္မ်ဳိးတည္းကုိသာ မွီခုိလာရတာေၾကာင့္ ဘရိတ္စနစ္ကလည္း ကားတစ္စီးရဲ႕ အသက္ေသြးေၾကာတစ္ခု ျဖစ္လာခဲ့ပါတယ္။

စတုတၱပုိင္းကေတာ့ ရာသီဥတုအေျခအေနပါ။ ဒီအခ်က္ကလည္း ၿမိဳ႕တြင္းထက္ ၿမိဳ႕ျပင္မွာ ပုိမုိအေရးထားဖုိ႔ လုိအပ္ပါတယ္။ အေကာင္းဆုံးကေတာ့ ရာသီဥတုမေကာင္းရင္ အရွိန္ေလွ်ာ့ေမာင္းဖုိ႔ပါ။ ဒါမွမဟုတ္ ျဖစ္ႏုိင္ရင္ေတာ့ ေရာက္ေလရာေနရာမွာ ေခတၱရပ္နားထားလုိက္ရင္ေတာ့ Safe အျဖစ္ဆုံးလုိ႔ ဆုိခ်င္ပါတယ္။ ဒါ့ေၾကာင့္ ယာဥ္ေမာင္းတစ္ေယာက္က မိမိကားရဲ႕ ေရသုတ္ကိရိယာ၊ မီးႀကီး၊ အခ်က္ျပမီး၊ ေဘးၾကည့္မွန္၊ ဘက္မွန္ေတြေကာင္းဖုိ႔ကုိလည္း ေသခ်ာဂ႐ုစိုက္ဖုိ႔ လုိအပ္ပါတယ္။

ေနာက္ဆုံးအေနနဲ႔ ေျပာခ်င္တာကေတာ့ လမ္းအသုံးျပဳသူမ်ားရဲ႕ အခန္းက႑ပဲ ျဖစ္ပါတယ္။ ၿမိဳ႕တြင္းလုိ ေနရာမ်ဳိးမွာ ယာဥ္မေတာ္တဆမႈ မျဖစ္ရေလေအာင္ ယာဥ္ေမာင္းတစ္ေယာက္အေပၚမွာပဲ မူတည္ေနတာ မဟုတ္ပါဘူး။ အျခားလမ္းအသုံးျပဳသူေတြျဖစ္တဲ့ အေႏွးယာဥ္စီးသူ၊ ေျခလ်င္ေလွ်ာက္သူ၊ လမ္းေဘးေစ်းသည္ေတြအေပၚမွာလည္း တာ၀န္ရွိပါတယ္။ လမ္းကူးသူေတြက လူကူးမ်ဥ္းက်ား၊ လူကူးခုံးေက်ာ္တံတားေတြကေန စနစ္တက်ကူးဖုိ႔ လုိသလုိ အေႏွးယာဥ္ေတြကလည္း လမ္းေၾကာေျပာင္းျပန္ စီးနင္းျခင္းမ်ဳိး၊ မ်က္ကြယ္ကေန ေက်ာ္တက္ျခင္းမ်ဳိး မလုပ္ရပါဘူး။ ဒါ့အျပင္ စည္းကမ္းလုိက္နာမႈအားနည္းတဲ့ လမ္းေဘးေစ်းသည္ေတြကလည္း လမ္းေပၚတက္ ေစ်းေရာင္းတာေတြ၊ လမ္းနဲ႔ မလြတ္ကင္းရာမွာ ဆုိင္ေတြ ခင္းက်င္းထားတာေတြက ယာဥ္ေတြကုိ အခက္ေတြ႕ေစသလုိ အဲဒီအရာေတြကုိ ေရွာင္ရင္း ယာဥ္တုိက္မႈေတြျဖစ္ေပၚတတ္ပါတယ္။ ဒါကို ႏုိင္ငံႀကီးသားပီသစြာ မိမိတုိ႔ကုိယ္တုိင္ ကုိယ္စီ စည္းကမ္းေတြ လုိက္နာမွသာ ယာဥ္မေတာ္တဆမႈႏႈန္းေတြ က်ဆင္းႏိုင္ပါတယ္။ ထပ္ေလာင္းေဆြးေႏြးလုိတာက ျပည္သူလူထုေတြကုိ တာ၀န္ရွိသူေတြက ေသခ်ာစြာ စည္းကမ္းလုိက္နာႏုိင္ေအာင္ လုပ္ဖုိ႔ပါပဲ။ အထက္ေအာက္ခ်မွတ္ထားတဲ့ စည္းမ်ဥ္းဥပေဒေတြအတုိင္း လုိက္ပါေဆာင္ရြက္ဖုိ႔လုိၿပီး အဂတိလုိက္စားတာေတြလည္း ပေပ်ာက္ဖုိ႔ လုိပါတယ္။ စနစ္ဆုိးေတြေအာက္မွာ အသားက်လာတယ္ဆုိေပမယ့္လည္း တျဖည္းျဖည္း ျပင္ယူသြားမယ္ဆုိရင္ ရႏုိင္ပါေသးတယ္။ ေနာက္ၿပီးေတာ့ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းလုိက္နာေအာင္ လႈံေဆာ္ေပးတဲ့ MORS (ျမန္မာႏုိင္ငံ ယာဥ္၊ လမ္း အႏၱရာယ္ကင္းရွင္းေရးအဖဲြ႕)လုိမ်ဳိး Non-government အဖဲြ႕အစည္းမ်ဳိးေတြရဲ႕ educate လုပ္တဲ့ လႈပ္ရွားမႈေတြမွာ ျပည္သူေတြလည္း ပါ၀င္မယ္ဆုိရင္ ျမန္မာႏုိင္ငံရဲ႕ လမ္းမေပၚက အႏၱရာယ္ေတြက တျဖည္းျဖည္းေလ်ာ့က်သြားပါလိမ့္လုိ႔ ယုံၾကည္မိပါေၾကာင္း ေရးသားတင္ျပအပ္ပါတယ္။

ကုိစုိင္း(လမ္းမေတာ္)        

Unicode Version…

ယာဉ်မတော်တဆမှုများ လျော့ကျစေဖို့အတွက် ဆောင်ရန်၊ရှောင်ရန်

လွန်ခဲ့တဲ့ (၅)နှစ်ကျော်ကာလက မြန်မာနိုင်ငံရဲ့ လမ်းတွေပေါ်မှာ သွားလာနေကြတဲ့ ကားအစီးရေက လက်ရှိ ၂၀၁၆ အတွင်းမှာ တစ်ဝက်ကျော်လောက် တိုးလာခဲ့ပါတယ်။ Infrastructure တွေက စနစ်တကျကောင်းမွန်ခြင်းမရှိသေးတဲ့ အချိန်မျိုးမှာ ကားတင်သွင်းခွင့်တွေ ဖြေလျှော့ပေးလိုက်တာက လူတိုင်းနီးပါး ကားစီးစေချင်တဲ့စေတနာဖြစ်ပေမယ့် အခုအချိန်မှာတော့ ဝေဒနာတစ်ရပ်ဖြစ်လာခဲ့ပါပြီ။ လုပ်သင့်တာက အရင်ဆုံးတိုးတက်ပြီးသား အိမ်နီးချင်းနိုင်ငံတွေရဲ့ လမ်းစနစ်၊ မီးပွိုင့်စနစ်တွေနဲ့ ကားတင်သွင်းခွင့် ပုံစံတွေကို ပထမဆုံးလေ့လာသင့်တာပါ။ အခုအချိန်မှာတော့ တစ်နိုင်ငံလုံးမှာ ရှိတဲ့ မော်တော်ကားအစီးရေ သုံးပုံနှစ်ပုံလောက် စုဝေးနေတဲ့ ရန်ကုန်မြို့ကတော့ နေ့ချင်းညချင်း လမ်းကြောကျပ်တည်းတဲ့ ဒဏ်ကို ခါးစီးခံနေရပါတော့တယ်။ ဒီနေရာမှာ ပြောစရာရှိလာတာက ယာဉ်အစီးရေက များလာတော့ ယာဉ်မတော်တဆမှုတွေ တိုးလာတဲ့ အကြောင်းပါ။ သာမန်အားဖြင့် တွေးမယ်ဆိုရင် ယာဉ်များလို့ ယာဉ်တိုက်မှုများလာတာက မဆန်းဘူးလို့ ဆိုနိုင်ပေမယ့် မြန်မာနိုင်ငံရဲ့ ယာဉ်မတော်တဆနှုန်းက ဒေသတွင်းနိုင်ငံတွေထက် ပိုမိုများပြားလာတာ ဖြစ်ပါတယ်။ ဒါကြောင့် တာဝန်ရှိသူတွေဘက်ကလည်း ယာဉ်မတော်တမှုတွေ လျော့နည်းအောင် လုပ်ဆောင်ဖို့ ၀တ္တရားတစ်ရပ် ဖြစ်လာခဲ့ပါတယ်။

စစ်တမ်းတွေအရ ယာဉ်မတော်တဆမှုဖြစ်စဉ်တွေရဲ့ ၆၀ ရာခိုင်နှုန်းလောက်က ယာဉ်မောင်းတွေရဲ့ ပေါ့ဆမှုကြောင့် ဖြစ်ပြီး ကျန် ၄၀ ရာခိုင်နှုန်းက လမ်း၊ ယာဉ်ချွတ်ယွင်းမှု၊ ရာသီဥတုနဲ့ တခြားလမ်းအသုံးပြုသူတွေကြောင့်လို့ သိရပါတယ်။ ဒါဆိုရင် အဖြေက ရှင်းနေပါပြီ။ ယာဉ်မောင်းတွေရဲ့ careless ကြောင့် မတော်တဆမှု ပိုအဖြစ် များနေတယ်ဆိုတာပါပဲ။ မြန်မာနိုင်ငံက ယာဉ်မောင်းအများစု လုပ်လေ့လုပ်ထရှိတာက ကားမောင်းနေစဉ် ဖုန်းအသုံးပြုခြင်း၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းမလိုက်နာခြင်း၊ သည်းခံစိတ်နည်းပါးခြင်း၊ သတ်မှတ်အရှိန်ထက် ပိုပြီး မောင်းနှင်ခြင်း၊ အရက်သေစာသောက်စားခြင်း၊ ခရီးဝေးများကို တစ်ဦးတည်းမောင်းနှင်ခြင်း စတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ အဲဒီအပြင် လမ်းစနစ်နဲ့ မကိုက်ညီတဲ့ Used ကားအများစု ရှိနေတာကလည်း တစ်ဘက်ယာဉ်ကြောက ယာဉ်ကို သတိထားဖို့ အရမ်းကို အာရုံစိုက်ရတာပဲ ဖြစ်ပါတယ်။ Safety အနေနဲ့ ကြည့်မယ်ဆိုရင်လည်း ယာဉ်မောင်းတိုင်း ကားမောင်းနေစဉ် အသက်ကယ်ထိုင်ခုံခါးပတ်ပတ်ဖို့ မေ့လျော့ကြခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း လက်ရှိအချိန်မှာ တာဝန်ရှိသူတွေက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာခြင်းမရှိတဲ့ ယာဉ်မောင်းသူတွေကို ပြင်းပြင်းထန်ထန် အရေးယူဖို့ မီးပွိုင့်တွေမှာ CCTV ကင်မရာတွေ တပ်ဆင်ခြင်း၊ နေရာအနှံ့ စစ်ဆေးရေးအဖွဲ့တွေ ထားရှိခြင်းတို့အပြင် ထိရောက်မှုရှိလှတဲ့ ယာဉ်ထိန်းတပ်ဖွဲ့ရဲ့ (OCC) Online Complain Centre ကိုလည်း ဖွင့်လှစ်တိုင်ကြားနိုင်တဲ့ အစီအစဉ်တွေကို ချမှတ်ဆောင်ရွက်နေပြီး ဖြစ်ပါတယ်။ အဲဒါတွေအပြင် ယာဉ်မောင်းတွေအနေနဲ့ စည်းကမ်းပိုမိုလိုက်နာနိုင်ဖို့အတွက် ထိရောက်မှုရှိတဲ့ Educate အစီအစဉ်တွေလည်း ပိုလုပ်ဖို့ လိုအပ်ပါတယ်။ ဥပမာ – ခါးပတ်ပတ်ခြင်းကြောင့် ယာဉ်မတော်တဆမှု ဖြစ်လာရင် နံရိုး၊ ညှပ်ရိုး၊ ကျောရိုးမကြီး၊ ကိုယ်တွင်းအင်္ဂါများကို ကာကွယ်နိုင်တယ်ဆိုတဲ့အသိ၊ Seat Belt မပတ်ထားရင် Air Bag တွေ အလုပ်မလုပ်နိုင်ဘူးဆိုတဲ့အသိ၊ သတ်မှတ်မိုင်နှုန်းထက် ပိုမမောင်းရဆိုတဲ့အသိတွေကို ယာဉ်မောင်းသူတွေ စိတ်ထဲမှာ စွဲမြဲအောင် ရိုက်ထည့်ထားဖို့လည်း လိုအပ်ပါတယ်။ ဒါက ယာဉ်မောင်းသူတွေ အပိုင်းပါ။

ဒုတိယအပိုင်းက လမ်းစနစ်တွေ ဖြစ်ပါတယ်။ ရန်ကုန်မြို့ထဲက အချို့နေရာတွေမှာ ကွန်ကရစ်လမ်းလယ်တုံးတွေအဖြစ် သုံးခဲ့တာက နိုင်ငံတော်ဘဏ္ဍာကို ဖြုန်းတီးရာကျတဲ့အပြင် ယာဉ်မတော်တဆမှုတွေလည်း အဲဒီတုံးတွေကြောင့် အဖြစ်များခဲ့ရပါတယ်။ အရင်အစိုးရလက်ထပ်က ကိုယ်ကျိုးရှာလူတစ်စုရဲ့ လုပ်ရပ်ကို ခံစားကြရတာဆိုရင်လည်း မှားမယ်မထင်ပါဘူး။ အရင်ကတည်းက နိုင်ငံတကာမှာ ကျင့်သုံးကြတဲ့ ပလက်စတစ်ပုံးတွေထဲကို ရေထည့်သုံးတဲ့စနစ်က ငွေကုန်ကြေးကျသက်သာစေသလို အန္တရာယ်လည်း ကင်းတယ်ဆိုတာ အားလုံးက ချပြပြီးသားပါ။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ရန်ကုန်မြို့က အချို့ကွန်ကရစ်တုံးတွေတော့ ဖယ်ရှားထားပြီးသား ဖြစ်နေပါပြီ။ နောက်တစ်ချက်ကတော့ လမ်းပြုပြင်မှု system အားနည်းခြင်းပါပဲ။ အထူးသဖြင့် မိုးတွင်းလို အခါမျိုးမှာ လမ်းပြုပြင်ရေးကို တာဝန်ယူထားတဲ့ အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းကြန့်ကြာမှုက လမ်းပိတ်ဆို့မှုကို ပိုမိုဖြစ်ပွားစေတတ်ပါတယ်။ နောက်ပြီးတော့ Highway လမ်းတွေ(အထူးသဖြင့် အမြန်လမ်း)မှာ လမ်းစနစ်တွေက သွားလာနေကျသူတွေမဟုတ်ရင် အန္တရာယ်ရှိနိုင်ပါတယ်။ ချောင်းကူးတံတားတွေကို ချည်းကပ်တည်ဆောက်ပုံအားနည်းမှု၊ လမ်းညွှန်စနစ် မပြည့်စုံမှုတွေက ယာဉ်မတော်တဆမှုတွေကို ဖိတ်ခေါ်နေသလိုပါပဲ။ ဒါကြောင့် အမြန်လမ်းပေါ်မှာ ကီလို ၁၀၀ ထက် ပိုပြီးမမောင်းကြဖို့နဲ့ မိုင် ၁၀၀ ကို ယာဉ်မောင်းတစ်ဦးသာ အသုံးပြုပြီး မောင်းနှင်ကြဖို့ ကြေညာထားတာလည်း ဖြစ်ပါတယ်။

တတိယပိုင်းကတော့ ယာဉ်ချွတ်ယွင်းမှုကြောင့် ဖြစ်ပွားရတဲ့ ယာဉ်မတော်တဆမှုဖြစ်ရပ်တွေပါ။ မြို့တွင်းလိုနေရာမျိုးတွေမှာ သိပ်မသိသာပေမယ့် အမြန်လမ်းလိုနေရာမျိုးမှာတော့ မော်တော်ယာဉ်ချို့ယွင်းမှုကြောင့် မတော်တဆဖြစ်ရပ်တွေက အဖြစ်များလာပါတယ်။ ဒါက ယာဉ်မောင်းရဲ့ အဓိကတာဝန်တစ်ရပ်ဖြစ်ပါတယ်။ ယာဉ်မထွက်မီ မိမိကားရဲ့ အဓိကအစိတ်အပိုင်းတွေဖြစ်တဲ့ တာယာ၊ ဆီ၊ ရေ၊ လေ၊ ၀ုိင်တို့ကို စစ်ဆေးထားဖို့ လိုအပ်ပါတယ်။ အမြန်လမ်းလို နေရာမျိုးမှာ တာယာကြောင့်ဖြစ်တဲ့ မတော်တဆမှုတွေက အခြားစက်ချို့ယွင်းမှုထက် ပိုများပါတယ်။ လေ့လာမှုတွေအရ အဝေးပြေးလမ်းမတွေပေါ်မှာ Hilux, Prado, Land Cruiser တို့လို 4WD SUV ကိုယ်ထည်မြင့်ကားတွေက တာယာပွင့်ရင် ထိန်းဖို့ အခွင့်အလမ်းပိုနည်းပြီး တိမ်းမှောက်ဖို့ ၉၀ ရာခိုင်နှုန်း ပိုသေချာစေပါတယ်။ ဒါ့ကြောင့်လည်း အမြန်လမ်းလိုနေရာမျိုးမှာ SUV လိုကားတွေထက် Saloon တွေ၊ Station Wagon လိုကားမျိုးတွေက ပိုပြီးသင့်လျော်ပါတယ်။ နောက်ပြီး လုပ်ငန်းသုံးယာဉ်တွေဖြစ်တဲ့ Light Truck လို ယာဉ်တွေကို လူစီးအဖြစ် အသုံးပြုပြီး အမြန်လမ်းလိုနေရာတွေမှာ မောင်းနှင်စေခြင်းကလည်း များစွာ အန္တရာယ်များလှပါတယ်။ ဒါ့အပြင် ကားတစ်စီးရဲ့ ဘရိတ်စနစ်ကလည်း ကားတစ်စီးအတွက် အလွန်အရေးကြီးပါတယ်။ အခုခေတ်မှာလို Auto Gear တွေ အမြောက်အများပေါ်ပေါက်လာတာကလည်း အရေးပေါ်ရပ်တန့်လိုရင် ဘရိတ်တစ်မျိုးတည်းကိုသာ မှီခိုလာရတာကြောင့် ဘရိတ်စနစ်ကလည်း ကားတစ်စီးရဲ့ အသက်သွေးကြောတစ်ခု ဖြစ်လာခဲ့ပါတယ်။

စတုတ္တပိုင်းကတော့ ရာသီဥတုအခြေအနေပါ။ ဒီအချက်ကလည်း မြို့တွင်းထက် မြို့ပြင်မှာ ပိုမိုအရေးထားဖို့ လိုအပ်ပါတယ်။ အကောင်းဆုံးကတော့ ရာသီဥတုမကောင်းရင် အရှိန်လျှော့မောင်းဖို့ပါ။ ဒါမှမဟုတ် ဖြစ်နိုင်ရင်တော့ ရောက်လေရာနေရာမှာ ခေတ္တရပ်နားထားလိုက်ရင်တော့ Safe အဖြစ်ဆုံးလို့ ဆိုချင်ပါတယ်။ ဒါ့ကြောင့် ယာဉ်မောင်းတစ်ယောက်က မိမိကားရဲ့ ရေသုတ်ကိရိယာ၊ မီးကြီး၊ အချက်ပြမီး၊ ဘေးကြည့်မှန်၊ ဘက်မှန်တွေကောင်းဖို့ကိုလည်း သေချာဂရုစိုက်ဖို့ လိုအပ်ပါတယ်။

နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ လမ်းအသုံးပြုသူများရဲ့ အခန်းကဏ္ဍပဲ ဖြစ်ပါတယ်။ မြို့တွင်းလို နေရာမျိုးမှာ ယာဉ်မတော်တဆမှု မဖြစ်ရလေအောင် ယာဉ်မောင်းတစ်ယောက်အပေါ်မှာပဲ မူတည်နေတာ မဟုတ်ပါဘူး။ အခြားလမ်းအသုံးပြုသူတွေဖြစ်တဲ့ အနှေးယာဉ်စီးသူ၊ ခြေလျင်လျှောက်သူ၊ လမ်းဘေးစျေးသည်တွေအပေါ်မှာလည်း တာဝန်ရှိပါတယ်။ လမ်းကူးသူတွေက လူကူးမျဉ်းကျား၊ လူကူးခုံးကျော်တံတားတွေကနေ စနစ်တကျကူးဖို့ လိုသလို အနှေးယာဉ်တွေကလည်း လမ်းကြောပြောင်းပြန် စီးနင်းခြင်းမျိုး၊ မျက်ကွယ်ကနေ ကျော်တက်ခြင်းမျိုး မလုပ်ရပါဘူး။ ဒါ့အပြင် စည်းကမ်းလိုက်နာမှုအားနည်းတဲ့ လမ်းဘေးစျေးသည်တွေကလည်း လမ်းပေါ်တက် စျေးရောင်းတာတွေ၊ လမ်းနဲ့ မလွတ်ကင်းရာမှာ ဆိုင်တွေ ခင်းကျင်းထားတာတွေက ယာဉ်တွေကို အခက်တွေ့စေသလို အဲဒီအရာတွေကို ရှောင်ရင်း ယာဉ်တိုက်မှုတွေဖြစ်ပေါ်တတ်ပါတယ်။ ဒါကို နိုင်ငံကြီးသားပီသစွာ မိမိတို့ကိုယ်တိုင် ကိုယ်စီ စည်းကမ်းတွေ လိုက်နာမှသာ ယာဉ်မတော်တဆမှုနှုန်းတွေ ကျဆင်းနိုင်ပါတယ်။ ထပ်လောင်းဆွေးနွေးလိုတာက ပြည်သူလူထုတွေကို တာဝန်ရှိသူတွေက သေချာစွာ စည်းကမ်းလိုက်နာနိုင်အောင် လုပ်ဖို့ပါပဲ။ အထက်အောက်ချမှတ်ထားတဲ့ စည်းမျဉ်းဥပဒေတွေအတိုင်း လိုက်ပါဆောင်ရွက်ဖို့လိုပြီး အဂတိလိုက်စားတာတွေလည်း ပပျောက်ဖို့ လိုပါတယ်။ စနစ်ဆိုးတွေအောက်မှာ အသားကျလာတယ်ဆိုပေမယ့်လည်း တဖြည်းဖြည်း ပြင်ယူသွားမယ်ဆိုရင် ရနိုင်ပါသေးတယ်။ နောက်ပြီးတော့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာအောင် လှုံဆော်ပေးတဲ့ MORS (မြန်မာနိုင်ငံ ယာဉ်၊ လမ်း အန္တရာယ်ကင်းရှင်းရေးအဖွဲ့)လိုမျိုး Non-government အဖွဲ့အစည်းမျိုးတွေရဲ့ educate လုပ်တဲ့ လှုပ်ရှားမှုတွေမှာ ပြည်သူတွေလည်း ပါ၀င်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ လမ်းမပေါ်က အန္တရာယ်တွေက တဖြည်းဖြည်းလျော့ကျသွားပါလိမ့်လို့ ယုံကြည်မိပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ကိုစိုင်း(လမ်းမတော်)