Unicode version…
By Carleton Matson & Ye Kyaw Swar
Ford SVT Raptor အမျိုးအစားကို အာရှတိုက်တွင် စတင်မိတ်ဆက်လိုက်သည့် အချိန်မှစ၍ ဒေသတွင်းရှိ Off Roaders များကြားတွင် လွန်စွာ စိတ်ဝင်စားမှုရရှိခဲ ့ပါသည်။ ကားမောင်းသူ အများစုအနေဖြင့်မူ ထိုမျှကြီးမားပြီး စျေးလဲကြီးသည့် ထရပ်ကားကို ထုတ်လုပ်ရခြင်း၏ ရည် ရွယ်ချက်ကို သိရှိနားလည်မည် မဟုတ်ပေ။ သို ့သော် ကျွန်တော်အပါအဝင် လူအနည်းစုကမူ ထိုကဲ့သို ့သော ငွေရေး၊ကြေးရေး အမြတ်အစွန်းဆိုင်ရာ အန္တရာယ်များသော စွန့်စားမှုကို ပြု လုပ်ခဲ့ပြီး Off Road ကားအမျိုးအစားပေါင်းများစွာကို ယှဉ်ပြိုင်အနိုင်ယူနိုင်သည့် ကားကို ထုတ်လုပ်ခဲ့သည့်အတွက် Ford အတွက် ဂုဏ်ယူပါသည်။ သင်၏ သမားရိုးကျ Ford Ranger နှင့်ယှဉ်လျှင် Ford SVT Raptor က ဘာလို ့တမူထူးခြား ကောင်းမွန်ရတာလဲ ။ နှစ်မျိုးလုံးဟာ 4WD, locking differenials နှင့် pickup bed တို ့ပါ၀င်မှုအတူတူပင်ဖြစ်သည် ။ မတူ ညီသည်မှာ Raptor အမျိုးအစားတွင် လမ်းကြမ်းမောင်းနှင်ရန် ပိုမို အသေးစိတ်ကျသည့် အချက်အလက်များကို ထည့်သွင်းစဉ်းစားထုတ်လုပ်ထားခြင်း ဖြစ်သည်။ ဒီလအတွက် ဆွေး နွေးလိုသည့် အကြောင်းအရာကတော့ လမ်းကြမ်းတွင် ကျွမ်းကျင်စွာ မောင်းနှင်နိုင်စေရန် အဓိ ကကျသည့် အချက်အလက်များပင် ဖြစ်ပါသည်။
The Engine:
Raptor အမျိုးအစားတွင် 6.4L အင်ဂျင်အမျိုးအစားကို အသုံးပြုထားပြီး တခါတရံတွင် မြင်းကောင်ရေအား ပိုမိုမြင့်မားစေရန် Supercharger ကိုထည့်သွင်းတပ်ဆင်လေ ့ရှိကြပါသည်။
ကောင်းမွန်သော Off Road ကားတစ်စီးတွင် စွမ်းဆောင်ရည်ကောင်းမွန် ကြံ့ခိုင်သော အင်ဂျင်လိုအပ်ပါသည်။ အများစုမှာ မြင်းကောင်ရေအားနှင့် ဆုံးဖြတ်လေ့ရှိကြသော်လည်း အ ဓိက အကျဆုံးမှာ Torque ပဲဖြစ်ပါသည်။ Torque သည် low engine speeds ဖြင့် ကား တစ်စီးနှင့် တစ်စီးဆွဲခြင်း ၊ အလွန်မတ်သော တောင်ပေါ်သို ့တက်ရာတွင် လိုအပ်သည့် ရုန်း အား ကိုပေးပါသည်။ Off Road မောင်းနှင်သော ကားအမျိုးအစားအများစုမှာ ဒီဇယ် ကားဖြစ်ပြီး ပိုမိုကောင်းမွန်သော ရုန်းအားကို ပေးပါသည်။
The Tires:
ယခင် ကျွန်တော်တို့ရေးသားခဲ့သော အကြောင်းအရာများတွင် တာယာသည် ယာဉ်၏ စွမ်း ဆောင်မှုအတွက် အဓိကျကြောင်းမကြာခဏ တင်ပြခဲ ့ပြီးဖြစ်ပါသည် ။ ကျွန်တော် တို ့အ ကြိမ်ကြိမ်ဆွေးနွေးခဲ့သော sports ကား အမျိုးအစားကဲ ့သို ့ပင် Off Road ကားများတွင်လည်း တာယာသည် လွန်စွာ အရေးကြီးပါသည်။ မောင်းနှင်မည့် လမ်းပေါ်မူတည်ပြီး ( သဲ ၊ ရွှ ့့ံ၊ တောလမ်း ၊ ကျောက်တုံးများ ၊ နှင်း ) Off Road တာယာများတွင် ရာဘာ အတုံးများ ဖြင့် ပြု လုပ်ထားလေ ့ရှိပြီး ၎င်းတို ့မှာ နှင်းများ ရွှံ ့များအတွင်းသို ့ထိုးခွင်းပြီး ကုပ်အားရရန် စွမ်း ဆောင်ပေးပါသည်။ Off Road တာယာများ၏ ဘေးမျက်နှာပြင်မှာ ပိုမို ကြံ့ခိုင်ထူထဲလေ့ရှိပြီး လမ်းကြမ်းတွင် မမြင်နိုင်သော အန္တရာယ်တွေဖြစ်သည့် ကျောက်ခဲအချွန်အတက်များကို နင်းမိ၍ တာယာကွဲသည့်ဘေးမှ ကာကွယ်နိုင်စေရန်ဖြစ်သည်။ ထို ့အပြင် အပူချိန်ကြောင့် တာ ယာတွင်းလေပေါင် အပြောင်းအလဲဒဏ်ကိုလဲ ခံနိုင်စေရန် ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။
လမ်းကြမ်းမောင်းနှင်ရာတွင် ပြောလေ့ရှိသော “air down” ( သို ့ ) “air up” ဆိုသောအသုံးအနှုန်းကို သင်ကြားဖူးပေလိမ့်မည်။ ထိုအသုံးအနှုန်းမှာ ယာဉ်မောင်းမှ လမ်းကြမ်းမောင်းနှင်ရာတွင် လိုအပ်သလို တာယာလေလျှော့ခြင်းနှင့် လေပြန်ဖြည့်ခြင်း ပြုလုပ်သည်ကို ဆိုလိုခြင်းဖြစ်ပါသည်။ Off Road မောင်းနှင်ရာတွင် တာယာကို လေ လျှော့ထားရန် ဘာကြောင့်လိုအပ်သနည်း ? ရူပဗေဒ သဘောတရားအရ လေလျှော့လိုက် သည်နှင့် လမ်းပေါ်သို ့ထိတွေ ့သည့် တာယာမျက်နှာပြင် ပိုမိုကျယ်စေပြီး မမျှော်လင့်နိုင်သော အခြေအနေများတွင် ယာဉ်ကိုပိုမို ထိန်းချုပ်မောင်းနှင်နိုင်ရန် ဖြစ်ပါသည်။ ထိုသို့လေ လျှော့ခြင်းမှာ သဲ ၊ ရွှ ့ံနှင့် နှင်းတောထဲ မောင်းနှင်ရာတွင် အများဆုံးအသုံးပြုကြသည်။ လမ်း နှင့်ထိတွေ ့သည့်မျက်နှာပြင် ကျယ်လာသည့်အတွက် လမ်းတွင်နစ်မြှုပ်ခြင်း မရှိပဲ ယာဉ်ကို လိုသလို ကွေ ့ခြင်း ၊ ဘရိတ်အုပ်ခြင်း ၊ မောင်းနှင်ခြင်းများကို ကောင်းမွန်စွာ ပြုလုပ်နိုင်ပါသည်။ သာမန်လမ်းပေါ်တင် မောင်းနှင်ရာတွင်မူ လေလျှော့ထားပါက ပွတ်တိုက်မှုပိုမိုများပြီး တာယာ ကိုဖိအားများစေပြီး အပူချိန်ပိုမိုတက်စေပါသည်။ ထို့ကြောင့် တာယာ၏လေပေါင်ချိန်ကို လို အပ်သလို တိုင်းတာပြီး အတိုးအလျော့ပြုလုပ်ရန် အရေးကြီးပါသည်။ ခေတ်မီသော တစ်ချို ့Off Road ကားများတွင် လေပေါင်တိုးခြင်း ၊ လျှော့ခြင်းကို ယာဉ်မောင်းသူသည် မိမိထိုင်ခုံမှာ ထိုင်နေရင်းနှင့်ပင် ပြုလုပ်နိုင်သော Air Pressure System ပါရှိပါသည်။ သို ့သော် ထိုစနစ်မှာ ရှုပ်ထွေးပြီး စျေးကြီးကာ စိုထိုင်းဆများသော ပတ်ဝန်းကျင်တွင် အသုံးမဝင်ပါ။
The Suspension:
လမ်းကြမ်းမောင်းနှင်သော ယာဉ်တစ်စီးတွင် ရှော့ဘားသည် လည်း ၎င်း၏ ဒုတိယ အရေး အကြီးဆုံး အပိုင်းဖြစ်ပါသည်။ အများစုမှာ လမ်းကြမ်းမောင်းနှင်ရန် အတွက် ယာဉ်၏ ဘော် ဒီကို မြှင့်ထားလျှင် လုံလောက်ပြီဟု တွေးလေ ့ရှိကြပါသည်။ အဓိကအရေးကြီးသည်မှာ ယာဉ်၏အလေးချိန်ကို ထောက်ပံ့ပေးနိုင်ရန် ၊ လမ်းပေါ်မူတည်ပြီး တာယာနှင့် မြေပြင်အမြဲထိစပ် စေရန် တို ့ကို စွမ်းဆောင်ပေးသော ရှော့ဘားက အရေးအကြီး ဆုံးဖြစ် ပါသည်။ ကောင်းမွန်မှန်ကန်သော Off Road ကားတစ်စီးတွင် indpendant coil ( သို ့မဟုတ် ) leaf spring suspension များကို တပ်ဆင်ထားမှသာလျှင် အလွန်ကြမ်း တမ်းသော လမ်းများတွင် သွားလာနိုင်ပေမည်။ မိမိကားကို မှန်ကန်သော ရှော့ဘား တပ်ဆင် ထားခြင်းမရှိပါက လမ်းကြမ်းတွင် ကားအောက်ပိုင်းသို ့ကျောက်တုံးဖြင့် ဆောင့်ခြင်း အောက် ပိုင်းကို ပျက်စီးခြင်းတို ့ဖြစ်စေနိုင်ပါသည်။ မောင်းနှင်မည့်လမ်းအမျိုးအစားပေါ် မူတည်ပြီး ရှော့ဘားအနေအထားကို ချိန်ဆရမည် ဖြစ်ပါသည်။
The Frame:
ကားဘော်ဒီသည် ပြောင်းလဲမှုအနည်းဆုံး အပိုင်းဖြစ်ပါသည်။ ယေဘုယျအားဖြင့် Off Road ကားကောင်းတစ်စီး ဖြစ်စေဖို ့ပိုမိုကြံ့ခိုင်မာကျောသော ဘော်ဒီရှိရန် လိုအပ်ပါသည်။ Land Rover Defenders, Mercedes G Wagons နှင့် အခြား USA pickup truck တို ့မှာ ထူထဲသော ဘော်ဒီရှိပြီး အသေးအမွှားထိုခိုက်မှုများကို ခံနိုင်ရည်ရှိပါသည်။ သို့ပါသောကြောင့် Off Road ကားအစစ်အမှန်များသည် သာမာန်ကားများထက် အလေးချိန်ပိုမိုပိုပါသည်။ Hyundai Santa Fe ကဲ့သို ့သော ကားမျိုးဖြင့် လမ်းကြမ်းအား စမ်းသပ် မောင်းကြည့် နိုင်ပါသည် ။ သာမာန် လမ်းကြမ်းများတွင် ပြဿနာ မရှိပေမည့် အလွန်ကြမ်းတမ်းသော လမ်းများတွင် Defender ကဲ ့သို ့မစွမ်းဆောင်နိုင်ပါ ။ ( မိမိတွင် Hyundai Santa Fe တစ်စီး ရှိခြင်းကြောင့်သိခြင်း ) ။ Defender ကိုစတင်ထုတ်လုပ်စဉ်ကတည်းက လမ်းကြမ်း တွင်ကြံ့ကြံ့ခိုင်ပြီး ကောင်းမွန်စွာ စွမ်းဆောင်နိုင်စေရန်ဖြစ် ပါသည် ။ မိမိသည် လမ်းကြမ်း သို ့မောင်းနှင်သွားလာရမည်ဆိုပါက ပိုမိုမာကြောသော ဘော်ဒီရှိသည့် ကားမျိုးကို ဝယ်ယူ မောင်းနှင်သင့်ပါသည်။
ဒါဆိုလျှင် Ford Raptor က အပေါ်ကအချက်တွေ နှင့် ကိုက်ညီရဲ ့လား ? Ford Raptor က တော့ သဲကန္တာရ ထဲမှာ ပြိုင်ဖို ့ထုတ်လုပ်ထားခြင်းပဲဖြစ်ပါတယ်။ ( Baja ) . အဆိုပါ ကား တွင် ကြီးမားသော ဆီတိုင်ဂီနှင့် သဲကန္တာရတွင် လျင်မြန်စွာ မောင်းနှင်နိုင်ရန်အတွက် များပြားသော မြင်းကောင်ရေအား နှင့် Torque စသည်တို ့ဖြင့်တည်ဆောက်ထားပါသည်။ စျေးကွက် အလိုအရ Ford သည် Raptor အား ပုံမှန်လမ်းများတွင်မောင်းနှင်သည့် အခါတွင်လည်း အဆင်ပြေစေရန် အကြမ်းတမ်းအမာဆုံး တာယာများကို အသုံးပြုထားပါသည် ။ အဲဒါက လမ်းကြမ်းတွေဖြစ်တဲ့ထူထဲသော သဲနှင့် နှင်းများကြားတွင် မိမိကားကို ပိုမိုနာစေပြီး သာမန် နေ့ စဉ်မောင်းနှင်မှုအတွက်တော့ အဆင်ပြေပါသည်။ Ford တွင် မိမိကားအား လမ်းကြမ်းတွင် မည့်သည့်လေပေါင်ဖြင့်မောင်းနှင်ရမည်ကို ဖော်ပြထားပြီး ပုံမှန်လမ်းပေါ်တွင် မောင်းနှင်ရမည့်လေပေါင်ကိုမူဖော်ပြထားခြင်းမရှိပေ။ Raptor မှာ သဘောအတွေ ့ ဆုံးက တော့ ရှော့ဘားပဲ ဖြစ်ပါတယ်။Ford မှထုတ်သော ရှော့ဘားများသည် လမ်းမျက်နှာပြင် မျိုးစုံနီး ပါးတွင် အကောင်းဆုံး စွမ်းဆောင်ရည်ပေးပါသည် ။ Ford မှတပ်ဆင်ထားသော ဘော်ဒီများမှာ နောက်ပိုင်းတွင် မာကျောမှုမြင့်မားသော အလျူမီနီယမ်များဖြင့်တည်ဆောက်ထား ပြီး အလေး ချိန်ပိုမိုမှုကို လျော့ချထားပါသည်။ အဲဒါက ကားဘော်ဒီကို အလွန်ကြမ်းတမ်းသော လမ်းများ တွင် မောင်းနှင်ရာ၌ ထိခိုက်ပျက်စီးသည်ဟု မောင်းနှင်သူများမှ ပြောကြသော်လည်း မိမိကားပိုမိုမနစ်မြှုပ်စေဖို ့အလေးချိန်လျော့ချရန်နှင့် လောင်စာဆီကို ချွေတာရန်မှာလဲ လွန်စွာ အရေးကြီးသည့်အချက်အနေဖြင့် ထည့်သွင်းစဉ်းစားရပါမည် ။
Raptor မှာ Off Road ကားတစ်စီးရဲ ့အင်္ဂါရပ်တွေ အပြည့်အစုံ မပါ၀င်ပေမည့်လဲ သူ ့ရဲ ့ ကောင်းမွန်တဲ ့ရှော့ဘားစနစ် ၊ စွမ်းဆောင်ရည်မြင့်မားတဲ ့အင်ဂျင်နဲ ့စိတ်ချယုံကြည် ရတဲ ့စနစ်တွေကြောင့် ကောင်းမွန်တဲ ့Off Road ကားအမျိုးအစားဖြစ်တယ်ဆိုတာတော့ ငြင်းလို ့မရပါဘူး ။ Raptor ဟာ အံ့မခန်း ထုတ်လုပ်မှု ဖြစ်ပေမည့် အခြား SUV တွေမှာလဲ အလားတူ စွမ်းဆောင်မှုတွေရှိပါတယ် ။ သင်မောင်းနှင်လိုတဲ ့လမ်းအနေအထား အခြေအနေ တွေပေါ်မှာ မူတည်ပြီး ယာဉ်ကိုလိုသလို ပြုပြင်ပြင်ဆင်ခြင်းဖြင့် သင့်စိတ်ကြိုက်ကောင်းမွန် စွာ မောင်းနှင်နိုင်ပါလိမ် ့မည်။
Zawgyi version…
By Carleton Matson & Ye Kyaw Swar
The Engine:
The Tires:
The Suspension:
The Frame: