Unicode version..
တိကျစွာထွက်ပေါ်မလာသေးတဲ့မူဝါဒကြောင့် အေးစက်နေတဲ့ ကားစျေးကွက်
ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်၊စက်တင်ဘာ ၁၁ ရက်မှာ ယာဉ်အိုယာဉ်ဟောင်းများ ဖျက်သိမ်းပြီး အစားထိုးယာဉ်တင်သွင်းခွင့်ပြုခဲ့တဲ့နောက်ပိုင်း မြန်မာနိုင်ငံရဲ့ ကားစျေးကွက်က တမုဟုတ်ချင်း ကြီးထွားလာခဲ့ပါတယ်။ အဲဒါရဲ့ နောက်ဆက်တွဲအနေနဲ့ ရန်ကုန်ရဲ့ယာဉ်ကြောပိတ်ဆို့မှုက တစ်နေ့တခြားပိုမိုဆိုးရွားလာခဲ့ပါတယ်။အဓိက ကတော့ တိကျသေချာပြီး ရေရှည်စီမံကိန်းမရှိခဲ့တဲ့အပြင် ကိုယ်ကျိုးရှာလူတစ်စုရဲ့ မမှန်မကန်လုပ်ရပ်တွေကြောင့်လည်း ရန်ကုန်မြို့က နေ့ချင်းညချင်း Traffic Jamအဖြစ်များလာခဲ့ပါတယ်။ဒါကြောင့် အရင်အစိုးရလက်ထက်ကတည်းက ရန်ကုန်ကား တင်သွင်း မှုကိုထိန်းချုပ်ဖို့ နည်းလမ်းအမျိုးမျိုးသုံးခဲ့ပါတယ်။အသုံးပြုတဲ့အခါမှာလည်း ရှေ့နောက်မညီတာတွေရှိခဲ့သလို အခုလုပ်အခုပြန်ဖျက်တဲ့မူဝါဒတွေကြောင့် ပြည်သူရဲ့ဝေဖန်မှု ကိုခံခဲ့ရတာလည်းအကြိမ်ကြိမ်ပါ။ဒါက ဆေးမြီးတိုနဲ့ကုသသလိုဖြစ်ခဲ့ပြီး ရောဂါသံသရာရှည်ခဲ့ရပါတယ်။ကားတင်သွင်းမှုကို ဖြေလျှော့မှုတွေ ပေးပြီးတဲ့နောက်ပိုင်း တစ်နှစ်ကို ကားနဲ့ပတ်သက်တဲ့မူဝါဒ ၅ ကြိမ်ထက်မနည်း ပြောင်းလဲမှုတွေပြုလုပ်ခဲ့ပါတယ်။ Policy မတည်ငြိမ်တော့ ကားစျေးကွက်လည်းမတည်ငြိမ်၊ကားစျေးကွက်မငြိမ်တော့ စျေးကစားတာတွေဖြစ်၊ နောက်ဆုံးခံရတာက ကားဝယ်စီးတဲဲ့ဲ ပြည်သူပါပဲ။
လက်ရှိအစိုးရသစ်လက်ထက်မှာလည်း ရန်ကုန်မြို့ကြီးရဲ့ Traffic ကိုဖြေရှင်းဖို့နည်းလမ်း ရှာဖွေနေဆဲဖြစ်လို့ ကားတင်သွင်းမှုနဲ့ဆိုင်တဲ့ Policy အတော်များများကို ပြန်လည်ပြုပြင်ဖို့ မလုပ်နိုင်သေးပါဘူး။ ဒီဲပြဿနာကချက်ချင်းဖြေရှင်းလို့ရနိုင်တဲ့ ကိစ္စမျိုးမဟုတ်တော့အချိန်ယူနေရတယ်။ဒါပေမဲ့ ဇူလိုင် ၂၆ ရက် ကကြေညာခဲ့တဲ့ Pick up, light truck တွေကိုအပ်ပြီး လူစီး/အိမ်စီးယာဉ်သွင်းခွင့်မပြုဘဲ လုပ်ငန်းသုံးယာဉ်ပဲသွင်းခွင့်ပြုမယ်ဆိုခြင်းကတော့ စလစ်ရှားပါးနေတဲ့ကားစျေးကွက်ကိုလှုပ်ခတ်မှု တွေဖြစ်စေခဲ့သလို စလစ်စျေးကလည်း ကျပ်သိန်းတစ်ရာနီးပါးဖြစ်သွားပါတယ် (ဒါကခေါ်စျေးပါ အမှန်အရောင်းအဝယ်ဖြစ်တာက ကျပ်သိန်း၉၀ခန့်ပါ)။အကြံအဖန်တိုက်ကြေအပ်နှံမှုတွေကို ပပျောက်ဖို့လို့ က.ည.နတာဝန်ရှိသူတွေက အကြောင်းပြကြပေမယ့် စလစ်ကပ်ဖို့လိုနေတဲ့ သွင်းပြီးသား ကားတွေအတွက် ခက်ခဲမှုတွေဖြစ်ပေါ်ခဲ့ရတယ်။ဒါ့အပြင် နဂိုကတည်းက စလစ်ကပ်စရာမလိုတဲ့ လုပ်ငန်းသုံးယာဉ်တွေအတွက် စလစ်ထုတ်ပေးမယ်ဆိုတာကလည်း လူရယ်စရာဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လအတွင်းက နိုင်ငံတော်အဆင့်တာဝန်ရှိသူများနဲ့ ကားတင်သွင်းသူလုပ်ငန်းရှင်များ အလုပ်ရုံဆွေနွေးပွဲမှာတော့ လုပ်ငန်းရှင်အများစုက ရန်ကုန်ကားတင်သွင်းခြင်းနဲ့ပတ်သက်လို့ အကြံဉာဏ်တွေပေးခဲ့ကြတယ်။အဲဒီထဲကအချို့အချက်တွေက လက်သင့်ခံထည့်သွင်းစဉ်းစား သင့်တာမို့လို့ ဖော်ပြပေးချင်ပါတယ်။အဲဒါတွေကတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်း အသုံးပြုမည့်မော်တော်ယာဉ်များ တစ်ဦးချင်းတင်သွင်းမှုကို Model Year ဖြင့်ကန့်သတ်ခြင်း၊ ရန်ကုန်လိုင်စင်ကားတွေကို သက်တမ်း ၁၀ နှစ်ကျော်ရင် သတ်တမ်းတိုးခွင့်မပြု (သို့)သက်တမ်းတိုးရင် မှတ်ပုံတင်ကြေးတိုးမည့်အချက်၊အခြားတိုင်းပြည်တွေမှာ အသုံးပြုနေကြတဲ့ COE (Certificate of Entitlement) စနစ်ကိုအသုံးပြုသင့်တယ် ဆိုတာတွေပဲဖြစ်ပါတယ်။
လက်ရှိအစိုးရသစ်လက်ထက်မှာ ရပ်တန့်ထားတဲ့ ရန်ကုန်ကားပါကင်ကိစ္စကိုလည်း ပယ်ဖျက်သွားဖို့ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။အခုချိန်ထိတော့ရန်ကုန် Free Permit ကပိတ်ထားဆဲဖြစ်သလို စလစ်စျေးကွက်ကလည်းပျက်နေဆဲပါ။အားလုံးကတော့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ဆွေးနွေးနေတဲ့ ရန်ကုန်ကားတင်သွင်းမှုနဲ့ပတ်သက်တဲ့ Policy ကိုသာစောင့်ဆိုင်းနေကြရလို့ လက်ရှိအချိန်က အရောင်းအဝယ်အေးစက်နေဆဲကာလတစ်ခုလို့ ဆိုရင်မမှားနိုင်ပါဘူးခင်ဗျာ။
ယခုအစီအစဉ်ကို မြန်မာနိုင်ငံ၏ နံပါတ် ၁ ကားအရောင်းအဝယ်အွန်လိုင်းဝက်ဆိုက်ဒ် CarsDB မှပံ့ပိုးကူညီပါသည်။
Zawgyi version…
တိက်စြာထြက္ေပၚမလာေသးတဲ႔မူ၀ါဒေၾကာင္႔ ေအးစက္ေနတဲ႔ ကားေစ်းကြက္
ျပီးခဲ႔တဲ႔ ၂၀၁၁ ခုႏွစ္၊စက္တင္ဘာ ၁၁ ရက္မွာ ယာဥ္အုိယာဥ္ေဟာင္းမ်ား ဖ်က္သိမ္းျပီး အစားထုိးယာဥ္တင္သြင္းခြင့္ျပဳခဲ႔တဲ႔ေနာက္ပုိင္း ျမန္မာႏုိင္ငံရဲ႕ ကားေစ်းကြက္က တမုဟုတ္ခ်င္း ၾကီးထြားလာခဲ႔ပါတယ္။ အဲဒါရဲ႕ ေနာက္ဆက္တြဲအေနနဲ႔ ရန္ကုန္ရဲ႕ယာဥ္ေၾကာပိတ္ဆုိ႔မွဳက တစ္ေန႔တၿခားပုိမုိဆုိးရြားလာခဲ႔ပါတယ္။အဓိက ကေတာ႔ တိက်ေသခ်ာျပီး ေရရွည္စီမံကိန္းမရွိခဲ႔တဲ႔အျပင္ ကုိယ္က်ဳိးရွာလူတစ္စုရဲ႕ မမွန္မကန္လုပ္ရပ္ေတြေၾကာင္႔လည္း ရန္ကုန္ျမိဳ႕က ေန႔ခ်င္းညခ်င္း Traffic Jamအၿဖစ္မ်ားလာခဲ႔ပါတယ္။ဒါေၾကာင္႔ အရင္အစုိးရလက္ထက္ကတည္းက ရန္ကုန္ကား တင္သြင္း မွဳကုိထိန္းခ်ဳပ္ဖုိ႔ နည္းလမ္းအမ်ိဳးမ်ဳိးသုံးခဲ႔ပါတယ္။အသုံးျပဳတဲ႔အခါမွာလည္း ေရွ႕ေနာက္မညီတာေတြရွိခဲ႔သလုိ အခုလုပ္အခုျပန္ဖ်က္တဲ႔မူ၀ါဒေတြေၾကာင္႔ ျပည္သူရဲ႕ေ၀ဖန္မွဳ ကုိခံခဲ႔ရတာလည္းအၾကိမ္ၾကိမ္ပါ။ဒါက ေဆးျမီးတုိနဲ႔ကုသသလုိျဖစ္ခဲ႔ျပီး ေရာဂါသံသရာရွည္ခဲ႔ရပါတယ္။ကားတင္သြင္းမွဳကုိ ေၿဖေလွ်ာ႔မွဳေတြ ေပးျပီးတဲ႔ေနာက္ပုိင္း တစ္ႏွစ္ကုိ ကားနဲ႔ပတ္သက္တဲ႔မူ၀ါဒ ၅ ၾကိမ္ထက္မနည္း ေၿပာင္းလဲမွဳေတြျပဳလုပ္ခဲ႔ပါတယ္။ Policy မတည္ျငိမ္ေတာ႔ ကားေစ်းကြက္လည္းမတည္ၿငိမ္၊ကားေစ်းကြက္မၿငိမ္ေတာ႔ ေစ်းကစားတာေတြျဖစ္၊ ေနာက္ဆုံးခံရတာက ကား၀ယ္စီးတဲ႔ဲဲ ျပည္သူပါပဲ။
လက္ရွိအစုိးရသစ္လက္ထက္မွာလည္း ရန္ကုန္ျမဳိ႕ၾကီးရဲ႕ Traffic ကုိေျဖရွင္းဖုိ႔နည္းလမ္း ရွာေဖြေနဆဲျဖစ္လုိ႔ ကားတင္သြင္းမွဳန႔ဲဆုိင္တဲ႔ Policy အေတာ္မ်ားမ်ားကုိ ျပန္လည္ျပဳျပင္ဖုိ႔ မလုပ္ႏုိင္ေသးပါဘူး။ ဒီဲျပႆနာကခ်က္ခ်င္းေျဖရွင္းလုိ႔ရႏုိင္တဲ႔ ကိစၥမ်ိဳးမဟုတ္ေတာ႔အခ်ိန္ယူေနရတယ္။ဒါေပမဲ႔ ဇူလုိင္ ၂၆ ရက္ ကေၾကညာခဲ႔တဲ႔ Pick up, light truck ေတြကုိအပ္ျပီး လူစီး/အိမ္စီးယာဥ္သြင္းခြင္႔မျပဳဘဲ လုပ္ငန္းသုံးယာဥ္ပဲသြင္းခြင္႔ျပဳမယ္ဆုိျခင္းကေတာ႔ စလစ္ရွားပါးေနတဲ႔ကားေစ်းကြက္ကုိလွဳပ္ခတ္မွဳ ေတြျဖစ္ေစခဲ႔သလုိ စလစ္ေစ်းကလည္း က်ပ္သိန္းတစ္ရာနီးပါးျဖစ္သြားပါတယ္ (ဒါကေခၚေစ်းပါ အမွန္အေရာင္းအ၀ယ္ျဖစ္တာက က်ပ္သိန္း၉၀ခန္႔ပါ)။အၾကံအဖန္တုိက္ေၾကအပ္ႏွံမွဳေတြကုိ ပေပ်ာက္ဖုိ႔လုိ႔ က.ည.နတာ၀န္ရွိသူေတြက အေၾကာင္းျပၾကေပမယ္႔ စလစ္ကပ္ဖုိ႔လုိေနတဲ႔ သြင္းျပီးသား ကားေတြအတြက္ ခက္ခဲမွဳေတြျဖစ္ေပၚခဲ႔ရတယ္။ဒါ႔အျပင္ နဂုိကတည္းက စလစ္ကပ္စရာမလုိတဲ႔ လုပ္ငန္းသုံးယာဥ္ေတြအတြက္ စလစ္ထုတ္ေပးမယ္ဆုိတာကလည္း လူရယ္စရာျဖစ္ခဲ႔ပါတယ္။ ျပီးခဲ႔တ႔ဲဇူလုိင္လအတြင္းက ႏုိင္ငံေတာ္အဆင္႔တာ၀န္ရွိသူမ်ားနဲ႔ ကားတင္သြင္းသူလုပ္ငန္းရွင္မ်ား အလုပ္ရုံေဆြေႏြးပဲြမွာေတာ႔ လုပ္ငန္းရွင္အမ်ားစုက ရန္ကုန္ကားတင္သြင္းျခင္းနဲ႔ပတ္သက္လုိ႔ အၾကံဥာဏ္ေတြေပးခဲ႔ႀကတယ္။အဲဒီထဲကအခ်ိဳ႕အခ်က္ေတြက လက္သင္႔ခံထည္႔သြင္းစဥ္းစား သင္႔တာမုိ႔လုိ႔ ေဖာ္ျပေပးခ်င္ပါတယ္။အဲဒါေတြကေတာ႔ ရန္ကုန္တိုင္းေဒသႀကီးအတြင္း အသံုးျပဳမည့္ေမာ္ေတာ္ယာဥ္မ်ား တစ္ဦးခ်င္းတင္သြင္းမႈကို Model Year ျဖင့္ကန္႔သတ္ျခင္း၊ ရန္ကုန္လိုင္စင္ကားေတြကို သက္တမ္း ၁၀ ႏွစ္ေက်ာ္ရင္ သတ္တမ္းတိုးခြင့္မျပဳ (သို႔)သက္တမ္းတိုးရင္ မွတ္ပံုတင္ေၾကးတိုးမည့္အခ်က္၊အျခားတိုင္းျပည္ေတြမွာ အသံုးျပဳေနၾကတဲ့ COE (Certificate of Entitlement) စနစ္ကိုအသုံးျပဳသင္႔တယ္ ဆုိတာေတြပဲျဖစ္ပါတယ္။
လက္ရွိအစုိးရသစ္လက္ထက္မွာ ရပ္တန္႔ထားတဲ႔ ရန္ကုန္ကားပါကင္ကိစၥကုိလည္း ပယ္ဖ်က္သြားဖုိ႕ရွိတယ္လုိ႔ သတင္းေတြထြက္ေပၚေနပါတယ္။အခုခ်ိန္ထိေတာ႔ရန္ကုန္ Free Permit ကပိတ္ထားဆဲျဖစ္သလုိ စလစ္ေစ်းကြက္ကလည္းပ်က္ေနဆဲပါ။အားလုံးကေတာ႔ ႏုိင္ငံေတာ္အတုိင္ပင္ခံ ပုဂၢဳိလ္ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္ေဆြးေႏြးေနတဲ႔ ရန္ကုန္ကားတင္သြင္းမွဳနဲ႔ပတ္သက္တဲ႔ Policy ကုိသာေစာင္႔ဆုိင္းေနၾကရလုိ႔ လက္ရွိအခ်ိန္က အေရာင္းအ၀ယ္ေအးစက္ေနဆဲကာလတစ္ခုလုိ႔ ဆုိရင္မမွားႏုိင္ပါဘူးခင္ဗ်ာ။
ယခုအစီအစဥ္ကုိ ျမန္မာႏုိင္ငံ၏ နံပါတ္ ၁ ကားအေရာင္းအ၀ယ္အြန္လုိင္း၀က္ဆုိက္ဒ္ CarsDB မွပံ႔ပုိးကူညီပါသည္။