Mercedes-Benz သည် CLA Model ၏ Redesigned CLA အား 2024 Model Year အနေဖြင့် ထည့်သွင်းထားပါသည်။ ယခု Version သည် PHEV ဖြစ်ကာ 48-Volt Hybrid System ပါဝင်မည်ဖြစ်ပြီး 12-Volt Onboard Network မှ ကူညီပေးပါမည်။ အဆိုပါစနစ်သည် – Belt – Driven Starter – Generator မှ Horsepower ကို Boost လုပ်ပေးသည့် ပုံစံဖြစ်ကာ Mercedes – AMG SL43 Model တွင်လည်း တူညီစွာ အသုံးပြုထားပါသည်။ 2024 CLA ၏ အပြင်ဖက် ဒီဇိုင်းသည် Update Design  ဖြစ်ကာ New Front Fascia နှင့်အတူ New Grille Design တို့ပေါင်းစပ်ထားမည်ဖြစ်ပြီး အရှေ့မီးကြီးနှင့် အနောက်မီးတန်းတို့သည် New Design များဖြစ်ပါမည်။

2024 CLA အတွက် Hyper Blue Color နှင့် Starling Blue Color အသစ် ( ၂ ) ရောင်ကို ထည့်သွင်းပေးထားမည့်အပြင် Alloy Design အသစ်များလည်း ပါဝင်လာမည်ကိုမြင်တွေ့ရပါမည်။ AMG အနေဖြင့် AMG CLA 35 နှင့် AMG CLA 45 တို့ ရနိုင်မည်ဖြစ်ကာ၎င်းတို့တွင် New AMG – Specific Front End , Fixed Rear Spoiler စသည့်တို့ ပါဝင်မည်ဖြစ်ပြီး AMG Aerodynamics Package ကိုလည်း မှာယူနိုင်ပါမည်။

ကား၏အတွင်းခန်းအား သပ်ရပ်လှပစွာ ခင်းကျင်းထားမည်ဖြစ်ကာ 10.3 – inch Digital Cluster နှင့် 10.3 – inch Touchscreen တို့ကို ဘေးချင်းကပ် ခင်းကျင်းထားပါမည်။ နာမည်ကျော် MBUX Infotainment System သည် Latest Version ဖြစ်ကာ Wireless Apple Carplay / Android Auto , Open – pone , Wend Trim စသည်တို့ ပါဝင်ပြီး AMG Version အတွက် AMG – Exclusive Brown Microfiber Option တို့လည်းထည့်သွင်းပေးထားပါမည်။

#DriveMediaMyanmar