Unicode version…
မော်တော်ယာဉ် တင်သွင်းခွင့် မူဝါဒများ ပြောင်းလဲခဲ့ပြီးနောက် Brand New Car Showroomများ ရန်ကုန်မြို့တွင် တစ်ခုပြီးတစ်ခု ဖွင့်လာနိုင်သည်။ နောက်ဆုံးပေါ်မော်ဒယ် အကောင်းဆုံးကားကိုမှ စိတ် ကြိုက်ရွေး ချယ်ဝယ်ယူ နိုင်သော အခွင့်အရေး များရှိလာသည်။ ကမ္ဘာကျော် အမှတ်တံဆိပ်များဖြစ်သော BMW, Mercedes-Benz, Ford, Chevrolet, Toyota, Mazda, Hyundai, KIA , Land Rover, Jaguar ကားအသစ် မော်ဒယ်မျိုးစုံကို ရန်ကုန်မြို့တွင် လွတ်လပ်စွာဝယ်ယူနိုင် ပြီးဖြစ်သည်။
နယ်မြို့များမှ ကားဝယ်လိုသူများသည် ကား စျေးကွက်ကြီးမားသော၊ ရွေးချယ်စရာများ သော ရန်ကုန် ကားစျေးကွက် သို့သာ ရောက်ရှိလာကြသည်။ ယခင် အချိန်က တစ်ပတ်ရစ် (Used) ကားတစ်စီးကို သိန်း (၃၀၀၀) ကျော်၊ သိန်း(၄၀၀၀) မျှပေးရပြီး ယနေ့ ကားအသစ် တစ်စီးကို သိန်း (၁၀၀၀)မှ သိန်း (၁၅၀၀)အတွင်း ရွေးချယ်ဝယ်ယူလာနိုင်သည်။ စီးပွားရေးမြို့တော် ရန်ကုန်သို့ဆင်းပြီး အနယ်နယ် အရပ်ရပ်မှ ကားလာဝယ် ကြသည်။
Used Car များကို ယနေ့ဝယ်၍ ယနေ့ပင် ချက်ချင်း အမြန်လမ်းပေါ်တွင် မောင်းပြီးယူလာရာ တွင် မည်သည့်ပြဿနာမျှမရှိပါ။ သို့သော်လည်း Brand New ကား အသစ်တစ်စီးကို အမြန် လမ်းပေါ်တွင် Highspeed ကီလိုမီတာ 100 km/hr ကျော်တင်ပြီး ခရီးဝေးမိုင် (၃၀၀) ကျော်၊ မိုင် (၄၀၀)မျှ မောင်းလျှင် အင်ဂျင် ဘရိတ် ဖမ်းပြီး ပျက်စီးချွတ်ယွင်းသွားနိုင်ပါသည်။ အင်ဂျင်အသစ်ကို ကျင့်သားရအောင် Piston နှင့် Rings များ၊ ဆလင်ဒါစလစ် ထဲတွင် အထိုင်ကျအောင်၊ အင်ဂျင် ဘယ်ရင်များ အသားကျအောင် အင်ဂျင်ကို တဖြည်းဖြည်း ကျင့်ယူရပါ သည်။ အင်ဂျင်အသစ်တစ်လုံးသည် ခရီးမိုင် (၁၀၀၀) ကျော် (၁၅၀၀)ခန့် မောင်းပြီး လေ့ကျင့် မှသာ အထိုင်ကျသွားပြီး Highway လမ်းပေါ်တွင် အမြန်နှုန်း တင်၍ မောင်းနိုင်ပါသည်။
Brand New ကားအရောင်းပြခန်းများတွင် ကားလာဝယ်သော ပိုင်ရှင်အသစ်များ သတိပြုသင့် သော Engine Break-in Period အကြောင်းကို တင်ပြပေးလိုပါသည်။ ကားအသစ် စက် စက်တွင် အင်ဂျင် အစိတ်အပိုင်းများနှင့် ဂီယာ ဘောက်စ် Drive-train များသည် အားလုံးအသစ်ဖြစ်ပါသည်။ အင်ဂျင် အဓိကအစိတ်အပိုင်းများ ဖြစ်သော အင်ဂျင် ဆလင် ဒါစလစ် ထဲတွင် လှုပ်ရှားနေသော Piston နှင့် Piston Rings များ၊ Connecting Rod ဘယ်ရင်များ၊ ကရိုင်းဘယ်ရင်များ အထိုင်မကျ သေးပါ။ အသားမကျ သေးပါ။
ကျင့်သားမရသေးသော အင်ဂျင်တစ်လုံး ကို အင်ဂျင် လည်ပတ်နှုန်း r.p.m တင်၍ Load များများခိုင်း၍မရသေးပါ။ အင်ဂျင်အစိတ်အပိုင်း များကို တိကျသေချာစွာ စက်စားခြင်း (Machining) ပြုလုပ်၍ တပ်ဆင် ထားသော်လည်း အစိတ်အပိုင်း တစ်ခုနှင့်တစ်ခု အံဝင်ခွင်ကျ အထိုင်မကျနိုင်သေးပါ။ Piston Rings များ ဆလင်ဒါထဲတွင် အထိုင်မကျသလို ဘယ်ရင် (Bush Bearing)ခြမ်းများလည်း အထိုင် မကျ သေးပါ။ အင်ဂျင် အသစ်ကို အထိုင်မကျမီ Heavy load ခိုင်းလိုက်ပါက အပူချိန် မြင့်တက်လာပြီး အင်ဂျင်ကျပ်သွားပါသည်။ ထိုကဲ့သို့ဖြစ် သည်ကို Engine ဘရိတ်ဖမ်း သည်ဟုခေါ်ပါသည်။ Engine Break-in ဖြစ်နိုင်သော ကာလအပိုင်းအခြားကို Break-in Period ဟုခေါ်ပါသည်။
Engine Break-in Period ကာလ အတွင်း ဆောင်ရန်၊ ရှောင်ရန်များရှိသည်။ ခရီးမိုင် (၁၀၀၀)ကျော်၊ (၁၅၀၀) ခန့်လေ့ကျင့်ပြီးမှ အင်ဂျင်အသစ်ကို စိတ်တိုင်းကျ အားနာစရာမ လိုဘဲ၊ ညှာစရာ မလိုဘဲခိုင်း၍ရပါသည်။ Brand New Car Showroom များတွင် ကားအသစ် ၀ယ်ပါက (Owner Manual Book) ပိုင်ရှင်လက်စွဲ စာအုပ်နှင့် အာမခံသက်တမ်း ကတ်ပြား ပေးပါလိမ့်မည်။လိုက်နာသင့်သော သတိပြုသင့် သည့် အချက်များကိုလည်း ရှင်းပြပါလိမ့်မည်။ သို့သော်လည်း နယ်မှကားလာဝယ်သူ များသည် ကားအသစ်ကို အမြန်လမ်း ပေါ်တွင် မောင်းကောင်းကောင်း ဖြင့် စမ်းသပ်မောင်း ကြည့်ရာမှ အမြန်နှုန်းကီလိုမီတာ (၁၄၀-၁၅၀) အထိ ရောက်သွားလျှင် အန္တရာယ်ရှိသည်ကို သတိပြု စေလိုပါသည်။
အင်ဂျင်အသစ် တစ်လုံး စတင်အသုံးပြု သည် မှ ပထမမိုင်(၁၀၀) အတွင်း အင်ဂျင်ဝိုင်် များဖောက်ချပြီး အင်ဂျင်ဝိုင်အသစ် လဲပေးရပါမည်။ အင်ဂျင်အသစ်တွင် အစိတ်အပိုင်းများ အထိုင်မကျ သေးသဖြင့် သတ္တုအမှုန်အစ ကလေးများ ထွက်လာပါသည်။ ပထမ မိုင်(၈၀)မှ မိုင် (၁၀၀) အတွင်း အင်ဂျင်ဝိုင်အသစ်၊ ဆီစစ်ဘူး အသစ်လဲ ပေးရပါသည်။ အင်ဂျင် စတင်နှိုးချိန်တွင်လည်း အင်ဂျင်အတွင်း ချောဆီများ ပြန့်နှံ့ပြီး အပူချိန် တက်လာစေရန်အတွက် စက္ကန့်(၃၀)ခန့် နှိုးထား ရပါသည်။
အင်ဂျင်လည်ပတ်နှုန်းကိုလည်း (၃၀၀၀-၃၅၀၀) r.p.m အတွင်းသာလည်ပတ်စေရပါသည်။ တောင်ကုန်း တောင်တက်လမ်း များကို အလေးချိန် အ ပြည့် (Full Load) တင်၍ မမောင်းသင့်သေးပါ။ အင်ဂျင် ကျင့်သားရအောင် လေ့ကျင့်ပြီးမှသာခိုင်း၍ သင့်တော် ပါသည်။ ဒီဇယ်အင်ဂျင်များတွင် Engine Break– in Period ကာလအတွင်း အင်ဂျင် Speed ကို 2500 r.p.m ထက်ကျော်၍ မမောင်းသင့်ပါ။
အင်ဂျင်အသစ်တစ်လုံးကို ပထမအဆင့် မိုင်(၁၀၀)တွင် အင်ဂျင်ဝိုင်လဲပြီးပါက ဒုတိယ အဆင့် မိုင်(၅၀၀) ပြည့်လျှင်လည်း အင်ဂျင်ဝိုင် များဖောက်ချပြီး ဆီအသစ်၊ ဆီစစ် ဘူးအသစ် လဲပေးရပါမည်။ ဒုတိယ Break-in Period ကာလတွင်လည်း အင်ဂျင်၏ Speed ကို 1800 r.p.m နှင့် 3500 r.p.m အတွင်းသာ ထိန်းထိန်း သိမ်းသိမ်း မောင်းနှင်သင့်ပါသည်။ မိုင်(၅၀၀) နှင့် မိုင်(၁၀၀၀)အတွင်းကာလသည် Pre-Final Break-in Period ကာလဖြစ်သည်။
ထိုအဆင့်တွင်လည်း အင်ဂျင် Speed ကို အများဆုံးမတင်ဘဲ 3500 r.p.m အတွင်း ထိန်း၍ မောင်းရပါမည်။ခရီး မိုင်(၁၀၀၀) ကျော်(၁၅၀၀) အထိ မောင်းပြီးမှသာ Engine Break-in Period ကာလ ပြည့်ပြီးဖြစ်၍ နောက်ဆုံးအဆင့် အင်ဂျင်ဝိုင် ထပ်မံ၍ လဲပေးရပါမည်။ အင်ဂျင်ဝိုင်သုံးစွဲ ရာတွင် ထုတ်လုပ်သူ ညွှန်ကြားထား သော အင်ဂျင်ဝိုင် ဂရိတ် အမျိုးအစားကို သုံးစွဲသင့်ပါသည်။ အကယ်၍ ထုတ်လုပ်သူညွှန်ကြား သော ပိုင်ရှင် လက်စွဲပါ အင်ဂျင်ဝိုင် တံဆိပ်အမျိုးအစားကို ၀ယ်ယူ၍ မရခဲ့ပါက အလားတူ ဂရိတ် အဆင့် တူသော Synthetic Motor Oil ကို သုံးစွဲ နိုင်ပါသည်။ မိုင်(1500) ပြည့်၍ အင်ဂျင်ဝိုင် လဲရလျှင်လည်း ဆီစစ်ဘူး (အင်ဂျင်ဝိုင်စစ်) လဲရပါမည်။
Engine Break-in Period ကာလသည် ခရီးမိုင်(၁၀၀၀-၁၅၀၀) အတွင်း မောင်းပြီး၍ အင်ဂျင်ဝိုင် ချောဆီ သုံးကြိမ် လဲပြီးမှသာ စိတ်ချရသော၊ ကျင့်သားရသွား သော အင်ဂျင် ဖြစ်လာပါမည်။ Break-in Period ကာလ ကျော်လွန်ပြီးမှသာ အင်ဂျင်ဝိုင်ပုံမှန် လဲလှယ်ခြင်းကို မိုင်(၃၀၀၀)မှ (၅၀၀၀) အတွင်း ခိုင်းပြီးတိုင်း ဆောင်ရွက်နိုင်ပါ သည်။
ထို့ပြင် Break-in Period ကာလကျော် လွန်ပြီး လျှင် ထူးခြားသော အသံထွက်ခြင်း၊ အင်ဂျင် အပူချိန် မြင့်တက်ခြင်း၊ အင်ဂျင်ပုံမှန် မဟုတ်ခြင်း၊ အင်ဂျင်အအေး ခံစနစ်တွင် Coolant အရည်ယိုစိမ့်ခြင်း၊ အင်ဂျင်ဝိုင်ယို စိမ့်ခြင်းစသော အားနည်း ချွတ်ယွင်းချက်များ ရှိ/မရှိ သက် ဆိုင်ရာ ကားရောင်းပြခန်း၏ ဆားဗစ်စင်တာတွင် စစ်ဆေး မှုခံယူသင့်ပါသည်။
DEARBORN, MI., JULY 14,2011–2010 Formula Drift Champion and Ford action sports driver, Vaughn Gittin Jr., shows off his drifting skills in a Mustang V6 at Ford’s Dearborn Development Center. Gittin Jr. is one of four of Ford’s Action Sports drivers taking part in Ford’s Octane Academy, Ford’s first-ever action sports campaign. Photo by: Sam VarnHagen/Ford Motor Co. (7/14/11)
Engine Break-in Period ကာလအတွင်း အင်ဂျင်အစိတ်အပိုင်းများ အသားကျစေရန်နှင့် အင်ဂျင် အတွင်းမှထွက်လာ သော သတ္တု အမှုန်အစများ သန့်စင် သွားစေရန် အင်ဂျင် ၀ိုင်ချောဆီလဲလှယ် ပေးသကဲ့သို့ပင် Power Drivetrain မှ Transmission Fluid များကို လည်း မိုင်(၁၅၀၀)ပြည့်ပါက အားလုံး ဖောက်ချပြီး ဆီသစ်လဲလှယ်ရပါသည်။ Auto-Gear ဖြစ်စေ၊ Manual-Gear ဖြစ်စေ ဂီယာအသွားများကြားမှ ထွက်လာသော သတ္တုအမှုန်အစများ (Metal Particles) ကို သန့်စင်သွား စေရန် Break-in Period နောက်ဆုံး ချောဆီ လဲလှယ် ချိန်တွင် Gear Oil (သို့မဟုတ်) Transmission Fluid များကိုပါ အသစ်လဲလှယ်ပေးရန် လိုအပ်ခြင်း ဖြစ်သည်။
အင်ဂျင်အသစ် တစ်လုံးသည် အတွင်း အစိတ်အပိုင်း Moving Parts များဖြစ်သော ပစ္စတင်ရိန်း၊ Connecting Rod ဘယ်ရင်၊ Camshaft နှင့် Valve များ၊ ကရိုင်းရှပ်နှင့် မိန်းဘယ်ရင်များ အထိုင်ကျ အသားကျ သွားမှသာ Engine Break-in Period ကို ကျော်လွန်ပြီး အကောင်းဆုံးစွမ်းဆောင်နိုင်သော အင်ဂျင်တစ်လုံး ဖြစ်လာပါမည်။အတွင်းအစိတ်အပိုင်းများ အထိုင်ကျ အသား ကျသွားမှသာ ပွတ်မှုအားအနည်းဆုံးဖြစ်ပြီး Fuel Economy ဖြစ်သော အမြင့်ဆုံး Fuel Efficiency ကို ထုတ်ပေးနိုင်သော ကျင့်သားရ အင်ဂျင်ကောင်းတစ်လုံး ဖြစ်လာပါမည်။
Zawgyi version…