Zawgyi Version…
Bentley သည္ ၂၀၀၅ ခုႏွစ္က ေနာက္ဆံုးထုတ္လုပ္ခဲ့သည့္ Flying Spur မ်ိဳးဆက္၏ တတိယမ်ိဳးဆက္အျဖစ္ Bentley Flying Spur 2020 ေမာ္ဒယ္ကို ေနာက္ဆံုးေပၚ နည္းပညာမ်ားႏွင့္ အဆင့္ျမွင့္တင္ထားသည့္ ဇိမ္ခံကား တစ္စီးအျဖစ္ မိတ္ဆက္ျပသသြားခဲ့သည္။
၂၀၂၀ ေမာ္ဒယ္ကားတစ္စီးအျဖစ္ ျမင္ေတြ႕ရမည့္ Bentley Flying Spur ၏ ႐ုပ္ထြက္ပိုင္းသည္ ယခင္ထြက္ရိွခဲ့ သည့္ ေမာ္ဒယ္မ်ားအတုိင္း ေျပာင္းလဲျခင္းမရိွခဲ့ေသာ္လည္း အတြင္းဒီဇုိင္းပိုင္းမွာမူ နည္းပညာပိုင္းစံုလင္စြာ ေပါင္းစပ္ဖန္တီးထားသည္။
Bentley Flying Spur ၏ ေဘာ္ဒီက ၾကမ္းတမ္းသည့္ဒဏ္ကို ခံႏုိင္သည့္ super-formed အလူမီနီယံျဖင့္ ျပဳ လုပ္ထားၿပီး ဘီးမ်ားမွာ (၂၁)လက္မ အရြယ္အစားရိွကာ အေရာင္(၁၇)မ်ိဳးထိ ေရြးခ်ယ္ႏုိင္မည္ျဖစ္သည္။
Bentley သည္ ယခင္ေမာ္ဒယ္မ်ားတြင္ အတြင္းပိုင္းကို Wood ႏွင့္ Leather ေပါင္းစပ္ထားျခင္းမ်ိဳးကို အေတြ႕ရ မ်ားေသာ္လည္း Flying Spur တြင္ ထင္ထင္ရွားရွား ျမင္ေတြ႕ရမည္ မဟုတ္ဘဲ Continental GT ကဲ့သို႔ အတြင္း ဒီဇိုင္းပိုင္းကို ျမင္ေတြ႕ရမည္ျဖစ္သည္။
Trims ပိုင္းကုိ Two-tone Wood ျဖင့္ျမင္ေတြ႕ရကာ ခံုမ်ားကို Leather ျဖင့္ ခ်ဳပ္လုပ္ထားျပီး Center Console ကို 12.3’ Touchscreen ျဖင့္ ျမင္ကြင္းအလိုက္ လွည့္လည္ႏုိင္မည္ျဖစ္သည္။ထုိ႔အျပင္ ကားရပ္ထားခ်ိန္၌ Wooden Veneer ထဲ ထည့္သိမ္းေပးထားမည္ျဖစ္သည္။
အင္ဂ်င္ပိုင္းတြင္ 6.0-litre twin-turbo အင္ဂ်င္ကို တပ္ဆင္ထားၿပီး ျမင္းေကာင္ေရ 626hp ႏွင့္ 664 lb-ft ႐ုန္းအားထုတ္ေပးႏုိင္မည္ျဖစ္ၿပီး eight-speed dual-clutch automatic transmission ျဖင့္ ေမာင္းႏွင္ႏုိင္မည္ျဖစ္သည္။
Bentley ၏ Rear-wheel steering နည္းပညာသစ္ကို ပထမဆုံး အသံုးျပဳထားသည့္ Flying Spurs သည္ (0-62mph in 3.8 seconds) ႏႈန္းထားျဖင့္ တစ္နာရီ (207) မိႈင္ႏႈန္းျဖင့္ အျမန္ဆံုးေမာင္းနင္ႏုိင္သည့္ Sedan ကားတစ္စီးအျဖစ္ ျမင္ေတြ႕ရမည္။
Bentley သည္ Flying Spur ကို ဒီႏွစ္ကုန္ သို႔မဟုတ္ ၂၀၂၀ အေစာပိုင္းတြင္ ေစ်းကြက္ထဲ ေရာင္းခ်သြားမည္ ျဖစ္ၿပီး ေစ်းႏႈန္းအေနျဖင့္ $230,000 မွ စတင္ေရာင္းခ်မည္ဟု ခန္႔မွန္းရသည္။

Unicode Version…

နောက်ဆုံးပေါ် နည်းပညာများပါဝင်သည့် Flying Spur တတိယမျိုးဆက်ကို Bentley မိတ်ဆက်
Bentley သည် ၂၀၀၅ ခုနှစ်က နောက်ဆုံးထုတ်လုပ်ခဲ့သည့် Flying Spur မျိုးဆက်၏ တတိယမျိုးဆက်အဖြစ် Bentley Flying Spur 2020 မော်ဒယ်ကို နောက်ဆုံးပေါ် နည်းပညာများနှင့် အဆင့်မြှင့်တင်ထားသည့် ဇိမ်ခံကား တစ်စီးအဖြစ် မိတ်ဆက်ပြသသွားခဲ့သည်။
၂၀၂၀ မော်ဒယ်ကားတစ်စီးအဖြစ် မြင်တွေ့ရမည့် Bentley Flying Spur ၏ ရုပ်ထွက်ပိုင်းသည် ယခင်ထွက်ရှိခဲ့ သည့် မော်ဒယ်များအတိုင်း ပြောင်းလဲခြင်းမရှိခဲ့သော်လည်း အတွင်းဒီဇိုင်းပိုင်းမှာမူ နည်းပညာပိုင်းစုံလင်စွာ ပေါင်းစပ်ဖန်တီးထားသည်။
Bentley Flying Spur ၏ ဘော်ဒီက ကြမ်းတမ်းသည့်ဒဏ်ကို ခံနိုင်သည့် super-formed အလူမီနီယံဖြင့် ပြု လုပ်ထားပြီး ဘီးများမှာ (၂၁)လက်မ အရွယ်အစားရှိကာ အရောင်(၁၇)မျိုးထိ ရွေးချယ်နိုင်မည်ဖြစ်သည်။
Bentley သည် ယခင်မော်ဒယ်များတွင် အတွင်းပိုင်းကို Wood နှင့် Leather ပေါင်းစပ်ထားခြင်းမျိုးကို အတွေ့ရ များသော်လည်း Flying Spur တွင် ထင်ထင်ရှားရှား မြင်တွေ့ရမည် မဟုတ်ဘဲ Continental GT ကဲ့သို့ အတွင်း ဒီဇိုင်းပိုင်းကို မြင်တွေ့ရမည်ဖြစ်သည်။
Trims ပိုင်းကို Two-tone Wood ဖြင့်မြင်တွေ့ရကာ ခုံများကို Leather ဖြင့် ချုပ်လုပ်ထားပြီး Center Console ကို 12.3’ Touchscreen ဖြင့် မြင်ကွင်းအလိုက် လှည့်လည်နိုင်မည်ဖြစ်သည်။ထို့အပြင် ကားရပ်ထားချိန်၌ Wooden Veneer ထဲ ထည့်သိမ်းပေးထားမည်ဖြစ်သည်။
အင်ဂျင်ပိုင်းတွင် 6.0-litre twin-turbo အင်ဂျင်ကို တပ်ဆင်ထားပြီး မြင်းကောင်ရေ 626hp နှင့် 664 lb-ft ရုန်းအားထုတ်ပေးနိုင်မည်ဖြစ်ပြီး eight-speed dual-clutch automatic transmission ဖြင့် မောင်းနှင်နိုင်မည်ဖြစ်သည်။
Bentley ၏ Rear-wheel steering နည်းပညာသစ်ကို ပထမဆုံး အသုံးပြုထားသည့် Flying Spurs သည် (0-62mph in 3.8 seconds) နှုန်းထားဖြင့် တစ်နာရီ (207) မှိုင်နှုန်းဖြင့် အမြန်ဆုံးမောင်းနင်နိုင်သည့် Sedan ကားတစ်စီးအဖြစ် မြင်တွေ့ရမည်။
Bentley သည် Flying Spur ကို ဒီနှစ်ကုန် သို့မဟုတ် ၂၀၂၀ အစောပိုင်းတွင် ဈေးကွက်ထဲ ရောင်းချသွားမည် ဖြစ်ပြီး ဈေးနှုန်းအနေဖြင့် $230,000 မှ စတင်ရောင်းချမည်ဟု ခန့်မှန်းရသည်။