တရုတ်နိုင်ငံရဲ့ ပထမဆုံးနဲ့အကြီးဆုံး Luxury ကားထုတ်လုပ်ရေး Hongqi ကနေ 2019 မှာစတင် ထုတ်လုပ်ခဲ့ပြီး 2020 Beijing Auto Show မှာမိတ်ဆက်ခဲ့တဲ့ Luxury EV ကားက E-HS9 ပဲဖြစ်ပါတယ်။ Full Size SUV အဖြစ်နဲ့ ပွဲထွက်လာခဲ့ပြီးတော့ Pure Electric ကိုမှ Luxury type ဖြစ်ပြီး grade 3 မျိုးရနိုင်မှာ ဖြစ်ပါတယ် …
Performance ပိုင်းမှာလဲ Dual Motor ကိုအသုံးပြုထားတဲ့အတွက် 0 – 100 km/h acceleration (s) ကို 4.8 sec ထဲနဲ့ရောက်သွားမှာပါ။ full-time 4WD ဖြစ်ပြီးတော့ အားအပြည့်ဆိုရင် 660km အထိအသုံးပြုနိုင်မှဖြစ်တဲ့အတွက် အားသွင်းဖို့အခက်အခဲရှိနေနိုင်တဲ့ခရီးရှည်တစ်ခုကိုတောင်စိတ်အေးလက်အေးသွားနိုင်မှာဖြစ်ပါတယ်…
Battery capacity က 120kwh ဖြစ်ပြီး multi-step fast charging ဆိုရင် 5% – 80% ကို မိနစ် ၄၀ ထဲနဲ့ပြည့်သွားမှာပါ။ 100 Km လောက်ပဲသုံးဖို့ အားသွင်းတယ်ဆိုရင် ကော်ဖီတစ်ခွက်သောက်ချိန် လောက်ပဲကြာမှာဆိုတော့ အရမ်းကိုမိုက်တဲ့ ခံစားချက်တွေနဲ့ အတွေ့အကြုံအသစ်တွေကိုရရှိတော့မှာပါ။ Battery warranty ကို 8 years/kilo 160,000 အထိပေးထားတာဆိုတော့ lifetime ခံစားချက်မျိုးကို ရရှိခံစားရပြီပေါ့. . .
ဆိုတော့ Hongqi ရဲ့ Pure Electric သုံး Luxury SUV ကားအသစ်ကြီးကမြန်မာနိုင်ငံကားစျေးကွက်ထဲကိုဘယ်ချိန်ရောက်မလဲ ? အသေးစိတ်အချက်အလတ်တွေကကော ဘာတွေလဲ ?
ဒါတွေကို Hongqi Myanmar ရဲ့ facebook, Instagram, youtube, twitter, tiktok and telegram စတဲ့ social media channel တွေမှာ အချိန်နဲ့ တပြေးညီတင်ပြပေးသွားမှာဖြစ်တဲ့ အတွက် like and subscribe လုပ်ထားပြီးစောင့်ကြည့်နိုင်ပါပြီ. . .
#DriveMediaMyanmar
