Fiat သည် Scudo Van အား ဒီဇယ်နှင့် Pure e-Saudo ပုံစံ (၂) မျိုးဖြင့် 2022 Model အတွက် ထုတ်လုပ်လိုက် ပါသည်။ New Scudo အား Peugeot Expert တွင် အသုံးပြုထားသည့် EMP 2 Platform တွင် အခြေခံကာ ဖန်တီးထား သည့်အပြင် ဒီဇယ်အင်ဂျင်သည်လည်း Peugeot Expert နှင့် တူညီပါသည်။ New Scudo ၏ Entry Level တွင် ( 1.5 L I4 Engine ) (118 hp) နှင့် ( 6-Speed Manual Gear ) တို့ပါဝင်ပါမည်။ ( 2.0 I4 Engine ) ( 143 hhp ) Diesel Engine Trim အမြင့်များတွင် ရနိုင်ပါမည်။ ( 8-Speed Auto gear ) ကိုလည်း Option ရနိုင်ပါမည်။ New Scudo Pure EV Model တွင် Citroen နှင့် Peugeot တို့၏ လျှပ်စစ်ဆိုင်ရာ နည်းပညာများ ပါဝင်သည့် Pure-EV Powertrain များလည်း ပါဝင်ပါမည်။ Entry-Level e-Scudo Model တွင် ( 50 KWh Battery Pack ) ပါဝင်မည်ဖြစ်ကာ ၎င်းသည် ( Maximum Range of 144 Miles ) အထိအသုံးပြုနိုင်ပါမည်။

 

Fiat သည် Stellotions Group ၏ လက်အောက် Brand ဖြစ်ပြီး ၎င်း၏ Scudo Badge အား Peugeot Expert Van တွင်လည်း တပ်ဆင်ခဲ့ပါသည်။ New Peugeot Scudo ၏ Diesel Version အား ( စတာလင်ပေါင်- ၂၉၃၄၀ ) ဖြင့် စတင်ရောင်းချမည်ဖြစ်ကာ Pure Electric e-Scudo ကိုမူ ( စတာလင်ပေါင် ၃၈၈၆၉ ) ဖြင့် ရောင်းချပါမည်။ Fiat Scudo ၏ ဈေးကွက်ပြိုင်ဖက် များမှာ – Ford Transit Custom နှင့် Volkswagen Transporter တို့ ဖြစ်သည်။ 2022 Fiat Scudo အား ဥရောပဈေးကွက်တွင် အဓိကရောင်းချ မည်ဖြစ်သည်။
#DriveMediaMyanmar