မကြာခင်ကာလတွေမှာ ထုတ်လုပ်သွားဖို့ရှိနေတဲ့ VW ရဲ့EV တွေကို ရောင်းချဖို့ပြင်ဆင်ထားတဲ့ U.S ကကားအရောင်းလုပ်ငန်းရှင်တွေကို ပူးပေါင်းမှုဆုကြေးထောက်ပံ့သွားမယ်လို့ Volkswagen က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒါ့အပြင် ကိုယ့်ဒေသအတွင်းမှာရောင်းချသွားမယ့် ဒေသခံကားရောင်းချသူတွေကိုလည်း ပူးပေါင်းမှုဆုကြေးကို ၇၅% ထိ ပေးအပ်သွားမှာပါ။

ကားအရောင်းလုပ်ငန်းတွေက electric ကားတွေကိုရောင်းချဖို့အဆင်သင့်မရှိနေရင် ထုတ်လုပ်တဲ့သူတွေအနေနဲ့ အခက်တွေ့ရနိုင်တဲ့အတွက် အခုလိုအစီအစဉ်တွေရှိလာတာပါ။ ကားတွေ ဘယ်လောက်များများထုတ်လုပ်နိုင်သည်ဆိုပါစေ ရောင်းချပေးမယ့်သူမရှိရင်တော့ ထုတ်လုပ်သူတွေအတွက် အရှုံးနဲ့ရင်ဆိုင်ရမယ့်သဘောပါပဲ။

VW က ID4 all-electric SUV တွေကို မကြာခင်ကာလတွေမှာ ထုတ်လုပ်ဈေးကွက်တင်ဖို့ရှိပြီး Volkswagen America ရဲ့ CEO Scott Keogh က ရောင်းချသူတွေအတွက် charging infrastructure နဲ့ EV repair and maintenance လိုကိစ္စတွေပြင်ဆင်ရေး အဆင်သင့်ရှိနေစေဖို့ အခုလို ထောက်ပံ့ပေးတာဖြစ်တယ်လို့ပြောပါတယ်။

တစ်နှစ်ကို VW ကားစီးရေ ၂၀၀၀ ရောင်းချပေးနေတဲ့လုပ်ငန်းမျိုးကနေ စီးရေ ၃၀၀၀၀ ၄၀၀၀၀ ရောင်းပေးတဲ့လုပ်ငန်းထိ အမျိုးမျိူးရှိနေတာကြောင့် EV ရောင်းချမှုအခြေအနေက ဈေးကွက်အားလုံးအတွက် ၁၀၀% တူညီနေမှာမဟုတ်ဘူး လို့လည်း Keogh က ပြောပြခဲ့ပါတယ်။

VW က ရောင်းချသူတွေရဲ့ local events နဲ့ outreach case တွေပြုလုပ်ရေးအတွက် joint fund တစ်ခုကို စီစဉ်ထားရှိပြီး ပူးပေါင်းမှုဆုကြေးထောက်ပံ့ပေးမယ့် program ကိုလည်း အရောင်းလုပ်ငန်းအများစုက သဘောကျလက်ခံထားကြတယ်လို့ သိရပါတယ်။

(Zawgyi)

မၾကာခင္ကာလေတြမွာ ထုတ္လုပ္သြားဖို႔ရွိေနတဲ့ VW ရဲ႕EV ေတြကို ေရာင္းခ်ဖို႔ျပင္ဆင္ထားတဲ့ U.S ကကားအေရာင္းလုပ္ငန္းရွင္ေတြကို ပူးေပါင္းမႈဆုေၾကးေထာက္ပံ့သြားမယ္လို႔ Volkswagen က ထုတ္ျပန္ေၾကညာလိုက္ပါတယ္။ ဒါ့အျပင္ ကိုယ့္ေဒသအတြင္းမွာေရာင္းခ်သြားမယ့္ ေဒသခံကားေရာင္းခ်သူေတြကိုလည္း ပူးေပါင္းမႈဆုေၾကးကို ၇၅% ထိ ေပးအပ္သြားမွာပါ။

ကားအေရာင္းလုပ္ငန္းေတြက electric ကားေတြကိုေရာင္းခ်ဖို႔အဆင္သင့္မရွိေနရင္ ထုတ္လုပ္တဲ့သူေတြအေနနဲ႔ အခက္ေတြ႕ရႏိုင္တဲ့အတြက္ အခုလိုအစီအစဥ္ေတြရွိလာတာပါ။ ကားေတြ ဘယ္ေလာက္မ်ားမ်ားထုတ္လုပ္ႏိုင္သည္ဆိုပါေစ ေရာင္းခ်ေပးမယ့္သူမရွိရင္ေတာ့ ထုတ္လုပ္သူေတြအတြက္ အရႈံးနဲ႔ရင္ဆိုင္ရမယ့္သေဘာပါပဲ။

VW က ID4 all-electric SUV ေတြကို မၾကာခင္ကာလေတြမွာ ထုတ္လုပ္ေဈးကြက္တင္ဖို႔ရွိၿပီး Volkswagen America ရဲ႕ CEO Scott Keogh က ေရာင္းခ်သူေတြအတြက္ charging infrastructure နဲ႔ EV repair and maintenance လိုကိစၥေတြျပင္ဆင္ေရး အဆင္သင့္ရွိေနေစဖို႔ အခုလို ေထာက္ပံ့ေပးတာျဖစ္တယ္လို႔ေျပာပါတယ္။

တစ္ႏွစ္ကို VW ကားစီးေရ ၂၀၀၀ ေရာင္းခ်ေပးေနတဲ့လုပ္ငန္းမ်ိဳးကေန စီးေရ ၃၀၀၀၀ ၄၀၀၀၀ ေရာင္းေပးတဲ့လုပ္ငန္းထိ အမ်ိဳးမ်ိဴးရွိေနတာေၾကာင့္ EV ေရာင္းခ်မႈအေျခအေနက ေဈးကြက္အားလုံးအတြက္ ၁၀၀% တူညီေနမွာမဟုတ္ဘူး လို႔လည္း Keogh က ေျပာျပခဲ့ပါတယ္။

VW က ေရာင္းခ်သူေတြရဲ႕ local events နဲ႔ outreach case ေတြျပဳလုပ္ေရးအတြက္ joint fund တစ္ခုကို စီစဥ္ထားရွိၿပီး ပူးေပါင္းမႈဆုေၾကးေထာက္ပံ့ေပးမယ့္ program ကိုလည္း အေရာင္းလုပ္ငန္းအမ်ားစုက သေဘာက်လက္ခံထားၾကတယ္လို႔ သိရပါတယ္။

Ref: Automotive News