Honda သည် EV  Car ဖန်တီးမှုတွင်အခြား Brand များထက်အနည်းငယ်နောက်ကျသည်ဟု ဆိုနိုင်သော်လည်း Honda အတွက် EV Plan များရှိထားပါသည်။ ယခုအခါ Honda သည် EV Crossover Model အသစ်ဖြစ်သည့် 2024  Honda Prologue Model အား First Look အနေဖြင့် စတင်မိတ်ဆက်လိုက် ပါသည်။ Honda Prologue သည် Honda နှင့် GM တို့ဖက်စပ်အနေဖြင့် အကျိုးတူပူးပေါင်းဖန်တီးသည့် Model ဖြစ်ပြီး Honda ၏ပထမဆုံးဖန်တီးသည့် High – Volume EV Model လည်းဖြစ်သည်။ Honda သည် Fit EV Model နှင့် Clarity EV Model တို့ထုတ်လုပ်ထားပြီး ယခုကဲ့သို့ GM နှင့်ပူးပေါင်းပြီး New EV Model တို့တိုးချဲထုတ်လုပ်နိုင်သည့်အတွက်အနာဂတ် EV Model အသစ်များကို များစွာရှေးရှုနိုင်မည်ဖြစ်သည်။ Honda သည်လာမည့် 2030 အတွင်း EV Model အသစ် ( ၃၀ ) ခန့်အထိတိုးချဲထုတ်လုပ်ရန် စီစဉ်ထားပြီး U.S.A Market အတွက်ကိုလည်း 2030 အတွင်း EV Car အစင်းရေ ( ၅ ) သိန်းခန့်အထိရောင်းချနိုင်ရန် ရည်မှန်းထားပါသည်။

 

Honda သည် Prologue EV အား Acura Badge အနေဖြင့်လည်း Market အချို့တွင်ရောင်းချမည်ဖြစ်သည်။ အလားတူ – Honda သည်အရွယ်သေးသည့် Honda e Model ကို Europe တွင်လက်ရှိမိတ်ဆက်ထားပြီး ၎င်းသည်  Civic Hatchback ကိုအခြေခံကာ – Oblong Grille ၊ Round Headlight စသည့်ထူးခြားသည့်ဒီဇိုင်းတို့ဖြင့် ဖန်တီးထားသည့် EV Model ဖြစ်သည်။ ယခုမိတ်ဆက်လိုက်သည့် Prologue EV သည် Honda အတွက် All – New Looks SUV Model ဖြစ်ကာမကြာခင် မိတ်ဆက်မည့် CR – V EV Version Model များနှင့်ကွဲလွဲစွာဖန်တီးထားပါသည်။ ၎င်းအား Honda e Architecture EV Platform တွင်အခြေခံကာ ထုတ်လုပ်ထားပါသည်။

#DriveMediaMyanmar