Nissan North America ၏ Model Lineup များတွင်  အငယ်ဆုံးဖြစ်သည့် Nissan Micra အား 2016 မှ စတင်ကာ Redesign  အနေဖြင့် ထုတ်လုပ်ခဲ့ပြီး ယခုအထိရောင်းချနေပါသည်။ သို့သော် အနာဂတ်တွင် ထုတ်လုပ်မည့် Micra Model အား EV Model အဖြင့် ပြောင်းလဲဖန်တီးပါမည်။ Sub – Compact  Hatchback EV ဖြစ်လာမည့် Micra EV တွင် ခေတ်ဆန်သည့် ဒီဇိုင်းနှင့် ဖန်တီးမှု များစွာပါဝင်မည်။ အသစ်ထွက်ရှိမည့် Micra EV အား CMF B – EV Platform တွင် အခြေခံ ဖန်တီးမည်ဖြစ်ပြီး ၎င်း Platform သည် Renault မှ ခွဲေ၀ ရယူ ခြင်းဖြစ်သည်။ Renault သည်  CMF B – EV Platform  အား Renault 5 Concept Model တွင် မိတ်ဆက် အသုံးပြုခဲ့သည်။ Nissan Micra EV အား Nissan မှ ဒီဇိုင်းထုတ် မည်ဖြစ်သော်လည်း Engineering နှင့် ထုတ်လုပ်မှုများကို Renault French မှ ဆောင်ရွက်မည်ဖြစ်ကာ Renault ၏ New Electric City Manufacturing Hub တွင် တပ်ဆင်ပါမည်။

 

New Micra EV သည် Small 4 Door Type ဖြစ်ကာ Black Roof ၊ Ring – Shaped DRL LEDs ၊ Ring – shaped Taillights တို့ဖြင့် လှပစွာ ဖန်တီးထားပါမည်။ ၎င်းတွင် ( Up  to 248 Miles of Range For Electric ) စွမ်းဆောင်ရည်ပါရှိပါမည်။ CMF B – EV Platform ကို Nissan Renault ၊ Alpine Brands များတွင် အဓိက အသုံးပြုပါမည်။ Nissan သည် Micra EV အား 2024 တွင် ဥရောပ၌ စတင် မိတ်ဆက်ရန် လျာထားပြီး Canada နှင့် U.S.A တို့တွင်လည်း ဆက်လက်မိတ်ဆက် မည်ဖြစ်သည်။ Micra EV သည် Renault Nissan Mitsubishi Alliance ၏ ရည်မှန်းချက်ဖြစ်သည့် 2030 Strategy (သို့မဟုတ်) 2030 ပြည့်နှစ်တွင် EV Model အသစ် ( ၃၅ ) မျိုး တိုးချဲပြီး ထုတ်လုပ်မည့် အစီအစဉ်၏  အပိုင်းတရပ်လည်းဖြစ်ပါသည်။

#DriveMediaMyanmar