1981-1983 နှစ်များတွင် ထင်ရှားခဲ့သည့် DMC Delorean Sport Car များကို ထုတ်လုပ်သည့် Delorean သည် ယခုအခါ EV Model အသစ်ကို မိတ်ဆက်ခြင်းဖြင့် ကားလောကအတွင်းသို့ တဖန်ပြန်လည်ဝင်ရောက်လာပါမည်။ နာမည်ကျော် Back To The Future သိပ္ပံရုပ်ရှင်များတွင် ပါဝင်ခဲ့သည့် DMC Sport Car သည် ခေတ်ရှေ့ပြေးသည့် ပုံစံရှိခြင်း ၊ ငှက်တောင်ပံကဲ့သို့ Gullwing Door ပုံစံရှိခြင်း စသည့် ထူးခြားချက်များကြောင့် ထိုစဉ်က အလွန်ကျော်ကြာခဲ့ပါသည်။ ယခုအခါတွင် Delorean သည် အသစ်ကတဖန်ပြန်လည်းမွေးဖွားမည့် Delorean ၏ New Coupe Model အားယခုနှစ် August တွင် ကျင်းပမည့် နာမည်ကျော် ( Pebble Beach Concoursd Elegance ) ပွဲတော်တွင် မိတ်ဆက်ပြသမည်ဟု ကြေငြာလိုက်ပါသည်။ All New Delorean Model တွင် Battery – Electric Powertrain ကို ထည့်သွင်းထားမည်ဖြစ်ကာ လျှပ်စစ်သီးသန့်ဖြင့် မိုင် ၃၀၀ ခန့် အသုံပြုနိုင်သည့် စွမ်းဆောင်ရည် ရရှိနိုင်မည့်ဟု Brand CEO ဖြစ်သူ Mr Joost De Vires မှ ပြောကြားပါသည်။
 
ကားအသစ်၏ ဒီဇိုင်းပုံစံအား မူလလက်ဟောင်း DMC Model ၏ Unique Design အခင်းအကျင်းကို အခြေခံပြီး ခေတ်နှင့်အညီ ဆန်းသစ်စွာ ဖန်တီးထားမည်ဟုလည်း Mr Joost မှ ဆိုးထားပါသည်။ သို့သော် ယခင် DMC Model သည် ခေတ်ဆန်လွန်ပြီး လူကြိုက်နည်းသည့် ဒီဇိုင်းပုံစံအချို့ပါဝင်သည့်အတွက် ယခုထွက်ရှိသည့် All New Model တွင် ဆန်းသစ်မှုနှင့်အတူ Sport Car တစင်း၏ သွင်ပြင်များနှင့်လျော်ညီစွာ ဖန်တီးထားမည်ဖြစ်သည်။ ထိုအတူ လက်ရှိ တွင် ကျယ်ပြန်စွာ တည်ရှိနေသည့် EV Trend နှင့် လျော်ညီစွာဖြင့် ဖန်တီးထားမည်ဖြစ်သည့်အတွက် All New Delorean အား High-end Electric Sport Car အနေဖြင့် အဓိကရည်ရွယ်ပါသည်။
#DriveMediaMyanmar