Porsche သည် Cayman နှင့် Boxster တို့အား 2025 မတိုင်မှီ EV အနေဖြင့် ထုတ်လုပ်ရန် စီစဉ်ထားပြီး ယခုအခါ Cayman နှင့် Boxster တို့၏ EV Version Model များကို Confirm အနေဖြင့် ပြသလိုက်ပါသည်။ ( Porsche အနေဖြင့် EV Model များအားယခု ၁၀ စုနှစ်အလည်ခန့်တွင် တိုးချဲ့ဖန်တီးမည်ဖြစ်ပြီး Mid – engine အမျိုးအစား 718 Sport Car ကိုလည်း EV Model အဖြင့် ပြောင်းလဲမည် ) ဟု Porsche ၏ နှစ်စဉ် ထုတ်ပြန်သည့် Press Conference တွင် CEO ဖြစ်သူ Mr Oliver Blume မှ ပြောကြားထားပါသည်။ Porsche သည် Model Lineup အားလုံး နီးပါးအား 2030 တွင် EV အဖြင့် ပြောင်းလဲပြီးအပြင် အသစ်ထုတ်လုပ်မည့် New Model အားလုံး၏ 80% ခန့်သည်လည်း Battery Electric Model များဖြစ်ပါမည်။ ယခုမိတ်ဆက်သည့် Cayman / Boxster တို့၏ EV Version အား 2021 Munich Auto show တွင် မိတ်ဆက်ပြသခဲ့ပြီး Porsche Mission R Concept Model ထံမှ အများအားဖြင့် မှီငြမ်းထားပါသည်။

 

ထို့အပြင် Porsche 2 – Door Car များအတွက်  သီးသန့် Develop ပြုလုပ်ထားသည့် Brand – new Architecture ဖြင့်ယခု Model များကို ဖန်တီးခြင်းဖြစ်သည်။ Porsche သည် ယခုမိတ်ဆက်သည့် EV Cayman နှင့် EV Boxster တို့အပြင် နာမည်ကျော် 911 အား EV အနေဖြင့် ဆက်လက်ဖန်တီးမည်ဖြစ်သည်။ မကြာခင်က Develop ပြုလုပ်ထားသည့် Porsche Macon EV SUV မိတ်ဆက်ပြီးသည့် အချိန်တွင် အဆိုပါ EV Sport Car Model များအား ဆက်လက်မိတ်ဆက်မည်ဖြစ်သည်။ 2019 တွင် စတင်မိတ်ဆက်ခဲ့သည့် Porsche Taycan EV Saloon သည် ယခုအခါအလွန် ကျော်ကြားလျက်ရှိသည့် Performance EV Saloon Model ဖြစ်ပြီး ၎င်းအား Porsche Mission E Concept ကိုအခြေခံကာ ဖန်တီးခြင်းဖြစ်သည်။

#DriveMediaMyanmar